Dawei bookbar-A²KM

Dawei bookbar-A²KM ❤️

10/07/2025
စိတ်ပါမှ ရွေ့တယ်ရင်ဘတ်တူမှ ပေါင်းတယ်..၊ဈေးပေါတာမှန်ပေမဲ့အောက်တန်းစားဆန်ပြီး မဖားတတ်လို့မိတ်ဆွေဆိုတာ ရွှေလိုရှားပါတယ်ဆရာမ...
26/10/2024

စိတ်ပါမှ ရွေ့တယ်
ရင်ဘတ်တူမှ ပေါင်းတယ်..၊

ဈေးပေါတာမှန်ပေမဲ့
အောက်တန်းစားဆန်ပြီး မဖားတတ်လို့

မိတ်ဆွေဆိုတာ ရွှေလိုရှားပါတယ်
ဆရာမောင်ချောနွယ် စကားယူသုံးရရင်

"လူကြိုက်နည်းတဲ့ကောင်"ပါ။

#ရိုးတံ

ငါတို့ အရွယ်ရောက်ဖို့ အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်---"ဒါပေမယ့် အခုငါတို့ကိုကြည့်ပါဦး---" ပင်ပန်းတယ်၊ လမ်းပျောက်တယ်အနာဂတ်အတ...
25/08/2024

ငါတို့ အရွယ်ရောက်ဖို့
အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်---"

ဒါပေမယ့် အခုငါတို့ကိုကြည့်ပါဦး---"

ပင်ပန်းတယ်၊ လမ်းပျောက်တယ်
အနာဂတ်အတွက် စိတ်ရှုပ်နေတယ်---"

ထွက်သွားရင်လဲ နေခဲ့ရုံပါပဲရုန်းလေ နစ်လေတဲ့ ကိုလှဖေကျွန်တော် ချစ်ပဲ ချစ်ချင်ပါတယ်မနစ်ရက်ပါဘူး..။ပျော်ရာကို ပျံပါစေသာရာကို...
24/07/2024

ထွက်သွားရင်လဲ နေခဲ့ရုံပါပဲ
ရုန်းလေ နစ်လေတဲ့ ကိုလှဖေ

ကျွန်တော် ချစ်ပဲ ချစ်ချင်ပါတယ်
မနစ်ရက်ပါဘူး..။

ပျော်ရာကို ပျံပါစေ
သာရာကိုင်းမှာ နားပါစေ
ကျွန်တော့် အချစ်တွေ အပြစ်မဖြစ်ချင်တော့ဘူး။

မီးခံသေတ္တာ ကျောထောက်နောက်ခံနဲ့ သူတွေသာအချစ်ပြီးရင်း အချစ် လုပ်နိုင်ကြမယ်ငါ့မှာတော့ မည်ကာမတ္တ ချစ်သူတစ်ယောက်နဲ့။ဒီမြို့က...
12/07/2024

မီးခံသေတ္တာ ကျောထောက်နောက်ခံနဲ့ သူတွေသာ
အချစ်ပြီးရင်း အချစ် လုပ်နိုင်ကြမယ်
ငါ့မှာတော့ မည်ကာမတ္တ ချစ်သူတစ်ယောက်နဲ့။

ဒီမြို့က ကမ်းခြေမှာ ဘာစင်ရော်မှလည်း ပျံမနေဘူး
သူတို့ ရိုမန်တစ်တွေနဲ့ရောပြီး ဖျော်နေကြတဲ့
ကော်ဖီဆိုတာ
အပေါစား ရယ်ဒီမိတ်ထုပ်တွေကို ပြောတာ။

ရေအိုးစင်မှာ ခွက်ကို သံကြိုးနဲ့ ချည်ထားတယ်
ဒါ ခေတ်က တောင်းဆိုတဲ့ တပ်ဆင်မှုအနုပညာ။

ဒီနှစ်လည်း
အာရှမှာ အကောင်းဆုံး ဘဝသရုပ်ဖော်ဆုကို
ငါတို့ပဲ ရဦးမှာ။

တကယ်တမ်းကျ
ကဗျာရေးရင်း
ခွေးဟောင်တာ ထထကြည့်နေရ။

#မောင်ယုပိုင် (တကယ့်ကဗျာ)

၁၃။ဘာဖြစ်လဲဘာမှမဖြစ်ပါဘူး။မီးခိုးများမှန်ကွဲစများသေနေသောကားများကျောင်းနှင့်ဝေးကွာသွားသောကျောင်းသားများသွေးစက်များဒါဖြစ်ခ...
01/07/2024

၁၃။
ဘာဖြစ်လဲ
ဘာမှမဖြစ်ပါဘူး။
မီးခိုးများ
မှန်ကွဲစများ
သေနေသောကားများ
ကျောင်းနှင့်ဝေးကွာသွားသောကျောင်းသားများ
သွေးစက်များ
ဒါဖြစ်ခဲ့တယ်။
ရန်ကုန်မြို့မှာ ဖြစ်ခဲ့တယ်။

အောင်ချိမ့်
(တစ္ဆေ)

မိုးမည်းမည်းမှ ညထူထူသို့ ဘယ်သူမှ မလိုက်လျော ဘယ်သူမှ သဘောမတူ "ဟေ့လူ၊ တဆိတ်ဗျာ..."ဆေးလိပ်မီး အတောင်းခံရတတ်တယ် ။ - အောင်ချိ...
11/06/2024

မိုးမည်းမည်းမှ ညထူထူသို့
ဘယ်သူမှ မလိုက်လျော
ဘယ်သူမှ သဘောမတူ
"ဟေ့လူ၊ တဆိတ်ဗျာ..."
ဆေးလိပ်မီး အတောင်းခံရတတ်တယ် ။

- အောင်ချိမ့်
- ရိုမန့်တစ်ခေတ်ကဗျာများမှ

Credit..

မကောင်းနိုင်တဲ့သူတွေနဲ့ ကင်းအောင်နေပြီးမကင်းနိုင်သူတွေပေါ် ကောင်းအောင်နေထိုင်ပါတယ်..။လူတစ်ကိုယ် စိတ်တစ်မျိုးရင်ခုန်သံတွေ...
08/06/2024

မကောင်းနိုင်တဲ့သူတွေနဲ့ ကင်းအောင်နေပြီး
မကင်းနိုင်သူတွေပေါ် ကောင်းအောင်နေထိုင်ပါတယ်..။

လူတစ်ကိုယ် စိတ်တစ်မျိုး
ရင်ခုန်သံတွေ အမျိုးမျိုးပါ တူဖို့မလိုပါဘူး။
စိတ်ရင်းစေတနာကို အခြေခံတဲ့ဆက်ဆံရေးတွေမှာ
အကြိုက်တွေရော စရိုက်တွေ မတူလဲရပါတယ်..။

ငါတို့ဟာ ကိုယ်သေရင်လိုက်သေမဲ့လူတွေမလိုဘူး။
ကိုယ်မသေအောင် စောင့်ရှောက်မဲ့ သူတွေသာလိုရဲ့..။
🙏
#ရိုးတံ
3.6.2024

အရူး တကာ အရူးထဲမှာဥစ္စာရူးနဲ့အာဏာရူးတွေကအဆိုးဆုံးပဲငါက အချစ်ရူး သိပ်ကိစ္စမရှိဘူး။-ဆန်းကျော်စွာဝင်း
30/05/2024

အရူး တကာ အရူးထဲမှာ

ဥစ္စာရူးနဲ့အာဏာရူးတွေကအဆိုးဆုံးပဲ

ငါက အချစ်ရူး သိပ်ကိစ္စမရှိဘူး။

-ဆန်းကျော်စွာဝင်း

ပျော်ရွှင်ခြင်း-------------------လမ်းဘေးကလေးတယောက်ကိုစာရေးတတ်အောင် သင်ပေးဖူးတယ်။လိုင်းကားကို ဦးတည်ချက်မရှိဂိတ်ဆုံးထိ လိ...
23/05/2024

ပျော်ရွှင်ခြင်း
-------------------
လမ်းဘေးကလေးတယောက်ကို
စာရေးတတ်အောင် သင်ပေးဖူးတယ်။

လိုင်းကားကို ဦးတည်ချက်မရှိ
ဂိတ်ဆုံးထိ လိုက်စီးဖူးတယ်။

ပန်းတွေပေးဖူးတယ်
ပန်းတွေ ရဖူးတယ်။

အရုပ်ဝယ်ပေးဖူးတယ်။

ကြယ်တွေကို
ကုလားထိုင်နဲ့ ထိုင်ငေးဖူးတယ်။

နေမကောင်းသူကို
ဆေးရုံ မောင်းပို့ဖူးတယ်။

ခွေးကလေးတကောင် မွေးဖူးတယ်။

အင်းလေးကန်ကို
တောင်တွေပေါ်ကနေ မြင်ဖူးတယ်။

ပအို့ဝ် ရိုးရာ အက ကဖူးတယ်
ထင်းရှုးတောထဲ လမ်းလျှောက်ဖူးတယ်။

ကိုဗစ်ကူးနေတဲ့အဘွားကြီးကို
ချီပိုးပြီး ဆေးရုံကားပေါ်တင်ဖူးတယ်။

တို့ကတော့ တို့ကတော့ လို့
အိမ်ဝေးသူတွေစုပြီး ဆိုဖူးတီးဖူးတယ်။

ထမင်းဘူး လဲစားဖူးတယ်။

မုန့်ဖိုးငါးဆယ်နဲ့
ကြာဆံကြော်တပွဲရဖူးတယ်။

လက်ဖက်ရည်ဆိုင်မှာ ဘောပွဲမကြည့်ပဲ
ကြက်ဥကာကျက် ထိုင်စားနေဖူးတယ်။

လိုချင်နေတဲ့
ကတ်ဦးထုတ်လေးတလုံး
နမ္မတူဘက်မှာ ဝယ်ခဲ့ဖူးတယ်။

တောင်ပြာတန်းများကိုကြည့်ရင်း
ဘဝကို တန်ဖိုးထားဖူးတယ်။

နွေဦးပုံပြင်ကို
အသိတယောက်ဆိုချင်တယ်ပြောလို့
နှခါဆက်တိုက် တီးဖူးတယ်။

အသိတွေနဲ့
နှစ်တွေကြာပြီးမှ ပြန်တွေ့ဖူးတယ်။

ချိုးကူသံနဲ့
အိပ်ယာနိုးဖူးတယ်။

အရှုံးပေးဖူးတယ်
အနိုင်ရဖူးတယ်။

လက်ကျန် ပိုက်ဆံ ၂၀၀နဲ့
မုန့်ဟင်းခါးတပွဲစားဖူးတယ်။

နိဗ္ဗာန်ဈေးမှာ
မုန့်ကောင်းကောင်းကျွေးတဲ့ မဲနံပါတ်ရဖူးတယ်။

အမေ မုန့်ဟင်းခါးခွံ့ကျွေးဖူးတယ်၊

အဟောင်းဆိုင်ကနေ
နေဝင်းမြင့်ရဲ့ နက်စ်ကော်ဖီပါတဲ့
ဝတ္ထုတိုစာအုပ်လေး ရဖူးတယ်။

ချယ်ရီပန်းတခက် ရဖူးတယ်။

" မျှော်လင့်ခြင်းတွေ ဘယ်ဆီမှာ " လို့ကြားတိုင်း
တိမ်တွေကို ကြည့်ဖူးပါတယ်။

#ဆပ်ရိပ်
Credit🙏

Address

Dawei

Telephone

+959978315214

Website

Alerts

Be the first to know and let us send you an email when Dawei bookbar-A²KM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dawei bookbar-A²KM:

Shortcuts

Share

Category