21/12/2021
မင်မင်ကတော့ Burt’s Bee ကိုအကြိုက်ဆုံးပဲ 🐝
[REVIEW] LIP BALMS 2021
All the stuff I used in 2021.
Product review ပါတာနည်းနည်းများတာမို့လို့ စာတော်တော်ရှည်မယ်။ အားလုံးကောင်းတယ်လို့ရေးထားတာမဟုတ်လို့ စာသေချာဖတ်ဖို့တော့လိုပါမယ်။ စာမဖတ်ဘဲသုံးမိလို့အဆင်မပြေရင်မသိဘူးနော်။ တခါတလေ ကိုယ်ကမကောင်းဘူးအဆင်မပြေဘူး မကြိုက်ဘူးရေးလိုက်တာတွေကို ပြန် share ပြီးတော့ “အကောင်းကြိုက်တတ်တဲ့ The Rosie Edit က review ရေးလိုက်ပြီ။ Instock ပါ” ဆိုတာတွေမြင်ရတာခေါင်းကြိမ်းလို့။ Rosie က အကောင်းလည်းကြိုက်တယ် စိတ်ကူးပေါက်တာတွေထထရေးတာလည်းရှိတယ်။ ဒါကြောင့် စာသေချာဖတ်တာအကောင်းဆုံးပဲ။
COSRX – LIP PLUMP AHA BHA VITAMIN C LIP PLUMPER
COSRX ကအသစ်ထွက်တဲ့ lip product တွေထဲမှာဖူးပွင့်ဒီတစ်ခုကိုသဘောအကျဆုံး။ Soft and thick gel cream texture လိုမျိုးလေး။ Balm မဟုတ်ဘူး။ အနံ့လည်းမပါဘူး။ ညဘက်သုံးပြီးရင်နောက်နေ့မနက်ကျ နှုတ်ခမ်းသားဖူးဖူးဖောင်းဖောင်းလေးဖြစ်နေပြီးတော့ ပန်းရောင်ဘက်ပြေးနေတာ။ အစိုဓာတ်လည်းသေချာထိန်းပေးနိုင်တယ်။ AHA and Vitamin C ပါတဲ့အတွက်ကြောင့်မို့လို့ အချိန်ကြာကြာသုံးရင်နှုတ်ခမ်းညိုတာကိုအရောင်ဖျော့သွားအောင်လုပ်ပေးနို်ငတယ်။ ဒါကသီအိုရီအရဖူးပွင့်ခန့်မှန်းတာဖြစ်ပြီးတော့ ဖူးပွင့်အနေနဲ့အချိန်အကြာကြီး (နှစ်ချီ) မသုံးရသေးတဲ့အတွက် တပ်အပ်မပြောနိုင်ပါ။
လိမ်းပြီးနှုတ်ခမ်းသားမှာ နည်းနည်းခပ်စူးစူးဖြစ်သလိုမျိုး (light stinging feeling) ဖြစ်တာကိုမကြိုက်ရင်ရှောင်ပါ။ Plumping ဖြစ်အောင်လုပ်ပေးဖို့အတွက် သူ့ထဲမှာ active ingredient တွေပါတဲ့အတွက်ကြောင့်မို့လို့ တချို့သောသူတွေအတွက် plumping ingredient က irritation ဖြစ်နေနိုင်ပါတယ်။ ဖူးပွင့်အတွက်ကတော့အဆင်ပြေပါတယ်။
မနက်နိုးလာလို့ နှုတ်ခမ်းဖူးဖူးလေးအချိန်ကြာကြာဖြစ်နေတာမျိုးကိုကြိုက်ရင်ဒါကို highly recommend လုပ်ပါတယ်။ နေ့တိုင်းသုံးစရာမလိုပါ။ တစ်ရက်ခြားလောက်သုံးပြီး maintain လုပ်လို့ရပါတယ်။ Plump lips without lip fillers ပေါ့။
Price – 31,000 MMK
Where to buy – LIBRA
COSRX – LIP SLEEP PROPOLIS LIP SLEEPING MASK
Honey, propolis ကြိုက်တတ်တဲ့ဖူးပွင့်အတွက် ဒါလေးကလည်းအဆင်ပြေတယ်။ Very hydrating and nourishing ဖြစ်တယ်။ သုံးလိုက်ရင်အဆီရွှဲထူလပျစ်ကြီးဖြစ်ပြီးပုံနေတဲ့ lip mask လိုမျိုးမဟုတ်ဘူး။ Deep moisturising ဖြစ်ပြီးတော့ နှုတ်ခမ်းသားခြောက်တာကိုသေသေချာချာကာကွယ်ပေးနိုင်တယ်။ နှုတ်ခမ်းခဏခဏကွဲတတ်တဲ့သူ၊ နှုတ်ခမ်းသားခြောက်တာခဏခဏဖြစ်တတ်တဲ့သူတွေဆောင်ထားသင့်တဲ့ lip sleeping mask လို့ထင်တယ်။ Propolis ပါလို့နှုတ်ခမ်းသားကိုအားဖြည့်ပေးတဲ့ ingredient ပါတယ်ပေါ့။ သူကကောင်းတာကနည်းနည်းလေးလိမ်းပေးလိုက်ရုံနဲ့ လုံလောက်သွားတယ်။ နည်းနည်းလေးဆိုမှနည်းနည်းလေးပဲသုံးရတာမို့လို့ အချိန်အကြာကြီးခံတယ်။ သူက soft balm ကိုမှနှုတ်ခမ်းကိုမှာလိမ်းလိုက်မှ ပျော်ပြီး lip balm ဖြစ်သွားတာမျိုး။ အနံ့လည်းမပါဘူး။ Laneige lip sleeping mask ကိုကြိုက်ပေမယ့် အနံ့ပါတာကိုမကြိုက်တဲ့သူတွေအတွက်တော့ ဒီတစ်ခုကအဆင်ပြေမယ်။
Price – 31,000 MMK
Where to buy – LIBRA
LANEIGE – LIP SLEEPING MASK*
Facebook ပေါ်မှာ Review ပေါင်းသောင်းခြောက်ထောင်ရှိတာမို့သိပ်ပြီးအရှည်ကြီးမရေးတော့ဘူးနော်။ Review တွေအတိုင်းပဲပေါ့။ ညဘက်လိမ်းအိပ်လိုက်ရင်နှုတ်ခမ်းကိုသေသေချာချာရေဓာတ်ဖြည့်ပေးပြီး နှုတ်ခမ်းမကွဲဘူးပေါ့။ သူကနောက်ပိုင်း flavour အသစ်တွေထွက်တယ်ဆိုတော့ အဲ့ဒီလိုမျိုးကြိုက်တတ်တဲ့သူတွေအတွက်အဆင်ပြေတယ်။ အနံ့လေးပါတယ်ပေါ့။ ဘူးတွေကတော့အရောင်လေးတွေပါပေမယ့် သုံးပြီးသွားရင်တော့အရောင်က နှုတ်ခမ်းပေါ်မှာမကျန်သလောက်ပါပဲ။
ဖူးပွင့်အတွက်သတိထားမိတာတစ်ခုက ဒီတစ်ခုကိုသုံးရင် ဖူးပွင့်ရဲ့ အောက်နှုတ်ခမ်းနားက မေးစေ့နားတဝိုက်မှာအဆီဖုအမာအခဲလေးတွေဖြစ်တယ်။ ချွေးပေါက်ပိတ်သလိုမျိုးပဲ။ အစက skincare routine ကြောင့်ထင်တာ။ Routine ပြောင်းလိုက်လည်းပဲပြဿနာကဆက်ရှိနေတော့ စိတ်အရမ်းဖိစီးလို့ဖြစ်တဲ့ဟော်မုန်းပြဿနာကြောင့်ထင်နေတာ။ ဒါပေမယ့် ဒါကိုမသုံးဘဲ တခြား lip product သုံးတာရက်သွားပြီး အဖုလေးတွေပျောက်သွားတော့ နောက်ဆုံးမှာတွေ့ရှိတာကဒါကတရားခံပေါ့နော်။ ညဘက်အိပ်လို့လူးလှိမ့်ရင်းနဲ့ lip mask နေရာရွေ့ပြီးနှုတ်ခမ်းနားတဝိုက်က ချွေးပေါက်တွေပိတ်သွားတာလို့ထင်တယ်။ အဲ့ဒါလေးဖြစ်တတ်တာကလွဲရင်ကျန်တာအိုကေ။
Size အများကြီးလာတော့ lip balm လည်းသုံးချင်တယ် budget အပိုင်းချိန်နေတယ်ဆိုတဲ့သူတွေအတွက်အဆင်ပြေတယ်။ အစစ်တော့ဝယ်ဖို့လိုတာပေါ့နော်။ သူကအတုထွက်တတ်လို့။
Price - ဒါက mini collection ထဲကဘူးသေးလေး။ အဲ့ဒီဘူးမျိုး လေးဘူးပါတာကို 28,000 MMK ထင်တယ်။ မနှစ်ကဌာနကလူတွေကိုလက်ဆောင်ပေးဖို့ဝယ်ပြီး တော့တစ်ဘူးကျန်ခဲ့တာကိုသုံးတာ။
Where to buy – Any online shop
VASELINE – LIP THERAPY ORIGINAL AND ROSY LIPS*
Original ကို rosy lips ထက်ပိုပြီးတော့ကြိုက်တယ်။ Rosy lips ကအနံ့လေးနည်းနည်းပါတာကိုသိပ်မကြိုက်တာ။ သူက lip mask တွေလိုမျိုးမဟုတ်ဘဲနှုတ်ခမ်းခြောက်တိုင်းထုတ်ပြီးသုံးသင့်တဲ့ everyday lip balm လိုမျိုးပေါ့။ Treatment ထက်ကို protection သဘောမျိုးလို့ပြောရမယ်။ သူကအမှန်တကယ်တော့ ဘူးသေးလေးနဲ့ထည့်ထားတဲ့ Petroleum jelly ပါပဲ။ တခြား added ingredient တွေပါလည်း ရာနှုန်းကပိစိလေး။ အဓိကကတော့ နှုတ်ခမ်းခြောက်တတ်တဲ့သူတွေအိတ်ထဲမှာဆောင်ထားသင့်တဲ့ everyday lip product ပေါ့။ Budget လည်းကိုက်တယ်။ ၇ ထောင်တန်တစ်ဘူးဆိုအကြာကြီးသုံးပါလေ့။ City Mart မှာရောင်းတဲ့ vaseline petroleum jelly ဘူးအကြီးကြီးလည်းဒါပဲ။ Result ဘာမှသိပ်မကွာဘူး။ အဲ့ဒီအလွယ်ဝယ်လို့ရတဲ့ဘူးကြီးက တွက်ခြေပိုကိုက်တယ်။ ဒီဘူးသေးလေးတွေကတော့ သယ်ရလွယ်တာပေါ့။
Price – 6,500 MMK ထင်တာပဲ
Where to buy - Charm
LUCAS’ PAPAW OINTMENT*
Melbourne မှာနေတုန်းက လူတော်တော်များများဒါကိုသုံးကြတာကိုတွေ့ဖူးတယ်။ ဈေးသက်သာတာကိုး။ သူက အပေါ်က vaseline လိုမျိုးပဲ။ ဒါကိုဒီမှာကြေငြာကြတာကိုမြင်ရင်အရမ်းအူယားတာတစ်ခုက papaya မှာပါတဲ့ fermented extract ထည့်ထားတာမို့ all natural blah blah blah ဆိုပြီးအရမ်းတွေကို ဈာန်းတင်ကြတာ။
This is just petroleum jelly ဒါပဲ။ သူက Vaseline petroleum jelly ရဲ့ သြစတေးလျတိုက်က မောင်နှမဝမ်းကွဲလို့ပြောချင်ရင်တောင်ရသေးတယ်။ Vaseline petroleum jelly/ Lip Therapy နဲ့ရတဲ့ result ကတူတူပဲ။ ဘာမှသိပ်ပြီးထူးမနေဘူး။ မယုံရင်ဝယ်သုံးကြည့်ကြည့်။
ဘာပါလဲဆိုတော့ petroleum jelly ကို fermented fruit extract နည်းနည်း၊ wax နည်းနည်း၊ fruit extract ချဥ်ပြီးမပျက်သွားအောင် preservative နည်းနည်းထည့်ပြီးတော့ဖော်ထားတာ။
မသုံးမဖြစ် must-try product လား။
မဟုတ်ဘူး။ ဒါက Australia ကလူတွေနေ့တိုင်းသုံးကြတဲ့ everyday product လိုမျိုးပဲ။ စမ်းသုံးကြည့်ချင်ရင်တော့သုံးပါ ဒါပေမယ့် ဒါကိုသုံးပြီး miracle result လိုမျိုးမျှော်နေရင်တော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့စိတ်ညစ်သွားလိမ့်မယ်။
Price – 13,500 MMK (ထင်တာပဲ)
Where to buy - Moony
BURT’S BEES – BEESWAX LIP BALM (VITAMIN E & PEPPERMINT)*
Lip balm တွေသုံးတဲ့အခါအဆီတရွှဲရွှဲဖြစ်တာကိုမကြိုက်ရင် ဒီတစ်ခုကိုသုံး။ သူက waxy lip balm လို့ပြောရမယ်။ မစိုမခြောက်ပုံစံမျိုးနဲ့ သုံးပြီးသွားရင်နှုတ်ခမ်းအပေါ်မှာတစ်လွှာအုပ်ထားတဲ့ feeling လိုမျိုးကိုပေးတယ်။ Finish ကမပြောင်ဘူး။ ပုံမှန်ပဲ။ ဖူးပွင့်သတိထားမိတာက ဒါကိုနှုတ်ခမ်းမခြောက်ခင်ပုံမှန်သုံးမှအဆင်ပြေတယ်။ နှုတ်ခမ်းတော်တော်ခြောက်ပြီးမှသုံးရင်နှုတ်ခမ်းသားစိုဖို့အတွက် အချိန်နည်းနည်းပိုပေးရတယ်။ အဲ့ဒါလေးတစ်ခုပဲ။ ကျန်တာကတော့ကောင်းပါတယ်။ ဖူးပွင့်က Peppermint ပါတာကိုကြိုက်လို့ peppermint ပါတာကိုဝယ်လိုက်တာ။ တခြား scent and flavour တွေလည်းရှိတယ်။ Watermelon တို့ Cucumber တို့လိုမျိုး။ ဒါကိုက review ရေးဖို့ reader request တောင်းဆိုကြတဲ့အထဲမှာပါလို့ဝယ်လိုက်တာ။ Repurchase ထပ်ပြီးဝယ်ဖြစ်မယ်မထင်ဘူး။ ဖူးပွင့်က lip balm ဆိုရွှဲအိအိလေးဖြစ်တာကိုကြိုက်လို့ ဒီတစ်ခုနဲ့ကသိပ်ပြီးကီးမကိုက်ဘူး။
ဒီအောက်မှာဆက်ပြီးရေးမှာကတော့ တွေဖြစ်ပါတယ်။ မနှစ်က local lip balm post အတွက်သုံးပြီးတော့ ဒီနှစ်အထိဆန်ကာတင်ကျန်ခဲ့တဲ့ တွေပါ။ အခုအချိန်အထိသုံးနေတာတွေမို့လို့ ဖူးပွင့်တော်တော်ကိုသုံးရတာစိတ်ကျေနပ်တဲ့အထဲပါဝင်ပါတယ်။
Price – 10,000 ဝန်းကျင်
Where to buy – US Online Shop တစ်ခုက Burt’s Bee Lip Balm ဆိုပြီးရှာလိုက်။ အဲ့ဒီမှာရောင်းနေတာတွေ့လို့ဝယ်လိုက်တာ။
LUSCIOUS BEAUTY – STRAWBERRY SORBET
Burt’s Bee ကိုကောင်းကောင်းယှဥ်လို့ရတဲ့ locally made lip balm လို့ပြောလို့ရတယ်။ သူက Burt’s Bee လိုပဲနည်းနည်းလေး waxy ဖြစ်တယ် ဒါပေမယ့် emollient လည်းဖြစ်လို့ moisture ကိုလည်းထိန်းပေးနိုင်တယ်။ ခြောက်ကပ်ကပ်လည်းမဟုတ်သလို အဆီရွှဲရွှဲလည်းမဖြစ်ဘူး။ မနှစ်က formula က Burt’s Bee နဲ့တော်တော်ကြီးကိုတူတယ်။ ဒီနှစ် formula ကတော့ မနှစ်ကထက်ပိုပြီးကောင်းလို့ဖူးပွင့်ပိုပြီးသဘောကျတယ်။
ဒီ brand ရဲ့အားသာချက်က colour range ခပ်များများရှိတာပဲ။ ပန်းရောင်၊ အနီရောင် ဒါမှမဟုတ်လည်းအရောင်အငြိမ်လေးတွေကြိုက်တတ်တဲ့သူတွေအတွက် မက်မွန်ရောင်၊ ကော်ဖီရောင်လိုမျိုးပါရှိလို့ tinted lip balm ကြိုက်တတ်တဲ့သူတွေအတွက်အဆင်ပြေတယ်။ Tinted lip balm ကိုကြိုက်တယ်။ အပေါ်မှာရေးထားတဲ့ lip care function လိုမျိုးကိုလည်းကြိုက်တယ်။ ပြီးတော့ local brand တွေကို လုပ်ချင်တယ်ဆိုရင် ဒီတစ်ခုကိုရွေးပါ။
Price – 6,500 MMK (ထင်တယ်)
Where to buy – Luscious Beauty
MAPLE & MARSHALL – ALL NATURAL HONEY LIP BALM
လုံးဝ all natural ingredients lip balm ကိုသုံးချင်ရင်ဒီတစ်ခုကိုသုံးဖို့ HIGHLY RECOMMEND လုပ်တယ်။ ဘယ်လောက် natural ဖြစ်လဲမဖြစ်လဲဆိုတာ ပုရွက်ဆိတ်ပါဝိုင်းတယ်။ အဲ့ဒီလောက်ကို natural ဖြစ်တယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေ all natural ingredients lip balm ကိုရှာနေရင် ဒီတစ်ခုကိုပဲသုံး။
အနံ့လေးက honey lemon meringue နဲ့တူတယ်။ ပြီးတော့ သုံးလိုက်ရင်လည်း balm အပျော့စားလေးမို့လို့ နှုတ်ခမ်းသားထဲစိမ့်ဝင်လွယ်တယ်။ သုံးပြီးသွားရင်နှုတ်ခမ်းလေးကအိအိလေးဖြစ်ပြီးကျန်ခဲ့တယ်။ အပေါ်မှာရေးထားတဲ့ Vaseline Lip Therapy နဲ့ Lucas’ Papaw Ointment ကို lip care functionality ပိုင်းမှာအသာလေးယှဥ်နိုင်တဲ့ lip balm တစ်ခုလို့ပြောရင်မမှားဘူး။ ဒီ lip balm ကိုထုတ်တဲ့သူက ကချင်ဒေသဘက်မှာနေတော့ အခုတလောသူတို့နေတဲ့ဒေသနားမှာအေးချမ်းရဲ့လားဆိုတာကိုစိတ်တောင်ပူတယ်။ Please support this brand.
Price – 6,000 MMK ဝန်းကျင်
Where to buy – Maplevlog
Review လေးကတော့ ဒီလောက်ပါပဲ။ စာလည်းနည်းနည်းရှည်သွားပြီမို့လို့ ရပ်လိုက်တော့မယ်နော်။ အားလုံးရွေးချယ်ရတာအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်။
See you.
Stay safe. Stay healthy.
Love,
Rosie
Disclaimer – NOT sponsored to write this post. Items marked with (*) are purchased with my money. Reviews are my own opinion.
P.S - Photo