Shwe Ngyar Online Shop

Shwe Ngyar Online Shop မည့်သည့်ပစ္စည်းမဆို Post တင်၍ ကြော်ငြာပေးသည်။ 24 hours services

အသန့်လေးတွေ ပြန်ရောင်းမယ်ဗျာအကုန်လုံးယူ ၁၅၀၀၀ ပါအသစ်နီးပါးအသန့်တွေပါရန်ကုန် Time City အနီးလာယူပါ။
02/27/2024

အသန့်လေးတွေ ပြန်ရောင်းမယ်ဗျာ
အကုန်လုံးယူ ၁၅၀၀၀ ပါ
အသစ်နီးပါးအသန့်တွေပါ
ရန်ကုန် Time City အနီးလာယူပါ။

အကြွေးငွေနဲ့ပက်သက်ပြီး သစ္စာရှိပါသူတစ်ပါးဆီက တစ်ကျပ်ယူထားရင်တစ်ကျပ်ပြန်ပေးပါ။မရှိသေးဘူးဆိုရင် ရှိအောင်လုပ်ပါ...။မပေးနိုင...
09/01/2023

အကြွေး

ငွေနဲ့ပက်သက်ပြီး သစ္စာရှိပါ
သူတစ်ပါးဆီက တစ်ကျပ်ယူထားရင်
တစ်ကျပ်ပြန်ပေးပါ။

မရှိသေးဘူးဆိုရင်
ရှိအောင်လုပ်ပါ...။
မပေးနိုင်သေးဘူးဆိုရင်
ပေးနိုင်အောင်လုပ်ပါ။

အများကြီး ယူထားပြီး
အားလုံးကိုပြန်မဆပ်နိုင်လျှင်တောင်
နည်းနည်းချင်း ခွဲဆပ်ပါ။

ကိုယ်ယူထားတာ
ပေးရမယ့် အချိန်ရောက်ရင်
တောင်းစရာ မလိုဘဲ ပေးပါ ။
အဆင်မပြေဘူးဆိုတဲ့ တစ်ခုထဲ
အဆင်မပြေတဲ့ အကြောင်းပြချက်
ခဏ...ခဏ.....မပြောမိစေနဲ့။

ဘာဖြစ်လို့ အခုလိုပြောနေရတာလဲ
အကြောင်းရှိပါတယ်...
အရမ်းလည်း အဓိပ္ပါယ်ရှိပါတယ်။

ကိုယ်ယူထားတဲ့ငွေဟာ
သူတစ်ပါး အနေနဲ့
သူ့ရဲ့ကြိုးစားမှုနဲ့ ရထားတာပါ ။
သူ့ရဲ့ ကိုယ်စွမ်း/ဥာဏ်စွမ်းနဲ့
ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ။

သင် သူတစ်ပါးဆီက
ယူထားတဲ့ငွေဟာ ချွေးစက်တွေနဲ့
ရှာထားတာလည်း ဖြစ်နိုင်ပါတယ်
မအိပ်မနေ ညနက်သန်းခေါင်အထိ
ရှာဖွေထားတာလည်း ဖြစ်နိုင်တယ်။

သူ့ကိုယ်ကျိုးအတွက် မသုံးစွဲရက်ဘဲ
ယုံကြည်မှုနဲ့ ကိုယ့်ကိုပေးခဲ့ခြင်းဖြစ်တယ်
အဲဒီယုံကြည်မှုကို ဘယ်တော့မှ
လွယ်လွယ်လေး မချိုးဖျက်မိပါစေနဲ့။

ကိုယ်ပိုက်ဆံချေးထားတဲ့သူက
ချမ်းသာနေလို့ အဆင်ပြေနေလို့
ပြန်မပေးဘဲနေလို့ မရပါဘူး ။
သူချမ်းသာတာက
သူ့ကြိုးစားမှုနဲ့ သူ့အပိုင်း...
ကိုယ်ယူထားတာက ကိုယ့်အပိုင်းပါ။

ပိုင်းရှင်မတောင်းသေးလို့ မပေးသေးဘူးဆိုပြီး
မနေပါနဲ့ ကိုယ့်မှာရှိနေရင် ပြန်ပေးလိုက်ပါ
ယခုဘဝအကြွေးက နောင်ဘဝ ဝဋ်ကြွေးဆပ်ရမယ်

ငွေအပေါ်သစ္စာရှိဖို့ လိုပါတယ်...
ငွေအပေါ်သစ္စာရှိမှ ငွေကလည်း
ကိုယ့်အပေါ်သစ္စာရှိမှာပါ။

သူးများ ပိုက်ဆံကို ပြန်ပေးဖို့ ဆန္ဒမရှိတဲ့
နေ့ကစ၍ သင်ဘာလုပ်လုပ်
အဆင်မပြေတော့ဘူးဆိုတာ
သိထားလိုက်ပါ

သူတစ်ပါးငွေကြေး ပစ္စည်းဥစ္စာကို
ချေးငှားပြီး ပြန်မဆပ်တဲ့သူဆိုတာ
ယခုဘဝရော လာမည့်ဘဝတွေ အထိပါ
ပြောင်ပြောင်ရောင်ရောင် မရှိဘဲ
ဆင်းရဲနေမှာပဲ........
crd

ချစ်တဲ့လူနဲ့ ဝေးရတဲ့ခံစားချက်ကို ခင်ဗျားမသိဘူးမလားဘယ်လိုလုပ်သိမှာလဲဗျာ ခင်ဗျားမှမချစ်ဘူးတာမိုးမျှော်နေတဲ့ သစ်ပင်လေးတစ်ပင...
08/16/2023

ချစ်တဲ့လူနဲ့ ဝေးရတဲ့ခံစားချက်ကို ခင်ဗျားမသိဘူးမလား
ဘယ်လိုလုပ်သိမှာလဲဗျာ ခင်ဗျားမှမချစ်ဘူးတာ
မိုးမျှော်နေတဲ့ သစ်ပင်လေးတစ်ပင် မိုးကြိုးပစ်ခံရတာမြင်ဖူးလား
အသည်းကွဲခြင်းဆိုတာ ကိုယ်လိုချင်တဲ့အရာတွေဆီကဘဲ ရတတ်တာမျိူးဗျ။

ချစ်ခြင်းမေတ္တာအကြောင်းပြောရင်
ခင်ဗျားက ကျွန်တော်ဆို ဖွန်ကောင်လေးလို့ဘဲ ပြောမှာမလား
ခင်ဗျားမှာ ချစ်တတ်တဲ့ နှလုံးသားမှ မရှိတာဗျာ
ကျွန်တော်ဆီက အချစ်တွေကိုလဲ မခံနိုင်တော့ဘူးပေါ့

အရင်ကတည်းက ကျွန်တော်က တစ်ယောက်တည်းသမားပါ
ခင်ဗျားမရှိလဲ ကျွန်တော်အဆင်ပြေပါတယ်
ဒါပေမဲ့ ဒါက လိမ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ်သိတယ်
ကျွန်တော်တည်ငြိမ်နေတာမဟုတ်ဘူး အေးစက်နေတာလဲမဟုတ်ဘူး
ကျွန်တော် ဒဏ်ရာတွေကိုထုတ်မပြချင်လို့ ဟန်ဆောင်နေခဲ့တာ
ကျွန်တော် ခင်ဗျားကို ဘယ်လိုလုပ်ပြီး ဆုံးရှုံးခံနိုင်မှာလဲ။

ဒီတစ်ခါနောက်ဆုံးပါဘဲဗျာ
မမဟေသီဆိုပြီး အစချီလိုက်တိုင်း ခဏခဏခအသည်းကွဲရပါတယ်
ကျွန်တော် အသည်းကွဲခဲ့ဖူးတယ် မမဟေသီ
ခင်ဗျားကြောင့်လို့ မစွပ်စွဲပါဘူးဗျာ
ဒါပေမဲ့ ကျွန်တော်အသည်းကွဲတာက ခင်ဗျားကိုချစ်ခဲ့မိလို့ဘဲ။
#ဟေသီ
Lynn(လင်း)

အလုပ်တိုင်း ၊ အလုပ်တိုင်းမှာသူ့ပညာနဲ့သူ ရှိတယ်အဲတာကြောင့် ဘယ်သူကိုမှ အထင်မသေးနဲ့ မစော်ကားနဲ့အဲတာလူကျင့်ဝတ်ဘဲ။တို့ဆေး
08/12/2023

အလုပ်တိုင်း ၊ အလုပ်တိုင်းမှာ
သူ့ပညာနဲ့သူ ရှိတယ်
အဲတာကြောင့်
ဘယ်သူကိုမှ အထင်မသေးနဲ့ မစော်ကားနဲ့
အဲတာလူကျင့်ဝတ်ဘဲ။
တို့ဆေး

ဟေသီကောင်းကင်းကြီးကို မော့ကြည့်ပြီးလွင့်မျောနေတဲ့ တိမ်တွေကို ငေးရတာသဘောကျတယ်မလားဒီလိုပါဘဲဗျာ လူတွေကလဲ တိမ်တွေလို လွတ်လပ်...
08/11/2023

ဟေသီ
ကောင်းကင်းကြီးကို မော့ကြည့်ပြီး
လွင့်မျောနေတဲ့ တိမ်တွေကို ငေးရတာသဘောကျတယ်မလား
ဒီလိုပါဘဲဗျာ လူတွေကလဲ တိမ်တွေလို လွတ်လပ်ချင်ကြတယ်
ခင်ဗျားထွက်သွားတာကို ကျွန်တော်အပြစ်မဆိုရပ်ပါဘူး။

ယောက်ျားတွေက မကောင်းဘူးလို့ ဘာလို့မှတ်ချက်ချခဲ့တာလဲ
ကျွန်တော်ကို မုန်းတယ်လို့ တည့်တည့်ဘဲပြောလိုက်ပါဗျာ
တခြား ပုရိသတွေကိုတော့ ဆွဲမထည့်လိုက်ပါနဲ့။

နှင်းဆီပန်းလေးတွေက တအားလှတာဘဲ
သြော်...မှားလို့
မင်းရဲ့ ခေါင်းမှာမို့လို့ နှင်းဆီတွေသိပ်လှနေတာ
ဒီလိုပါဘဲဗျာ အလှချင်းယှဉ်လာရင်တောင်
ခင်ဗျားအလှကိုဘဲ လှတယ်ထင်တဲ့ကောင်ပါ။

လောကကြီးက တဖြည်းဖြည်း ဆိုးရွားလာသလိုဘဲ
ကျွန်တော် တိတိကျကျကို သိနေတယ်
ပါးကွက်ကြားနဲ့မိန်းကလေး တစ်ယောက်မရှိကတည်းက
ကမ္ဘာကြီးက ဖျားနားနေတယ်
ခင်ဗျားက မသိချင်ယောင်ဆောင်နေတာမလား
ကျွန်တော်ရဲ့ ပြိုပျက်နေတဲ့ ဘဝတစ်ခုကို။

"မမဟေသီ"လို့ ခေါ်လိုက်ရင်
အဲတာ ကျွန်တော်ဘဲ လို့ မှတ်မိမယ်မလား
မေ့ချင်ယောင်လဲမဆောင်ပါနဲ့
အားလဲ မနာပါနဲ့ဗျာ
ကျွန်တော်က ခင်ဗျားဆိုရင်
ဒဏ်ရာတွေပေးထားတာတောင်
မသိစိတ်က အလိုလို ခွင့်လွှတ်ပြီးသားပါ။

မပို့ဖြစ်တဲ့စာတွေနဲ့ မရေးဖြစ်သေးတဲ့ကဗျာတွေအကြောင်း
ခင်ဗျားကို ပြောပြချင်သေးတယ်ဗျာ
ဒါပေမဲ့ ခင်ဗျားက ဘယ်အရပ်မှာရှိနေမလဲဆိုတာက
တွက်လို့မရတဲ့ ပုစ္ဆာ တစ်ခုလို။
#ဟေသီ
Lynn(လင်း)

ခင်ဗျားအတွက်ရေးတဲ့စာပါ ဟေသီ^^^^^^^^^^^^^^^^^^^^^^^^^ကျွန်တော် ပျောက်ဆုံးသွားတဲ့အခါခင်ဗျား လိုက်ရှာမှာမဟုတ်ဘူးမလားသိပါတယ်...
08/08/2023

ခင်ဗျားအတွက်ရေးတဲ့စာပါ ဟေသီ
^^^^^^^^^^^^^^^^^^^^^^^^^
ကျွန်တော် ပျောက်ဆုံးသွားတဲ့အခါ
ခင်ဗျား လိုက်ရှာမှာမဟုတ်ဘူးမလား
သိပါတယ်ဗျာ ခင်ဗျားရဲ့ အာရုံစိုက်မှုတွေနဲ့
ကျွန်တော်က အမြဲတမ်းဝေးနေရတဲ့ကောင်ဘဲ
ကျွန်တော် ပျောက်ဆုံးသွားတာတောင်
ခင်ဗျား သတိထားမိမှာ မဟုတ်ပါဘူး

ခင်ဗျားကို ကျွန်တော်ချစ်တယ် ဆိုတဲ့ စာအူပ်လေးပေးတော့
မင်းက ကဗျာအိုးလေးဘဲဆိုပြီး ခင်ဗျားပြုံးပြခဲ့ဖူးတယ်နော်
ကျွန်တော်ရဲ့အချစ်တွေကို တမင်ဘဲ မမြင်ယောင်ဆောင်နေတာလား
တကယ်ဘဲ မမြင်နိုင်အောင် ဥာဏ်မမှီတာလား မိန်းခလေးရာ။

ခင်ဗျားပြောသလို လူတွေနဲ့ ဝေးရာကိုသွားလို့ရရင်
သိပ်ကောင်းမှာဘဲဗျာ
တစ်ခါတစ်လေ လူတွေထဲက လူဖြစ်တဲ့ ခင်ဗျားကြောင့်
ကျွန်တော်မှာ မျက်ရည်တွေ ခဏခဏကျရတယ်

အဝေးအရပ်မှာ ကျွန်တော် အဆင်ပြေပါတယ်ဗျာ
ခင်ဗျားကစိတ်မပူတာသိပေမဲ့
ကျွန်တော်ဘက်က တစ်ဖတ်သက် ဖြေကြားချင်နေတဲ့ အဖြေတွေပါ
ဒီလိုပါဘဲ ကျွန်တော်က ခင်ဗျားနဲ့ပတ်သတ်ရင် မာနရော အရှက်ပါမဲ့တယ်။

ရူးကြောင်ကြောင်နဲ့ရေးတဲ့စာတွေပါဗျာ
ခင်ဗျားတွေ့ရင်လဲ အမှတ်တမဲ့ဘဲပြုလိုက်ပါ
ခင်ဗျားပေးမယ်ဆို ဥပေါက္ခာတွေကအစ ကျွန်တော် မက်မောတယ်။
#ဟေသီ
Lynn(လင်း)

သို့............မမဟေသီ^^^^^^^^^^^^^^^^ဒီမှာဟေသီမျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံဘူးဆိုပြီးမင်း ငါ့ကို ခဏခဏ ဟားတိုက်...
08/06/2023

သို့............မမဟေသီ
^^^^^^^^^^^^^^^^
ဒီမှာဟေသီ
မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံဘူးဆိုပြီး
မင်း ငါ့ကို ခဏခဏ ဟားတိုက်ဖူးတယ်နော်
ဖြတ်မျဉ်းတွေကရော တစ်ကြိမ်ဆုံပြီးရင်
အဝေးကြီးဝေးသွားကြတာဘဲ မဟုတ်လား
ခဏသာဆုံပြီး ဝေးသွားမှာနဲ့ နှိုင်းယဉ်ရင်
တစ်သက်လုံး ဘေးကနေ ငေးကြည့်ခွင့်ရတာက
ပိုပြီး မျက်ရည်ကင်းတယ်မလား ဟေသီ။

ပြိုင်ပွဲတိုင်းမှာ မင်းချစ်တဲ့သူကိုဘဲ အနိုင်ရစေချင်တာမလား
မင်းပျော်ပါစေဆိုပြီး အရှုံးပေးလိုက်တာပါ
မင်းဘေးကလူထက် ကိုယ်အများကြီးချစ်ခဲ့ပါတယ် ဟေသီ။

သဇင်ပန်းကို မြတ်နိုးပြီးအားကျနေတဲ့ မမဟေသီရယ်
ကိုယ်အတွက်တော့ ဟေသီအပြုံးလောက်
ဘယ်အရာကမှ တန်ဖိုးကြီးတယ်လို့ မထင်မိဘူး။

ကော်ဖီလေးတစ်ခွက်ရယ် စာအုပ်လေးတစ်အုပ်ရယ်ရှိရင်
မင်းရဲ့ မနက်ခင်းတွေက ပြည့်စုံနေပြီဆို
အခုတော့ မင်းရဲ့ဘေးကကောင်က ဘာလို့အပိုပါနေရတာလဲကွယ်
မင်းက ရှေ့တည့်တည့်ကို ကြည့်လို့သာ သူ့ကိုမြင်နေတာပါ
တစ်ခါလောက် မင်းရဲ့ဘေးမှာ ရှိနေပေးတဲ့ ကိုယ့်ကို
လှည့်ကြည့်သင့်တယ် ဟေသီ။

မမဟေသီ လို့ ခေါ်ရင် လူနောက် ကလေးဆိုပြီး
ခေါင်းကဆံပင်ကို ဖွဖွသွားတတ်တဲ့ မိန်းကလေးရယ်
အခုတော့ ဆံပင်စုတ်ဖွားနဲ့ကောင်လေးက
မင်းရဲ့ နောက်လူ ဖြစ်ခဲ့ရတယ်။

ဒီစာကို မမဟေသီ ဖတ်မိရင်
မျက်ရည်မဝဲမှာသေချာပါတယ်
ဘာလို့လဲဆိုတော့ ကျွန်တော် သွေရူးသွေးတန်းနဲ့
လျောက်ရေးထားတယ်လိူ့ဘဲ မမဟေသီထင်မှာမလား။
#ဟေသီ
တို့ဆေး(လ.တ) 6.8.2023

Jack (ဂျက်)တစ်ခါတုန်းက အပန်းဖြေခရီးအစဥ်တစ်ခုကိုပြေးဆွဲနေတဲ့ လေယာဥ်တစ်စီးဟာ မတော်တဆပျက်ကျခဲ့ဖူးတယ်။ ဒါက သမိုင်းတွင်ကျန်ရစ...
04/03/2023

Jack (ဂျက်)

တစ်ခါတုန်းက အပန်းဖြေခရီးအစဥ်တစ်ခုကိုပြေးဆွဲနေတဲ့ လေယာဥ်တစ်စီးဟာ မတော်တဆပျက်ကျခဲ့ဖူးတယ်။ ဒါက သမိုင်းတွင်ကျန်ရစ်ခဲ့တဲ့ လေယာဥ်ပျက်ကျမှုတစ်ခု​ဖြစ်ခဲ့တယ်။ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ ကြေကွဲစရာ ပုံပြင်တစ်ပုဒ်လဲ ရာဇဝင်မှာ ထင်ကျန်စေခဲ့တယ်။ သေဆုံးသွားသူတွေထဲမှာ အဲလတ်နဲ့ ဒေလီယာ ဆိုတဲ့ အဘိုးကြီးလင်မယားလဲပါတယ်။ အဲလတ်နဲ့ဒေလီယာ မှာ သမီးနှစ်ယောက်ရယ် ဂျက် ဆိုတဲ့ ခွေးစုတ်ဖွားလေးတစ်ယောက်ရယ်ရှိတယ်။ လေယာဥ်ပျက်ကျတဲ့ သတင်းကြားတော့ သမီးနှစ်ယောက်လဲ ရုပ်သေးကြိုးပျက်ဖြစ်ကျတာပေါ့။ ခွေးလေးကတော့ဘာမှမသိရှာဘူး။ ဒီလိုနဲ့ နှစ်ရက်လောက်ကြာတော့ ဂျက် ဆိုတဲ့ခွေးလေးအိမ်ကနေပျောက်သွားတယ်။ သမီးနှစ်ယောက်လဲ အိမ်အနီးနား လိုက်ရှာပေမဲ့ မတွေ့တော့ မေ့မေ့ပျောက်ပျောက်ဘဲထားလိုက်တယ်။
ခွေးလေးကတော့ အဲလတ်နဲ့ ဒေလီယာ သူ့ကိုခေါ်ပြီး နောက်ဆုံး နှုတ်ဆက်သွားခဲ့တဲ့ လေယာဥ်ကွင်းထဲကို ရောက်သွားတယ်။ လေယာဥ်တွေ လေယာဥ်ကွင်းထဲ ဆင်းလာပြီဆိုရင် ခွေးလေးကပြေးပြီး ကြည့်တယ်။ ပြီးရင် သူ့သခင်ကိုမတွေ့တော့ သူဝပ်နေကျနေရာလေးမှာ ပြန်လာဝပ်တယ်။ ဒီလိုနဲ့ခွေးလေးကအိမ်မပြန်ဘဲ လေယာဥ်ကွင်းထဲ​​မှာဘဲ နေ့စဥ်ရက်ဆက်ကြာလာတယ်။ လေယာဥ်ကွင်းလုံခြုံရေးတွေကပါ ခွေးလေးကို ခင်လာကြတော့ ခွေးလုံခြုံရေးအဖြစ် ခန့်ထား​ပေးလိုက်တယ်။ ဒါပေမဲ့ ခွေးလေး ကဘာလို့ ဒီနေရာကိုရောက်နေမှန်းတော့ ဘယ်သူမှမသိကြဘူးပေါ့။ ဒီလိုနဲ့ ရက်မှ လအထိကြာလာတယ်။ ခွေးလေးကတော့ လေယာဥ်တစ်စီးဆင်းလာတိုင်း ပြေးပြီးလူတွေကြားထဲမှာ သူ့သခင်ကို လိုက်ရှာတယ်။ မတွေ့ရင်တော့ သူ့ဝပ်နေကျနေရာလေး မှာပြန်ဝပ်တယ်။ ခွေးလေးက အမြဲတန်းလိုလို မျက်ရည်လေးစမ်းစမ်းနဲ့ လေယာဥ်ကွင်းဘက်ကို မျှော်လင့်ချက်မျက်ဝန်းတွေနဲ့ အမြဲငေးကြည့်နေလေ့ရှိတယ်။ ကြာလာတော့ ခွေးလေးဟာ အစာမစား ရေမသောက် ဘဲ ရင်ကွဲနာကျပြီး လေယာဥ်ကွင်းထဲမှာ သေဆုံးသွားတယ်။ ခွေးလေးသေဆုံးသွားပြီးကြာမှ ခွေးလေးအကြောင်းကို သမီးနှစ်ယောက်ကပြောပြလို့ လုံခြုံရေးတွေလံ တိတိကျကျသိရတယ်။ သို့ပေမဲ့လဲ ခွေးလေးကို လေယာဥ်ကွင်းရဲ့ နေ့ည လုံခြုံရေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့လို့ အုတ်ဂူလေး တည်ပေးထားတယ်။ အခုတော့ အလွမ်းမင်းသားလေး ဂျက် ဆိုပြီး သူရဲ့အုတ်ဂူမှာ အမည်ထိုးထားတယ်။
တချို့တွေရဲ့ အချစ်က စစ်တယ်ဆိုတာထက် ပိုစစ်တယ်။ ဘာမှမခံစားတတ်တဲ့ သတ္တဝာတွေတောင် သံယောဇဥ်တွယ်မိရင် အသက်ပေးပြီး ချစ်ကြတယ်။ အချစ်စစ်တွေက တကယ်ရှိပါတယ် ခင်ဗျားတို့ မမြင်သေးကြတာ။
ချစ်ခြင်းများစွာဖြင့်~
#လင်းအိမ်

Address

48 & 117 × 117A
Winnipeg, MB

Telephone

+959457130087

Website

Alerts

Be the first to know and let us send you an email when Shwe Ngyar Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Ngyar Online Shop:

Shortcuts

Share