19/12/2025
နှစ်တစ်နှစ်ကို စရောက်လို့ plan ချပြီဆိုတာနဲ့ လူငယ်တွေအများဆုံးထည့်လေ့ရှိတာ English စာ တိုးတက်အောင် လုပ်မယ်ဆိုတာပါပဲ။ ဒီတော့ ကိုယ်က Laptop တွေ၊ Mac တွေ သိပ်မသုံးဖြစ်ဘူး၊ ဖုန်းပဲ အကြည့်များတာမလို့ ဖုန်းနဲ့ရော ဘယ်လို English စာလေ့လာလို့ရမလဲ တွေးနေကြမှာပါ။ iPhone နဲ့ English စာလေ့လာနည်း အကြမ်းဖျဉ်းလေးလေးကို အောက်မှာဆက်ဖတ်လိုက်တော့ခင်ဗျာ 👇
အရင်ဆုံး English စာ study လုပ်တဲ့နေရာမှာ အသုံးဝင်တဲ့ App တွေကိုပြောပြပါ့မယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ English Level ကို သိဖို့ English Score by British Council မှာ placement test စစ်ကြည့်လိုက်ပါ။ English Score App က Placement test ဟာဆိုရင် တကယ်အပြင်မှာ ဖြေနေရသလို စစ်ပေးတာဖြစ်ပြီး အခြား skill improvement တွေအတွက်လည်း လေ့လာလို့ရပါသေးတယ်ခင်ဗျာ။ 🧐
ကိုယ်က course တွေနဲ့ သင်ချင်တယ်၊ Assignment တွေနဲ့ လေ့ကျင့်ပြီး Certificate လည်းလိုချင်တယ်ဆိုရင်တော့ နောက်ထပ်ရွေးချယ်ရမယ့် App က Coursera ပါ။ Coursera ထဲမှာ နိုင်ငံခြား University တွေက certificate တွေကို ရယူနိုင်ပြီး real-life မှာလည်း အသုံးဝင်တာမလို့ လက်မလွှတ်သင့်တဲ့အထဲမှာ ပါပါတယ်။ 🙅♂️
ဒီလို App တွေနဲ့ လေ့လာတဲ့အပြင် ကိုယ့်ရဲ့ listening နဲ့ reading skill တိုးတက်ဖို့အတွက် အပြင်မှာတကယ်ဖြစ်နေတဲ့အကြောင်းအရာ၊ သတင်းအချက်အလက်တွေကို တင်ပြပေးနေတဲ့ BBC Learning English ကို အသုံးပြုနိုင်သလို၊ Spotify နဲ့ Apple Music ကနေ English Podcast တွေလည်း နားထောင်လို့ရပါတယ်။ ဒီလို Learning လုပ်ရင်းနဲ့မှ စကားလုံးအသစ်တွေ၊ idioms အသစ်တွေကို iPhone Note ထဲမှာမှတ်ပြီး ပြန်လေ့လာနိုင်ပါတယ်ခင်ဗျာ။ 📝
iPhone နဲ့ဖြစ်စေ၊ Laptop (သို့) MacBook နဲ့ဖြစ်စေ English စာလေ့လာတဲ့နေရာမှာ အဓိက အရေးကြီးတာကတော့ "Consistency" ပဲဖြစ်ပါတယ်။ အပေါ်ကအချက်လေးတွေကို "Consistency" ရှိရှိ အသုံးချပြီး ၂၀၂၆မှာ English Skill ပိုတိုးတက်လာပါစေလို့ တောင်းဆုပြုရင်း….🙏🏻
𝐘𝐨𝐮𝐫 𝐋𝐮𝐱𝐮𝐫𝐲 𝐉𝐨𝐮𝐫𝐧𝐞𝐲 𝐒𝐭𝐚𝐫𝐭𝐬 𝐅𝐫𝐨𝐦 𝐇𝐞𝐫𝐞
➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤➤
Address ⤵️
The Century Condo, Ground Floor, Insein Road , Hlaing Township , Yangon.
The Century ကွန်ဒို၊ မြေညီထပ် ၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့။
☎️ 09944571000
☎️ 09944572000
Daily open 9:00 am to 7:00 pm
♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎♒︎