Hey U Dawei Branch

Hey U Dawei Branch Welcome to Hey You Dawei Branch Home Delivery

စာမေးပွဲအမှတ်ထက် မင်းရဲ့ စိတ်ကျေနပ်မှု က ပိုအရေးကြီးတယ် စာမေးပွဲပြီးလို့ ရလဒ်တွေထွက်လာတဲ့အခါ ကိုယ်ရထားတဲ့အမှတ်တွေကို ကြည...
22/08/2026

စာမေးပွဲအမှတ်ထက် မင်းရဲ့ စိတ်ကျေနပ်မှု က ပိုအရေးကြီးတယ်

စာမေးပွဲပြီးလို့ ရလဒ်တွေထွက်လာတဲ့အခါ ကိုယ်ရထားတဲ့အမှတ်တွေကို ကြည့်ပြီး
“ငါ ဒီလောက်ပဲရတာလား…”ဆိုပြီးကိုယ့်ကိုယ်ကို အပြစ်တင်မိတတ်တယ်။

အမှတ်က ကိုယ်ဘယ်လောက်တော်လဲဆိုတာကို တိုင်းတာပေးနိုင်ပေမယ့်
ကိုယ်ဘယ်လောက်ကြိုးစားခဲ့လဲ၊ ဘယ်လောက်အခက်အခဲတွေကို ကျော်ဖြတ်ခဲ့လဲဆိုတာကိုတော့ ကိုယ်စားမပြုနိုင်ပါဘူး။

တစ်ခါတလေ ရလဒ်က မျှော်လင့်ထားသလောက် မကောင်းနိုင်ပေမယ့် အကောင်းဆုံးကြိုးစားခဲ့တဲ့
ကိုယ့်ကိုယ်ကို ပြန်ဂုဏ်ယူနိုင်ဖို့လည်း လိုပါတယ်။

စာမေးပွဲအမှတ်တွေထက် ကိုယ့်ရဲ့ စိတ်ကျေနပ်မှုနဲ့ စိတ်အေးချမ်းမှုကပဲ ပိုအရေးကြီးတာမို့ စာမေးပွဲအမှတ်မကောင်းလို့ စိတ်ညစ်နေတဲ့သူငယ်ချင်းကို စိတ်ခွန်အားပြန်ဖြည့်ပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့ Hey Uက Bubble Milk Tea လေး ဝယ်တိုက်ပြီး အားပေးလိုက်ကြရအောင်။

ငိုနေတဲ့မျက်နှာလေးကို ပြုံးအောင်လုပ်ဖို့ နည်းလမ်းတစ်ခုငိုနေတဲ့ကလေးကို ချော့ဖို့ဆို… အအေးတစ်ခွက်လောက်ပဲ လိုပါတယ် ကလေးတွေ ...
19/08/2026

ငိုနေတဲ့မျက်နှာလေးကို ပြုံးအောင်လုပ်ဖို့ နည်းလမ်းတစ်ခု

ငိုနေတဲ့ကလေးကို ချော့ဖို့ဆို… အအေးတစ်ခွက်လောက်ပဲ လိုပါတယ်

ကလေးတွေ ဒေါသထွက်ပြီး အသံကုန်အော်ငိုနေတဲ့ အခြေအနေမျိုးကြုံရင် စကားတွေအများကြီးနဲ့ ရှင်းပြတာထက် သူတို့စိတ်ကို ချက်ချင်း အာရုံပြောင်းပေးလိုက်တာက အကောင်းဆုံး နည်းလမ်းပါပဲ။

ဒီလိုအချိန်မှာ ကလေးရဲ့ ပူလောင်နေတဲ့ စိတ်ခံစားချက်ကို အေးငြိမ်းသွားစေပြီး စက္ကန့်ပိုင်းအတွင်း ပြုံးရွှင်သွားစေမယ့် အရာကတော့ Bubble Milk Tea တစ်ခွက်ပါပဲ။

မျက်ရည်တွေနဲ့ ငိုနေတဲ့မျက်နှာလေးက ခဏအတွင်းမှာပဲ အအေးခွက်လေးကို ကြည့်ပြီး ပြုံးလာနိုင်မှာတော့အမှန်ပါပဲံ

Milk Tea ရဲ့ ချိုချိုဆိမ့်ဆိမ့်အရသာနဲ့ ဝါးရတာ ပျော်စရာကောင်းတဲ့ ပုလဲစေ့လေးတွေက ကလေးရဲ့ ငိုသံကို အပြုံးအဖြစ် စက္ကန့်ပိုင်းအတွင်း ပြောင်းလဲပေးနိုင်တာမို့ ကလေးလေးကို အမြဲ ပျော်ရွှင်စေချင်တဲ့ အခါတိုင်း Hey U လေးကိုပဲ အချိန်တိုင်း သတိရလိုက်ပါနော်

ပြဿနာတူပေမဲ့... ဖြေရှင်းပုံမတူတော့ဘူး! ကလေးဘဝတုန်းက ထိခိုက်ဒဏ်ရာရပြီး စိတ်မကောင်းဖြစ်တဲ့အချိန်တိုင်း အမေပေးတဲ့ အနာကပ်ပလာ...
14/08/2026

ပြဿနာတူပေမဲ့... ဖြေရှင်းပုံမတူတော့ဘူး!

ကလေးဘဝတုန်းက ထိခိုက်ဒဏ်ရာရပြီး စိတ်မကောင်းဖြစ်တဲ့အချိန်တိုင်း အမေပေးတဲ့ အနာကပ်ပလာစတာ
တစ်ခု၊ ကိုယ်ကြိုက်တဲ့မုန့်တွေနဲ့တင် အရာရာအဆင်ပြေခဲ့ဖူးတယ်

အရွယ်ရောက်လာတော့မှ ပလာစတာနဲ့ ကပ်လို့မပျောက်တဲ့ စိတ်ဖိစီးမှုတွေကို ဘဝရဲ့ ဒဏ်ရာတွေကိုကျ
အက်မင်ကတော့ Hey U က Bubble Tea လေးတစ်ခွက် သောက်ပြီးပဲ စိတ်ကို အမောဖြေ၊ Stress တွေကို မျှောချပစ်လိုက်တာပဲ။
ဒါနဲ့... မင့်ရဲ့အချစ်ကလေးတွေကကော အသက်ကြီးမှရလာတဲ့ စိတ်ဒဏ်ရာနဲ့ Stress တွေကို ဘယ်လိုနည်းတွေနဲ့ ဖြေရှင်း ဖြစ်ကြလဲ?

‘ကျေးဇူးတင်တယ်’ ဆိုတာထက် ပိုချစ်စရာကောင်းတဲ့နည်းပိတ်ရက်မှာ မိသားစုအတွက် အမြဲ ပင်ပန်းနေရတဲ့ မေမေ့ကို သားသမီးတွေက အိမ်အလုပ...
11/08/2026

‘ကျေးဇူးတင်တယ်’ ဆိုတာထက် ပိုချစ်စရာကောင်းတဲ့နည်း
ပိတ်ရက်မှာ မိသားစုအတွက် အမြဲ ပင်ပန်းနေရတဲ့ မေမေ့ကို သားသမီးတွေက အိမ်အလုပ်တွေ
ဝိုင်းကူပေးကြတဲ့အခါ မေမေ့မျက်နှာမှာ ပီတိအပြုံးလေးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။
မိသားစုအပေါ် ထားရှိတဲ့ သားသမီးတွေရဲ့ မေတ္တာနဲ့ ကူညီချင်တဲ့ စိတ်စေတနာလေးတွေက
တစ်ပတ်လုံးပင်ပန်းခဲ့သမျှမေမေ့ရင်ထဲကအမောတွေအားလုံးကို ချက်ချင်းပဲ ပြေပျောက်စေခဲ့တာပါ။
သားသမီးတွေ အပင်ပန်းခံပြီး အလိုက်တသိ ကူညီပေးနေတဲ့ ပုံရိပ်လေးကတင်
မေမေ့အတွက်တော့ အမောပြေ စိတ်ချမ်းသာစရာပါ။
ဒီလိုနဲ့ အလုပ်တွေပြီးလို့ မောမောနဲ့ နားနေကြတဲ့ သားသမီးတွေကို ကြည့်ပြီး
မေမေက စကားတွေအများကြီးမပြောဘဲ သူတို့ ကြိုက်တတ်ကြတဲ့
Hey U Bubble Tea လေး ပြန်ဝယ်တိုက်ပြီး အမောဖြေပေးခဲ့ပါတယ်။
ရင်ထဲအေးသွားစေမယ့် အရသာလေးနဲ့အတူ ပုလဲစေ့ အိအိလေးတွေကို ဝါးရင်း
စကားစမြည် ပြောဖြစ်ကြတဲ့ ဒီလို အခိုက်အတန့်လေးက တကယ့်ကို အဖိုးတန်လွန်းလှပါတယ်။
မိသားစုရဲ့ နွေးထွေးတဲ့ အခိုက်အတန့်လေးတိုင်းမှာ Hey U က အမြဲတမ်း အတူတူ ရှိနေပေးမှာပါနော်

အသီးတစ်မျိုးတည်းကနေ ရရှိနိုင်တဲ့ မတူညီတဲ့ ခံစားချက် ၂ မျိုး စတော်ဘယ်ရီအရသာတစ်မျိုးတည်းကိုပဲ သုံးထားပေမယ့် ဖျော်စပ်ပုံ ကွ...
07/08/2026

အသီးတစ်မျိုးတည်းကနေ ရရှိနိုင်တဲ့ မတူညီတဲ့ ခံစားချက် ၂ မျိုး

စတော်ဘယ်ရီအရသာတစ်မျိုးတည်းကိုပဲ သုံးထားပေမယ့်

ဖျော်စပ်ပုံ ကွဲပြားသွားတာနဲ့ သောက်ရတဲ့ ခံစားချက်က

လုံးဝမတူအောင် နှစ်မျိုး ကွဲထွက်သွားပါတယ်

ဒါကြောင့်မို့လို့ စတော်ဘယ်ရီသီးကို ကိုက်စားလိုက်ရသလို

ချိုချဉ်လတ်ဆတ်မွှေးပျံ့မှုတွေနဲ့ အမောပြေခံစားချက်

ကိုရချင်တဲ့အချစ်ကလေးတွေအတွက် မကြာသေးခင်က

ထွက်ရှိထားတဲ့ Strawberry Juice ကိုရွေးချယ်လို့ရပြီး

လူကြိုက်များတဲ့အပြင် တစ်ခါသောက်ပြီးတာနဲ့

နောက်တစ်ခါပါ ထပ်ထပ်ရွေးဖြစ်နေရတဲ့

Hey Uရဲ့ကာကာတွေအကြိုက်

Strawberry Milkshake လေးလည်း ရှိနေပါတယ်နော်။

ဒီလို မတူညီတဲ့ခံစားချက် ၂ မျိုးထဲက အချစ်ကလေးတို့ရဲ့ စိတ်ကို

ပိုပြီး ဖမ်းစားထားနိုင်တာ ဘယ်မီနူးလေး ဖြစ်မလဲဆိုတာကို

Like👍 or Love❤ reactလေးပေးပြီး ဖြေခဲ့ပေးကြပါဦးနော်

ချစ်ရသူကိုပျော်ရွှင်စေပြီး အမှတ်တရဖြစ်စေဖို့အတွက် အကြောင်းပြချက်ကြီးကြီးမလိုပါဘူး။🥺တစ်နေ့တာအတွင်း သူမသဘောကျတဲ့အရာလေးကို ...
01/08/2026

ချစ်ရသူကိုပျော်ရွှင်စေပြီး အမှတ်တရဖြစ်စေဖို့အတွက် အကြောင်းပြချက်ကြီးကြီးမလိုပါဘူး။🥺
တစ်နေ့တာအတွင်း သူမသဘောကျတဲ့အရာလေးကို သတိရပေးတာ၊
အလုပ်ပင်ပန်းနေတဲ့အချိန်မှာ အကြိုက်ဆုံး အစားအစာလေး ဝယ်ကျွေးတာ၊
မမျှော်လင့်ထားတဲ့အချိန်လေးမှာ ပျော်ရွှင်စရာလေးတစ်ခု ဖန်တီးပေးတာ…
ဒီလို အချိန်ခဏလေးတွေကပဲချစ်ရတဲ့သူတစ်ယောက်အတွက်
နွေးထွေးတဲ့ခံစားချက်လေးတွေ ဖြစ်စေတတ်ပါတယ်။
တစ်ခါတလေ ချစ်ခြင်းဆိုတာစကားလုံးတွေနဲ့ဖော်ပြတာထက်
ကိုယ်ဂရုစိုက်နေတယ်ဆိုတာကို ပြသပေးတဲ့
သေးသေးလေးသော အပြုအမူတွေမှာပဲအဓိပ္ပာယ်ရှိနေတတ်ပါတယ်။
ရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေကပဲ အချိန်ကြာလာတဲ့အခါ
ပြန်တွေးမိတိုင်း ပြုံးမိစေမယ့် အမှတ်တရလေးတွေ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့်မို့ ဒီ International Girlfriend Day မှာ ချစ်ရတဲ့သူအတွက်
ပန်းစည်းတစ်စည်းနဲ့အတူ Hey U Chocolate Milkshake လေးတစ်ခွက်ပါ
ဝယ်ပေးပြီး ချိုမြိန်တဲ့ moment လေးတစ်ခု ဖန်တီးလိုက်ပါ🤗

ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယမှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်မြတ်များကို ကြည်ညိုမှတ်သားရင်း စိတ်၏ချမ်း...
29/07/2026

ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယမှာ
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့
တရားတော်မြတ်များကို ကြည်ညိုမှတ်သားရင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ
မိသားစုနှင့်အတူ ပျော်ရွှင်အေးချမ်းသော ဘဝကို
ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Hey U မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်

#ဝါဆိုလပြည့်နေ့

ရာသီပြောင်းပေမယ့် အကြိုက်ကတော့ မပြောင်းဘူးတစ်နှစ်တာမှာ ရာသီတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ… ကိုယ်ကြိုက်တဲ့ အရသာလေးတွေကတ...
23/07/2026

ရာသီပြောင်းပေမယ့် အကြိုက်ကတော့ မပြောင်းဘူး

တစ်နှစ်တာမှာ ရာသီတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ…
ကိုယ်ကြိုက်တဲ့ အရသာလေးတွေကတော့ အမြဲတမ်း ရှိနေတတ်ပါတယ်။

တစ်ချို့အရာတွေကတော့ အချိန်နဲ့အမျှ ပြောင်းလဲသွားတတ်ပေမယ့်
ကိုယ်ကြိုက်တဲ့ အရသာတစ်ခုကိုတော့ ဘယ်အချိန်ရောက်ရောက် ပြန်ရွေးချယ်မိနေတတ်ပါတယ်။
နွေပူတဲ့နေ့တွေဖြစ်ဖြစ်၊ မိုးအေးတဲ့နေ့လေးတွေဖြစ်ဖြစ်…
လန်းဆန်းချင်တဲ့အချိန်တိုင်း စွဲစွဲမြဲမြဲ ရွေးချယ်မိတာကတော့ Hey U ရဲ့ Plum Juice ပါပဲ။
ရိုးရှင်းပေမယ့် ဘယ်တော့မှမရိုးနိုင်တဲ့ plum ရဲ့ ချိုချဉ်အရသာက
တစ်ငုံသောက်လိုက်တိုင်း တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ခဏတာ မေ့သွားစေမှာပါ။

နေ့ရက်တွေကို ဘယ်လိုပဲ ဖြတ်သန်းနေရပါစေ…
ကိုယ်ကြိုက်တဲ့ အရသာလေးတစ်ခွက်နဲ့ စိတ်ကိုခဏတာ အနားပေးဖို့
အခုပဲ နီးစပ်ရာ Hey Uဆိုင်ခွဲတွေကို လှမ်းလာခဲ့တော့နော်

ကျောင်းက အပြန် Hey U သောက်ရန်ကျောင်းသားတွေရဲ့ တစ်နေ့တာအချိန်အများစုက ကျောင်းနဲ့အိမ်ကြားမှာပဲ ကုန်ဆုံးနေပါတယ်ကျောင်းရယ် အ...
08/07/2026

ကျောင်းက အပြန် Hey U သောက်ရန်
ကျောင်းသားတွေရဲ့ တစ်နေ့တာအချိန်အများစုက ကျောင်းနဲ့အိမ်ကြားမှာပဲ ကုန်ဆုံးနေပါတယ်
ကျောင်းရယ် အိမ်ရယ်ပဲလည်ပတ်နေတဲ့ ကျောင်းသားတွေအတွက်
တစ်နေ့တာအချိန်ဇယားထဲမှာ အပျော်ဆုံးအချိန်ကိုပြောပါဆိုရင်
ကျောင်းဆင်းချိန်ဖြစ်ပြီးအမောပြေဆုံးအချိန်ဆိုရင်လဲမမှားပါဘူး
ကျောင်းဆင်းချိန် အခန်းအပြင်ထွက်လိုက်တဲ့အခါတိုင်း
တစ်နေ့လုံးစာသင်ခန်းထဲမှာ ပင်ပန်းခဲ့တာကြောင့်
အိမ်ကိုတန်းမပြန်ချင်သေးတဲ့နေ့တွေလဲရှိပါတယ်
ဒီလိုနေ့တွေမှာ သူငယ်ချင်းတွေနဲ့ ခဏလောက်စကားပြောတာ၊
တစ်ခုခုဝယ်စားတာမျိုးနဲ့ ဖြတ်သန်းချင်တဲ့သူမျိုးလဲရှိတတ်ပါတယ်
အခုလိုမတူညီတဲ့ ကျောင်းဆင်းချိန် ဖြတ်သန်းပုံတွေကြားမှာ
အအေးသောက်ပြီး အမောဖြေတတ်တဲ့ ကျောင်းသားတွေလည်း ရှိကြပါတယ်။
ဆိုင်ချင်းတူပေမယ့် အရသာချင်းကတော့လုံးဝမတူနိုင်တာကြောင့်
ကျောင်းသားအများစုကတော့ Hey U ကိုပဲ တကူးတကရွေးချယ်ပြီး ဝယ်သောက်ကြပါတယ်။
Hey U ရဲ့ ထူးခြားပြီးအေးမြတဲ့ အရသာကပဲ တစ်နေ့တာလုံးပင်ပန်းသမျှကို
ချက်ချင်းအမောပြေစေတာမို့ ကျောင်းကအပြန် တစ်ခွက်တော့
ပုံမှန်မဖြစ်မနေဝယ်သွားဖို့ ခုပဲ Hey U ကိုလှမ်းလာဖို့ဖိတ်ခေါ်လိုက်ပါတယ်

အလုပ်လုပ်ရင်းနဲ့ဖြစ်ဖြစ်၊ စာကျက်ရင်းနဲ့ဖြစ်ဖြစ် အိပ်ငိုက်နေပြီလား? လာ... ၅ စက္ကန့်လောက် မျက်စိ စမ်းသပ်ကြည့်ရအောင်။တစ်ခါတ...
05/06/2026

အလုပ်လုပ်ရင်းနဲ့ဖြစ်ဖြစ်၊ စာကျက်ရင်းနဲ့ဖြစ်ဖြစ် အိပ်ငိုက်နေပြီလား? လာ... ၅ စက္ကန့်လောက် မျက်စိ စမ်းသပ်ကြည့်ရအောင်။
တစ်ခါတလေ အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်၊ စာကျက်စားပွဲမှာပဲဖြစ်ဖြစ် အာရုံစိုက်ဖို့ ကြိုးစားနေရင်းနဲ့မှ မျက်တောင်တွေက အလိုလို စင်းကျလာပြီး မျက်လုံးက မှေးခနဲ မှေးခနဲ ဖြစ်သွားတတ်တာကို လူတိုင်း ကြုံဖူးကြမှာပါ။
လူကသာ ရှေ့က စာအုပ် (သို့) Screen ကို စိုက်ကြည့်နေပေမယ့်၊ စာလုံးတွေကလည်း ဝေဝါးလာပြီဆိုရင် ဒါအိပ်ငိုက်နေတဲ့ လက္ခဏာပါပဲ။
ဒီလိုအချိန်မျိုးမှာ မျက်နှာထသွားသစ်ရင်လည်း ခဏပဲခံပြီး ပြန်ငိုက်တတ်တာမို့ ကိုယ့်မျက်စိက ဘာကို တကယ် လိုလားနေလဲဆိုတာ အရင်ဆုံး စစ်ဆေးဖို့ လိုပါတယ်။
ပုံလေးကို ကြည့်လိုက်တဲ့အခါ ဘာအရောင်ကို အရင်မြင်လဲဆိုတာ ဖြေကြည့်ရအောင်
မင်မင်တို့လို ကော်ဖီသမားတွေကတော့ အနီရောင်အပြင် တခြားမမြင်လို့တော့ခက်ပြီ

တကယ်တော့ တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေဖို့အတွက် ကော်ဖီတစ်ခွက်ထက် ပိုကောင်းတာ ဘာမှမရှိပါဘူး။

မျက်စိလည်း ပွင့်၊ စိတ်လည်း လန်းဆန်းသွားအောင် ကော်ဖီ ပူပူ/အေးအေးလေးတွေကို နီးစပ်ရာ Hey Uဆိုင်တွေကနေ အခုပဲ မှာယူသောက်သုံးလိုက်တော့နော်။

Address

Dawei

Telephone

+959425784774

Website

Alerts

Be the first to know and let us send you an email when Hey U Dawei Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share