Nann Htike Kyaw Online Mini Mart

Nann Htike Kyaw Online Mini Mart မုန့်မျိုးစုံ၊စား​သောက်ကုန်၊လူသုံ?

🌿🙏🌿ယ​နေ့မှာကျ​ရောက်​သော ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါ​တော်​နေ့) အခါသမယမှစတင်၍  မြန်မာပြည်သူပြည်သားများအ​ပေါင်း ☘မဂ်လာအ​ပ...
29/07/2026

🌿🙏🌿ယ​နေ့မှာကျ​ရောက်​သော ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါ​တော်​နေ့) အခါသမယမှစတင်၍ မြန်မာပြည်သူပြည်သားများအ​ပေါင်း
☘မဂ်လာအ​ပေါင်းနှင့်ပြည့်စုံကြပါ​​စေ☘
☘စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံကြပါ​စေ☘
☘ဘေးရန်အ​ပေါင်းမှကင်း​ဝေးကြပါ​စေ☘
☘ကြုံ​တွေ​နေရတဲ့ အခက်အခဲ အကြပ်အတည်းများမှ ​​ကျော်လွှားနိုင်ကြပါ​စေ☘
☘ကပ်ကြီး ၃ ပါးမှလည်း ​ကျော်လွှားနိုင်ကြပါ​စေ☘
☘စီးပွားဥစ္စာလာဘ်လာဘများလည်း တိုးတက်ကြီးပွား​အောင်မြင်ကြပါ​စေ☘
☘ဘာသာ သာသနာ​တော်အကျိုးကို ဆထက်တပိုးရွက်​ဆောင်နိုင်​သော သာသနာပြုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါ​စေ☘
☘စိတ်ရှိတိုင်း​ပေးကမ်းလှူဒါန်းနိုင်ကြပါ​စေ☘
☘​ကောင်းကျိုးချမ်းသာသုခမဂ်လာအဖြာဖြာတို့နှင့်ပြည့်စုံကြပါ​စေ​​ကြောင်း ဆု​တောင်း​မေတ္တာပို့သအပ်ပါတယ်ရှင်🙏☘🙏☘🙏☘

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဒီနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဒီနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုစကားရှိခဲ့ပါတယ် ။

အဓိပ္ပာယ်ကတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့မှာ တုသိတာနတ်ပြည်ကနေသက်ဆင်းပြီး လူ့ပြည်မှာ ပဋိသန္ဓေနေတော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့ခြင်းနဲ့ ဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကိုပြသတော်မူခြင်းတို့ပဲ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ဟာ ဘုရားအဖြစ်ရောက်ရှိကြောင်းဝန်ခံတော်မူတဲ့နေ့၊ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းတဲ့နေ့၊ ဧဟိ ဘိက္ခု ဆိုတဲ့ စကားကို စတင်ကြားရသောနေ့ ဆိုရင်လဲ မမှားပါဘူး။

ဓမ္မစကြာတရားဟောတော်မူတဲ့ “ဝါဆိုလပြည့်နေ့” ကို “ဓမ္မစကြာအခါတော်နေ့” လို့လဲ နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ထားပြီး ဘုရားရှင်ရဲ့ ဓမ္မစကြာတရားတော်ကို ပဉ္စဝဂ္ဂီ (၅) ဦးနဲ့ အတူ နတ်ဗြဟ္မာ (၁၈) ကုဋေတို့ နာယူကြတယ်လို့ ကျမ်းဂန်မှာ ဆိုထားပါတယ်။

သံဃာတော်များဟာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ကစပြီး ဝါတွင်းသုံးလကာလပတ်လုံး ဝါဆိုဝါကပ်တဲ့အခါထူး အခါမြတ်လည်း ဖြစ်ပါတယ်။ ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်ဟာ အလွန်ထူးမြတ်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူအပြီးမှာ ဦးဦးဖျားဖျားဟောကြားတော်မူတဲ့ တရားဒေသနာတော်ဖြစ်ပါတယ်။

ဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များမှာတော့ ဓမ္မစက္က ပဝတ္တန သုတ္တန် လို့လည်း ခေါ်ဆိုထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့ဟာ ရှေးယခင်တည်းက စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တစ်ဘက်ကလည်း ဝါဆိုလပြည့်နေ့မှာ ကျောင်းကန်ဘုရားများကိုသွားရောက်ပြီး ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအပြင်
ဝါတွင်းသုံးလမှာအခြားကာလများထက်ပိုပြီး အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်းနဲ့ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း စတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

ဘုရားရှင်သာသနာတော်တွင်းက ရဟန်းတို့ဟာ ဝါဆိုလပြည့်နေ့မှာ ဝါတွင်းသုံးလပတ်လုံး မိမိတို့ရဲ့ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါ ဆိုတဲ့ ပဋိညာဉ်နဲ့ ဝါဆို ဝါကပ်မှုများကိုပြုကြရပါတယ်။

ရဟန်းတွေ ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာတရားအားထုတ်လျက်ရှိချိန်မှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ရဟန်းတွေရဲ့ သိက္ခာပုဒ်တော်များကို ကြည်ညိုပြီး လပြည့်လကွယ်နေ့တွေရောက်တိုင်း သီတင်းသီလဆောက်တည်ကာ သူတော်ကောင်းတရားပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းတို့ကို ဝါကပ်တဲ့ရဟန်းတွေကို ချမ်းမြေ့စေရန် ထောက်ပံ့ကြပါတယ်။

ဓမ္မစကြာတရားတော်မှာ ရှေးဦးစွာ ဝဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ဖို့ ဟောပြောထားပါတယ်။
ဝဲယာအစွန်းနှစ်ပါး ဆိုသည်မှာတော့ ကာမသုခလ္လိကာနုယောဂ ဆိုတဲ့ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ ဟူတဲ့ မိမိကိုယ်ကို ဒုက္ခပေးကာ ကျင့်ကြံအားထုတ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် “မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး”ကို ကျင့်ကြံအားထုတ်ဖို့ ညွှန်ပြတော်မူထားတာပဲ ဖြစ်ပါတယ်။

မဂ္ဂင်ရှစ်ပါး ဆိုတာကတော့
သမ္မာ ဒိဋ္ဌိ – ကောင်းမြတ်စင်ကြယ်သော သိမြင်မှု၊
သမ္မာ သင်္ကပ္ပ – ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု၊
သမ္မာ ဝါစာ – ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု၊
သမ္မာ ကမ္မန္တ – ကောင်းမြတ်စင်ကြယ်သော ကာယကံမှု၊
သမ္မာ အာဇီ၀ – ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု၊
သမ္မာ ဝါယာမ – ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု၊
သမ္မာ သတိ – ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု၊
သမ္မာ သမာဓိ – ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန် ဆိုတဲ့ မဂ္ဂသစ္စာ သစ္စာလေးပါးကို ဟောတော်မူခဲ့ပါတယ်။

ရဟန်းရှင်လူတို့က သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိတဲ့ သူတော်ကောင်းတရားတွေကို ငြိမ်သက်စွာအားထုတ်ခြင်း အစပြုတဲ့ ဝါဆို လပြည့်နေ့များမှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ဝါကပ်ခြင်းအမှုကို ပြုကြကုန်တဲ့ ရဟန်း သံဃာတို့ကို ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြပါတယ်။

ဝါဆို ဝါကပ်တာကို အစွဲပြုကာ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စတဲ့ ဝေါဟာရ အသုံးအနှုန်းတွေလည်း ပေါ်ပေါက်လာပါတယ်။ ရှေးက မြန်မာဘုရင်တွေလက်ထက်မှာ တစ်လကို ပွဲတော်တစ်မျိုးကျင်းပလေ့ရှိပြီး ဝါဆိုလမှာတော့ ပဉ္စင်းတော်ခံပွဲ ကျင်းပလေ့ရှိပါတယ်။

ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ဝင်ခွင့်ရှိကာ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့ကို ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ပေးပြီး ဘုရင်မင်း​မြတ်တွေကိုယ်တိုင် အလေးအနက်ပြုကာ ကျင်းပခဲ့တဲ့ပွဲတော်လည်း ဖြစ်ပါတယ်။

credit to original

☘ Happy Father's Day ☘🌷☘21.6.26 မှာကျ​ရောက်​သော အ​ဖေများ​နေ့မှာ ချစ်​ဖေ​ဖေနှင့်တကွ တစ်ကမ္ဘာလုံးမှာရှိကြ​သော အ​ဖေများအားလ...
21/06/2026

☘ Happy Father's Day ☘
🌷☘21.6.26 မှာကျ​ရောက်​သော အ​ဖေများ​နေ့မှာ ချစ်​ဖေ​ဖေနှင့်တကွ တစ်ကမ္ဘာလုံးမှာရှိကြ​သော အ​ဖေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်☘🌷
🌷☘တစ်ကမ္ဘာလုံးမှာရှိကြတဲ့ အ​​ဖေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ​​ပျော်ရွှင်ချမ်း​မြေ့ကြပါ​စေ🌷☘🙏🙏🙏
❤💚💛I Love U Dad❤💚💛

🌻💐🌷Happy Mother's Day To The Best Mom In The World🌻🌹🌷⚘🌼💐 ❤❤❤ I Love U So Much Mom....❤❤❤
10/05/2026

🌻💐🌷Happy Mother's Day To The Best Mom In The World🌻🌹🌷⚘🌼💐
❤❤❤ I Love U So Much Mom....❤❤❤

🌿 ကဆုန်လပြည့် ဗုဒ္ဓ​နေ့ 🌿🙏🙏🙏အားလုံး​သော မြန်မာပြည်သူ ပြည်သားများ​အ​ပေါင်း၊ကမ္ဘာသူ ကမ္ဘာသားများအ​ပေါင်း ☘ကိုယ်စိတ်နှစ်ဖြာ...
30/04/2026

🌿 ကဆုန်လပြည့် ဗုဒ္ဓ​နေ့ 🌿🙏🙏🙏
အားလုံး​သော မြန်မာပြည်သူ ပြည်သားများ​အ​ပေါင်း၊ကမ္ဘာသူ ကမ္ဘာသားများအ​ပေါင်း ☘ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါ​စေ🌿🙏🙏🙏
☘​ဘေးရန်အ​ပေါင်းမှကင်း​ဝေးကြပါ​စေ🌿🙏🙏🙏
☘ကပ်ကြီး ၃ ပါးမှ ​ကျော်လွှားနိုင်ကြပါ​စေ🌿🙏🙏🙏
☘စီးပွားဥစ္စာများ ဒီ​ရေအလား တိုးတက်ကြီးပွားကြပါ​စေ🌿🙏🙏🙏
☘​ကောင်း​သောကံများ ပွင့်လန်းကြပါ​စေ🌿🙏🙏🙏
☘​ပေါများပြည့်စုံကြွယ်ဝကြပါ​စေ🌿🙏🙏🙏
☘သာသနာပြုနိုင်​သောပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါ​စေ🌿🙏🙏🙏 လို့ဆု​တောင်း​​မေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏🙏🙏
#ကဆုန်လပြည့်

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏...
30/04/2026

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
Crd 🙏🙏🙏🙏🙏

#ဓမ္မအလင်း #ကဆုန်လပြည့်နေ့
Crd

☘မြန်မာနှစ်ဆန်း ၁ရက်​နေ့ ၁၃၈၈ခုနှစ် မဂ်လာရှိ​သောနှစ်သစ်ချိန်ခါမှစ၍ မြန်မာပြည်သူ ပြည်သားများအ​ပေါင်း☘ 🌿ကိုယ်စိတ်နှစ်ဖြာကျ...
17/04/2026

☘မြန်မာနှစ်ဆန်း ၁ရက်​နေ့ ၁၃၈၈ခုနှစ် မဂ်လာရှိ​သောနှစ်သစ်ချိန်ခါမှစ၍ မြန်မာပြည်သူ ပြည်သားများအ​ပေါင်း☘

🌿ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါ​စေ🌿
🌿ဘေးရန်အ​ပေါင်းမှလည်းကင်း​ဝေးကြပါ​စေ🌿
🌿ကပ်ကြီး ၃ ပါးမှလည်း​ကျော်လွှားနိုင်ကြပါ​စေ🌿
🌿စီးပွားလာဘ်လာဘများလည်း ဒီ​ရေအလားတိုးတက်ကြပါ​စေ🌿
🌿​ပေါများပြည့်စုံကြွယ်ဝကြပါ​စေ🌿
🌿ကံ​ကောင်းခြင်းအဖြာဖြာတို့နှင့်ပြည့်စုံကြပါ​စေ🌿
🌿​ကောင်းကျိုးချမ်းသာသုခမဂ်လာအဖြာဖြာတို့နှင့်ပြည့်စုံကြပါ​စေ🌿
🌿မဂ်လာအ​ပေါင်းနှင့်ပြည့်စုံ​​သောနှစ်သစ်ဖြစ်ပါ​စေ လို့ ဆုမွန်​ကောင်း​တောင်းအပ်ပါတယ်ရှင်🙏☘🙏☘🙏☘🙏☘🙏☘

🙏🙏🙏တ​ပေါင်းလပြည့်​နေ့ ☘အ​ဖေများ​နေ့မှာ☘ ကမ္ဘာ​ပေါ်မှာရှိရှိသမျှ​သော အ​ဖေများအားလုံး သက်ရှည်ကျန်းမာကြ၍ ​ပျော်ရွှင်​သော​နေ...
02/03/2026

🙏🙏🙏တ​ပေါင်းလပြည့်​နေ့ ☘အ​ဖေများ​နေ့မှာ☘ ကမ္ဘာ​ပေါ်မှာရှိရှိသမျှ​သော အ​ဖေများအားလုံး သက်ရှည်ကျန်းမာကြ၍ ​ပျော်ရွှင်​သော​နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါ​စေလို့ ဆု​တောင်း​ပေးပါတယ်ရှင်🙏🙏🙏
I Love You DAD❤❤❤

🌕 တပေါင်းလပြည့်နေ့ 🙏🙏🙏မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ် ၊ မတ်လ (၂) ရက်၊ တနလာ်နေ့လေးဟာ မြတ်ဗုဒ္ဓ ပြည်တော်ပြန်ဝင်သည့် အခါတော်နေ...
02/03/2026

🌕 တပေါင်းလပြည့်နေ့ 🙏🙏🙏
မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ် ၊ မတ်လ (၂) ရက်၊ တနလာ်နေ့လေးဟာ မြတ်ဗုဒ္ဓ ပြည်တော်ပြန်ဝင်သည့် အခါတော်နေ့ဖြစ်ပါသည်။ 🌿🌿🌿

တပေါင်းလပြည့်နေ့ရဲ့နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဆု‌တောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏🌿🌿🌿

 #ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့) 🙏🙏🙏ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ်သတ်မှတ်ရခြင်းမှာ ဂေါတမဘုရား...
02/01/2026

#ပြာသိုလပြည့်နေ့
(ရှင်တစ်ထောင်အခါတော်နေ့) 🙏🙏🙏

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ်သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၎င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၃လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။

၎င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ “အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ” ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။

ထိုနေ့သည်ကား
ပြာသိုလပြည့်နေ့ ဖြစ်လေသည်။

ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က ” ရှင်တစ်ထောင် အခါတော်နေ့” ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

လောကသားတို့ အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် အပိုင်း(၄)
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏
#ဒေါက်တာနန္ဒမာလာဘိဝံသ
Crd

Address

Hmaw Kan
Bago
08011

Telephone

+959899581648

Website

Alerts

Be the first to know and let us send you an email when Nann Htike Kyaw Online Mini Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share