ကဗျာများ

ကဗျာများ Book store

အားလုံး မင်္ဂလာပါရှင့်မင်မင်အင်မတန်မှ ကြိုက်တဲ့ ကဗျာဆရာကိုသျှား(ကွယ်လွန်)ရဲ့ မျှော်ငေး(ဒုကြိမ်) ကို မဲဖောက်ပေးချင်လို့ပါ...
03/10/2024

အားလုံး မင်္ဂလာပါရှင့်

မင်မင်အင်မတန်မှ ကြိုက်တဲ့ ကဗျာဆရာကိုသျှား(ကွယ်လွန်)ရဲ့ မျှော်ငေး(ဒုကြိမ်) ကို မဲဖောက်ပေးချင်လို့ပါ

မင်မင်ကိုယ်တိုင် မျှော်ငေး (ပကြိမ်)ထုတ်ကို အသဲအသန် နှစ်တွေ မနဲပါဘူး လိုက်ရှာခဲ့တာ (ခုထိမရသေး) ဒုကြိမ်လေးပြန်ထွက်လာတော့ ကိုယ့်လို ကိုသျှားရဲ့
ပရိတ်သက်တွေကို မဲဖောက်ပေးချင်ပါတယ်ရှင့်

မင်"အတွက် ခွန်အားပေးနိုင်မယ့်စာလေးတွေ ရေးပေးကြစေချင်ပါတယ် မန့်အောက်မှာ အစဉ်လိုက် ပြန်ရေးပေးပါ့မယ်နော်

*ပို့ဆောင်ခကတော့ မဲပေါက်သူ ပေးရပါမည်ရှင့်*

07/09/2024

ဒီတခါနက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင်ဒေလီယာ
#သစ်ကောင်းအိမ်

ပြန်သောက်မိတဲ့စီးကရက်တွေကလည်း
ငယ်ငယ်တုန်းက
စီးကရက်တွေမဟုတ်တော့ဘူး။

ပြန်ထိုင်မိတဲ့ လက်ဘက်ရည်ဆိုင်တွေကလည်း
ငယ်ငယ်တုန်းက
လက်ဘက်ရည်ဆိုင်တွေမဟုတ်တော့ဘူး။

ပြန်နားထောင်မိတဲ့သီချင်းတွေကလည်း
ငယ်ငယ်တုန်းက
သီချင်းတွေမဟုတ်တော့ဘူး။

ပြန်ပေါင်းမိတဲ့သူငယ်ချင်းတွေကလည်း
ငယ်ငယ်တုန်းက
သူငယ်ချင်းတွေမဟုတ်တော့ဘူး။

ပြန်ရောက်ခဲ့တဲ့ငါမြို့လေးဟာလည်း
ငယ်ငယ်တုန်းက ငါ့မြို့လေးမဟုတ်တော့ဘူး။

ငယ်ငယ်က”မာရီလင်မွန်ရိုး..” ကတော့
“မာရီလင်မွန်ရိုး….” အတိုင်း လှပဆဲ။

တို့အတူလွှတ်ဖူးတဲ့စက္ကူလှေလေးတွေက
စမ်းချောင်းလေးအတိုင်းမျောပါဆဲ

တို့ကျောင်းရှေ့လမ်းမှာ
စိန်ပန်းပွင့်တွေကလည်း
ငယ်ငယ်တုန်းကလို ကြွေဆဲပဲ။

နှင်းဆီလိုချိုအီတဲ့ မင်းကိုယ်သင်းရနံတွေက
နှစ်နှစ်ဆယ်ကျော်ကာလကိုဖြတ်သန်း
သောင်ရင်းမြစ်တဖက်ကမ်းထိမွှေးပျံဆဲ။

ပဝါတကမ်းလက်တလှမ်း
နေ့စွဲတွေဟာလည်း
တို့နှစ်ယောက်ကြားမှာ
အရင်ကအတိုင်းရှိနေဆဲ။

မဖြောင့်တန်းတဲ့
ငါလျှောက်နေကျလမ်းတွေလို
တို့သူငယ်ချင်း” င၀န်” ဟာလည်း
ကွေ့ကောက်ဆဲ။

ငြိမ်းချမ်းပါစေ “ဒေလီယာ..”
ငြိမ်းချမ်းပါစေ ကမ္ဘာမြေကြီး
ငြိမ်းချမ်းပါစေ ကိုယ့်ရဲ့အလွမ်းများ။

ရေစီးကြမ်းတဲ့မြစ်ကိုဆန်လို့
လူသားရဲ့ဝိညာဉ်မွန်ဟာ
ခေတ်တွေကို
အချစ်တွေနဲ့ထမ်းပိုးသယ်ဆောင်လို့ပါလား။

အရှေ့ဆီမှာ
ရောင်နီလာတော့မယ် “ဒေလီယာ…”။

ဒီဇင်ဘာ၊ ၂၀၀၅

ပန်းတစ်ပွင့်ဟာ တစ်ခါမှားကြွေလည်း တစ်သက်လုံး ပြန်ပွင့်ခွင့်မရနိုင်တော့ဘူးမဟုတ်လား။ #ကိုသျှား
22/07/2024

ပန်းတစ်ပွင့်ဟာ တစ်ခါမှားကြွေလည်း တစ်သက်လုံး ပြန်ပွင့်ခွင့်မရနိုင်တော့ဘူးမဟုတ်လား။

#ကိုသျှား

ညနေတွေအကြောင်းတွေးရင်း သတိရတယ်ညနေတွေအကြောင်းပြောနေရင်းတန်းလန်းစိတ်က မင်းဆီ ထထထွက်သွားတယ်ငါ ငါ့စိတ်ကို ပြန်မခေါ်ရက်တော့ပါ...
18/07/2024

ညနေတွေအကြောင်းတွေးရင်း သတိရတယ်
ညနေတွေအကြောင်းပြောနေရင်းတန်းလန်း
စိတ်က မင်းဆီ ထထထွက်သွားတယ်

ငါ ငါ့စိတ်ကို ပြန်မခေါ်ရက်တော့ပါဘူးကွယ်။

- ကိုသျှား (မျှော်ငေး - ၇)

ရန်ကုန်မှာ မိုးတွေ ရွာနေတယ် အချစ် -အချစ်ရေ ရန်ကုန်မှာ မိုးတွေ ရွာနေတယ်။ သားသတ်ရုံက အမဲဖျက်ပြီးစ နွားသေကောင်ကြီးဆီက သွေးတ...
14/07/2024

ရန်ကုန်မှာ မိုးတွေ ရွာနေတယ် အချစ် -

အချစ်ရေ ရန်ကုန်မှာ မိုးတွေ ရွာနေတယ်။
သားသတ်ရုံက အမဲဖျက်ပြီးစ နွားသေကောင်ကြီးဆီက
သွေးတစ်စက်စက်ကျလာသလို မိုးတွေ ရွာလာပေါ့။
ရန်ကုန်ဟာ အဲဒီသွေးတစ်စက်စက် အသားတစ်ကြီးမို့
ကိုယ်ဟာ သွေးစက်တွေကို မကြည့်ပဲ မြင်နေရတယ်။
သားသတ်သမားတစ်ယောက်ရဲ့ သွေးကို ချစ်ခြင်းမျိုးနဲ့
ကိုယ်ဟာ မင်းကိုစိုရွှဲစေမယ့် မိုးရေတွေကို ချစ်တယ်။
ကိုယ့်စိတ်ထဲက မကောင်းဆိုးဝါး ကိုတော့ မင်းမမြင်စေနဲ့။
အချစ်ရေ အပြင်မှာ မိုးတွေ စွေနေတယ်။
ရုပ်ထုတွေရဲ့ စုံလုံးကန်းနေတဲ့ မျက်လုံးတွေပေါ်ကို
အပ်ချွန်တွေလို မိုးစက်တွေ တပေါက်ပေါက်ကျနေတယ်။
အလင်းဟာ ကမ္ဘာနဲ့ မထိုက်တန်သလို ရုတ်သိမ်းခံရ
အိန်ဂျယ်တွေရဲ့ တောင်ပံတွေမှာ ဖားဥတွေ စွဲကုန်တယ်။
ပြည်သူလူထုရဲ့ ဟနေတဲ့ ပါးစပ်ပေါက်တွေထဲ
နောက်ဖေးလမ်းကြားက ချီးရေတွေ တရဟောဝင်ခဲ့ပေါ့။
လူတွေရဲ့ ဒွါရတွေထဲ လိင်မှုပြုဖို့ ရေဆိုးတွေ စီးဝင်လာခဲ့ပေါ့။
အချစ်ရေ အပြင်မှာ မိုးတွေသည်းနေတယ်။
ကိုယ်တို့အတွင်းက သံနဲ့လုပ်ထားတဲ့ အမုန်းတရားတွေ
တဖြည်းဖြည်း အရည်ပျော်တဲ့အထိ မိုးတွေရွာနေတယ်။
ဆင်းရဲမှုဟာ တလိပ်လိပ်တက်လာတဲ့ တိမ်မည်းတွေ
သေပွဲဝင်သူများလို ကလေးတွေ မိုးရေထဲ ပြေးထွက်လာခဲ့။
မိုးရေအောက်မှာ ဆောက်လက်စကွန်ဒိုတိုက်ကြီးတွေ
မိုးကြိုးပစ်ခံရတဲ့ ဒိုင်နိုဆောတွေလို နာကျင်အော်ဟစ်လို့။
အချစ်ရေ မျက်စိတွေကိုမှိတ်ထားပါ မိုးသံကို ခံစားပါ
စိုစွတ်တဲ့ ကိုယ့်အနမ်းတွေကို နုံးခွေသွားတဲ့အထိ ခံယူပါ။
ကိုယ်တို့မျက်ခွံပေါ် အမြုံကာလရဲ့သွေးတွေ ရွာကျနေခဲ့ပေါ့။
မာကွန်ဒိုမှာ ရွာတဲ့မိုးလို အုတ်ဂူထဲက မြည်နေတဲ့ဖုန်းလို
ကျည်ဆန်တွေနဲ့ ရေးတဲ့ကျမ်းစာလို မြေအောက်ခန်းရဲ့တေးလို
ဌက်သေရဲ့ အတောင်တဖျပ်ဖျပ်လို ဖာသည်မရဲ့ ညည်းသံလို
သူတော်စင်တစ်ပါး ခေါင်းခါသလို အမှောင်စိတ်ရဲ့ကဗျာလို
ရန်ကုန်မှာ မိုးတွေ သည်းသည်းမဲမဲ ရွာနေပြီ အချစ်။

- အောင်ခင်မြင့် -

25/05/2024

မျှော်ငေး (၇)"

မင်းနာမည်ကို
အတွေးနဲ့ တိုးတိုးလေး ခေါ်နေမိတယ်
ငါ လွမ်းလို့ မိုးဟာ ရွာရတယ်
ငါ လွမ်းလို့ နေဟာ သာရတယ်

အေးကွယ် . . .
အလွမ်းနဲ့ ညိပြီး စုတ်ပြတ်သွားရတဲ့
စက္ကူစွန်လေးဟာ ငါပါပဲ
အေးကွယ် . . .
အဲဒီလိုစုတ်ပြတ်သွားရပုံကို
နာကျင်စွာ ပျော်ရွှင်ကျေနပ်မိသူဟာလည်း
ငါပါပဲ

ညနေတွေအကြောင်းတွေးရင်း သတိရတယ်
ညနေတွေအကြောင်းပြောနေရင်းတန်းလန်း
စိတ်က မင်းဆီ ထထထွက်သွားတယ်

ငါ ငါ့စိတ်ကို ပြန်မခေါ်ရက်တော့ပါဘူးကွယ်

မင်းဆီရောက်လာတဲ့အခါ
အဲဒီငါ့စိတ်ကလေးကို တယုတယကြိုဆိုပါ
ပြီးတော့ . . .
ဖက်လှဲတကင်း သိမ်းထားပါ

မင်းရင်ခွင်ပေါ် ပေါက်ရောက်နေတဲ့စံပယ်ရုံလေး
ဖြစ်ပါရစေ
မင်းခေါင်းမှာ ဝေနေမယ့် မေတ္တာပန်းကုံးလေး
ဖြစ်ပါရစေ

ငါ့ချစ်ခြင်းကို ဆံကုပ်လို ကုပ်ပါ
ငါ့ချစ်ခြင်းကို ကလစ်လို ညှပ်ပါ

ငှက်တွေက ပျံရင်းသေတယ်
လူတွေက ကြံရင်း သေတယ်
ဒါဆို . . .
စောင့်မျှော်ရင်း သေချင်တဲ့ငါက
နတ်သားလား ခွေးလား

မင်းက လရောင်လေ
ငါက မင်းကို မော့ငေးပြီး
သံရှည်ဆွဲအူနေရုံ

ကန်းနေသော အနာဂတ်ထဲ
ဘာမှမမြင်သူဟာ တိုး၀င်နေပါတယ်
လက်ဘက်ရည်ခွက်ထဲ
ယင်ကောင်လိုသာ
ကျသေလိုက်ချင်တော့တယ်

ကိုသျှား

24/05/2024

❝ အချစ်...ကိုယ်မင်းဆီလာနေပြီ ❞

ယုံပါအချစ်ရေ ကိုယ် မင်းဆီလာနေပြီ
ခြေဖဝါးတစ်ဖက် ဆူးစူးထားတဲ့ ခြေတစ်ပေါင်ကျိုး
အိန်ဂျယ်တစ်ပါးလို
ကိုယ် မင်းဆီလာနေပြီ
ဒုတိယဘဝကို ငြင်းဆိုလိုက်တဲ့ ဘိက္ခုတစ်ပါးရဲ့
သေချာမှုမျိုးနဲ့ ကိုယ် မင်းဆီလာနေပြီ
လှိုင်းတံပိုးထန်နေတဲ့ မာရ်နတ်ရဲ့ ဝဲဘက်ရင်အုံကို
ဖြတ်ပြီး ကိုယ် မင်းဆီ အပြေးလာနေပြီ
သံဆူးကြိုးအတားတွေကို လက်ဗလာနဲ့ တွန်းလှဲပြီး
ကိုယ် မင်းရှိရာ အပြေးလာပြီ
ပြာမှုန်တွေဝဲနေတဲ့ သမိုင်းရဲ့ လေထုညစ်ညမ်းမှုထဲ
ကိုယ် မင်းဆီ မနားတမ်း ပျံသန်းလာပြီ
နှင်းတွေနဲ့ ဖုံးနေတဲ့ ရေတွင်းပျက်ထဲကနေ ပဲ့တင်သံကို တွယ်တက်ရင်း ကိုယ် မင်းဆီလာနေပြီ
အချစ်ရေ ကိုယ့်ကို ထပ်လို့စောင့်ပေးပါဦး
သွေးချင်းချင်းနီနေတဲ့ ပြည်သူတွေ လဲကျနေတဲ့ ရင်ပြင်ကို ဖြတ်ပြီး ကိုယ် မင်းဆီလာနေပြီ အော်သံတွေဟာ စိန်ပန်းတွေအဖြစ် ပွင့်လာတဲ့ မသေမရှင် အဖြစ်ထဲမှာ ကိုယ် မင်းဆီလာပြီ တက်ခလုတ် တက်ခလုတ်လို့ ကိုယ့်ဘာသာအော် အရိုးစုမြင်းကြီးကို ခရီးပြင်းနှင်ရင်း
ကိုယ် လာပြီ လင်ရှိမိန်းမတွေရဲ့ တံတွေးတွေတွဲခိုနေတဲ့ အနမ်းလို အချစ်ရှိရာ ကိုယ် တရကြမ်းလာပြီ
ကိုယ့် စိတ်အနာတရတွေကို နှင်းဆီနီနီတွေအဖြစ်
မင်းအတွက် ယူဆောင်ပြီး ကိုယ် လာခဲ့ပြီ
သဲမုန်တိုင်းတိုက်နေတဲ့ ကိုယ့် နတ္ထိတရားထဲကနေ
ကိုယ် မင်းရှိရာ အရောက်လာပြီ
သူ မွေးဖွားရာမှာ ပြန်သေဖို့ ခက်ခက်ခဲခဲ သွားနေတဲ့
ခွေးအိုကြီးတစ်ကောင်လို ကိုယ် မင်းဆီလာပြီ
မိုးစက်တွေ သီးနေတဲ့ တယ်လီဖုန်းကြိုးထဲကနေ
အနက်ရောင်ဝိညာဉ်အဖြစ် ကိုယ် စီးဆင်းလာပြီ
တလှုပ်လှုပ်ကျန်နေခဲ့တဲ့ သစ်သားတံတားကိုဖြတ်ပြီး
တံတားပေါ်က ခုန်ကျလိုက်တဲ့လူလို ကိုယ် မင်းဆီလာပြီ
ခြေကြိုခြေကြားတွေထဲ လိမ့်လာတဲ့ မျက်ရည်ယိုဗုံးလို ကိုယ် မင်းဆီ လူးလှိမ့်လာနေပြီ
မွေးလာသမျှ ကိုယ့်သားသမီးကို ပြန်စားတဲ့ ကြောင်စုန်းရဲ့ စိတ်မျိုးနဲ့ ကိုယ် မင်းဆီလာပြီ
အမှောင်ထဲကနေ စူးစူးရဲရဲ ထွက်လာတဲ့ ပန်းရနံ့လို
ကိုယ် မင်းရဲ့ ဝိညာဉ်ထဲ လာပြီ
ဂျူးလိယက်ဆီဇာရဲ့ နောက်ကျောကို ဖောက်မယ့်
ဓားမြှောင်တစ်လက်လို ကိုယ် မင်းဆီလာပြီ
ရင်အုံတွေထဲကို ကျည်ဆန်တွေအဖြစ် ဖောက်ဝင်သွားတဲ့
ခါးသီးတဲ့ အကြည့်တွေလို ကိုယ် လာပြီ
အမုန်းတရားတွေ တောက်လောင်နေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ
အချစ်ရေလို့ အော်ပြီး ကိုယ် လာနေပြီ လာပြီ
စကားလုံးတွေကို သံချွန်ဆူးငြောင့်များလို ကြဲထားတဲ့
ကဗျာတစ်ပုဒ်ကို ဖြတ်ပြီး ကိုယ် မင်းဆီလာနေပြီ

▪️အောင်ခင်မြင့်

#အောင်ခင်မြင့်

23/05/2024

ပန်းသီးတစ်လုံး
ထက်ခြမ်းခြမ်းသလို
ငါတို့လမ်းခွဲခဲ့ကြတယ်။

မင်းကိုမုန်းလို့မဟုတ်ဘူး
မင်းကိုမချစ်လို့မဟုတ်ဘူး။

ငါရောက်ရှိနေတဲ့
ချောက်နှုတ်ခမ်းအစပ်က
ဆက်လက်နောက်ဆုတ်ပေးရန်
ငါ့မှာကွက်လပ်မကျန်ရစ်တော့လို့ပါ။ ။

မိုဃ်းဇော် | လမ်းခွဲ

သစ္စာပန်းများနဲ့မေလ................................တစ်ဘ၀ ကဗျာဆရာမဟုတ်ခဲ့တာ သေချာပြီ။ဘာတစ်ခုမှ မရှိတော့တဲ့ မေလမှာနောက်ထပ်...
13/05/2024

သစ္စာပန်းများနဲ့မေလ................................

တစ်ဘ၀ ကဗျာဆရာ
မဟုတ်ခဲ့တာ သေချာပြီ။
ဘာတစ်ခုမှ မရှိတော့တဲ့ မေလမှာ
နောက်ထပ် ဘာမဆို ပေးလိုက်ရပြန်တဲ့ မေလမှာ
အဆင်မပြေမှုတွေ
အစီအစဉ်ကျလွန်းတဲ့ မေလမှာ
အလကားရတဲ့ ညနေခင်းကတောင်
မထေမဲ့မြင်ပြုခံရတဲ့ မေလမှာ
ဒုက္ခတွေ အဆုပ်လိုက် အဆုပ်လိုက်
ပွင့်အားကောင်းတဲ့ မေလမှာ
အားကြီးဖုန်ထတဲ့ လေပူထဲ
အနှံ့ပြားစီပွချင်တိုင်း ပွနေ လွင့်နေတဲ့
လဲမှို့တွေလို မေလမှာ
အဆုပ်ပွပွ ညတွေရသူ မေလမှာ
သလိပ်ဖတ်လို
လမင်းကြီးကို မြင်မိသူ မေလမှာ
အပ်တစ်ဖျားထောက်စရာ မလပ်အောင်ဘဲ
ဒဏ်ရာအပြည့်ခန္ဓာနဲ့ မေလမှာ
မေလပေါင်းများစွာ ပြန်လည်စုစည်းမိသူ မေလမှာ
အချိန်မှန်အတွင်း
လူနာအဖြစ် တင်ပို့ခံရသူ မေလမှာ
အပ်ဖျားတစ်ခုပေါ် ရောက်ခဲ့ပေမယ့်လည်း
ပြန်လည်ကျန်းမာခွင့်မရှိတော့တဲ့ မေလမှာ
အသက်ရှင်တစ်ချက် မရှင်တစ်ချက် မေလမှာ
မေလက မေလကို
အသေသာ ပြန်ရလိုက်တဲ့ မေလမှာပေါ့။
ချော်ရည်ပူ ကျိချွဲချွဲ နေ့လည်စာတွေ
ငါးမန်းတောင် ဆူးကြမ်းပြင်တွေ
ဆာတေးရီးယန်း မြက်ပင်ရှည်လက်တွေ
လူအဖြစ် သရုပ်ဆောင်ရသူ မေလ
လောကဘရိတ်သွားပေါ်
တွားသွားသတ္တဝါဖြစ်ရသူ မေလ
တစ်နေ့ထဲ
သင်္ဘောအကြိမ်တစ်ရာ မှောက်ရတဲ့ မေလ
တောအလှူတစ်ခုမှာ
လူချင်းတိုက်မိလို့
မတော်တဆ ပန်းကန်ထဲ ဖိတ်ကျတဲ့
အသားတုံး အကျလေးတောင်မှ မစားရသူ မေလ
မနက်လင်းရင်
ကိုယ့်အသုဘကိုချပြီး
မြို့ကြီးထဲ ထွက်ခွာသွားသူ မေလ
သူတစ်ပါးရဲ့ အသုဘမှာ
အငှားလိုက်ငိုရတဲ့ ငိုချင်းသည်မ မေလ
သူ့ကလေးတွေကို မုန့်ဝယ်မကျွေးနိုင်လို့
သူ့လက်မောင်းသွေးတွေ ဖောက်တိုက်ရရှာသူ မေလ
နေ့ပြန်တိုးတွေ ၀က်အူစုပ်ခံရသူ မေလ
ဘဝရဲ့ ဘက်ထရီအိုးတွေ
တော်တော်များများ ဖျက်ဆီးခံရသူ မေလ
အင်မတန် အကြွေရဲတဲ့ ငုပင်တွေအပေါ်
သူ့အသက်ရှူငွေ့ကလေး
သွားတင်ထားမိတဲ့ မေလပေါ့။

မေလထဲကနေ
အသည်းနှလုံးကို ဆတ်ကနဲ ဆွဲထုတ်ပြီး
ဖဲသမားတစ်ယောက် ဖဲချပ်ကိုဆွဲထုတ်
လက်ဝါးထဲထည့်
ဖျန်းခနဲ ရိုက်ချလိုက်သလိုမျိုး
ရိုက်ချကြည့်လိုက်တဲ့အခါ
မေလရာသီဟန်ဆောင်နေတဲ့ မေလကိုသာ
တွေ့ရတဲ့ မေလပေါ့၊
ဖြူတစ်ကောင်လို ခါချလိုက်လို့
ဖြူဆူးတွေ အကုန်ကွာကျသွားမယ့်
ဖြူဘဝရောက်ပြီ။

မေလရာ
ခါချလိုက်ပါဆိုရင်တောင်
အကြိမ် ၂ သိန်း ၄ သောင်းခါမှ
တစ်ကြိမ်သာ သူ့ဒုက္ခဖြူဆူးများ ကွာကျနိုင်မယ့် မေလပေါ့။ ။

#မောင်ချောနွယ်

မထူးတော့ပါဘူးလေဆိုပြီးကိုယ့်ဘဝကို အမျောမခံနဲ့သံမဏိကြိုးတစ်ချောင်းလို အားတင်းထားကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံလက်ဖြောင...
20/04/2024

မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့
သံမဏိကြိုးတစ်ချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆန်လို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဋ္ဌာရုံတွေချည်းပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့
ပျော်စရာသီချင်းသံလေးတွေလည်း ရှိတယ်ကွယ်။

#မိုဃ်းဇော်

Address

Hinthada

Website

Alerts

Be the first to know and let us send you an email when ကဗျာများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကဗျာများ:

Shortcuts

Share