Banmaw ဗန်းမော်

  • Home
  • Banmaw ဗန်းမော်

Banmaw ဗန်းမော် စာဖတ်ပါ အနာဂတ်ကို ယုံကြည်ပါ

လမ်းခရီးအခြေအနေ မငြိမ်သက်မှုများနှင့် ကုန်ကျစရိတ်ကြီးမြင့်မှုတို့ကြောင့် ပန်းပို့ ပို့ဆောင်မှုနှင့် ဝန်ဆောင်မှုများကို ရ...
09/01/2024

လမ်းခရီးအခြေအနေ မငြိမ်သက်မှုများနှင့် ကုန်ကျစရိတ်ကြီးမြင့်မှုတို့ကြောင့် ပန်းပို့ ပို့ဆောင်မှုနှင့် ဝန်ဆောင်မှုများကို ရပ်နားတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်😢

၂ နှစ်တာ အားပေးခဲ့ကြသူများအား ကျေးဇူးအထူးတင်ရှိပါသည်။

အမှတ်တရ ပုံလေးတွေ သိမ်းရင်း ဒီ post လေးနဲ့ပဲ နှုတ်ဆက်ပါတယ်ရှင်….😢

စာညွှန်းများအား ပုံအောက်တွင် ကြည့်ရှုနိုင်ပါသည်။
14/11/2023

စာညွှန်းများအား ပုံအောက်တွင် ကြည့်ရှုနိုင်ပါသည်။

🔸️ ဒီစာအုပ်လေးထဲမှာ… အကြည်ဓါတ်ရဖို့ ဗုဒ္ဓတရားတော်နှင့်အညီ နေထိုင်ကျင့်ကြံရမည့်အရာတွေ၊ အကြည်ဓါတ်ကိုပျက်စေနိုင်သည့် အတားအဆ...
13/11/2023

🔸️ ဒီစာအုပ်လေးထဲမှာ… အကြည်ဓါတ်ရဖို့ ဗုဒ္ဓတရားတော်နှင့်အညီ နေထိုင်ကျင့်ကြံရမည့်အရာတွေ၊ အကြည်ဓါတ်ကိုပျက်စေနိုင်သည့် အတားအဆီးတွေ၊ အကြည်ဓါတ်ပျက်ခဲ့သော် စိတ်ရောကိုယ်ပါ ထိခိုက်ရနိုင်မှုတွေနဲ့ အကြည်ဓါတ်အတွက် အမြဲတစေလေ့ကျင့်ရမယ့်အရာတွေကို ဖတ်ရှုရပါမယ်။

🔸️ခုကာလမှာ တကယ်ပျောက်ဆုံးနေကြတာက အကြည်ဓါတ်ပါ။ စိတ်ရောကိုယ်ပါ အကြည်ဓါတ်ပျောက်ဆုံးနေကြတဲ့အခါ၊ လေးလံထိုင်းမှိုင်းမှုတွေနဲ့ အရာရာကို ကျေနပ်စိတ်နဲ့ မမြင်နိုင်တော့တဲ့အခါ အချင်းချင်း ရန်လိုပြီး အမုန်းတရားပါ ပွားများလာကြတော့တယ်။

‼️ စာအုပ်တွင် ဖောင်းကြွ Spot Laminate ပါဝင်ခြင်းကြောင့် စာအုပ်နှင့်မလိုက်ဖက်ပါသဖြင့်* ပန်းဆက်လမ်း၏ အခမဲ့လက်ဆောင် ဝန်ဆောင်မှုဖြစ်သော Book Jacket (စာအုပ်မိုးကာ) ကို ယခု စာအုပ်အတွက် ချန်လှပ်ပါသည်။

01/09/2023
ဒီလတော့ ဒါလေး ဖတ်ပါမယ်…
23/08/2023

ဒီလတော့ ဒါလေး ဖတ်ပါမယ်…

💛 ” How to ” စီးရီးရဲ့ လူကြိုက်အများဆုံး
ရေပန်းအစားဆုံး စာအုပ်များဖြစ်ပြီး
အတွေးအစာအာဟာရတွေ ပါ၀င်တဲ့
စာအုပ်စုစည်းမှု....

#ထက်ဘုန်းရှိန် Collection

🍀 အချစ်မြစ်ပြင်က မေတ္တာရေကြည်လေးတွေ
◾️ တန်ဖိုး - 4000 ၊ စာမျက်နှာ 109
◾️ www.pannsattlann.com/product/love-3/

• ဒီစာအုပ်မှာ တင်ပြထားတဲ့ ချစ်ခြင်းမေတ္တာက ချစ်သူသမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတင်မကဘဲ မိဘနဲ့သားသမီးကြား ၊ ညီအစ်ကိုမောင်နှမကြား ၊ သူငယ်ချင်းမိတ်ဆွေကြား ၊ မြေးအဘွားကြား ၊ လူသားတစ်ဦးနဲ့ တစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေအတွက်ပါ ရည်ရွယ်ထားပါတယ် ..

• ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ တွေးစရာ ၊ သတိပြုစရာ ၊ ဆင်ခြင်စရာလေးတွေက စပြီး နေ့စဉ်ဘ၀မှာ ပြုမှုနေကြတဲ့ အပြုအမှုတွေ ၊ လုပ်ဆောင်နေကြရတဲ့ ဆက်ဆံရေးတွေ ၊ ခံစားနေကြတဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းကျောင်းလေ့ကျင့်သင့်လဲ ဆိုတာအထိ ရိုးရှင်းပြေပြစ်တဲ့ အရေးအသားနဲ့ ဝေမျှထားပါတယ် ..

• သစ်နတ်ဟန်က အားအကောင်းဆုံး လူ့စိတ်ခံစားချက်တွေထဲက တစ်ခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို
(၁) ကိုယ့်ကိုယ်ကိုယ်အတွက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ခံစားမိမှ အခြားသူကို ချစ်ပေးနိုင်မယ်
(၂) ချစ်ခြင်းမေတ္တာ ဆိုတာ နားလည်မှုပါ
(၃) နားလည်မှုဟာ စာနာသနားမှု (ကရုဏာ) ကို ဖြစ်စေနိုင်တယ်
(၄) လေးလေးနက်နက် နားထောင်ပေးခြင်းနဲ့ ချစ်မေတ္တာပါတဲ့ စကားတွေဟာ ချစ်ခြင်းမေတ္တာကို ပြသနိုင်တဲ့ သော့ချက်နည်းနာတွေပါဆိုတဲ့ ပဓာနကျတဲ့အချက် လေးချက်အဖြစ် ခွဲထုတ်ပြခဲ့ပါတယ် ..

◽

🍀ဘဝသမုဒ္ဒရာထဲက အစာအာဟာရ
◾️ တန်ဖိုး - တန်ဖိုး - 4000 ၊ စာမျက်နှာ 110
◾️ www.pannsattlann.com/product/how-to-eat/

• ဒီစာအုပ်လေးဟာ အစာစားခြင်းနဲ့ပတ်သက်ပြီး လူတွေ မသိသေးတဲ့ ၊ သတိမပြုမိသေးတဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်လေးပါ ..

• ဘာသာပြန်သူရဲ့ အမှာအတိုင်း ပြန်တင်ပြရရင်
“ကိုယ်ခန္ဓာက စားနေပေမဲ့ စိတ်က ရှိမနေတဲ့အခါ အစာစားတာက ကိုယ့်အတွက် ရာနှုန်းပြည့် အထောက်အပံ့ မပေးတော့ပါဘူး .. ဒါကြောင့် အစာစားတာကို ပြီးစလွယ် စားလိုက်တာမျိုး မဟုတ်ဘဲ ပြည့်ပြည့်၀၀ စားသုံးခြင်းဖြစ်အောင် အလေ့အကျင့်လုပ်ဖို့ လိုတာပေါ့ ..

• ဒီအလေ့အကျင့်အတွက် လိုအပ်တာတွေ ၊ နည်းလမ်းတွေကို ခဲရာခဲဆစ် လိုက်မရှာရအောင် သစ်နတ်ဟန်က ဒီစာအုပ်ထဲမှာ ပြေပြေပြစ်ပြစ် ရိုးရိုးရှင်းရှင်း တင်ပြထားပါတယ် ..
• အစာစားတာ ၊ အစာနဲ့ပတ်သက်ပြီး ရှိသင့်တဲ့ အသိ သတိနဲ့ ကျေးဇူးတင်စိတ် ၊ ကိုယ်က၀၀လင်လင် လွယ်လွယ်ကူကူ အစာစားလို့ ရနေချိန်မှာ အစာတစ်ခု ရဖို့ ခက်ခဲနေတဲ့ လူတွေ ၊ နေရာတွေအတွက် ဆင်ခြင်ကြည့်တာတွေထိပါ ဆက်စပ်ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ ..”

• ကောင်းမွန်တဲ့ ဘ၀နေနည်းရဖို့ ကြိုးစားနေသူတွေ သဘောကျနှစ်ခြိုက်မယ့် စာအုပ်လေးတစ်အုပ်လည်း ဖြစ်ပါတယ် ..
◽

📚 ထက်ဘုန်းရှိန် စာအုပ်များ
🔥 www.pannsattlann.com/author-tag/htet-hpone-shein/

ပန်းဆက်လမ်းမှ စာအုပ်များကို...

✅ Website (pannsattlann.com)
✅ မိမိတို့မြို့ရှိ ပန်းပို့ကိုယ်စားလှယ်
✅ ဟယ်လိုဆားဗစ် (ဖုန်းအမှာ)
◾️ 09 889003011
◾️ 09 889003022
◾️ 09 889003033
တို့မှ မှာယူနိုင်ပါတယ်...

မှာယူသည့် စာအုပ်တိုင်းမှာ
ပန်းဆက်လမ်းမှ 'စာအုပ်မိုးကာ'
💛 'Book Jacket' 💛 လေးတွေ
လက်ဆောင်ပါဝင်မှာဖြစ်ပါတယ်..

#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း (pannsattlann.com)
ရွှင်သာချမ်းမြေ့ပါစေ❤️

Minimalism အတွက် ရေးထားတဲ့ စာအုပ်လေးတွေက ရှားပါတယ်…Admin အတွက်တော့ ဖတ်စရာလေး တစ်အုပ်တွေ့ပါပြီ😍😍ပို့ခ သက်သာချင်ရင် admin ...
13/07/2023

Minimalism အတွက် ရေးထားတဲ့ စာအုပ်လေးတွေက ရှားပါတယ်…
Admin အတွက်တော့ ဖတ်စရာလေး တစ်အုပ်တွေ့ပါပြီ😍😍

ပို့ခ သက်သာချင်ရင် admin နဲ့တူတူ ပေါင်းမှာလို့ရပါတယ်
📌ဒီညနေ 6 နာရီ အော်ဒါ အမှာတင်မှာမို့ ပေါင်းမှာချင်သူများ 6 နာရီ မထိုးခင် ပြောပေးပါ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

လူတို့၏ လိုအင်ဆန္ဒ၊ တိုးတက်ပြောင်းလဲလာသော လူနေမှု စတိုင်တို့အရ လိုက်လေ လိုလေ အိုတစ္ဆေ ဖြစ်လာသည့် လူ့ဘောင် လူ့လောက၏ ဝဲဂယက်အတွင်း လိုလားတောင့်တ၍ မဆုံးနိုင်သည့် ဆန္ဒများဖြင့် လမ်းစပျောက်နေကြသော လူသားများအတွက် ယခုအခါ နိုင်ငံတကာတွင် Minimalism အယူအဆအပေါ် သက်ဝင်ယုံကြည်မှု၊ လိုက်နာဆောင်ရွက်မှု တစ်နေ့တခြား များပြားလာကြသည်ကို တွေ့မြင်ရ မည် ဖြစ်သည်။ ထို့အတူ Minimalism ဆိုင်ရာ အတွေးအခေါ် ဆိုင်ရာ စာအုပ်များလည်း အများအပြား ထွက်ရှိလာရာ ယခုစာအုပ်မှာ နိုင်ငံ တကာတွင် ဖတ်ရှုသူ များပြားနေသည့် လူ့ဘဝကို လိုအပ်သလောက်ဖြင့် သာ နေထိုင်ပျော်ရွှင်ခြင်းအကြောင်း အကြံပြုချက် စာအုပ်ငယ် ဖြစ် သည်။ မိမိ၏ စိတ်သဏ္ဌာန်အတွင်း စွဲငြိနေသော အယူအဆဟောင်းများ ရှုပ်ထွေးသော ခံစားချက်များကို ရှင်းယူ၍ မိမိနေအိမ်၊ မိမိပတ်ဝန်းကျင် နှင့် မိမိအတွင်းစိတ်သဏ္ဌာန်ကို အလိုရမ္မက် နည်းနည်းဖြင့် တည်ဆောက် ပျော်ရွှင်နိုင်ရေး လမ်းညွှန်စာအုပ်ငယ်ဖြစ်ပါသည်။

🟣🟣🟣🟣🟣

📕 #လိုအပ်သလောက်နဲ့နေထိုင်ပျော်ရွှင်ခြင်း

🟣 ဇေရတု
🟣 စာမျက်နှာ - 155
🟣 တန်ဖိုး - 2800 ကျပ်

မှာယူသည့်စာအုပ်တိုင်းကို

ပန်းဆက်လမ်းလက်ဆောင်
💜စာအုပ်မိုးကာ + စာမှတ်ကတ်💜
လက်ဆောင်ဖြင့် စာအုပ်လေးရောက်ရှိလာမှာ
ဖြစ်ပါတယ်။

မှာယူလိုပါက - 09887000748 ( ph/ Viber)
- page messenger / cb

📦 ပို့ခ - 2500 ကျပ်၊ *ထပ်တိုးတစ်အုပ် 100 ကျပ်*

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

🌸 ပန်းပို့ ဗန်းမော်ကိုယ်စားလှယ် 🌸

❤️စစ်မှန်တဲ့ အချစ်မြစ်ပြင်မှာ ငြိမ်းအေးတဲ့မေတ္တာရေကြည်ကလေးတွေက တသွင်သွင်စီးဆင်းနေလျက်ပါ။.....• ဒီစာအုပ်မှာ တင်ပြထားတဲ့ ခ...
12/07/2023

❤️စစ်မှန်တဲ့ အချစ်မြစ်ပြင်မှာ ငြိမ်းအေးတဲ့
မေတ္တာရေကြည်ကလေးတွေက တသွင်သွင်
စီးဆင်းနေလျက်ပါ။.....

• ဒီစာအုပ်မှာ တင်ပြထားတဲ့ ချစ်ခြင်းမေတ္တာက ချစ်သူသမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတင်မကဘဲ မိဘနဲ့သားသမီးကြား ၊ ညီအစ်ကိုမောင်နှမကြား ၊ သူငယ်ချင်းမိတ်ဆွေကြား ၊ မြေးအဘွားကြား ၊ လူသားတစ်ဦးနဲ့ တစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေအတွက်ပါ ရည်ရွယ်ထားပါတယ် ..

• ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ တွေးစရာ ၊ သတိပြုစရာ ၊ ဆင်ခြင်စရာလေးတွေက စပြီး နေ့စဉ်ဘ၀မှာ ပြုမှုနေကြတဲ့ အပြုအမှုတွေ ၊ လုပ်ဆောင်နေကြရတဲ့ ဆက်ဆံရေးတွေ ၊ ခံစားနေကြတဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းကျောင်းလေ့ကျင့်သင့်လဲ ဆိုတာအထိ ရိုးရှင်းပြေပြစ်တဲ့ အရေးအသားနဲ့ ဝေမျှထားပါတယ် ..

• သစ်နတ်ဟန်က အားအကောင်းဆုံး လူ့စိတ်ခံစားချက်တွေထဲက တစ်ခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို
(၁) ကိုယ့်ကိုယ်ကိုယ်အတွက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ခံစားမိမှ အခြားသူကို ချစ်ပေးနိုင်မယ်
(၂) ချစ်ခြင်းမေတ္တာ ဆိုတာ နားလည်မှုပါ
(၃) နားလည်မှုဟာ စာနာသနားမှု (ကရုဏာ) ကို ဖြစ်စေနိုင်တယ်
(၄) လေးလေးနက်နက် နားထောင်ပေးခြင်းနဲ့ ချစ်မေတ္တာပါတဲ့ စကားတွေဟာ ချစ်ခြင်းမေတ္တာကို ပြသနိုင်တဲ့ သော့ချက်နည်းနာတွေပါဆိုတဲ့ ပဓာနကျတဲ့အချက် လေးချက်အဖြစ် ခွဲထုတ်ပြခဲ့ပါတယ် ..

• ” How to ” စီးရီးမှာ လူကြိုက်အများဆုံး ရေပန်းအစားဆုံးစာအုပ် ၊ အကြွင်းမဲ့စိတ်ခံစားချက်အတွက် ဇင်ပညာရှိတစ်ဦးက ပေးထားတဲ့ အကြံဉာဏ်တွေ ၊ အလေ့အကျင့်တွေနဲ့ အတွေးအစာအာဟာရတွေ ပါ၀င်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် …..

🍀 အချစ်မြစ်ပြင်က မေတ္တာရေကြည်လေးတွေ
◽ ထက်ဘုန်းရှိန်
◽ တန်ဖိုး - 4000 ကျပ်
◽ စာမျက်နှာ 109

မှာယူသည့်စာအုပ်တိုင်းကို

ပန်းဆက်လမ်းလက်ဆောင်
💜စာအုပ်မိုးကာ + စာမှတ်ကတ်💜
လက်ဆောင်ဖြင့် စာအုပ်လေးရောက်ရှိလာမှာ
ဖြစ်ပါတယ်။

မှာယူလိုပါက - 09887000748 ( ph/ Viber)
- page messenger / cb

📦 ပို့ခ - ၂၅၀၀ ကျပ်၊ *ထပ်တိုးတစ်အုပ် ၁၀၀ ကျပ်*

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

🌸 ပန်းပို့ ဗန်းမော်ကိုယ်စားလှယ် 🌸

စိတ်ဓာတ်ခွန်အားစကား၁၀၀(၂)စာအုပ်မှာဆိုရင် ”ကိုယ့်ကို စိတ်ဓါတ်ကျအောင်လုပ်တဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ.. ကိုယ်စိတ်ဓာတ် ပို...
08/07/2023

စိတ်ဓာတ်ခွန်အားစကား၁၀၀(၂)စာအုပ်မှာဆိုရင် ”ကိုယ့်ကို စိတ်ဓါတ်ကျအောင်လုပ်တဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ.. ကိုယ်စိတ်ဓာတ် ပိုမိုခိုင်မာလာအောင်ပံ့ပိုးပေးတယ်လို့ သဘောထားလိုက်ပါ” လို့ ဆရာကောင်းပြည့်သော်က ဆိုထားပါတယ်။
စိတ်ဓါတ်ခွန်အားစကား၁၀၀(၂)စာအုပ်ဟာ ယခင်ပထမအကြိမ် ထုတ်ဝေခဲ့စဥ်ကလည်း လူကိုအများဆုံးနှင့် အရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ (မြန်မာ-အဂ်လိပ်)နှစ်ဘာသာဖြင့် ရေးသားထားပြီး စာအပုဒ်၁၀၀ကို စုစည်းထားတာဖြစ်ပါတယ်။ စာပိုဒ်တိုတို ထိထိမိမိ ရေးသားထားတာမို့ နည်းနည်းဖတ်ရုံနှင့် စိတ်အကြည်ဓာတ်တွေ၊ စိတ်ခွန်အားတွေ အမြန်ဆုံးရရှိစေမယ့်စာအုပ်ဖြစ်ပါတယ်။
”ဒီစာအုပ်ဟာ လောကဓံကိုတိုက်ပွဲဝင်ရာမှာ အကောင်းဆုံးအထောက်အပံ့ဖြစ်မယ်ဆိုတာကို ယုံကြည်ပါတယ်။ လောကဓံကိုကြောက်လို့ဆိုပြီး ရှောင်လို့မရပါ။ ကိုယ့်ဘက်က အကောင်းဆုံးခုခံကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ရမှာပါ။ ဘာပဲလုပ်လုပ် စိတ်က အဓိကပါ။ စိတ်ဓာတ်ခွန်အားကောင်းနေရင် ကြမ်းတမ်းတဲ့လောကဓံကိုလည်းမမှုပါ’လို့ ဆရာကောင်းပြည့်သော်က ရေးသားညွှန်းဆိုထားပါတယ်။

❤️Pre Order ကြိုတင်မှာယူသူများအတွက် စာရေးဆရာ အမှတ်တရလက်မှတ်နှင့်စာမှတ်ကတ်ပါသည့် စာအုပ်လေးရရှိမှာဖြစ်ပါတယ်❤️

မှာယူသည့်စာအုပ်တိုင်းကို

ပန်းဆက်လမ်းလက်ဆောင်
💜စာအုပ်မိုးကာ + စာမှတ်ကတ်💜
လက်ဆောင်ဖြင့် စာအုပ်လေးရောက်ရှိလာမှာ
ဖြစ်ပါတယ်။

မှာယူလိုပါက - 09887000748 ( ph/ Viber)
- page messenger / cb

📦 ပို့ခ - ၂၅၀၀ ကျပ်၊ *ထပ်တိုးတစ်အုပ် ၁၀၀ ကျပ်*

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

🌸 ပန်းပို့ ဗန်းမော်ကိုယ်စားလှယ် 🌸

❤️ အချစ်နဲ့ပတ်သက်တဲ့ ရင်ကျက်မှုကိုရှာတွေ့စေမယ့် စာအုပ်လေးတစ်အုပ်.... 🎉  Pre Order အဦးဆုံးမှာယူသူ (၅၀၀) အတွက် 🤍 Limited C...
07/07/2023

❤️ အချစ်နဲ့ပတ်သက်တဲ့ ရင်ကျက်မှုကို
ရှာတွေ့စေမယ့် စာအုပ်လေးတစ်အုပ်....

🎉 Pre Order အဦးဆုံးမှာယူသူ (၅၀၀) အတွက်
🤍 Limited Cover စာအုပ်
🤍 Author Sign Book
🤍 စာအုပ်ဒီဇိုင်းပုံ T-shirt ကံထူးခွင့် (အယောက် ၃၀) မှတ်မှတ်ရရလေး စီစဉ်ပေးထားပါတယ်။

AD ရဲ့ တတိယမြောက်စာအုပ်ဖြစ်တဲ့ "7 Exes" စာအုပ်လေးမှာတော့ စာရေးသူရဲ့ ရည်းစားဟောင်း ၇ ဦးအကြောင်းကို အခြေပြုပြီး ဘဝတစ်လျှောက်ရရှိခဲ့တဲ့ love experience တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

သင်ခန်းစာတွေ၊ အတွေ့အကြုံသဘော ဗဟုသုတတွေနဲ့ အချစ်နဲ့ပတ်သက်တဲ့ ရင့်ကျက်မှုတွေ အများကြီးရရှိစေမယ့် စာအုပ်လေးဖြစ်ပါတယ်။

ချစ်ခြင်းနဲ့ တစ်ခါမှ မထိတွေ့ဖူးသူ
ချစ်ခြင်းနဲ့ အခုမှ စတင်ထိတွေ့နေတဲ့သူ
ချစ်ခြင်းကြောင့် ပျော်ရွှင်နေတဲ့သူ
ချစ်ခြင်းကြောင့် နာကျင်နေတဲ့သူ

ချစ်ခြင်းနဲ့ မကင်းကြသူ အားလုံးအတွက် စာရေးသူရဲ့ ဒဏ်ရာဟောင်းတွေကို ပြန်တူးဖော်ရင်း ဖန်တီးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။

🍀 တန်ဖိုး - 6000 ၊ စာမျက်နှာ 188
🍀 စာအုပ်ထွက်မည့်ရက် - 15.7.2023

မှာယူသည့် စာအုပ်တိုင်းမှာ
ပန်းဆက်လမ်းမှ 'စာအုပ်မိုးကာ'
💛 'Book Jacket' 💛 လေးတွေ
လက်ဆောင်ပါဝင်မှာဖြစ်ပါတယ်..

#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း (pannsattlann.com)

📕 Morning Vitamin Vol 2မနက်ခင်းတွေမှာ တွေးလိုက်တဲ့ ပထမဆုံးအတွေးတွေဟာ တစ်နေ့လုံးရဲ့ စိတ်အခြေအနေကို စိုးမိုးမှုရှိနေတတ်ပါတ...
21/06/2023

📕 Morning Vitamin Vol 2
မနက်ခင်းတွေမှာ တွေးလိုက်တဲ့ ပထမဆုံးအတွေးတွေဟာ တစ်နေ့လုံးရဲ့ စိတ်အခြေအနေကို စိုးမိုးမှုရှိနေတတ်ပါတယ်… စာဖတ်သူတွေအနေနဲ့ မနက်ခင်းမှာ ဖတ်ရတဲ့ စာတွေဟာ စိတ်အတွက် ဘေးမဖြစ်စေဘဲ ဆေးဖြစ်စေဖို့… အဆိပ်မဖြစ်စေဘဲ အာဟာရဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ ဆရာမ မွန်ဟော်စီရဲ့ လက်ရာမွန် စာအုပ်တစ်အုပ်ပါ။

Positive Living နဲ့ Positive Energy ကို Promote လုပ်တဲ့ စာရေးသူတစ်ဦးရဲ့ Morning Vitamins စာစုတွေမှာ… စိတ်ရဲ့ အေးငြိမ်းမှု၊ အသိ သတိရှိမှု၊ လက်ခံတတ်မှု စိတ်ခွန်အားများ၊ ဓမ္မသဘာ၀တရားများ… အစရှိသည်တို့ အများအားဖြင့် ပါဝင်ပါတယ်။

📕 Morning Notes Card Deck
Morning Vitamins 4 & 5 ကို Morning Vitamin Volume 2 အဖြစ် စုစည်းထုတ်ဝေထားပြီး ထူးခြားတဲ့ Card Deck လေးကိုပါ တွဲဖက်ထုတ်ဝေထားပါတယ်…

စာအုပ်အတူ တွဲဖက်ထုတ်ဝေထားတဲ့Morning Notes ဆိုတဲ့ Self-Help Cardလေးတွေဆိုတာ ဘယ်လိုလေးတွေလဲ?

စာချစ်သူအနေနဲ့ စိတ်ပြေလျော့မှုတစ်ခုကို လိုချင်တဲ့အခါ အကြံပေးစကားတစ်ခုကို ကြားချင်တဲ့အခါ ဒီလို Self Help Card Deck လေးတွေကို အသုံးပြုနိုင်ပါတယ်..

Card Deck လေးတွေဆိုတာ.. တစ်နေ့တာအတွက် (သို့မဟုတ်) အသုံးပြုလိုက်တဲ့ အချိန်တိုင်းအတွက် စိတ်ပြေလျော့မှုကို ပေးစွမ်းနိုင်တဲ့၊ အသိတစ်ချက်ကို လင်းလဲ့စေနိုင်တဲ့ Self-Help Card လေးတွေပဲ ဖြစ်ပါတယ်…

ဆရာမမွန်ရဲ့ Mixed Media Art သရုပ်ဖော်ပုံ Illustration များနဲ့ စုစုပေါင်း ၄၆ကဒ်ပါဝင်ပြီး Morning Vitamins စာအုပ်တွေထဲက စာစုလေးတွေကို ဒီကဒ်လေးတွေမှာ ဖော်ပြထားပါတယ်…

❗️Card Deck လေးတွေကို Limited Stock သာ ထုတ်ဝေဖြန့်ချိမှာဖြစ်ပါတယ်❗️

▪️Morning Vitamin Volume 2 = 8000 ကျပ်

▪️Morning Notes Card Deck = 12000 ကျပ်

▪️Morning Vitamin Vol 2 + Card Deck = 20000 ကျပ်

Address

Banmaw

Telephone

+959887000748

Website

Alerts

Be the first to know and let us send you an email when Banmaw ဗန်းမော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Shop?

Share