MKT Reading

MKT Reading Sharing books

2026. 07. 04.

ကိုယ့်ပတ်ဝန်းကျင်မှာ တကယ်တိုးတက်ပြောင်းလဲသွားတဲ့လူတွေကို သတိထားကြည့်ပါ။ သူတို့အားလုံးနီးပါးက ပြင်းထန်တဲ့ခံစားချက်တစ်ခုကြောင့်သာ နောက်လူတစ်ယောက်လိုမျိုး တိုးတက်ပြောင်းလဲသွားကြတာချည်းပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူတစ်ယောက်ကို တကယ်ပြောင်းလဲစေတဲ့ ခံစားချက်(၄)မျိုးအကြောင်းဝေမျှပေးပါ့မယ်။

Jim Rohn ပြောခဲ့တာဖြစ်ပါတယ်။

【နံပါတ် (၁)က Disgust ပါ။
ကိုယ့်လက်ရှိအခြေအနေ၊ ကိုယ့်လက်ရှိဖြစ်တည်မှုကို စိတ်ပျက်မိပြီး မဖြစ်မနေ ပြောင်းလဲမှကိုရတော့မယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်ပါတယ်။ ဒီလိုကိုယ့်ကိုယ်ကို စိတ်ပျက်မိတဲ့ခံစားချက်မျိုးဖြစ်လာရင် လက်ခံပါ၊ ပြောင်းလဲဖို့လိုအပ်တာတွေစီစဉ်ပြီး တကယ်ပြောင်းလဲမှုကိုလုပ်ပါ။

ဘေးလူတွေပြောတဲ့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်လက်ခံဆိုတာ တစ်ဝက်ပဲမှန်ပါတယ်။ ကျွန်တော်တို့ဘဝမှာ ကိုယ်တိုင်ပြောင်းလဲနိုင်တဲ့အခြေအနေတွေက အများကြီးမှ (အများကြီး)ကို ရှိပါတယ်။

【နံပါတ် (၂)က Decision ပါ။
ဆုံးဖြတ်ချက်တစ်ခုခုချရတော့မယ်ဆိုတဲ့ ခံစားချက်ဖြစ်ပါတယ်။ အရေးအကြီးဆုံးက အကောင်းဘက်သွားမယ့် ဆုံးဖြတ်ချက်ချပြီးတဲ့အခါ ပြန်မပြင်ဆင်ဖို့ပဲဖြစ်ပါတယ်။

【နံပါတ် (၃)က Desire ပါ။
ဒါကတော့ လိုချင်တပ်မက်တဲ့စိတ် လိုချင်တပ်မက်တဲ့ခံစားချက်ပဲဖြစ်ပါတယ်။ ဒီခံစားချက်က ကိုယ့်ရဲ့ဝမ်းတွင်းအသိစိတ်က လာတာဖြစ်နိုင်သလို၊ ဘေးလူတစ်ယောက်ယောက်က ပြောတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။

【နံပါတ် (၄)က Resolve ပါ။
Resolve ကို အဓိပ္ပါယ်ဖွင့်ရရင် "ဒါ ငါ့ရဲ့နောက်ဆုံးအဖြေ" ဆိုပြီး ပြောနိုင်ပါတယ်။ ဒီအရာကို ဘာတွေပဲဖြစ်ဖြစ်လုပ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ရအောင်လုပ်မယ်၊ လုပ်လို့မပြီးမြောက်မချင်း မရပ်တန့်ဘူးဆိုတဲ့ အပြင်းထန်ဆုံးခံစားချက်ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ အောင်မြင်သွားတဲ့လူတွေက ဒီလိုခံစားချက်နဲ့လူတွေပါ။

ဒါကတော့ လူတစ်ယောက်ကို တကယ်ပြောင်းလဲစေတဲ့ခံစားချက် (၄)မျိုးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝမှာ ဒီလိုခံစားချက်မျိုး တစ်ခုခုဖြစ်လာရင် မေ့ပြစ်လိုက်ဖို့မကြိုးစားပါနဲ့၊ အကောင်းဆုံးအပြောင်းအလဲလုပ်နိုင်အောင်သာ အသုံးချပါလို့ အကြုံပြုပါတယ်ခင်ဗျာ။

Jim Rohn ရဲ့ သင်ခန်းစာတွေစုထားတဲ့ စာအုပ်ဖိုင်လေးတစ်ခုကို Telegram (Free) Group မှာ မကြာခင်တင်ပေးဖို့ရှိပါတယ်။

Telegram Free channel:
→ https://t.me/srwilliamdailyvideos

𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬 𝐂𝐥𝐮𝐛 𝟐.𝟎 မှာတော့ သင်ခန်းစာတစ်ခုချင်းစီကို အကျယ်ရေးထားတဲ့ စာအုပ်ဖိုင်မကြာခင်တင်ပေးသွားမှာပါခင်ဗျာ။

𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬 𝐂𝐥𝐮𝐛 𝟐.𝟎 အကြောင်း
https://www.facebook.com/share/p/18fJVGB86c/

2026. 04. 23.

ပညာရပ်တစ်ခုကျွမ်းကျင်ဖို့ အဆင့် ၂ ဆင့်လိုပါတယ်။ ပထမတဆင့်ကတော့ Input လို့ခေါ်တဲ့ စာဖတ်တာ၊ လေ့လာတာ၊ သင်ယူတာဖြစ်ပြီး ဒုတိယတဆင့်ကတော့ Output လို့ခေါ်တဲ့ ပြန်လည်အသုံးချခြင်းဖြစ်ပါတယ်။ Input နဲ့ Output ၂ ခုလုံးရှိနေမှသာ ပညာရပ်တစ်ခုမှာ ကျွမ်းကျင်လာမှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး စိတ်အာရုံအပိုင်းသင်ကြားရေးဆရာတစ်ဦး Yogi Bhajan ကလည်း

မင်းတစ်ခုခုကိုလေ့လာချင်ရင် စာဖတ်ပါ၊ မင်းတစ်ခုခုကိုနားလည်ချင်ရင်တော့ စာရေးပါ၊ မင်းတစ်ခုခုကိုကျွမ်းကျင်ချင်တယ်ဆိုရင်တော့ တခြားလူကိုပြန်လည်သင်ကြားပေးပါ ဆိုပြီးပြောခဲ့တာရှိပါတယ်။

ဒါကြောင့် ကိုယ်တတ်ထားပြီးသားပညာရပ်တစ်ခုကို ပိုပြီးကျွမ်းကျင်လာချင်တယ်ဆိုရင် အကောင်းဆုံး Upgrade လုပ်မြှင့်တင်နည်းက တခြားလူကို ပြန်လည်သင်ကြားပေးတာပဲဖြစ်ပါတယ်။

ကလေးတစ်ယောက်နားလည်တဲ့အထိ ပြန်ရှင်းပြနိုင်ပြီဆိုရင် ကိုယ်ကဒီပညာရပ်မှာ ကျွမ်းကျင်အဆင့်ရောက်ပြီလို့ဆိုနိုင်ပါတယ်။

Steven Bartlett ရဲ့ The Diary of a CEO စာအုပ်မှ...

Ebook ကိုယ်တိုင်အသေးစိတ်ဖတ်ချင်ရင်တော့ Private Readers Club မှာ တင်ပေးထားပါတယ်ခင်ဗျာ။

𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬 𝐂𝐥𝐮𝐛 အကြောင်း
https://www.facebook.com/reel/900502862575774

2026. 04. 08.

လူတွေကိုလွှမ်းမိုးခြင်းအနုပညာ (သို့) လူတွေနဲ့မိတ်ဖွဲ့ခြင်းအနုပညာမှာ သေးငယ်တယ် ထင်ရပေမယ့် သတိထားသင့်တဲ့အချက်တွေရှိနေပါတယ်။ ဒီနေ့မှာတော့ How to Win Friends and Influence People စာအုပ်မှာပြောထားတဲ့ လူတွေကိုယ့်နဲ့ပိုပြီးခင်မင်ချင်လာအောင် ပြင်ဆင်လို့ရမယ့်အချက် (၅)ချက် ဖော်ပြပေးပါ့မယ်ခင်ဗျာ။

နံပါတ် (၁)အနေနဲ့...
၁】ကိုယ်ကချည်းပြောဖို့ထက် တစ်ဖက်သူပြောတာနားထောင်ပေးဖို့ပိုကြိုးစားပါ

၂】အပြုံးတစ်ခုက ပထမဦးဆုံးနှုတ်ဆက်နည်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်ပြုံးနေဖို့မမေ့ပါနဲ့

၃】လူတွေရဲ့နာမည်ကို မှတ်မိအောင်လုပ်ပါ။ လူအများစုက သူတို့နာမည်ကိုမှတ်မိတာမျိုးနှစ်သက်ပါတယ်

၄】တစ်ဖက်သူရဲ့ အားသာချက် (သို့) သူတို့စိတ်ဝင်စားတဲ့အရာတစ်ခုနဲ့ စကားစပြောနိုင်ပါတယ်

၅】တစ်ဖက်သားကို လူအများရှေ့ဝေဖန်တာမျိုးရှောင်ပေးပါ။

သေးငယ်တယ်ထင်ရပေမယ့် ဒီအချက် ၅ ချက်ကိုသတိထားကြည့်ရင် လူတွေနဲ့မိတ်ဖွဲ့ရာမှာ ပိုပြီးလွယ်ကူအဆင်ပြေလာမှာပဲဖြစ်ပါတယ်ခင်ဗျာ။ စာအုပ်ထဲက စိတ်ဝင်စားစရာအသေးစိတ်အကြောင်းအရာတွေကို Private Readers Club မှာ ဝင်ဖတ်လို့ရအောင်တင်ပေးထားပါတယ်။

𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬 𝐂𝐥𝐮𝐛 အကြောင်း
https://www.facebook.com/reel/900502862575774

2026. 04. 07.

#ရေစက်လွန် ဝဠ်ကြွေး

2026. 04. 02.

ဝင်ငွေက တစ်လကို ဆယ်သိန်း၊ သိန်းနှစ်ဆယ်၊ တချို့ဆို သိန်းငါးဆယ်ကျော်တယ်။ ဒါပေမဲ့... လကုန်ရင် ဘာမှမကျန်ဘူးဆိုတဲ့သူတွေထဲမှာ ခင်ဗျားရောပါနေလား?

ဝင်ငွေကောင်းလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် "ငွေကြေးလုံခြုံနေပြီ" လို့ ထင်ပြီး စိတ်ချလက်ချ နေတတ်ကြတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံလို စီးပွားရေးအလှည့်အပြောင်းမြန်တဲ့ အခြေအနေမျိုးမှာ လစာကောင်းရုံ၊ ဝင်ငွေကောင်းရုံနဲ့ မလုံလောက်တော့ပါဘူး။

သတိမထားမိဘဲ ဝင်ငွေကောင်းတဲ့ လူလတ်တန်းစား (Middle Class) တွေ အများဆုံးကျူးလွန်မိနေတဲ့ ငွေကြေးဆိုင်ရာ အမှား (၅) ခု ရှိပါတယ်။
ခင်ဗျားရော ဒီအမှားတွေထဲက ဘယ်နှစ်ခုကို လုပ်မိနေလဲ ဆန်းစစ်ကြည့်ရအောင်။

၁။ အလွန်အကျွံသုံးစွဲတာ (Lifestyle Inflation)

ဝင်ငွေမြင့်လာတာနဲ့အမျှ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကပါ အလိုလိုမြင့်လာတာမျိုးပါ။ အရင်က ရိုးရိုးလက်ဖက်ရည်ဆိုင်မှာ ထိုင်ရာကနေ အခုဆို တစ်ခွက်ကို သောင်းဂဏန်းပေးရတဲ့ Cafe တွေမှ၊ ဖုန်းဆိုလည်း နောက်ဆုံးပေါ် Pro Max အကြွေးနဲ့ဖြစ်ဖြစ် ကိုင်မယ်၊ အဝတ်အစားကအစ Branded တွေမှဆိုတဲ့ စိတ်ဓာတ်မျိုးပါ။ "ငါရှာနိုင်တာပဲ၊ သုံးမှာပေါ့" ဆိုပြီး Reward ပေးရာကနေ လိုတာထက်ပိုပြီး ဇိမ်ခံပစ္စည်းတွေပေါ် ငွေပုံအောမိတတ်ကြပါတယ်။ တကယ်တမ်းက ဝင်ငွေများလာချိန်မှာ ပိုသုံးရုံသက်သက်မဟုတ်ဘဲ ပိုစုဖို့၊ ပိုရင်းနှီးမြှုပ်နှံဖို့ လုပ်ရမယ့်အချိန်ပါ။

၂။ လက်ရှိဝင်ငွေ အမြဲရှိနေမယ်လို့ ထင်မှတ်နေတာ

အခု နိုင်ငံခြားကွက်လပ်/Remote Job လစာ ဒေါ်လာနဲ့ရနေလို့ ဒါမှမဟုတ် ကိုယ့်လုပ်ငန်းလေး အရောင်းသွက်နေလို့ ဒီဝင်ငွေက တစ်သက်လုံးရနေမယ်လို့ ထင်တတ်ကြတယ်။ မြန်မာနိုင်ငံလို မီးပျက်၊ အင်တာနက်ပြတ်၊ မူဝါဒတွေခဏခဏပြောင်းလဲနေတဲ့ အခြေအနေမျိုးမှာ ဘာမှမသေချာဘူးဆိုတာကို မေ့နေတတ်ကြတယ်။

အလုပ်ပြုတ်တာဖြစ်ဖြစ်၊ လုပ်ငန်းရပ်သွားတာဖြစ်ဖြစ် ကြုံလာတဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ချက်ချင်း ဒုက္ခရောက်တတ်ပါတယ်။

၃။ ငွေကြေးစီမံကိန်း (Financial Planning) အားနည်းတာ

"ငွေက အမြဲရှာနိုင်နေတာပဲ၊ နောက်မှ စဉ်းစားမယ်" ဆိုပြီး ပေါ့ပေါ့နေတတ်ကြတယ်။ အထူးသဖြင့် မြန်မာငွေကြေးဖောင်းပွမှု မြင့်မားနေတဲ့အချိန်မှာ ငွေကို ငွေသေအဖြစ် ဘဏ်ထဲမှာပဲ ဒီအတိုင်းထားတာမျိုး၊ ဒါမှမဟုတ် ရွှေဝယ်မလား၊ ဒေါ်လာစုမလား၊ မြေဝယ်မလား သေချာမစဉ်းစားဘဲ တန်ဖိုးကျသွားနိုင်တဲ့ ကားလိုပစ္စည်းမျိုးတွေပဲ အဝယ်များနေတာမျိုးတွေပါ။ ဖျားနာရင်၊ အရေးပေါ်ကိစ္စပေါ်ရင် သုံးဖို့ အရေးပေါ်ရန်ပုံငွေ (Emergency Fund) ခြောက်လစာလောက်တောင် ဖယ်မထားမိတဲ့သူတွေ အများကြီးပါ။

၄။ ဘတ်ဂျက်ဆွဲဖို့ ပျက်ကွက်တာ (No Budgeting)

လကုန်လို့ လစာဝင်တာနဲ့ KPay, Wave တွေထဲ ငွေဝင်လာပြီဆို စာရင်းမလုပ်ဘဲ လက်ဖျားခါ ထုတ်သုံးတော့တာပါပဲ။ ကိုယ့်ဆီမှာ ငွေလျှံနေတာပဲဆိုတဲ့စိတ်နဲ့ သုံးချင်သလိုသုံးတော့ လကုန်ခါနီးရင် ဟိုကချေး၊ ဒီကချေးနဲ့ Credit Card အကြွေးတွေ ဆပ်နေရတဲ့ သံသရာထဲ လည်နေတတ်ပါတယ်။ ဝင်ငွေတက်လာချိန်မှာ အသုံးစရိတ်လည်း လိုက်တက်လို့ရပါတယ်။ ဒါပေမဲ့ ဘာအတွက် ဘယ်လောက်သုံးမယ်၊ ဘယ်လောက်စုမယ်ဆိုတဲ့ ရည်မှန်းချက်တိတိကျကျ မရှိရင် ရှာနိုင်သမျှဟာ ရေစုန်မျောသလို အကုန်ပြန်ထွက်သွားမှာပါ။

၅။ စွန့်စားမှုတွက်ချက်ခြင်း (Risk Assessment) အားနည်းလာတာ

ငွေပိုလေးနည်းနည်း ရှိလာတဲ့အခါ သေချာမလေ့လာဘဲ လူလုပ်တိုင်း လိုက်လုပ်တတ်ကြတယ်။ "မမြတ်လည်း ဘာမှမဖြစ်ဘူး၊ ရှုံးရင်လည်း ခံနိုင်တာပဲ" ဆိုတဲ့အတွေးနဲ့ နားမလည်တဲ့ Crypto တွေထဲဝင်ထည့်တာ၊ အွန်လိုင်းက လိမ်လည်တဲ့ ငွေစုငွေပွားလုပ်ငန်းတွေမှာ ပါသွားတာ၊ ဒါမှမဟုတ် ခေတ်စားတိုင်း Cafe တွေ၊ Bar တွေဖွင့်ပြီး နောက်ဆုံး အရင်းပါပြုတ်သွားတာမျိုးတွေဟာ တွက်ခြေမကိုက်ဘဲ စွန့်စားမိတဲ့ အမှားတွေပါပဲ။

ဝင်ငွေကောင်းနေချိန်ဆိုတာ ခင်ဗျားရဲ့ အနာဂတ်အတွက် အကောင်းဆုံး တည်ဆောက်ရမယ့် အချိန်ပါ။ ရှာနိုင်သမျှ အကုန်ဖြုန်းပစ်ဖို့ မဟုတ်ပါဘူး။

ဒီအမှား (၅) ခုထဲက ခင်ဗျားရော ဘယ်အချက်တွေကို သတိမထားမိဘဲ လုပ်မိနေလဲ? Comment မှာ ဆွေးနွေးသွားကြပါဦး။ ခင်ဗျားလိုပဲ ဝင်ငွေကောင်းပေမဲ့ ငွေမစုမိတဲ့ သူငယ်ချင်းတွေရှိရင်လည်း ဒီ Post လေးကို Share ပေးပြီး သတိပေးလိုက်ပါ!


2026. 03. 26.

လူတွေဟာ သူတိုနဲ့ ပုံစံတူတဲ့ လူတွေနဲ့ပဲ အတူရှိသွားကြတာပါပဲ။

တကယ်တော့လေ လူတွေဟာ ကောင်းတာ၊ ဆိုးတာ၊ မှားတာ၊ မှန်တာ ခွဲခြားဖို့ထက် တူရာ တူရာ စုသွားကြတာက သဘာဝပဲနော်။

မကောင်းတာ လုပ်တဲ့သူဟာ မကောင်းတာ လုပ်တဲ့သူကိုပဲ ပေါင်းတယ်။ သူများ အတင်းအဖျင်း ပြောရတာ ကြိုက်တဲ့သူဟာ အတင်းအဖျင်း ပြောလို့ရမဲ့သူနဲ့ပဲ ပေါင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ တူညီမှုတွေ ရှိနေလို့။

မတူတာတွေ များရင်သာ ညှိနှိုင်းရခက်တာ။
တူနေရင်တော့ သိပ်ညှိစရာ မလိုဘူးလေ။ နောက်ပြီး တူနေတဲ့သူ အချင်းချင်းဆို အပြစ်ပြောတာတွေ နည်းတယ်။ မြွေမြွေချင်း ခြေမြင်တယ်။
တစ်ယောက်ကို တစ်ယောက် နားလည်ကြတယ်။

ဒါကြောင့်မိုလို့ ကြည့်ကြည့်လိုက်လေ။ လူမှုရေးဖောက်ပြန်သူ အချင်းချင်းဟာ အပြစ်မပြောကြဘူး။
လူမှုရေး ဖောက်ပြန်သူတွေရဲ့ အပေါင်းအသင်းကိုလည်း ကြည့်လိုက် လူမှုရေး ဖောက်ပြန်တာကို ထမင်းစား၊ ရေသောက်သလို normalize လုပ်ထားကြတဲ့ သူတွေများတယ်။ ကိုယ့်ရဲ့ သူငယ်ချင်း
မကောင်းတာလုပ်နေတာကို တားရကောင်းမှန်းလည်း မသိဘူး။ သူတို့ကိုယ်တိုင် အလိုတူ အလိုပါ ဝိုင်းမြှောက်ပေးကြတာတွေလေ။

အဲ့ဒါကြောင့်လေ အခုနောက်ပိုင်းမှာ သေသေချာချာ သိလာတာ တစ်ခုက လူတွေဟာ သူတို့နဲ့ ပုံစံတူတဲ့ လူတွေနဲ့ပဲ အတူရှိသွားကြတယ် ဆိုတာပါပဲ။

ကိုယ့်မှာတော့ ကောင်းပေးလိုက်ရတာ၊ ဖြည့်ဆည်း ပေးဆပ်လိုက်ရတာ အချိန်တန်တော့ ကိုယ့်ကို ခြေစုံကန်ပြီး ထွက်သွားလို့၊ ထားခဲ့ခံရလို့၊ ဖောက်ပြန်ခံရလို့ဆိုပြီး စိတ်မကောင်း မဖြစ်နဲ့နော်။ လူတွေဟာ
တူရာ တူရာ စုကြတာ။ တန်ရာ တန်ရာ ပေါင်းကြတာပါ။

လမ်းချင်းမတူလို့ လူချင်းမတွေ့တာ။ အချိန်တွေ
အကြာကြီး ဝမ်းနည်းခံစားနေစရာ အကြောင်းမရှိပါဘူး။

အဲဒီအစား ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင်ပဲ ရွေးချယ်ရမှာ။ ကိုယ့်နားမှာ ထားမဲ့လူ၊ အတူရှိသွားချင်တဲ့လူတွေကို ကိုယ်တိုင်ပဲ ရွေးချယ်ရမှာ။

"ဘဝကို ပိုပြီး အောင်မြင်ချင်တယ်မလား..
ဘဝကို ကြိုးစားနေထိုင်နေတဲ့ သူတွေနဲ့ပေါင်း၊
မလိုအပ်တဲ့ အတင်းအဖျင်းတွေ၊ Drama များတဲ့သူတွေကို ရှောင်။

ဘဝကို ပိုပြီး တည်ငြိမ် အေးချမ်းချင်တယ်မလား.. အေးချမ်းငြိမ်သက်တဲ့ သူတွေနဲ့ပေါင်း။
Energy ကောင်းချင်ရင် Energy ကောင်းတဲ့ နေရာမှာ နေမှပဲရမှာ။"

ဘဝမှာ လူတစ်ချို့ ကိုယ့်ဘဝထဲက ထွက်သွားတာတွေနဲ့ ပတ်သက်လို့ သိပ်ပြီး ဝမ်းမနည်းနဲ့။ လူတစ်ချို့အတွက်ဟာ ကိုယ့်အတွက်မဟုတ်လို့၊ ကိုယ်နဲ့ မကိုက်ညီလို့၊ အကျင့်စရိုက် မတူလို့၊ brain level မတူလို့..

အဲဒီအစား ကိုယ့်ဘဝထဲက ကောင်းမွန်တဲ့လူတွေကို ပိုဂရုစိုက်၊ များများချစ်ပေး။ ကောင်းမွန်တဲ့လူတွေ၊ ငြိမ်သက်အေးချမ်းတဲ့လူတွေရှိတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုမှာ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့ ရှင်သန်ခွင့်ရတာကိုက ဘာနဲ့မှ လဲမရတဲ့ ကံကောင်းမှုနော်။

#စူးရှမေ
#ငြိမ်သက်ခြင်းမှာအေးချမ်းပါစေ

2026. 03. 26.

🛑 အလုပ်တွေသာ အများကြီး တစ်ပြိုင်တည်းလုပ်နေတယ်... တကယ်တမ်း ဘာတစ်ခုမှ ရေရေရာရာ ဖြစ်မလာလို့ စိတ်ညစ်နေပြီလား?

“အဖြစ်ရှိအောင်လုပ်” ဆိုတဲ့ စကားဟာ နားထောင်ရတာ မောင်းမဲသံနဲ့ ကြိမ်းမောင်းပြောဆိုလိုက်သလို လေသံမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သင့်ခေါင်းထဲကို “ဒိုင်းခနဲ” ဝင်သွားစေမယ့် စကားလုံးပါပဲ။

ဘယ်ကိစ္စကို လုပ်လုပ် အဖြစ်ရှိအောင် လုပ်လို့ တိုက်တွန်းရပါလိမ့်မယ်။ လူအတော်များများက အလုပ်တွေ အများကြီးကို လုပ်ကြပါတယ်။ ဒါပေမယ့် ဘယ်တစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မဖြစ်ဘဲနဲ့ တိုးလို့တန်းလန်း ဖြစ်နေတာများပါတယ်။

တစ်ခုခုကို စလိုက်ပြီဆိုတာနဲ့ ပြီးဆုံးအောင် မလုပ်ရသေးဘူး၊ ဖြစ်မြောက်အောင် မလုပ်ရသေးဘူး။ နောက်အလုပ်သစ်တစ်ခုကို စချင်နေပြီ။ ဒီတော့ ရှေ့အလုပ်မှာလည်း မဖြစ်မြောက်ဘူး။ နောက်လုပ်တဲ့အလုပ်က လည်း ပီပီပြင်ပြင် မဖြစ်ဘူး။

တစ်ကြိမ်မှာ တစ်ခုကို အာရုံစိုက်ပြီး လုပ်တာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် တချို့ကတော့ အလုပ်ခပ်များများကို တစ်ပြိုင်နက်တည်း လုပ်တယ်။ အတွေ့အကြုံ များပြား ရင့်ကျက်ပြီး ကိုယ်လုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ပေါက်မြောက်ထားသူ ဆိုရင်တော့ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်တာ မပြောလိုပါဘူး။

သို့သော်လည်း အတွေ့အကြုံ နုနယ်သေးတဲ့ ငယ်ရွယ်စဉ် လူငယ်ဘဝမှာ တစ်ခုခုကို လုပ်တဲ့အခါ ဖြစ်ဖြစ်မြောက်မြောက်ရှိအောင် လုပ်ဖို့ လိုတယ်။ အဖြစ်ရှိအောင် လုပ်ဖို့ လိုတယ်။

အဖြစ်ရှိအောင် မလုပ်ရင် ဒါဟာ မပြီးမြောက်ဘူး၊ မအောင်မြင်ဘူး။ ဒီအလုပ်ကနေ အတွေ့အကြုံ ကောင်းကောင်း ပေးနိုင်မှာလည်း မဟုတ်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ် အတွေ့အကြုံမျိုးကိုသာ ရလိမ့်မယ်။ ဒါကြောင့် တစ်ခုခုကို လုပ်ရင် အဖြစ်ရှိအောင် လုပ်ပါ။

🎯 အဖြစ်ရှိအောင် လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ?

(၁) စွဲမြဲတဲ့ စိတ်ဆန္ဒ လိုတယ်။ (၂) လိုအပ်တဲ့ လေ့လာဆည်းပူးမှု လိုအပ်တယ်။ (၃) ကာယကံမြောက် တစိုက်မတ်မတ် အားထုတ်ဖို့ လိုအပ်တယ်။ (၄) ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ပြတ်သားတဲ့ ဇွဲနပဲ လိုပါတယ်။ ဒီအချက် (၄) ချက်ဟာ အခရာကျတယ်လို့ မြင်ပါတယ်။

🔹 စွဲမြဲတဲ့ စိတ်ဆန္ဒမရှိရင် စိတ်က ဝေဝါးနေလိမ့်မယ်။ ပျံ့လွင့်နေလိမ့်မယ်။ ပျံ့လွင့်ဝေဝါးနေတဲ့စိတ်ဟာ ဘာကိုမှ တစိုက်မတ်မတ် လုပ်ချင်စိတ် ရှိမှာ မဟုတ်ဘူး။

🔹 နောက်တစ်ခုက လေ့လာဆည်းပူးသင်ယူမှု လိုတယ်။ ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့အတွက် သာမန်ကာလျှံကာ အသိလောက်နဲ့ မရဘူး။ ယောင်ဝါးလောက်နဲ့ မရဘူး။ အီးယောင်ဝါးလုပ်နေလို့လည်း မရဘူး။ အုတ်ရောရော ကျောက်ရောရောနဲ့လည်း မရဘူး။ အထူးပြု အသိလိုတယ်။

🔹 သိပြီးရင်လည်း လက်တွေ့ လုပ်အုံးမှ ဖြစ်မယ်။ တချို့ သိတယ်။ ဒါပေမယ့် လက်တွေ့ လုပ်ဖို့ ပျင်းတယ်။ အားမထုတ်ဘူး။ ကာယကံမြောက် လိုက်မလာဘူး။ လေတော့ ရှိတယ်။ ဒီလိုလူဟာ ဘယ်အလုပ်ကိုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘူး။ ဘယ်အလုပ်ကိုမှလည်း အဖြစ်ရှိအောင် မလုပ်နိုင်ဘူး။

🔹 နောက်ဆုံးတစ်ချက်ကတော့ ပြတ်သားတဲ့ ဇွဲနပဲ ဖြစ်တယ်။ စိတ်မှာ “ဒီအလုပ်ကို ဖြစ်အောင် လုပ်မယ်ကွာ…” ဆိုတဲ့ စိတ်ဇောက ဆောင်ထားမှ ကောင်းလိမ့်မယ်။ သို့မဟုတ်ရင်တော့ တို့ကနန်းဆိတ်ကနန်းနဲ့ တိုးလို့တန်းလန်း ဖြစ်နေလိမ့်မယ်။

ဘာကိုမှ ဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ပြတ်သားတဲ့စိတ်ဟာ စဉ်ဆက်မပြတ် အားထုတ်မှု၊ တစိုက်မတ်မတ် ကြိုးစားမှုကို တွန်းအားပေးပါတယ်။ ဒါဟာ အဖြစ်ရှိအောင် လုပ်ဖို့အတွက် အထူးလိုအပ်တဲ့ လိုအပ်ချက်ဖြစ်တယ်။

💡 ဒီခေတ်မှာ ပြောနိုင်တဲ့သူတွေ သိပ်များတယ်။ ဒါပေမယ့် အဖြစ်ရှိအောင် လုပ်နိုင်တဲ့သူတွေ သိပ်နည်းတယ်။ အပြောနောက်မှာ လုံ့လ မစိုက်တော့ အဲဒီလူဟာ ကြာတော့ “အီးပေါသောကြီး” ဖြစ်လာတယ်။
ဒါ့ကြောင့် တစ်ခုခုကို လုပ်မယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးရင် “အဖြစ်ရှိအောင်” လုပ်ပါ။


Address

17313
Incheon

Website

Alerts

Be the first to know and let us send you an email when MKT Reading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share