Polynomi - Recycled Books

Polynomi - Recycled Books ဂျပန်ပြည်တွင်းမှာ မြန်မာဘာသာနဲ့ ရေးသားထုတ်ဝေထားတဲ့ စာအုပ်အဟောင်းတွေကို Recycle လုပ်ဖို့ ရည်ရွယ်ပါတယ်

AI Boom က အလုပ်အကိုင်တော်တော်များများပေါ် သက်ရောက်မှု ရှိပါတယ် အလိုက်သင့် ပြောင်းလဲနိုင်ဖို့ လိုအပ်နေပါပြီ
15/05/2025

AI Boom က အလုပ်အကိုင်တော်တော်များများပေါ် သက်ရောက်မှု ရှိပါတယ် အလိုက်သင့် ပြောင်းလဲနိုင်ဖို့ လိုအပ်နေပါပြီ

Into the wild ကို ရုပ်ရှင်လဲကြည့်ဖူးသလို စာအုပ်ကိုလည်း ဖတ်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ရဲ့ ပြကွက်တစ်ခုချင်းစီ စာအုပ်ရဲ့ တစ်မျက်န...
14/05/2025

Into the wild ကို ရုပ်ရှင်လဲကြည့်ဖူးသလို စာအုပ်ကိုလည်း ဖတ်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ရဲ့ ပြကွက်တစ်ခုချင်းစီ စာအုပ်ရဲ့ တစ်မျက်နှာချင်းစီက လွတ်လပ်ခြင်းကို ခုံမင်ရူးသွပ်မှုကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လဲ အဆုံးသတ်က ဝမ်းနည်း/ကြောက်လန့်စရာကောင်းတယ်လို့လဲ ထင်မိပါတယ်။ စာအုပ်ကို Jon Krakauer က ရေးသားခဲ့တာဖြစ်ပြီး ရုပ်ရှင်ကိုတော့ Sean Penn က ရေးသားခဲ့တာဖြစ်ပါတယ်။

မြင်ရတဲ့လမ်းညွန်ဆိုင်းဘုတ်တွေက အကြံပြုချက်သာဖြစ်ပြီး ခင်းထားတဲ့လမ်းတိုင်းက ထောင်ချောက်ဖြစ်တယ်လို့ ဒီကမ္ဘာကြီးကို မြင်ယောင်ကြည့်လိုက်ပါ။ ဒါဟာ Christopher McCandless ဆိုတဲ့ လူငယ်တစ်ယောက် ထင်မြင်ယူဆခဲ့တဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သူဟာ အရာအားလုံးရဲ့ အဝေးကို ထွက်ခွာသွားပါတော့တယ်။ သူဟာပိုက်ဆံတွေကို မီးရှို့ခဲ့ပါတယ်။ ဒါဟာရူးသွပ်မှူတစ်ခုဆိုတာထက် ပြန်လည်မွေးဖွားခြင်းရဲ့ ဓလေ့ထုံးစံတစ်ခုလို ပြုမူခဲ့တာဖြစ်ပါတယ်။ သူဟာ အဝေးကို ထွက်ပြေးသွားတယ်ဆိုတာထက် ထူးခြားတဲ့ တစ်စုံတစ်ခုဆီထွက်ခွာသွားတာဖြစ်ပါတယ်။

Jon Krakauer ရဲ့ စာအုပ်ကို ဖတ်ရတာ အသံတိတ်မုန်တိုင်းတစ်ခုလိုပါပဲ။ Krakauer ဟာ McCandless ရဲ့ ခရီးစဥ်တစ်လျှောက် ဖြစ်ပျက်ခဲ့သမျှ ရနိုင်သမျှအချက်အလက်တိုင်းကို လက်လွှတ်မခံပဲ သေသေချာချာရယူခဲ့တာဖြစ်ပါတယ်။ ပေးစာတွေ၊ ပိုစ့်ကဒ်တွေ၊ McCandless ရဲ့မှတ်တမ်းတွေ နဲ့ ဆုံတွေ့ခဲ့ဖူးသူတွေနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတွေပေါ် အခြေခံပြီး ဝတ္ထုကို ရေးသားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ McCandless ဆိုသူဟာ အလက်စကာပြည်နယ်ထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တဲ့လူတစ်ဦးဆိုတာထက် ပိုမိုတဲ့ ဝိုးတစ်ဝါးပုံရိပ်ကို စာအုပ်ထဲက တစ်ဆင့် မြင်ခွင့်ရခဲ့ပါတယ်။

တစ်ဖက်မှာ Sean Penn ရဲ့ ရုပ်ရှင်ကလည်း တစ်ကယ်ကို ပီပြင်ခဲ့ပါတယ်။ ပြကွက်တိုင်းက လှပတယ်ဆိုတာအပြင် စာနဲ့ဖော်ပြရခက်တဲ့ စိတ်ခံစားချက်ကိုလဲ ပေးနိုင်ခဲ့ပါတယ်။ ဇာတ်ဝင်တေးတွေကလဲ သေချာအားဖြည့်ပေးနိုင်ခဲ့ပါတယ်။ ဇာတ်ကားကြည့်ရင်း Eddie Vedder ရဲ့ Vocal ကိုနားထောင်ရတာ ထင်ရှုးပင်တွေက ကြားက ပျံလွင့်လာပြီး မြစ်ချောင်း၊ တောင်တန်း၊ လွင်ပြင်တွေဆီ လမ်းညွန်ပေးနေသလိုပါပဲ။ စာအုပ်နဲ့ ရုပ်ရှင်က အတော်လေးကို တစ်ထပ်တည်းကျခဲ့ပါတယ်။

McCandless ရဲ့ အဖြစ်အပျက်ကို လူတစ်ချို့က လက်တွေ့နဲ့ ကင်းကွာလွန်းတယ် စိတ်ကူးယဥ်ဆန်လွန်းတယ် လို့ ထင်မြင်ကြပါတယ်။ လူတစ်ချို့အတွက်တော့ လွတ်မြောက်ခြင်း၊ စွန့်စားခြင်းရဲ့ အရသာ၊ တကယ့်လွတ်မြောက်ခြင်းက ဘာလဲဆိုတဲ့ နက်ရှိုင်းတဲ့အတွေးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ Into the Wild က ဇာတ်လမ်းတစ်ခု၊ အဖြစ်အပျက်တစ်ခု ဆိုတာထက် တစ်စုံတစ်ဦးရဲ့ ခရီးစဥ်ကို လိုက်ပါစီးနင်းခွင့်ရလိုက်သလိုပါပဲ။

Paper Fact:ပျမ်းမျှအားဖြင့် သစ်ပင်တစ်ပင်ကနေ A4 အရွယ်အစား စာရွက်ပေါင်း 8,000 နဲ့ 10,000 ကြားရရှိနိုင်ပါတယ် ဒါကြောင့်မို့လ...
14/05/2025

Paper Fact:
ပျမ်းမျှအားဖြင့် သစ်ပင်တစ်ပင်ကနေ A4 အရွယ်အစား စာရွက်ပေါင်း 8,000 နဲ့ 10,000 ကြားရရှိနိုင်ပါတယ်
ဒါကြောင့်မို့လို့ စာမျက်နှာ 100 ရှိတဲ့ စာအုပ်ပေါင်း 200 လောက် ထုတ်လုပ်တိုင်းမှာ သက်တမ်းအသင့်အတင့်ရှိတဲ့ သစ်ပင်တစ်ပင် ပြုန်တီးသွားရပါတယ်

ဒါပေမဲ့ စာအုပ်တွေဆိုတာ လူတွေအသိဉာဏ်တိုးတက်လာဖို့ မရှိမဖြစ် ကြားခံပစ္စည်း ဖြစ်ခဲ့ / ဖြစ်နေဆဲပါပဲ

住所

Nagoya-shi, Aichi

ウェブサイト

アラート

Polynomi - Recycled Booksがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー