29/09/2021
Essence ကိုကျဲကျဲလေးကြိုက်တဲ့သူတွေအတွက်
❤️❤️Hanskin real complexion hyaluron skin essence
🔷300ml
☑️Korea မှာနာမည်ကြီးတဲ့ korea beauty Hwahae ဆိုတဲ့ korea beauty website မှာ Hanskin Essence လေးက 5star မှာ 4.26 star ရထား ပြီး blogger တွေကြား review ကောင်းပြီး နာမည်ကြီးလူကြိုက်များလေးပါ။
☑️ရိုးရိုး Hylauronic Acid ထက်ပိုပြီး advance ဖြစ်တဲ့ Hylauron လို့ခေါ်တဲ့
productလေးနဲ့အဓိကပြုလုပ်ထားတဲ့ Essence လေးကသာမာန်ရိုးရိုးရေထက်စာရင်အဆ 1000ရေဓါတ်ပို
ဖြည့်ပေးပါတယ်ရှင်။
-toner အနေနဲ့ရော essence အနေနဲ့ပါအသုံးပြုလို့ရပါတယ်။
-lightweight texture ကျဲကျဲလေး မို့ oily skinတွေပါသုံးလို့ရပါတယ် လုံးဝအဆီမပြန်ပါဘူးနော်။
-လိမ်းလိုက်တာနဲ့အသားရည်ထဲစိမ့်ဝင်လွယ်ပြီးအသားရည်ကိုတင်းတင်းလေးနဲ့နူးညံ့သွားစေပါတယ်
-Hydration & glass skin လေးဖြစ်သွားစေပါတယ်။
-deep hydration မို့ skin ကိုရေဓာတ် တိုက်ကျွေးသလို( hydration) ဖြစ်စေမှာပါနော်။
-moisturizing
-glowing
-boosting
- balancing
-softening
effect 5 မျိုးပါရရှိစေတဲ့ 5&1 essence ဖြစ်တဲ့အပြင်
☑️Essence လေးက Alcohol free, Paraben free, Silicone free ဖြစ်လို့
Sensitive Skin တွေပါသုံးလို့ရပါတယ်။
☑️အသားအရေမွဲခြောက်ခြောက်ဖြစ်ပြီး ဘာလိမ်းလိမ်းအဆင်မပြေတဲ့သူတွေအတွက် အရေပြားအတွင်းပိုင်းလွှာထိ ရေဓာတ်ဖြည့်ပေးပါတယ်။
~21500ks {300ml}
real complexion hyaluron skin essence
!💦🌧️❄️🌨️
!🌸🌺🌹🍀🌻🌷🌱🍁
!
📞☎️Contact -09962008010
Review 👇
https://m.facebook.com/story.php?story_fbid=348248923328336&id=100044296935913
Hanskin Real Complexion Hyaluron Skin Essence Review: when hydration is the key.
Moon Hyaluronic Acid ကို ကြိုက်တာ အားလုံးသိမှာပါ။ ဆိုတော့ စျေးလည်းသင့်တယ် အကြာကြီးလည်း အသုံးခံတယ် တကယ်လည်း effective ဖြစ်တဲ့ ဒီ Hanskin Hyaluron Essence လေးကို Review လေးလိုက်ပါတယ်။
Moon ဒါကို Feb 2 ရက်နေ့မှာ ဝယ်တာ။ ကိုယ့်မှာ ရှိတာတွေ ကုန်မှာစိုးတာတော့ သုံးဖြစ်တာတွေ Restock ရင်းနဲ့ သူ့ကိုပါ စမ်းမယ်ဆိုပြီး ဝယ်ဖြစ်သွားတာ။ ဆိုတော့ လေးလရှိပြီ။
Moon က အကြီးဆုံး 520 ml နဲ့ အသေး 100ml နှစ်ဘူးပါတာ ဝယ်တာ။ အခုမှ ဗူးကြီးကို ဖောက်ရတာ။ အသေးတစ်ဘူးကို နှစ်လလောက် သုံးရတာနဲ့တင် အရမ်းတန်တယ်ပေါ့။ ဒါတောင် Moon က ပျင်းရင် toner လို အများကြီးထည့်သုံးသေးတာ ဆိုတော့ တွက်ချေက အကိုက်လွန်တယ်။
Hyaluron Skin Essence ဆိုတဲ့အတိုင်း ရေးစရာကလဲ Hyaluronic Acid နဲ့ တခြား Glycerin နဲ့ Butylene Glycol တို့လောက်ပဲ ရေးလို့ရတယ် တစ်ခု သဘောကျတာက Glycerin က ထိပ်ဆုံးကနေ ပါလို့ ပြီးမှ ရေ ပါတာ။
Hyaluronic နဲ့ Glycerin ဘယ်ဟာပိုကောင်းလဲဆိုပြီး ဖြစ်လိုက်သေးတယ်။ Glycerin က Molecule size အရ တစ်မျိုးပဲလာတယ်။ Hyaluronic Acid ကျတော့ size က အသေးအကြီးကွာသေးတယ်။ ဆိုတော့ အရေပြားထဲကို pe*****te လုပ်နိုင်ဖို့ အကောင်းဆုံးက Glycerin ပေါ့နော်။ နှစ်ခုလုံးကတော့ hydration အတွက်ပါပဲ။ ပြောချင်တာ ဒီ Essence မှာ နှစ်ခုလုံးပါတော့ အဆင်ပြေတာပေါ့။ (Hanskin ရဲ့ Hyaluronic Acid က Nano လား Micro လား Moon လည်း မသိပါဘူး)
ဒီ Essence က ဘာကောင်းလဲဆို hydration အတွက် ကောင်းတယ်။ ဒါပဲ။ Hydration ကောင်းတာကလဲ အသားအရေအတွက် အရေးကြီးပါတယ်။ Hydration ကောင်းလာတာနဲ့အမျှ skin barrier လည်း ကောင်းလာမယ်၊ အသားအရေ စိုပြေလာမယ်၊ နောက်ကနေ ဘာလိမ်းလိမ်း absorb ဖြစ်လွယ်မယ်၊ ပိုပြီး ထိရောက်မယ်၊ ရေဓာတ်ပြည့်နေတော့ skin soothing/healing အတွက် အဆင်ပြေတယ်၊ အသားအရေ ကြည်လာမယ်၊ ချွေးပေါက်တွေ ပုံမှန်ဖြစ်အောင် ထိန်းပေးတယ်။
Moon ပြောခဲ့တဲ့ ကောင်းတယ်ဆိုတဲ့ အချက်တွေ အကုန် ဒီ Essence ကနေ ရတယ်။ နောက်ပြီး Glass Skin ဘာညာ လိုချင်တယ်ဆို ရေလည်းများများသောက် skin ကိုလည်း hydration ပြည့်နေအောင် လုပ်ဖို့က အရေးကြီးတာပေါ့။
သူနဲ့တွဲသုံးလို့ မရတာ ဘာမှမရှိ Moon အနေနဲ့ သူ့ကို The Ordinary Niacinamide နဲ့ တွဲသုံးတယ် Wishtrend Vitamin C 15% with Ferulic Acid နဲ့ တွဲသုံးတယ်။ Absorb ဖြစ်လွယ်တဲ့အပြင် ပိုထိရောက်တယ်လို့တောင် ခံစားရတယ် သိသာတာ မြန်တယ်ပေါ့
ဒီရက်ပိုင်းသာ မိုးရွာတာ ရှေ့ရက်တွေက ပူသလား မမေးနဲ့။ ပူတော့ ဘာမှကို မလိမ်းချင်တာ။ Moon က အပျင်းတစ်ပြီး မျက်နှာသစ်ပြီးတာနဲ့ ဒီ Essence ကို တန်းလိမ်းတယ် နောက်က Moisturizer ပဲ လိမ်းတယ်။ အဲ တစ်ခုပဲ သုံးတာတောင် လိုအပ်တဲ့ hydration အပြည့် ဖြည့်ပေးနိုင်တယ် (Moon က အဆီပြန်တာလည်း ပါမယ် dry skin သမားတွေတော့ လိုအပ်တဲ့ Serum/Thick ဖြစ်တဲ့ Essence တစ်ခုခုလိမ်းပေးပေါ့)
တစ်ခါသုံး လေးငါးစက်လောက်နဲ့တင်ကို တစ်မျက်နှာလုံးလောက်တယ်။ တော်တော်နဲ့လည်း မကုန်တော့ 100 ml လေး အရင်စမ်းကြည့်ပေါ့။
Moon က K-Beauty House က ဝယ်တာ။ စျေးတော့ မှတ်မိတော့ဘူး။ 520ml ပါတာရယ် 100ml နှစ်ဘူးနဲ့ဆိုတော့ သုံးသောင်းပတ်ချာလည်ပဲ။ ပြန်တွက်ကြည့်ရင် တန်ပါတယ်။ ကိုယ်က တစ်ဘူးဆိုတစ်ဘူး ကုန်အောင် မသုံးတတ်ဘူး ဟိုခုန်ဒီခုန်ဆိုရင်တော့ အသေးလေးတွေ ခွဲရောင်းတာမျိုး တွေ့ရတယ်။
ပြောရမယ်ဆို Moon အရမ်းကြိုက်ပါတယ်။ မကုန်သေးလို့ ကုန်ရင် ထပ်ဝယ်မယ့်အထဲမှာ ပါတယ်။ ရိုးရိုး Hyaluronic Acid Essence ဆိုပေမယ့်လည်း Soothing Hydration အတွက် တော်တော်ကောင်းတာမို့ သုံးသင့်တဲ့ အထဲမှာပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အလုပ်မရှုပ်ဘူး။ မနက်ည ကြိုက်တာနဲ့ တွဲသုံးလို့လည်း အဆင်ပြေတာမို့ အကုန်သဘောကျမယ်လို့ ထင်ပါတယ်။
🌙