03/06/2020
ယနေ့မနက်အတွက် နောက်ဆုံးရသတင်းတိုများ
************************************
အာဆင်နယ်အသင်းဟာ အူဘာမီယန်းအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးမရခဲ့ဘူးဆိုရင်တော့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်မှာ တိုက်စစ်မှူးကို အမ်းမရိတ်မှာပဲ ဆက်ထိန်းသွားဖို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။အသက် ၃၀အရွယ် အူဘာမီယန်းကတော့ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းရဲ့ နောက်ဆုံး ၁၂လထဲကို ရောက်ရှိတော့မှာ ဖြစ်ပြီး ဂန်းနားတို့အနေနဲ့ Covid-19 အရေးကြောင့် ဂါဘွန်တိုက်စစ်မှူးရဲ့ တန်ကြေးကို ပုံမှန် ပေါင် သန်း၅၀ထက် လျော့ကျသွားမှာကို စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။ဒါကြောင့် အူဘာမီယန်းအတွက် အနည်းဆုံး ပေါင် သန်း ၂၀နဲ့အထက် ကမ်းလှမ်းမှုပြုလုပ်လာမှသာ အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားနိုင်မှာ ဖြစ်တဲ့အကြောင်း The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ လိုက်ပဇစ် တိုက်စစ်မှူး တီမို ဝါနာကို လီဗာပူးနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးစားသွားတော့မှာ ဖြစ်တဲ့အကြောင်း The Telegraph သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။လီဗာပူးအသင်းကတော့ အသက် ၂၄နှစ်အရွယ်ရှိတဲ့ ဝါနာကို စိတ်ဝင်စားနေပေမယ့် လိုက်ပဇစ်အသင်းနဲ့ ၎င်းကြား စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၃သန်းကိုတော့ ပေးချေဖို့ စဉ်းစားနေခဲ့ပြီး လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းက ဂျာမန်သားတိုက်စစ်မှူးကို ၎င်းတို့လည်း လိုချင်နေပြီဖြစ်တဲ့အကြောင်း အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။
ဘန်လေနည်းပြ ရှောင် ဒိုက်ဟာ စီနီယာကစားသမားအများအပြားကို သက်တမ်းတိုးစာချုပ်မချုပ်ဆိုခဲ့တဲ့ အသင်းအပေါ် ဒေါသထွက်နေတယ်လို့ သိရတာ ဖြစ်ပါတယ်။ဘန်လေအသင်းရဲ့ ပုံမှန်ပွဲထွက်လူစာရင်းက ကစားသမားတွေဖြစ်တဲ့ ဂျက်ဖ် ဟန်ဒရစ်၊ ဘာ့စလီ ၊ ဂျိုး ဟတ် ၊ လီနွန် နဲ့ လက်ဇ်ဒင်စ် တို့ ၅ဦးစလုံးဟာ ဒီလကုန်တာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အသင်းက ထွက်ခွာသွားကြမှာပဲ ဖြစ်ပါတယ်။Daily Mail ရဲ့ ဖော်ပြချက်အရတော့ နည်းပြ ရှောင် ဒိုက်က စာချုပ်သစ်ချုပ်ဆိုဖို့အရေး တုံ့ဆိုင်းနေခဲ့တဲ့အသင်းအပေါ် မကျေမနပ်ဖြစ်နေပြီး လမကုန်ခင် စာချုပ်ကိစ္စတွေအတွက် ပြန်လည် စဉ်းစားသွားဖို့ကို မျှော်လင့်နေတာ ဖြစ်ပါတယ်။
သြစတြေးလျသားကွင်းလယ်လူ အိုလီဗာ ဘော့ဇနစ် ဟာ ဟာ့တ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာကြောင့် အသင်းကထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း စကော့တလန်လပ်က အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။အသက် ၃၁နှစ်အရွယ် ကစားသမားကတော့ အေလိဂ်ကိုပြန်လည် ပြောင်းရွေ့ကစားဖို့ရှိနေပြီး ယခင်က စင်ထရယ် ကို့စ် ၊ မယ်ဘုန်း ဗစ်တရီ နဲ့ မယ်ဘုန်း စီးတီး အသင်းတို့မှာ ကစားခဲ့ဖူးတာ ဖြစ်ပါတယ္။