Shwe Yote Lay

Shwe Yote Lay ယောရွှေမြို့တော် ဂန့်ဂေါမှာ အိမ်ခြံမြေဝယ်ယူချင်ပါက သတိယပေးပါ
💎စိတ်ချမ်းသာစေရမေ💎
🩵ရွေးချယ်မှုမှန် စေရမေ🩵
🤍တန်ဖိုးမှန်စေရမေ🤍

17/07/2026

🧚‍♀️အိမ်ခြံမြေ အကျိုးဆောင်/ ပွဲစားကြီးတွေ အတွက် ဖတ်မိတဲ့ စာစုလေးတစ်ခု ရေးပေးချင်ပါတယ်---/🧚‍♀️

🧚‍♀️အရောင်းအဝယ်တစ်ခုဖြစ်ပြီဆိုရင် စရန်ကြီးချတယ်။ စာချုပ်ချုပ်တယ်။ ပွဲခယူကြရတဲ့အချိန်လေးမှစလို့ စာချုပ်ရေးကြတဲ့အချိန်အထိ ပွဲစားကောင်းမှန်ရင် စကားမမှားအောင် ထိန်းကြရပါတယ်။

🧚‍♀️အဲဒီအချိန်မျိုးမှာ စကားတစ်လုံးပဲ မှားသွား... ပွဲပျက်သွားနိုင်တယ်။ ပွဲခနဲ့ ဝေးသွားနိုင်တာမို့ပါ။ ကျွန်တော့် အိမ်ပွဲစားအုပ်စုက လက်ရင်းတပည့်တွေဆိုရင် ခုလို အရေးကြီးဆုံးအချိန်မှာ-
🧚‍♀️
၁။ ဖြစ်နိုင်ရင် စကားလုံးဝ မပြောကြရ။
၂။ မဖြစ်တဲ့အဆုံးစကားပြောလျှင် (အချိန်ခေတ္တစောင့်ကြရလျှင်) အရောင်းအဝယ်နဲ့ ဘာမှမဆိုင်တဲ့ အကြောင်းတို့ပဲ စိတ်ပါလက်ပါပြောကြရပါတယ်။
ဒီလို ထိန်းလိုက်နိုင်မှ တည်ပြီးသားဇာတ် ပြန်မပျက်နိုင်ဘူးပေါ့။

🧚‍♀️နောက်တစ်ဆင့် အရေးကြီးသထက် ကြီးလာတာက စာချုပ်ဖြစ်ပါတယ်။
ရောင်းသူ၊ ဝယ်သူတွေက ပြောလာနိုင်ပါတယ်။
"စာချုပ်ကိုလျှော့ချုပ်မယ်" "တစ်မျိုးတည်းချုပ်မယ်" "အမှန်တစ်မျိုး၊ လျှော့တာတစ်မျိုးချုပ်မယ်"" သူတို့စိတ်ကြိုက် စုံနေအောင်ပြောကြမှာပါ။ ရှေ့နေပါလာရင်တော့ နောက်တစ်မျိုး အကြံတွေထွက်လာဦးမှာပါ။
🧚‍♀️ကျွန်တော်တို့က အိမ်ပွဲစားကြီးတွေလေ။ နံပတ်(၁) ပွဲအပျက်မခံနိုင်ဘူး။ နံပတ်(၂) ကပြဿနာအဖြစ်မခံနိုင်ပါဘူး။ (ရေရှည်လုပ်စားရမှာပါ။)

🧚‍♀️သူတို့ကြိုက်တာတွေလုပ်ကြပါစေ။ ပွဲစားကြောင့် စိတ်မညစ်ကြပါစေနဲ့။ ဒါပေမဲ့ သိန်း ၁၀၀၀ နဲ့အရောင်းအဝယ်ဖြစ်တဲ့ မြေကွက်ကို သိန်း ၆၀၀ နဲ့ချုပ်မယ်၊ တစ်စောင်က သိန်း ၁၀၀၀ နဲ့လည်းချုပ်မယ်။ ရပါတယ်၊အားလုံးကို ရတယ်သာပြောပါ။

🧚‍♀️သူတို့ကငွေထုတ်ကြရတာပါ။ အမှားအယွင်းမရှိအောင် ကြည့်လုပ်သွားမှာပါ။

🧚‍♀️ကိုပွဲစားကြီးက သက်သေလက်မှတ်ထိုးရမယ်ဆိုရင် သိန်း ၁၀၀၀ မှာကိုယ့်လက်မှတ်ပါသွားပြီး တစ်ရက်တည်း စာချုပ်နောက်တစ်မျိုး သိန်း ၆၀၀ မှာကိုယ့်လက်မှတ် ပါမသွားဖို့သာ သတိကြီးစွာ ထားပါ။

🧚‍♀️အဲ့ဒီလို သိန်း ၁၀၀၀ နဲ့ သိန်း ၆၀၀ စာချုပ်နှစ်စောင် ပူးလိုက်တော့ နှစ်စောင်စလုံးမှာ ကိုပွဲစားကြီး
လက်မှတ်ပါနေမယ်ဆိုရင် ပြဿနာမပေါ်ဖို့ ကံတရားကိုပဲ အကူအညီတောင်းရတော့မှာပါ။

🧚‍♀️အဲ့ဒီတစ်ချက်ကိုသာ သတိထားလိုက်နိုင်တယ်ဆိုရင် ကိုယ်ကပြုံးပြုံးကြီး နေနိုင်တာပေါ့။ရောင်းသူ ဝယ်သူတွေဆိုတာ ဘယ်သူကမှ ပြဿနာပေါ်အောင် မလုပ်ကြပါဘူး။ မိုးပြိုခဲ့ရင် ရှောင်ရခက်တာမျိုးမို့ စာချုပ်နှစ်မျိုး ချုပ်ကြမယ်ဆိုရင် တစ်မျိုးပဲ သက်သေလိုက်ကြပါလို့ အကြံပြုသတိပေးလိုက်ပါတယ်။

ဆရာကြည်စိုး(IC) စာအုပ်ထဲမှ ထုတ်နုတ်ဖော်ပြပါတယ်။

===================/=================
🧚‍♀️🧚‍♀️🧚‍♀️
အရောင်းအဝယ်တစ်ခုမှာ ပွဲစားတွေအနေနဲ့ အပြောမတတ်ရင် အရောင်းအဝယ်တွေပျက်တာကြုံဖူးကြမှာပါ။ ကျွန်မကိုယ်တိုင်လည်းကြုံဖူးပါတယ်။ စာရွက်စာတမ်းအဆင်ပြေနေသည့်တိုင်အောင် စကားအပြောမတတ်ရင် အာ့ပွဲကို အရောင်းအဝယ်ဆက်မလုပ်ပဲ ဖျက်ခဲ့ဖူးပါတယ်။ ပွဲတစ်ပွဲဖြစ်ဖို့ဆိုတာ ရှေ့နေနဲ့အများကြီးသက်ဆိုင်ပါတယ်။
ပွဲတစ်ပွဲကိုထိန်းထားသည့် ပဲ့ကိုင်ရှင်ဟာ ရှေ့နေဘဲ ဖြစ်ပါတယ်။ (ရှေ့နေမပါသည့် ပွဲများကိုတော့ မရည်ရွယ်ပါ။)

🧚‍♀️အချို့ပွဲစားတွေဆိုလည်း လိမ္မာပါးနပ်တဲ့ ပွဲစားကြီးတွေမြင်ဖူး၊ ကြုံဖူးပါတယ်။ ရှေ့နေပါလာရင် ဝင်မပြောတော့ပဲ ပါးနပ်စွာ ပွဲကို ကိုင်တွယ်တတ်ကြတာတွေလည်းမြင်ဖူးပါတယ်။ မည်သို့ပင်ဆိုစေ ကိုယ်ပါဝင်ပတ်သက်ရတဲ့ ပွဲတိုင်းကို ကိုင်တွယ်တတ်တဲ့ ပွဲစားကြီးတွေဖြစ်ကြပါစေ အကြံပြုရင်း.....

17/07/2026
17/07/2026

မြို့မရပ်ကွက်
60/50ပတ်လည်အကျယ်
မြေပြင်အလွတ်ကွက်
ပေတရာလမ်းမကြီး အနီး
ပေ20လမ်းဘေးမေးတင်အကွက်
သိန်း 250 အလျှော့အတင်းပါဖြင့် အမြန်ရောင်းမည်။

17/07/2026

အိမ်အပါ
အရောင်း မြို့မ ။စည်ပင် ဈေး တစ်ထောင်အောက်က
စွံ ပီးပါပြီ
Sold out မတင်တာက
လူကို အလုပ် ခဏခဏ လုပ်ခိုင်းသလိုဖြစ်နေပါပီ

6*0ပိတ်နဲ့ ကျောတိုက်တနေရာ ရပါမည်
27/60အိမ်အပါ ပါ
မြို့ပြမြေပါ

17/07/2026

အနောက်ဂန့်ဂေါ
ပြည်တော်သာ လမ်းအနီး
60/80အကျယ်
အိမ်အပါ ရေမီးအပြည့်အစုံပါ
မြေ ကွက်အရောင်းရှိပါသည်။
80ပေသည် လမ်းဘေးမို့
40/60 နှစ်နေရာ ရပီး
တစ်နေရာစီ ခွဲယူလည်းရပါသည်။
‌သိန်း 700 အပိတ်ဈေးပါ ။
စိတ်ဝင်စားသူ CB မှာ တည်နေရာခြံ ပုံကြည့်လို့ရပါသည်။

မယ်သည် ဆိုတာ ကိုယ့်အကျိုးဆောင်ခ ရဖို့ တစ်ခုထဲ ရှေ့တန်းတင်ပြီး အိမ်ခြံမြေကို ရောင်းချပေးတာ မျိုးဘယ်‌ တော့မှ မလုပ်ဖူး မြေအ...
02/07/2026

မယ်သည် ဆိုတာ
ကိုယ့်အကျိုးဆောင်ခ
ရဖို့ တစ်ခုထဲ ရှေ့တန်းတင်ပြီး အိမ်ခြံမြေကို ရောင်းချပေးတာ မျိုးဘယ်‌ တော့မှ မလုပ်ဖူး

မြေအမျိုးစားခိုင်မာပြီး လက်တွေ့ဆန်တဲ့ မြေအမျိုး အစားကိုပဲ ရောင်းတယ်

ဘာလို့ လဲ ဆိုတော့
ကိုယ့် တန်ဖိုးဆိုတာ
ကိုယ့် Brand ကို ငွေနဲ့ လဲလှယ်လို့ မရသလို အဖိုးဖြတ်လို့ လည်း မရဘူး

ဒါကငွေ ရတယ်ကွာ
မရောင်းဘူး

လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ ငွေမဟုတ်ဖူး

ကိုယ်ကျင့်တရား နဲ့
ကိုယ်ချင်းစာတရား

28/04/2026

ဂန့်ဂေါမြို့
ကျောတိုက် ရပ်ကွက်
မြို့ပတ်လမ်းတကွက်ငုပ်
ရေရမီးရလွယ်ကူ
ပေ20လမ်းဘေးမေးတင်
40/60အကျယ်
မြေပြင်အလွတ်ကွက်
သိန်း 350 အလျှော့အတင်းပါနဲ့ ရောင်းပါမည်
ပိုင်ရှင်တိုက်ရိုက်အညှိပါ
အကျိုးတူ ခံစားခွင့်ရသည်
% အယူမို့ ကိုယ်ယူသော % ကို အကျိုးတူခံစားခွင့် နဲ့ကျေနပ်ပါက ရောင်းခွင့်ရှိပါသည်။

လူသိပ်စိတ်မဝင်စားတဲ့ နေရာ လူတွေ သိပ်မကြိုက်သေးတဲ့ နေရာမျိုးက ရေရှည် ရင်းနှီးမြုတ်နှံထားဖို့အတွက် အလေးထား ဝယ်သင့်တာ ပါဒီန...
28/04/2026

လူသိပ်စိတ်မဝင်စား
တဲ့ နေရာ
လူတွေ သိပ်မကြိုက်သေးတဲ့ နေရာမျိုးက ရေရှည် ရင်းနှီးမြုတ်နှံထားဖို့အတွက်
အလေးထား ဝယ်သင့်တာ ပါ

ဒီနေရာရေမြုတ်တယ်
ဒီနေရာက သိပ်မစည်သေးဘူး
ဒီနေရာက ပျံကျတွေများတယ်

ဒါ့ကြောင့်လည်း ဈေးသိပ်မတက်သေးတာ ပါ ဈေး
မတက်ခင်လေး ဝယ်ထားတော့ စဝယ်ထဲ က အမြတ်ကစရနေပြီ

ဟိုးအရင်ကအဝယ် တွေဆိုအမြတ်ရဖို့ - ပေခံကြတာ

မြို့ရှောင် ကွင်း လမ်းမတွေ
ဗွက် ကဒူးလောက်‌ဖြစ် နေထဲ က အမျှော်အမြင်နဲ့ ဝယ်ထားခဲ့ကြတဲ့ သူတွေ ကို တကယ်အတုယူစံထားလေးစားသင့်တယ်

သူတို့ ဝယ်ချိန်က ဈေးကိုအသာထားဦး
ကျ‌ေနာ် မြို့မ ရပ်ကွက်ကို စရောက်တဲ့


အဲဒီအချိန်က မြေကွက် 45/100ပေအကျယ် ကျပ်သိန်း65ပဲ

နှစ် (5/6)ကျော် မှာ
40/60အကျယ် သိန်း 600အောက်ဆုံးဈေး
ခု အဲဒီလူတွေ က‌ေမြသူ‌ေဌး ကိုဖြစ်သွားပြီ တည်ရှိနေတာက မြေကွက် ရလိုက်တာက အကျိုးအမြတ်ပဲ

အဓိကက နေမှာလား
ရင်းနှီး မြုတ်နှံမှာလား ဒါကိုတွေးရမှာပါ ခွဲခြားဝယ်ရမှာပါ

နေမှာမဟုတ် ရင် အနာဂတ်ဖြစ်လာနိုင်ချေကိုပဲတွေး ပါ
လူမနေသေးပဲ အနာဂတ်အမြင်ကိုမကြည့်ပဲ ခုလာကြည့်
အခုအတိုင်းမြင်တယ် ဆိုရင်မြေနဲ့ ပတ်သက်ပြီး အကျိုးအမြတ်က မရနိုင်လောက်ဖူး

ကဲ လက်ရှိ သိန်း 80တန် 2နေရာရမေ
မြို့ကွင်းလမ်းဘေး
40/70အကျယ် ပါ

24/04/2026

မဂ်လာပါ
အမှတ် 3
မြို့မရပ်ကွက်
အနံ 43
အလျား 100
ဗိုလ်ချုပ်လမ်းဘေးမေးတင်
မြေအလွတ်ကွက်
မီတာအပါ
ခေါ်ဈေး သိနန်း2500
အလျှော့အတင်းပါးပါး ရိုးရာမျက်ပါလေးနဲ့
ရောင်းရန်ရှိပါသည်။။

ပိုင်ရှင်တိုက်ရိုက်ညှိုနှိုင်းခွင့်ရပါသည်။။

မြို့ပြဘိုးဘပိုင်ခြံမို့

အလျှော့အတင်းရပါမည်နော်

စိတ်ဝင်စားပါက 09405588861
က်ိုဆက်သွယ်ပေးပါ

လုံးဝအရှုပ်အရှင်းကင်း
မယ်သီ အိမ်ခြံမြေရောင်းဝယ် ရေး
အမှတ်(၄) မြ်ို့ပတ်လမ်းအနီး
ဂန့်ဂေါမြို့။

Ph: 09405588861

ဝန်ဆောင်ခ
အရောင်း👉👉သိန်းတစ်ထောင်အထက်3% (ရောင်းသူဘက်မှပေးရန်)
သိန်းတစ်ထောင်အောက် 3% (ရောင်းသူဘက်မှပေးရန်)
ဌားရမ်း👉👉 အိမ်ရှင် /အိမ်ဌား တစ်လစာစီ

👉👉တရားဥပဒေနှင့်အညီ မယ်သီ အိမ်ခြံမြေမှ ရှေ့နေများ (သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ
နှင့်နှစ်ဦးနှစ်ဖက်သက်သေရှေ့တွေစာချုပ်ချုပ်ပေးသည်။
👉👉ရှေ့နေဌားခ (စာချုပ်ချုပ်ခ) ကို ရောင်းသူ/ဝယ်သူဘက်မှ ရှင်းပေးရန်။

မယ်သီ အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းချင်သူများ
#အိမ်ခြံမြေဝယ်ချင်သူများ
#အိခြံမြေငှားချင်သူများ
#ဂန့်ဂေါမြို့။

24/04/2026

မြို့မ ရပ်ကွက် အတွင်း
မြေအလွတ်ကွက် အရောင်းပိုစ့်

💎💎💎💎💎💎💎💎💎💎💎💎

ပေတရာ လမ်းမ ကြီးတကွက်ငုပ်
40/50ပေပတ်လည်အကျယ်
မြေပြင်အလွတ်ကွက်
ခေါ်ဈေး သိန်း400../အလျှော့အတင်းပါပြီ း
ပိုင်ရှင်တိုက်ရိုက် ဈေးအညှိဖြင့်ရောင်းချပေးပါမည်။

ရှယ်တန်လို့ ဒီနေရာဒီဈေး နောက်ထပ်လုံးဝ မရပါဘူးနော်

နေရာကောင်းရတုန်းယူထားကြပါ

Address

ရွှေပြည်လမ်း
Gangaw

Website

Alerts

Be the first to know and let us send you an email when Shwe Yote Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share