21/12/2025
ဒေါ်နန်းမေမေကြည်ဟာ နှစ်အတန်ကြာမှာ ပင်လယ်ရပ်ခြားက လူတစ်ယောက်ကို လက်ထပ်သွားခဲ့ကြောင်း ကြားသိရတယ်။ အဲ့ဒီလူဟာ ပညာသိပ်မတက်ပါ။ ဘာဘဲဖြစ်ဖြစ် သူပျော်ရွှင်နေလိမ့်မယ်လို့ ကျွန်တော် ရိုးရိုးသားသား ယုံကြည်ပါတယ်။
အဲ့ဒီ့သတင်းကြားပြီး လအနည်းငယ်ကြာမှာ ကျွန်တော်စီ အီးမေး တစ်စောင် ရောက်လာပါတယ် ။
“အရာရာအဆင်ပြေရဲ့လား…”တဲ့။
တစ်ကြောင်းတည်း။
“ငါ ပြူတင်းပေါက်အပြင်ဖက်ကို ငေးနေတယ်” လို့ ကျနော်စာပြန်ခဲ့မိတယ်.. ။
#ပါပီယွန်