28/12/2025
မင်္ဂလာပါ
ဂျပန်နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများအားလုံးကို ဝမ်းသာစရာ သတင်းကောင်းတစ်ရပ် အသိပေးအပ်ပါသည် 🇯🇵🇲🇲
ဂျပန်နိုင်ငံမှာကျင်းပမယ့် စာပေဟောပြောပွဲတွေမှာ ဆရာမရေးသားတဲ့ အံ့စရာ့ ဝင်္ကပါ စာအုပ်ကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
အမိမြန်မာပြည်ကို လွမ်းဆွတ်ရသည့် အကြောင်းအရာများအနက် စာပေ၊ အသိပညာနှင့် အတွေ့အကြုံများကို တိုက်ရိုက်နားဆင်နိုင်သည့် စာပေဟောပြောပွဲများ သည် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည် 📖
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ဂျပန်နိုင်ငံအတွင်းရှိ မြို့ကြီး (၃) မြို့၌ စာပေဟောပြောပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အဆိုပါဟောပြောပွဲများတွင်
• ဆရာဝန်တစ်ဦးဖြစ်သူ
• စာရေးဆရာမတစ်ဦးဖြစ်သူ
• နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်သူ
ဆရာမ မသီတာ (စမ်းချောင်း) မှ ကိုယ်တိုင်လာရောက် ဟောပြောပေးသွားမည် ဖြစ်ပါသည် 🎤
ဆရာမ မသီတာ (စမ်းချောင်း) မှ
“မနက်ဖြန်အတွက် ဒီကနေ့” ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါမြို့ကြီး (၃) မြို့တွင် ဟောပြောသွားမည် ဖြစ်ပါသည် —
📍 နာဂိုယာမြို့ (Nagoya)
🗓 ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့
📍 တိုကျိုမြို့ (Tokyo)
🗓 ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့
📍 အိုဆာကာမြို့ (Osaka)
🗓 ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့
မိဘပြည်သူ ညီအစ်ကိုမောင်နှမများအနေဖြင့် လာရောက်နားဆင်၍ ပါဝင်အားပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အသိပေးအပ်ပါသည် 🙏
⏰ ဟောပြောပွဲ အချိန်နှင့် နေရာအတိအကျများကို နောက်ထပ် အသိပေးကြေညာသွားမည် ဖြစ်ပါသည် 🙏