Ah Brang

Ah Brang Welcome to my page 🙆‍♂️
Like & Share လေးလုပ်ပြီး Follow ခြင်းဖြင့်ကူညီပေးပါ please 🤗

"ကျွန်တော်ကြိုးစားရဦးမယ်" ***************************🥀 ငွေမရှိလို့ အနှိမ်ခံနေရတဲ့ဘဝကနေလွတ်မြောက်ဖို့အတွက် ချွေတာသင့်တာကိ...
24/09/2023

"ကျွန်တော်ကြိုးစားရဦးမယ်"
***************************

🥀 ငွေမရှိလို့ အနှိမ်ခံနေရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက်
ချွေတာသင့်တာကို ချွေတာနိုင်ဖို့...
"ကျွန်တော်ကြိုးစားရဦးမယ်"။

🥀 ကိုယ့်အပေါ်ကို ပြန်ကြည့်တဲ့သူတွေ ၊
ကိုယ့်အပေါ် မှာ ကြင်နာတဲ့သူတွေကို
ပြန်ဂရုစိုက်ပေးနိုင်ဖို့အတွက်
"ကျွန်တော်ကြိုးစားရဦးမယ်"။

🥀 ကိုယ့်အပေါ်မှာ ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးတတ်သူတွေကို
ပြန်ပြီးနားလည်ပေးတတ်ဖို့အတွက်
"ကျွန်တော်ကြိုးစားရဦးမယ်"။

🥀 စစ်မှန်တဲ့သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ဒီခေတ်ကြီးမှာ
အပေါ်ယံမဟုတ်ဘဲ စိတ်ရင်းနဲ့ပေါင်းသင်းတဲ့
သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားပြီး အချိန်ပေးနိုင်ဖို့အတွက်
"ကျွန်တော်ကြိုးစားရပါဦးမယ်"။

🥀 အချစ်စစ်မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိမ်းယိုင်မသွားဘဲ တည်ငြိမ်နိုင်ဖို့အတွက်
"ကျွန်တော်ကြိုးစားရဦးမယ်"။

🥀 လူတွေရဲ့ကဲ့ရဲ့မှုတွေ ၊
အပြစ်တင်ဝေဖန်မှုတွေကိုလိုက်ပြီး
ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်
"ကျွန်တော်ကြိုးစားရဦးမယ်"။

🥀 ဝမ်းနည်းမှုတွေ ၊ သိမ်ငယ်မှုတွေ ၊
နာကျင်စရာတွေကို
ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူသားတစ်ယောက်ဖြစ်ဖို့....
"ကျွန်တော်ကြိုးစားရဦးမယ်"။

🥀 လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့
လူတစ်ယောက်ဖြစ်အောင်
"ကျွန်တော်ကြိုးစားရဦးမယ်"။

🥀 ဘဝကို လွယ်လွယ်နဲ့
အရှုံးမပေးတတ်တဲ့သူတစ်ယောက်ဖြစ်အောင်လည်း
"ကျွန်တော်ကြိုးစားရဦးမယ်"။

💌 ကျွန်တော် စိတ်ဓာတ်ကျနေလို့မဖြစ်ဘူး။
ဒီအခြေအနေဆိုးတွေကနေ လွတ်မြောက်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ။

စာရေသူ = Wed's - Diary


Address


LASHIO

Website

Alerts

Be the first to know and let us send you an email when Ah Brang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share