The 12th Man’s Voice

The 12th Man’s Voice Blame For Happy🖕

ဘာတွေမျှော်လင့်နေတာလဲ🤣🤣🤣🤣
11/02/2026

ဘာတွေမျှော်လင့်နေတာလဲ🤣🤣🤣🤣

အာဆင်နယ်ကတော့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ကို သာသာယာယာပဲ တက်ရောက်သွားပါပြီတစ်ပတ်မှတစ်ပွဲပဲကန်ရတဲ့အသင်းတွေလို ရှုံးလိုက်နိ...
21/01/2026

အာဆင်နယ်ကတော့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ကို သာသာယာယာပဲ တက်ရောက်သွားပါပြီ

တစ်ပတ်မှတစ်ပွဲပဲကန်ရတဲ့အသင်းတွေလို ရှုံးလိုက်နိုင်လိုက်မဟုတ်ပဲ ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ (၇) ပွဲကစား (၇) ပွဲစလုံးကို အနိုင်ကန်ပြီး တက်ရောက်သွားတာပါ

အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်မှာ အခုလိုကစားသမျှ ပွဲတိုင်းအနိုင်ရတာ အသင်းသမ်ိုင်းမှာဒါပထမဦးဆုံးပဲဖြစ်ပါတယ်

ကစားပုံအရဆိုရင်လဲ ဒီနှစ်စီးရီးအေမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အင်တာမီလန်လိုအသင်းမျိုးကို အဝေးကွင်းမှာ ယှဉ်ကစားသွားပုံက တော်တော်လေးကို သပ်ရပ်လွန်းပါတယ်

ကွင်းလယ်ကလွဲရင် ကျန်တဲ့နေရာ ဟာကွက်မရှိခဲ့တဲ့ အာဆင်နယ်က ဒီနေ့ပွဲမှာ တော်တော်ကိုကောင်းခဲ့တာပါ

တကယ်ဆိုရင် ဒီပွဲက နိုင်ဖို့မလိုအပ်တဲ့ပွဲပါ ဒါပေမဲ့ အညိုးအတေးကြီးတဲ့ အာတီတာတစ်ယောက် အရံလူစာရင်းနဲ့ မနှစ်က ရှုံးကြွေးကို ဆပ်သွားပုံက တော်တော်လေးကို အထာကျလွန်းပါတယ်

ဒီပွဲမှာ တစ်ခုသတိထားမိတာက ပရီးမီးယားလိဂ်က အသင်းတိုင်းသာ အခုအင်တာလိုမျိုး အာဆင်နယ်ကို ဖွင့်ကန်မယ်ဆိုရင် အာဆင်နယ်က (၁၉) သင်းလုံးကို အိမ်ကွင်း အဝေးကွင်းမရွေး အနိုင်ယူပြနိုင်တယ်ဆိုတာပါပဲ

ဒီတော့ အုပ်စုအဆင့် နောက်ဆုံးတစ်ပွဲကန်ဖို့ကျန်နေသေးပေမဲ့လဲ အာဆင်နယ်ဖန်တွေကတော့ သူတို့အသင်း (၁၆) သင်းအဆင့်မှာ ဘယ်အသင်းနဲ့တွေ့မလဲဆိုတာကို အခုထဲကနေ ကြိုရင်ခုန်ထားလို့ရပါပြီ

တစ်ပတ်တစ်ပွဲစောင့်ကန်ရတဲ့ အသင်းတွေကတော့ ဒါမျိုးအရသာကို ခံစားခွင့်ရှိမှာမဟုတ်ပါဘူး

"ပြုတ်ကျမယ်လို့ပဲ အားလုံးက စောင့်ကြည့်နေကြပေမယ့်...ငါတို့ကတော့ အမြင့်ဆုံးမှာ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပဲ။ 🐘🔴Premier Leag...
21/01/2026

"ပြုတ်ကျမယ်လို့ပဲ အားလုံးက စောင့်ကြည့်နေကြပေမယ့်...
ငါတို့ကတော့ အမြင့်ဆုံးမှာ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပဲ။ 🐘🔴
Premier League ရော Champions League မှာပါ အစွမ်းပြဖို့ အဆင်သင့်ပဲ။"

သူတို့တွေရဲ့ သွင်းဂိုးကို ပယ်ဖျက်ပြီး မိနစ်ပိုင်းအကြာမှာပဲ ပြိုင်ဘက်အသင်းဘက်ကို ပင်နယ်တီပေးခဲ့တာကြောင့် ဆီနီဂေါ ကစားသမား...
19/01/2026

သူတို့တွေရဲ့ သွင်းဂိုးကို ပယ်ဖျက်ပြီး မိနစ်ပိုင်းအကြာမှာပဲ ပြိုင်ဘက်အသင်းဘက်ကို ပင်နယ်တီပေးခဲ့တာကြောင့် ဆီနီဂေါ ကစားသမားတွေဟာ ပွဲစဥ်ကိုဆက်လက်မကစားတော့ပဲ သူတို့တွေရဲ့အဝတ်လဲခန်းထံ ဝင်ရောက်သွားခဲ့ကြပါတယ်။ တကယ်ဖြစ်မယ်ဆိုရင်လည်း ဖြစ်ချင်စရာပါပဲ ဆီနီဂေါ ကစားသမားတွေရဲ့ခံစားချက်ကို ကောင်းကောင်းကြီးနားလည်မိပါတယ်။

ဒါပေမယ့်လည်း မာနေး ကတော့ ပရော်ဖက်ရှင်နယ် ပီပီသသ ပဲ ... အဝတ်လဲခန်းထဲအထိသွားကာ သူ့ရဲ့အသင်း‌ဖော်တွေကို ပရိသတ်‌တွေအတွက် ကစားပွဲဆက်လက်ကစားစေဖို့ ဖျောင်းဖျခဲ့ပါတယ်။

ကစားပွဲကိုဆက်လက်ကစားတဲ့အချိန်မှာတော့ မော်ရိုကို တို့ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။ နောက်ထပ် အချိန်ပို မိနစ် ၃၀ ကစားတဲ့အချိန်မှာတော့ ဆီနီဂေါ တို့ သွင်းဂိုးရခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ကြပါတယ်။

ဒီပွဲစဉ်ရဲ့ အသင်းခေါင်းဆောင်လက်ပတ် ကို ဂူရေး ဝတ်ဆင်ထားတာဖြစ်သလို ၊ ပြိုင်ပွဲရဲ့အရာရှိတွေဟာလည်း အာဖရိကဖလား ကိုင်မြှောက်ဖို့အတွက် ကူလီဘိုင်လီ ရဲ့ လက်ထဲကိုဆုဖလားထည့်ပေးခဲ့တာပါ။

ဒါပေမယ့်လည်း ကူလီဘိုင်လီ ဟာ မာနေး ကို လှမ်းခေါ်ခဲ့သလို ၊ ထိုနေရာထံ ဂူရေး ဟာလဲ ရောက်ရှိလာခဲ့ပါတယ်။ ဂူရေး ဟာ သူဝတ်ထားတဲ့လက်ပတ်ကိုချွတ်ပြီး မားနေ ထံ ဝတ်ဆင်ပေးခဲ့သလို ၊ ကူလီဘိုင်လီဟာလဲ ဆုဖလားကိုင်မြောက်ဖို့အတွက် မာနေး ထံကိုသာ ဆုဖလားပေးအပ်ခဲ့ပါတယ်...

What A Lovely and Respectful Moment ❤️


"ကူညီချင်တဲ့သူက မန်ယူ... ခလုတ်တိုက်တာက အာဆင်နယ်" 🤦‍♂️⚽​ဒီနေ့ည ပွဲစဉ်ကတော့ တကယ်ကို ရုပ်ရှင်ဆန်ပါတယ်။ မန်ယူက မန်စီးတီးကို ...
17/01/2026

"ကူညီချင်တဲ့သူက မန်ယူ... ခလုတ်တိုက်တာက အာဆင်နယ်" 🤦‍♂️⚽
​ဒီနေ့ည ပွဲစဉ်ကတော့ တကယ်ကို ရုပ်ရှင်ဆန်ပါတယ်။ မန်ယူက မန်စီးတီးကို အနိုင်ကန်ပေးပြီး "အာဆင်နယ်ရေ... ဖလားယူတော့" လို့ လက်တို့လိုက်ပေမဲ့ အာဆင်နယ်ကတော့ အမှတ်တူတူ သရေကျပြီး မန်စီးတီးကို သစ္စာရှိပြသွားပြန်ပြီ။
​ပုံထဲက အမ်ဘူမိုအော်သံက မန်စီးတီးကို အော်တာမဟုတ်ဘဲ... "ဟေ့ကောင် အာဆင်နယ်... ငါတို့ကူနေတာကို မင်းက ဘာဖြစ်နေတာလဲ" လို့ လှမ်းအော်နေသလိုပဲ။
​ဖလားမလိုချင်သေးရင်လည်း ကြိုပြောပါ အာဆင်နယ်တို့ရာ... ငါတို့လည်း အားအင်ချွေတာရအောင်လို့! တကယ်ပါပဲ...။

''​ကို့လူတွေကလုပ်လိုက်ရင်ဖြင့်🙄အမှတ်ပေးဇယားမှာ အပေါ်ဆုံးရောက်နေတာတောင် ပရိသတ်တွေက အိပ်မပျော်သေးဘူး။ ဘာလို့လဲဆိုတော့... အ...
17/01/2026

''​ကို့လူတွေကလုပ်လိုက်ရင်ဖြင့်🙄
အမှတ်ပေးဇယားမှာ အပေါ်ဆုံးရောက်နေတာတောင် ပရိသတ်တွေက အိပ်မပျော်သေးဘူး။
ဘာလို့လဲဆိုတော့... အာဆင်နယ်ဆိုတာ 'ကိုယ့်ခြေထောက်ကိုယ် ပြန်ခလုတ်တိုက်မိဖို့' ဘယ်အချိန်မဆို အဆင်သင့်ပဲလေ။
အခုလည်း အဆိုးဝါးဆုံးပုံစံနဲ့ ချန်ပီယံဖြစ်ပြတော့မလို့ အရှိန်ယူနေတာ!"

ဒါမျိုးကတော့ချသာချသားကြီး😁မင်းဘက်မှာငါရှိတယ်🤣
16/01/2026

ဒါမျိုးကတော့ချသာချသားကြီး😁
မင်းဘက်မှာငါရှိတယ်🤣

"အနီရောင်သွေးတွေ စီးဆင်းနေသရွေ့... North London ဟာ အမြဲတမ်း အနီရောင်ပဲ။"အာဆင်နယ်ဟာ လန်ဒန်မှာ အကြီးကျယ်ဆုံးနဲ့အကောင်းဆုံး...
16/01/2026

"အနီရောင်သွေးတွေ စီးဆင်းနေသရွေ့... North London ဟာ အမြဲတမ်း အနီရောင်ပဲ။"
အာဆင်နယ်ဟာ လန်ဒန်မှာ အကြီးကျယ်ဆုံးနဲ့အကောင်းဆုံးအသင်းပါ။ ခင်ဗျားတို့ တိုက်ခိုက်နေလဲ..ကျွန်တော်ဂရုမစိုက်ပါဘူး..

ဆာကာ 🗣🗣

"အမြောက်တပ်ရဲ့ ဟိန်းသံနဲ့ မက်ဒရစ်ရဲ့ တိတ်ဆိတ်ခြင်း - ဥရောပညရဲ့ ဇာတ်ညွှန်းနှစ်စောင်"ဒီနေ့ညကတော့ ဘောလုံးလောကရဲ့ ပြောင်းပြန...
15/01/2026

"အမြောက်တပ်ရဲ့ ဟိန်းသံနဲ့ မက်ဒရစ်ရဲ့ တိတ်ဆိတ်ခြင်း - ဥရောပညရဲ့ ဇာတ်ညွှန်းနှစ်စောင်"

ဒီနေ့ညကတော့ ဘောလုံးလောကရဲ့ ပြောင်းပြန်အချိုးကျမှုကို အထင်အရှား မြင်လိုက်ရတဲ့ ညတစ်ညပါပဲ။
တစ်ဖက်မှာ အာတီတာရဲ့ အာဆင်နယ်က ကျစ်လျစ်တဲ့ ကစားကွက်၊ တိကျတဲ့ တိုက်စစ်ဆင်မှုတွေနဲ့အတူ အောင်ပွဲကို အေးအေးလူလူ ဖော်ဆောင်သွားခဲ့ပေမယ့်၊ အခြားတစ်ဖက်မှာတော့ ဥရောပရဲ့ အောင်မြင်မှုအရှိဆုံးဆိုတဲ့ ရီးရယ်လ်မက်ဒရစ်တို့ အရှက်တကွဲ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

"The Rise of Arsenal"

အာဆင်နယ်ရဲ့ ကစားဟန်က အခုဆိုရင် ရင့်ကျက်မှု အပြည့်ရှိနေပါပြီ။ ကွင်းလယ်ကနေ ထိန်းချုပ်ပုံ၊ ခံစစ်ရဲ့ ကျောက်ဆောင်လို ခိုင်မာမှုနဲ့ အခွင့်အရေးကို အပိုင်အသုံးချနိုင်တဲ့ တိုက်စစ်က အာတီတာ တည်ဆောက်နေတဲ့ 'Project' ဟာ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို စတင် ခံစားနေရပြီဆိုတာ သက်သေပြနေပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ်ဟာ ရလဒ်ထက် ပိုတဲ့ 'Class' တစ်ခုကို ပြသသွားခဲ့တာပါ။

"The Fall of Kings?"

ရီးရယ်လ်မက်ဒရစ်တို့ကတော့ ဒီနေ့မှာတော့ "ဘုရင်" ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အဝေးကြီးမှာ ရှိနေခဲ့ပါတယ်။ ကြယ်ပွင့်ကစားသမားတွေ စုနေပေမယ့် ကွင်းထဲမှာ အသင်းလိုက် လုပ်ဆောင်ချက် ပျောက်ဆုံးနေတာ၊ ခံစစ်ပိုင်း အားနည်းချက်တွေကို မပြင်နိုင်တာက သူတို့ကို ဒူးထောက်စေခဲ့ပါတယ်။ Champions League DNA ရှိတယ်ဆိုတဲ့ စကားက ဒီနေ့ညမှာတော့ လှောင်ပြောင်စရာတစ်ခုလို ဖြစ်နေခဲ့ရတာပါ။

လက်ရှိအချိန်မှာ အာဆင်နယ်က ပြိုင်ဘက်တိုင်း ကြောက်ရတဲ့ အသင်းတစ်သင်းအဖြစ် အသွင်ပြောင်းနေချိန်မှာ ရီးရယ်လ်ကတော့ သူတို့ရဲ့ အတိတ်က ဂုဏ်ပုဒ်တွေကြားမှာပဲ လမ်းပျောက်နေပုံရပါတယ်။ ဘောလုံးဆိုတာ နာမည်နဲ့ ကစားတာမဟုတ်ဘဲ ခြေစွမ်းနဲ့ ကစားတာဆိုတာ ဒီနေ့ညက သက်သေပါပဲ။

"အာဆင်နယ်ပရိသတ်တွေအတွက်တော့ ဒီနေ့ညက ကော်ဖီတစ်ခွက်သောက်ရင်း ပြိုင်ဘက်တွေ ရှုံးတာကို ထိုင်ကြည့်ရတဲ့ အကောင်းဆုံး အပန်းဖြေညပါပဲ။ မက်ဒရစ်က သူငယ်ချင်းတို့ရေ... အဆင့်အတန်းဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲတတ်တာမို့ အောက်ကနေပဲ ခေါင်းမော့ကြည့်နေလိုက်ပါဦး။"

🔴 လန်ဒန်ရဲ့ ဘုရင်က ဘယ်သူလဲဆိုတာ ပြသခြင်းနဲ့ "ပြတိုက်ဟောင်း" ထဲက ချယ်လ်ဆီးကို သင်ခန်းစာပေးခြင်း​🔴 ​ဒီနေ့ပွဲကတော့ London i...
15/01/2026

🔴 လန်ဒန်ရဲ့ ဘုရင်က ဘယ်သူလဲဆိုတာ ပြသခြင်းနဲ့ "ပြတိုက်ဟောင်း" ထဲက ချယ်လ်ဆီးကို သင်ခန်းစာပေးခြင်း​🔴

​ဒီနေ့ပွဲကတော့ London is Red ဆိုတာထက် ပိုပါတယ်။ ချယ်လ်ဆီးတို့ သူတို့အိမ်ကွင်း Stamford Bridge မှာတင် အာဆင်နယ်ရဲ့ လှောင်ပြောင်ခြင်းကို အားရပါးရ ခံလိုက်ရတဲ့ညပါပဲ။
ပွဲချိန် (၇) မိနစ်မှာတင် Ben White က ဂိုးစသွင်းလိုက်တာဟာ ချယ်လ်ဆီးပရိသတ်တွေကို "အိမ်မက်ဆိုး" စပေးလိုက်တာပါပဲ။
​ချယ်လ်ဆီးတို့ သိန်းသန်းချီ အကုန်အကျခံပြီး လူတွေအများကြီး ဝယ်ထားပေမယ့် ကွင်းထဲမှာတော့ Zubimendi နဲ့ Gyökeres တို့ရဲ့ ကစားကွက်အောက်မှာ လမ်းပျောက်နေတာ သနားစရာတောင် ကောင်းပါတယ်။ Garnacho က နှစ်ဂိုးပြန်သွင်းပြီး အသက်ဆက်ဖို့ ကြိုးစားပေမယ့် အာဆင်နယ်ရဲ့ အတန်းအစားကိုတော့ ဘယ်လိုမှ မမီခဲ့ပါဘူး။

ချယ်လ်ဆီးဆိုတာ အခုတော့ အာဆင်နယ်အတွက် "လေ့ကျင့်ရေးကွင်း" ထက် မပိုတော့တဲ့ အဆင့်ပါ။

​တခြားအသင်းတွေကိုပါ ကြည့်လိုက်ဦးမလား...

တခြားအသင်းခံစစ်တွေလည်း အာဆင်နယ်ရဲ့ ဒီလိုတိုက်စစ်ဆင်မှုမျိုးကို တွေ့ရင် ဒူးတုန်နေကြမှာ အသေအချာပါပဲ။

ဟိုအသင်းဆိုရင်ကတော့ ပြောမနေပါနဲ့တော့၊ သူတို့ကတော့ ဇယားအောက်ခြေမှာတင် အသက်ရှူရကျပ်နေတုန်းပါ🤣🤣

​အခုဆိုရင် အာဆင်နယ်က ချယ်လ်ဆီးကို သူတို့အိမ်ကွင်းမှာတင် (၃-၂) နဲ့ အရှက်ခွဲပြီး "လန်ဒန်မှာ အာဆင်နယ်ကလွဲရင် ကျန်တာ အမှိုက်" ဆိုတာကို ကမ္ဘာသိအောင် ကြေညာလိုက်ပါပြီ။ ချယ်လ်ဆီးတို့ကတော့ နောက်တစ်ခါ အာဆင်နယ်နဲ့ တွေ့ရင် ဂိုးမပြတ်ဖို့ပဲ ဆုတောင်းနေရမယ့် အခြေအနေပါ။

​"ငွေ‌တွေတစ်အားသုံးပြီးလူတွေများလဲ အာဆင်နယ်ကိုယှဉ်လို့မရဘူးဆိုတာကို Stamford Bridge မှာ ပြသသွားခဲ့တာပါ။ အာဆင်နယ်ကွင်းပြင်မှာ ဘယ်သူလာလာ... လမ်းဖယ်ပေးဖို့သာ ပြင်ထားလိုက်ပါတော့။"

Address

YG
Kawa

Telephone

+959966980333

Website

Alerts

Be the first to know and let us send you an email when The 12th Man’s Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The 12th Man’s Voice:

Shortcuts

Share