Di Di Store

Di Di Store INVEST IN YOUR HAIR. YOU WEAR IT EVERYDAY.

30/08/2026

🥰🥰🥰

မင်မင့်ဆီမှာလည်း အမျိုးသား customer တွေ တော်တော်အားပေးကြတယ် မဖီရေ 🥰တကယ်ကလေ ဦးရေပြားလေးကောင်းပြီး ဆံသားလေးလှနေတယ်ဆို ယောက...
26/08/2026

မင်မင့်ဆီမှာလည်း အမျိုးသား customer တွေ တော်တော်အားပေးကြတယ် မဖီရေ 🥰
တကယ်ကလေ ဦးရေပြားလေးကောင်းပြီး ဆံသားလေးလှနေတယ်ဆို ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ရှိရင်းအသက်ထက် နုပျိုသွားတာပါဆို 😊😊

လျှော်နေကျ ဆိုင်မှာ ခေါင်းသွားလျှော်ရင်းနဲ့ ကိုယ့်ရဲ့ ဘေးခုံမှာ ခါတိုင်းလို အမျိုးသမီးပဲ ရှိနေတယ်ထင်တာ
လျှော်ပေးတဲ့ ဝန်ထမ်းညီမလေးက အစ်ကို.. ဆံပင်တွေ တော်တော်ကျွတ်နေတယ် ပုံမှန်ပဲလား အမြဲကျွတ်နေကြလားလို့ မေးသံကြားမှ ဪ ဘေးခုံက အမျိုးသားတစ်ဦးခေါင်းလျှော်နေတာပေါ့ ဆိုပြီး ဒီတိုင်းဘာရယ်မဟုတ် မျက်စိမှိတ်ပြီးငြိမ်နေတော့ သူတို့ပြောတာက အစအဆုံးကြားနေရတယ်

ဟိုကပြန်ဖြေတယ် အကိုက ဦးထုပ်အမြဲဆောင်းလို့ ခေါင်းကပူပြီး အဲ့တာကြောင့် ထိပ်လည်းကွက်လာတယ်ထင်တယ် ခုတလော ဆံပင်က တော်တော်လည်း ကျွတ်နေတာ ကိုယ့်ပါကိုယ်သတိထားမိတယ်တဲ့

ပြီးကျ ခုလျှော်ပေးနေတာ ဘာရှမ်ပူလည်း ခေါင်းအေးတယ်နော် ပူရှိန်းလေးလားလို့ လို့ကောင်မလေးကို မေးတော့
ဟိုက ပြန်ရှင်းပြနေတာ
သမီးတို့ဆီမှာက ခေါင်းလျှော်ရင် စျေး ၃ မျိုးရှိတာ.. ရိုးရိုးဘယ်စျေး .. ဘယ်ဟာနဲ့က ဘယ်စျေးပေါ့ ..
အကိုလျှော်တဲ့စျေးမှာက ဆေးဖက်ဝင်သဘာဝရှမ်ပူလိုဟာမျိုးသုံးပေးတာပါ ဆံပင်ပြန်ပေါက်စေတယ် Organic Shampoo အမျိုးစားပါ သူကပူရှိန်းမဟုတ်ဘူး အာနိသင်ကိုက ဦးရေအေးအေးလေးဖြစ်တာတဲ့

ကိုယ်လည်းဘာရယ်မဟုတ် ဒီတိုင်းနားထောင်နေတာ
ဪ သူတို့မှာလည်း hair saloon ဆိုင်ဆိုတော့ ရှမ်ပူတွေ အစုံရှိတာပေါ့ လို့ တွေးနေတုန်း
Customer ကထပ်မေးတာ ဘယ်တံဆိပ်လဲတဲ့
ကောင်မလေးကဖြေတယ် A Sleepy town တံဆိပ်ပါ ညီမတို့ဆိုင်ရှင်အစ်မက ကြိုက်လို့ ဆိုင်မှာပါပစ္စည်းတင်ထားတာပါ တဲ့

အဲ့လိုလည်းကြားရော ကိုယ့်မှာ သဘောကျပြီး ပါးစပ်မနည်းစေ့ထားရတယ် ပြုံးချင် ရယ်ချင်လာတာလေ ကိုယ့်ပစ္စည်းကို ဘေးမှာ အရောင်းဝယ် တည့်နေကြလို့ ပျော်သွားတာ

အိမ်မှာလည်း ပစ္စည်းနေ့တိုင်းလာဝယ်နေကြပေမယ့် ကိုယ့်အိမ် ကိုယ့်ဆိုင်မဟုတ်တဲ့ တခြားနေရာမှာ သူစိမ်းအချင်းချင်း ရောင်းဝယ်ညွှန်းဆိုနေတာကို မြင်ရတော့ ကျေနပ်တာပေါ့ကွယ် ဘယ်ပြောကောင်းမလဲ

ဟိုကလည်း ဆံပင်သိပ်မပေါက်ချင်ရှာဘူး
ကောင်းတယ်သေချာရင် အကိုသုံးချင်တယ် တစ်ဗူးဘယ်လောက်လဲ ပစ္စည်းရှိလား ယူမယ်နော်ဆိုပြီး ပြောတယ် ပြီးကျ တကယ်ဝယ်ပြန်သွားတာတော့

ပုံမှန်ဆို hair products တွေကအမျိုးသမီးတွေပဲ ဝယ်ကြတာများတယ် အမျိုးသားအနေနဲ့လည်း တို့ရဲ့ A Sleepy Town လေးကို အားပေးတာမြင်တော့ အပျော်က နှစ်ဆပေါ့ကွယ်

အားပေးသူအပေါင်းကို
ကျေးဇူးအများကြီးတင်ပါတယ်နော်
🌿

🥰🥰🥰
21/07/2026

🥰🥰🥰

- ခေါင်းလျှော်ပြီးတဲ့အခါ ဘာလေးလူးရမလဲမသိဘူးဆို ဒါလေးဖတ်ကြည့်နော်

Hair care အဆင့်ဆင့်လုပ်ပြီး Hair coat မလူးဘူးဆို
Skincare ပြီး Sun cream မလူးသလိုဖြစ်နေပါမယ်
တစ်ချို့ကျတော့ သဘာဝဆီပဲလူးချင်တာမလို့
A sleepy town ကနေ Virgin coconut oil လေးကို
စရောင်းဖြစ်တာပါ

Virgin coconut oil - သူက အုန်းဆီသဘာဝအရ အနည်းငယ်စေးကပ်တာမလို့
ဆံသားကို ခပ်ပါးပါးလူးပေးပါ
အုန်းဆီသုံးနေကျသူဆို စေးကပ်တယ် ခံစားရမှာ
မဟုတ်ပါဘူး

A sleepy town hair coat - သူက စေးကပ်တာလုံးဝလုံးဝ
မခံစားနိုင်ဘူး ဆိုသူတွေရွေးပါ
လူးပြီး ဆံသားရွရွလေးဖြစ်ကျန်မယ်
ရနံ့ကတော့ ရိုးရိုးမွှေးမွှေးလေးပါ
မတည့်သူမရှိအောင် quality ကို အထူးဂရုပြုထားပါတယ်
အမကိုယ်တိုင်က hair coat တော်ရုံမတည့်တာမလို့ပါ
သုံးပြီးတဲ့အခါ ယားယံတာ ၊ ဗောက်ထတတ်တာမျိုး
မရှိ / မဖြစ်ပါဘူးနော်

နေဒဏ် ၊ လေဒဏ် ၊ ဖုန်မှုန့်ဒဏ်တွေက ကာကွယ်ဖို့
အလွှာတစ်ခုအနေနဲ့ daily လူးပေးပါ
ကြိုတင်ကာကွယ်ခြင်းက ဆံသားပျက်စီးခြင်းကို
80 % လောက် ကာကွယ်ပေးပါတယ်

Hair coat ဒါမှမဟုတ် Virgin coconut oil လေးကို အပြင်မထွက်ခင် အမြဲလူးပါနော်

🌸

မင်မင် လက်ဆောင်လေးနည်းနည်းပေးချင်လို့ 😉Avocado shampoo သုံးရတာ ကြိုက်တယ်ဆို ဆုံးတဲ့ထိဖတ်နော် မင်မင့်ဆီမှာ avocado shampo...
06/07/2026

မင်မင် လက်ဆောင်လေးနည်းနည်းပေးချင်လို့ 😉
Avocado shampoo သုံးရတာ ကြိုက်တယ်ဆို ဆုံးတဲ့ထိဖတ်နော်
မင်မင့်ဆီမှာ avocado shampoo exp date ကပ်နေတဲ့ ဗူးလေးတွေ a little ရှိတယ် 🥹
လိုချင်တယ်ဆို မင်မင့်ဆီ လာပြောနော်
Shampoo ဗူးဖိုးကတော့ free ကွာ ဒါမယ့် ပို့ခ letter pack 600 လေးတော့ပေးနော် 🥹




မင်မင်က sensitive သမား မဟုတ်ပေမယ့် သုံးကြည့်အုံးမယ် 🥰
16/06/2026

မင်မင်က sensitive သမား မဟုတ်ပေမယ့် သုံးကြည့်အုံးမယ် 🥰

- baby shampoo လေးက ကလေးရော လူကြီးရောသုံးကြတာမလို့ အရောင်းအသွက်ဆုံး Products လေးပါ

သူက ဆံပင်သန်စေဖို့အဓိကထုတ်ထားတာပါ

ကလေးတွေအတွက် safe ဖြစ်အောင်ထုတ်ထားတာမလို့
ဦးရည်ပြား sensitive ဖြစ်သူတွေ
တော်ရုံဘာသုံးသုံးမတည့်သူတွေ
ရွေးချယ် အသုံးပြုလို့ရပါတယ်

ဆံပင်ပေါက်အားကောင်းတာမလို့ ဆံပင်သိသိသာသာ
ထူစေပါတယ်

In stock ရသေးကြောင်း လက်တို့ပေးတာပါ
စျေးလေးက ၁၈၀၀၀ ပါနော်

🌸

လိုတိုရှင်း 🥰
14/06/2026

လိုတိုရှင်း 🥰

Avocado shampoo ဟာ ဓါတုဆေးထိထားတဲ့ ပျက်စီးဆံသားအတွက် repair လုပ်ပေးနိုင်တဲ့ အာနိသင်ကိုပေးစွမ်းပါတယ်အရောင်ဆိုးပြီးနောက် ဆ...
08/06/2026

Avocado shampoo ဟာ ဓါတုဆေးထိထားတဲ့ ပျက်စီးဆံသားအတွက် repair လုပ်ပေးနိုင်တဲ့ အာနိသင်ကိုပေးစွမ်းပါတယ်
အရောင်ဆိုးပြီးနောက် ဆံပင်ကြမ်းလာတာ ၊ ဆံပင်ကောက်ပြီးနောက် အဖျားတွေ နှစ်ခွဖြစ်တာ ၊ ဆံပင်တွေ လုံးထွေးတာ ၊ ဘီးဖြီးရ ခက်လာတာ ၊ ဆံပင်မာတောင်ပြီး အဖျားတွေ ပျက်ကျတာမျိုးကို သက်သာစေပါတယ်

ခေါင်းလျှော်ရည်ဆိုတိုင်းလည်း တွေ့တာနဲ့မလျှော်သင့်ပါဘူး
ကိုယ့်ဆံပင်နဲ့ ဦးရေပြားအနေထားအလိုက် သင့်တော်တဲ့ Shampoo အမျိုးစားကိုရွေးချယ်မှသာ ဆံပင်နဲ့ ဦးရေပြားအတွက် ထိရောက်တဲ့ အာနိသင်ကို ရပြီး ဆံပင်ရဲ့ ကောင်းခြင်းကို ဖြစ်စေတာပါ

အဲ့ဒါကြောင့် ကိုယ့်ဆံပင်အနေအထားလေးကို သေချာပြောပြပြီး ဘာလေးသုံးလို့ အဆင်ပြေမလဲဆိုတာ မင်မင်နဲ့ လာတိုင်ပင်လို့၇ပါတယ်နော်





ဓာတုပစ္စည်းလေးတွေနေ၇ာမှာ သဘာ၀အဆီလေးတွေ အစားထိုးသုံးကြမယ်နော်
08/06/2026

ဓာတုပစ္စည်းလေးတွေနေ၇ာမှာ သဘာ၀အဆီလေးတွေ အစားထိုးသုံးကြမယ်နော်

ဦးရေပြားလေးတွေကို A Sleepy Town ကထုတ်တဲ့ သဘာ၀အဆီလေးတွေနဲ့ ထိန်းသိမ်းမယ်
08/06/2026

ဦးရေပြားလေးတွေကို A Sleepy Town ကထုတ်တဲ့ သဘာ၀အဆီလေးတွေနဲ့ ထိန်းသိမ်းမယ်

ဆံပင်ကျွတ်တာက အရှင်းမပျောက်ပါဘူး

Hair Growth Cycle အရ ဆံသားတွေဟာအသစ်ထွက်လိုက် သက်တမ်းပြည့်ရင် ကျွတ်လိုက်နဲ့ လည်ပတ်ပါတယ်
ဆံပင်ပါးလာတာမဖြစ်အောင် ဆံသား ဦးရည်ပြား Healthy ဖြစ်ဖို့ ဂရုစိုက်ပေးရပါမယ်နော်
Products တွေကိုပဲအားကိုးလို့မရပဲ ဒီအချက်လေးတွေကို
ဂရုပြုပေးရပါမယ်

၁။ အာဟာရကို အခြေခံကစပြီး ဂရုစိုက်ပါ

ဆံပင်သန်စွမ်းဖို့ဆိုတာ အတွင်းပိုင်း အာဟာရပြည့်ဝမှုက အဓိကကျပါတယ်

- ပရိုတင်း (Protein) ပြည့်ဝအောင်စားပါ
ဆံပင်ကို ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ Keratin နဲ့ ဖွဲ့စည်းထားတာမို့ နေ့စဉ်စားသောက်မှုမှာ ကြက်ဥ၊ ကြက်ရင်ပုံသား၊ ပဲအမျိုးမျိုး တို့ကို ပုံမှန်ထည့်စားပေးပါ

- သံဓာတ်နဲ့ ဗီတာမင်
ဟင်းနုနွယ်လို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေက ဆံပင်
အရင်းအမြစ်ကို သွေးလည်ပတ်မှုကောင်းစေပါတယ်

၂။ သဘာဝဆီ (Natural Oils) နဲ့ အားဖြည့်ပါ

ဓာတုပစ္စည်းအပြင်းအစားတွေအစား သဘာဝကရတဲ့ အဆီတွေက ဦးရေပြားကို တကယ်အကျိုးပြုပါတယ်

- အုန်းဆီစစ်စစ် (Virgin Coconut Oil)
ဆံသားထဲကို အလွယ်တကူ စိမ့်ဝင်နိုင်ပြီး ပရိုတင်းဓာတ် ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ ခေါင်းမလျှော်ခင် နာရီဝက်ခန့် ဦးရေပြားကို အသာအယာ မာဆတ် (Massage) လုပ်ပေးပါ

- ထောပတ်သီးဆီ (Avocado Oil) သို့မဟုတ် ဗီတာမင် E: ဆံသားခြောက်သွေ့လို့ ကျိုးပြတ်ပြီး ကျွတ်တာတွေကို သက်သာစေပါတယ်

၃။ ခေါင်းလျှော်၊ ခေါင်းဖြီးတဲ့ အလေ့အထကို ပြောင်းလဲပါ
မှားယွင်းတဲ့ အလေ့အထတွေကြောင့် ဆံပင်ပိုကျွတ်တတ်ပါတယ်

- ရေနွေးအပူကြီးနဲ့ ခေါင်းမလျှော်ပါနဲ့: ရေနွေးနွေးရုံ (သို့) ရေအေးနဲ့ပဲ လျှော်ပါ။ ရေနွေးအပူက ဦးရေပြားကို ခြောက်သွေ့စေပြီး ဆံပင်အရည်အသွေးကို ပျက်စီးစေပါတယ်

- ဆံပင်စိုနေတုန်း မဖြီးပါနဲ့: ဆံပင်စိုနေချိန်က အမြစ်တွေ အားအနည်းဆုံးအချိန်မို့လို့ မဖြီးပါနဲ့ဦး။ မဖြစ်မနေဖြီးရမယ်ဆိုရင် သွားကျဲတဲ့ဘီး ကို သုံးပါ

ကလေးဆံပင်ပါးလို့ shampoo ရွေးရခက်နေတယ်ဆိုA sleepy town baby shampoo လေး သုံးကြည့်နော်ဆံပင်သန်စေဖို့ ingredients တွေကိုဂရ...
07/06/2026

ကလေးဆံပင်ပါးလို့ shampoo ရွေးရခက်နေတယ်ဆို

A sleepy town baby shampoo လေး သုံးကြည့်နော်
ဆံပင်သန်စေဖို့ ingredients တွေကို
ဂရုတစိုက်ရွေးချယ်ထားတာမလို့
မေမေများ သဘောကျကြတဲ့ products လေးပါ

ကလေး ၊ လူကြီးမရွေးသုံးလို့ရပါတယ်
တော်ရုံတန်ရုံ shampoo နဲ့ မတည့်တဲ့သူတွေ
ဦးရည်ပြား sensitive ဖြစ်တဲ့သူတွေ
ဆံပင်ကျွတ်သက်သာပြီး
Baby hair ပြန်ထွက်ဖို့အတွက် အသုံးပြုနိုင်ပါတယ်နော်

မင်မင့်မှာ In stock လေးတွေ ထပ်ရောက်ပြီမို့ စိတ်တိုင်းကျ အားပေးနိုင်ပါပြီရှင်




住所

Tokyo

ウェブサイト

アラート

Di Di Storeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する