19/08/2023
လောကရဲ့ဒဏ်အောက်က
ပြိုပျက်စ ကမ်းပါးတစ်ခုပါ ဘေဘီရယ်
ခွန်းတုံ့ မပြန်တဲ့ မြောက်လေပြည်နဲ့
မျက်လွှာ ချထားတဲ့ စံပယ်ရုံ ကြားမှာ
မဝေးရဲသူက အရင် ချော့ရပါတယ် ….. ။
- ရှင်ပန်ထွာ -
နူးညံ့သိမ်မွေ့ပြီးချစ်စရာအရမ်းကောင်းတဲ့ ချစ်ရသောရှင်ပန်ထွာ(ထွာထွာ)ရဲ့ကဗျာလေး
အရေးအသားလေးတွေက ဖတ်ရသူရဲ့ရင်ထဲနူးညံ့ပျော့ပျောင်းစွာစီးဝင်သွားတယ်....
*မဝေးရဲသူက အရင်ချော့ရပါတယ်....*တဲ့
ဟုတ်တာပေါ့
ပိုချစ်ရတဲ့သူက အရင်အလျှော့ပေးရစမြဲပဲလေ....
ခွန်းတုံ့မပြန်တဲ့မြောက်ပြန်လေပြေနဲ့ မျက်လွှာချထားတဲ့စံပယ်ရုံလေးမှာ ဘယ်သူကစပြီး အရင်
အလျှော့ပေးခဲ့ပါသလဲ...
အရမ်းအပိုင်လိုချင်ခဲ့မိတဲ့စာအုပ်လေး
မရ ရအောင်ကိုရှာဝယ်မယ်ကွယ်....
#လွမ်းရင်ငေးဖို့ပန်းပင်လေးတွေပျိုးထားတယ်
#ရှင်ပန်ထွာ