Barani Bookshop

Barani Bookshop စာဖတ်ပါ
ဘယ်တော့မှ အထီးမကျန်ပါနဲ့
ချစ်ခြင်းမေတ္တာကို ယုံကြည်ပါ ။

အောင်ခင်မြင့်တိမ်လွှာမို့မိုလွင်မှသည် - ၆၀၀၀ကျပ်မော်ဒန်အမေရိကန်ပန်းချီ - ၆၀၀၀ကျပ်ဆိုနာတာ - ၃၀၀၀ကျပ်🏡ဘရဏီစာပေသဇင်လမ်းထိပ်...
09/08/2026

အောင်ခင်မြင့်

တိမ်လွှာမို့မိုလွင်မှသည် - ၆၀၀၀ကျပ်
မော်ဒန်အမေရိကန်ပန်းချီ - ၆၀၀၀ကျပ်
ဆိုနာတာ - ၃၀၀၀ကျပ်

🏡

ဘရဏီစာပေ
သဇင်လမ်းထိပ်၊အောက်ရွာလေးလမ်း
အမှတ်၂ရပ်ကွက် ၊ကျိုက်လတ်မြို့
09756723420
09256194360(viber)

🍀🍀🍀
#လူကြီးမင်းတို့အလိုရှိသော စာအုပ်များ
( စျေးကွက်မှာရရှိနိုင်တဲ့စာအုပ်များ)ကို
မက်ဆင်ဂျာကနေ အမည်နှင့်လိပ်စာပေးပို့
မှာယူနိုင်ပါတယ်။


Express ရောက်ရှိသောမြို့တိုင်း
အိမ်ရောက်ငွေချေစနစ်နဲ့မှာယူရရှိနိုင်ပါတယ်။
Kpay,Wave Pay နဲ့ ငွေချေလို့ရပါတယ်။

#စာဖတ်ပါ၊ဘယ်တော့မှအထီးမကျန်ပါနဲ့
ချစ်ခြင်းမေတ္တာကိုယုံကြည်ပါ။

ကိုသန်းထွန်းရေခဲမိုးတိမ် - ၆၀၀၀ကျပ်ညဥ့်ပုံပြောသူ - ၃၅၀၀ကျပ်🏡ဘရဏီစာပေသဇင်လမ်းထိပ်၊အောက်ရွာလေးလမ်းအမှတ်၂ရပ်ကွက် ၊ကျိုက်လတ်...
09/08/2026

ကိုသန်းထွန်း

ရေခဲမိုးတိမ် - ၆၀၀၀ကျပ်
ညဥ့်ပုံပြောသူ - ၃၅၀၀ကျပ်

🏡

ဘရဏီစာပေ
သဇင်လမ်းထိပ်၊အောက်ရွာလေးလမ်း
အမှတ်၂ရပ်ကွက် ၊ကျိုက်လတ်မြို့
09756723420
09256194360(viber)

🍀🍀🍀
#လူကြီးမင်းတို့အလိုရှိသော စာအုပ်များ
( စျေးကွက်မှာရရှိနိုင်တဲ့စာအုပ်များ)ကို
မက်ဆင်ဂျာကနေ အမည်နှင့်လိပ်စာပေးပို့
မှာယူနိုင်ပါတယ်။


Express ရောက်ရှိသောမြို့တိုင်း
အိမ်ရောက်ငွေချေစနစ်နဲ့မှာယူရရှိနိုင်ပါတယ်။
Kpay,Wave Pay နဲ့ ငွေချေလို့ရပါတယ်။

#စာဖတ်ပါ၊ဘယ်တော့မှအထီးမကျန်ပါနဲ့
ချစ်ခြင်းမေတ္တာကိုယုံကြည်ပါ။

ဇေယျာလင်းပင်ကိုရေး ကဗျာကချေသည်ရဲ့ကြိုး - ၈၀၀၀ကျပ်တစ်ဦးနဲ့တစ်ဦး - ၅၀၀၀ကျပ်တကယ့်ဘဝ စကားပြေကဗျာ - ၂၀၀၀ကျပ်🏡ဘရဏီစာပေသဇင်လမ...
09/08/2026

ဇေယျာလင်း
ပင်ကိုရေး ကဗျာ

ကချေသည်ရဲ့ကြိုး - ၈၀၀၀ကျပ်
တစ်ဦးနဲ့တစ်ဦး - ၅၀၀၀ကျပ်
တကယ့်ဘဝ စကားပြေကဗျာ - ၂၀၀၀ကျပ်
🏡

ဘရဏီစာပေ
သဇင်လမ်းထိပ်၊အောက်ရွာလေးလမ်း
အမှတ်၂ရပ်ကွက် ၊ကျိုက်လတ်မြို့
09756723420
09256194360(viber)

🍀🍀🍀
#လူကြီးမင်းတို့အလိုရှိသော စာအုပ်များ
( စျေးကွက်မှာရရှိနိုင်တဲ့စာအုပ်များ)ကို
မက်ဆင်ဂျာကနေ အမည်နှင့်လိပ်စာပေးပို့
မှာယူနိုင်ပါတယ်။


Express ရောက်ရှိသောမြို့တိုင်း
အိမ်ရောက်ငွေချေစနစ်နဲ့မှာယူရရှိနိုင်ပါတယ်။
Kpay,Wave Pay နဲ့ ငွေချေလို့ရပါတယ်။

#စာဖတ်ပါ၊ဘယ်တော့မှအထီးမကျန်ပါနဲ့
ချစ်ခြင်းမေတ္တာကိုယုံကြည်ပါ။

အောင်ချိမ့်(၁၉၄၈-၂၀၂၁)အမည်ရင်း - ကျော်သန်း၁၉၄၈ ဖွား၊ ရန်ကုန်ဇာတိ။ အဖ ဦးအေးမောင်၊ အမိ ဒေါ်သန်း။ညီအစ်ကို မောင်နှမ ၅ ယောက်ရ...
09/08/2026

အောင်ချိမ့်
(၁၉၄၈-၂၀၂၁)

အမည်ရင်း - ကျော်သန်း
၁၉၄၈ ဖွား၊ ရန်ကုန်ဇာတိ။
အဖ ဦးအေးမောင်၊ အမိ ဒေါ်သန်း။
ညီအစ်ကို မောင်နှမ ၅ ယောက်ရှိ၊
တတိယမြောက်ဖြစ်။
ကျောင်း ၄-၅-၆ ကျောင်းတွင်
နည်းနည်းစီ ကျောင်းနေခဲ့။
“မိုးဝေကဗျာခေတ်” ကဗျာဆရာဖြစ်။

၁၉၇ဝ မှာ “မဲခေါင်မြစ်ကမ်းပါး အောင်ပွဲသို့”၊ “ချိန်းစာရောက်မှာ ကြောက်မိတယ်”စသည်များဖြင့်စတင်။ ထို 'မိုးဝေမဂ္ဂဇင်း”၏ ဘော်လံတီယာအယ်ဒီတာ။ မိုးဝေမှ လွန်ပြီးနောက် ရန်ကုန် စက်မှုတက္ကသိုလ် လူငယ်များနှင့် ပူးပေါင်းကာ “ရှတသော ရသနေ့များ”၊ “နေ့စွဲကျော် ဒိုင်ယာရီစာမျက်နှာ၊ “ပန်းနုရောင်အိပ်မက် ကဗျာမဂ္ဂဇင်း´များကို ဦးစီးစီစဉ်ထုတ်ဝေ။ နှစ်အကြာကြီး ဘယ်မဂ္ဂဇင်းမှာမှ မပါဝင်ခဲ့ရ။ ကိုယ့်ဘာသာ ပိတ်မိနေခဲ့။ ထိုမှ ဒုတိယ မိုးဝေခေတ် တွင် ပြန်လည် ရေးသားခဲ့။ ထို့နောက် ပေါ် ပေါက်လာသော မဂ္ဂဇင်း၊ စာစောင်များမှာ ကြိုးကြား ကြိုးကြား ရံဖန်ရံခါ ရေးလို့ ရသလောက် ရေးခဲ့။

၁၉၇၄
သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ
(ဖော်ဝေး၊ မောင်ချောနွယ် နှင့်)

၁၉၇၉
ဂန္ထဝင်မမ (ပထမအကြိမ်)

၁၉၉၃
ဂန္ထဝင်မမ (ဒုတိယအကြိမ်)

၁၉၉၅
ကဗျာ ၁၂ ပုဒ် (ပထမအကြိမ်)

၂ဝဝဝ
ဂန္ထဝင်မမ (တတိယအကြိမ်)

၂ဝဝ၂
သမိုင်းဖတ်စာ (မောင်ချောနွယ်နှင့် တွဲ၍)

၂ဝဝ၃
ပြဇာတ်မင်းသား

၂ဝဝ၃
ပုံပြောသူ

၂၀၀၅
ကဗျာ ၁၂ ပုဒ် (ဒုတိယအကြိမ်)

၂၀၀၅
ကဗျာ ၁၂ ပုဒ် - ၂

၂ဝဝ၆
ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ

၂၀၀၈
အသည်းစွဲ ကဗျာဆရာ

၂၀၁၀
တောလား

၂၀၁၀
ကဗျာ ၁၂ ပုဒ် – ၃

၂ဝ၁၁
ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

၂ဝ၁၂
လူငယ်တစ်ယောက်အကြောင်း

၂ဝ၁၃
ပြည်သူလုထုအတွက် ကဗျာ၊ ငါ့ကဗျာကို ဖတ်ပါ

၂ဝ၁၃
ဆေးရှူတဲ့မောင်

၂ဝ၁၃
ကပ်ဖ်ကာသို့

၂၀၁၃
Cheimt & Chan -1

၂ဝ၁၄
များများစားစား

၂၀၁၄
ငါ့စုဗူး

၂၀၁၄
ကဗျာ ၁၂ ပုဒ် - ၄

၂ဝ၁၅
အန်တီ

၂၀၁၅
ဂန္ထဝင်မမ (စတုတ္ထအကြိမ်)

၂၀၁၅
ကဗျာ ၁၂ ပုဒ် – ၅

၂ဝ၁၆
ချစ်မိတ်ဆွေနှင့် အခြား

၂ဝ၁၆
ကက်သလောက်

၂၀၁၆
Cheimt & Chan - 2

၂ဝ၁၆
မင်းက အောင်ချိမ့်လား

၂၀၁၆
၁၂ ပုဒ် (၅ အုပ် စုစည်းမှု၊ အင်္ဂလိပ်ဘာသာပြန်နှင့်)

၂၀၁၇
တစ္ဆေ

၂၀၁၇
သမိုင်းဆိုင်ရာ ရုပ်ဝါဒ

၂ဝ၁၇
စုစုပေါင်း ၁၈ ပုဒ် (ဂီတဉ္စလီ ကိုးပုဒ်အပါ)

၂ဝ၁၈
ကဗျာတစ်ဦးတစ်ယောက်များ

၂၀၁၈
ယခုစာအုပ်

၂၀၁၈
ရိုမန့်တစ်ခေတ်

၂ဝ၁၉
ကဗျာဆရာ

၂၀၁၉
ဂန္ထဝင်မမ (ပဉ္စမအကြိမ်)

၂ဝ၂၁
မင်းက အောင်ချိမ့်လား (ဒုတိယအကြိမ်)

၂၀၂၂
ကဗျာတစ်ဦးတစ်ယောက်များ (ဒုတိယအကြိမ်)

၂ဝ၁၂
လူငယ်တစ်ယောက်အကြောင်း (ဒုတိယအကြိမ်)

၂ဝ၂၃
ကပ်ဖ်ကာသို့ (ဒုတိယအကြိမ်)

၂ဝ၂၃
ယခုစာအုပ် (ဒုတိယအကြိမ်)

၂ဝ၂၄
လူပေါ်ကြော့တွေ ခံစားတဲ့ အနုပညာ

၂၀၂၄
အောင်ချိမ့် ရေးသည်

၂၀၂၄
ငါ့ကဗျာဟာ ရေးတာ

ကဗျာသက်သက်ဖြင့် ထူးဆန်းခက်ခဲစွာ အသက်မွေးဝမ်းကျောင်း ရပ်တည်။ မဂ္ဂဇင်းနှစ်စောင်မှာ ရေးသား။ ဇွန်လလောက်မှ စ၍ ဂျာနယ် နှစ်စောင်၌ ခုနစ်ရက် တစ်ပတ်လျှင် အောင်ချိမ့် ကဗျာ နှစ်ပုဒ်ကို ဖတ်နိုင်ပြီ ဖြစ်ပါကြောင်း။

၂ဝ၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်၊ ည ၈း၁၂ နာရီတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ကွယ်လွန်သည်။

(ကဗျာဆရာရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုပဲ ထွက်ရှိစာအုပ်ရင်း နှင့် ကွယ်လွန်ရက်စွဲကို ဖြည့်စွက်ထားပါသည်‘) - နှစ်ကာလများ

🔳

ကတ်သလောက်များ - စာအုပ် - မှ

#အောင်ချိမ့်

လူဖြစ်ရတာကောင်းတယ်🔲လူဖြစ်ရတာကောင်းတယ်လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့ရေရေလည်လည် သိနိ...
08/08/2026

လူဖြစ်ရတာကောင်းတယ်

🔲

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး... ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါအစက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့် ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတလေ ဘ၀င်နည်းနည်းမြင့်၊ တစ်ခါတ​လေ အရှက်ရ
တစ်ခါတလေ ဆွေး၊ တစ်ခါတလေ သတိရ၊ တစ်ခါတလေ ပျော်ရွှင်
တစ်ခါတလေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
တချို့အဘိဓမ္မာတွေ ငါမကြိုက်ဘူး၊ တချို့မိတ်ဆွေတွေ
ငါမကြိုက်ဘူး
တချို့အစားအစာတွေ ငါမကြိုက်ဘူး
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျ ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

🔲
နေမျိုး
ကဗျာဆရာဝံပုလွေ -ခေတ်ပေါ်ကဗျာ-စာအုပ် - မှ

#နေမျိုး
#ချစ်သောကဗျာ

သော်တာဆွေဟုခေါ်သည်                            🔲အကြွေးမပေးတဲ့ အိမ်ပေါ်ကို ဓားမြှောင်နဲ့ တက်သွားခဲ့တယ်။ခင်ဗျာ့သား လိမ်သွား...
07/08/2026

သော်တာဆွေဟုခေါ်သည်


🔲

အကြွေးမပေးတဲ့ အိမ်ပေါ်ကို ဓားမြှောင်နဲ့ တက်သွားခဲ့တယ်။ခင်ဗျာ့သား လိမ်သွားတဲ့ ကုန်ကြွေးပေးမလား မေးတယ်။အိမ်ရှင် လူမိုက်အဘိုးကြီးက မပေးရင် မင်းဘာလုပ်မလဲတဲ့။ ဓားမြှောင်ကို ဆတ်ကနဲထုတ်တယ်။ ဓားကိုကမ်းပေးရင်း ကျနော့်ကို သတ်လိုက်ပါ ဦးလေးတဲ့။
မသတ်ရဲဘူးကွ ပေးစရာလည်း မရှိသေးဘူးဆိုတော့.. အကြွေးမရမချင်း ကျနော် မပြန်တော့ဘူးလို့ ပြောရင်း ပါလာတဲ့ အိပ်ယာလိပ်ကလေးကို ထုတ်ခင်းလို့ ဘုရားစင်ရှေ့မှာ ဝင်အိပ်နေခဲ့တယ်။

တခွိခွိအော်ရယ်ရင်း ငါရေလည်ကြွေခဲ့ရတဲ့ အကွက်တွေပေါ့။ အဲ့ဒီဇာတ်ကွက်ကို ငါဘယ်တော့မှမမေ့ဘူး။

ကသာမြို့က မီးရထား၀င်းထဲ ရထားလက်မှတ်စစ် ကိုအောင်ကြီးတို့နဲ့ သောက်စားဖဲရိုက်တတ်တဲ့ ဆန်ကုန်သည်လေး။ သူလွန်းထိုးရာ မြစ်ကြီးနားက သူ့ကို ချိတ်တိတ်တိတ်ဖြစ်ပြီး ကုန်သည်သူဌေးလေးရယ်လို့ အဟုတ်မှတ်နေတဲ့ ဆန်ဆိုင်က အပျိုမလေး။ ရပ်ကွက်လူကြီးတွေကို လက်ဖက်ရည်တိုက်ပီး ယူလိုက် ဒါမျိုး ဒီနယ်မှာ ဘာမှမဆန်းပါဘူးလို့အပေါင်းအသင်းတွေက တိုက်တွန်းနေပေမယ့် အကိုဟာ လွတ်လပ်သူ မဟုတ် ... ချန်ထားတဲ့
ဆန်အိတ်တွေကို ယူလိုက်ပါတော့လို့ စာလေးတစ်စောင်ရေးထားခဲ့ပီး ရှောင်ပြေးခဲ့ပြန်တယ်။

ကသာမြို့က ဆိုးသွမ်းတဲ့ ခေါင်းကျားရဲ့ လက်ထဲက အပျက်မလေး မသူ ကို ဟီးရိုးလုပ်ပြီး ကယ်တင်တယ်။ အတည်အပေါက်နဲ့ ကျနော့်မိန်းမ ပါဆိုပီး ယူပြစ်လိုက်တယ်။ ကုန်တွေအလိမ်ခံရ ဘ၀ပျက်တော့ ရုပ်တည်ကြီးနဲ့ မသူကို ခေါ်ပြီး အိမ်ပြန်သွားတယ်။ ဆန်ကုန်သည် အဖြစ် အိမ်က ထွက်သွားရာက မယားတယောက်နဲ့ မူးစေ့အပေါက်ပဲ ပြန်ပါလာတဲ့ လူငယ်လေး။ သူ့အဖေက စောက်သုံးမကျရတဲ့အထဲ နောက်ထပ် မိန်းမတယောက် ထပ်ယူလာရသလားဆိုပြီး နှင်ချတော့မှ မသူကို အိမ်ပြန်ပို့တယ်။ နှင်းငွေ့တွေ ဝေနေတဲ့ ဂေါဝိန်ဆိပ် ... တိုင်ရို သင်္ဘောလက်ရမ်းကို မှီတွယ်လို့ မသူ ဟာ ရပ်နေခဲ့တယ်။ ကြက်ကလေးကိုပိုက်လို့တဲ့။ ပါသမျှ ပိုက်ဆံလေးတွေ ထည့်ပေးလိုက်တယ်။ ကသာကို ပြန်ပေတော့ ကံဆိုးမလေးရေ။ ငါက အသုံးမကျတဲ့ကောင်ပါ။ ငါတို့တွေ ဆန်ဆုံစား ... ကံကုန်သွားပြီဟာ။

စာဖတ်သူ ငါတို့မှာ မျက်ရည်တွေဘာတွေ ဝဲလို့ပေါ့။ အသက်၇၀ကျော်မှာ အဘိုးကြီးဘ၀ စာရေးဆရာကြီးဘ၀နဲ့ ကသာမြို့ကို စာပေဟောပြောဖို့ ပြန်ရောက်တော့ စင်ပေါ်ကနေ မိုက်ခရိုဖုန်းနဲ့ အော်တယ်။

မသူရေ .. မင်းတယောက် ရှိသေးတယ် ဆိုရင် ... ငါ့ကို ခွင့်လွှတ်တယ်ဆိုရင် လာတွေ့ပါလား ကွာ ... တဲ့။
အဲ့ဒီမှာ ငါတို့ စောက်သည်းကွဲရတာပါပဲ။

မြင်းလှည်းသမား၊ ဆန်ကုန်သည် ဘ၀ထိုထိုတွေ ကျင်လည်ရာကနေ စာရေးဆရာဖြစ်တော့လည်း
ဂျပိုးပတ်ထိုး နေတာပါပဲ။ဘိုကပြား ယောက္ခမနဲ့ တချိန်လုံးသတ်တဲ့ အကြောင်းကို တခွိခွိဖြစ်အောင် ရေးပြနိုင်စွမ်း ရှိတယ်။ ယောက္ခမ အိမ်ပေါ်က မောင်းချတိုင်း နာနီ့ အိမ်ပေါ် တက်နေတယ်။ အင်မတန်ကြင်နာတတ်တဲ့ နာနီဆိုတဲ့ အလွတ်ပညာသင် ကျောင်းဆရာမကြီးကို စာဖတ်သူ ငါတို့ကိုယ်တိုင်တောင် အမေတော်ချင်လာတယ်။ အဲ့ဒီ နာနီ့အိမ်ကိုပဲ တွံတေးဖက်က သူ့ဘင်္ဂလားညီမလေး တရုတ်ကပြား တခုလပ်မလေး မကြင်ရွှေ လိုက်လာတော့တာ ပါပဲ။ လက်ဆောင်ပစ္စည်းလေးတွေ၀ယ်လို့၊ ရွှေတွေလက်၀တ်လက်စားလေးတွေ၀တ်လို့ နာနီ့ကို ယောက္ခမ လောင်းမှတ်ပီး ကုန်စုံဆိုင်ပိုင်ရှင် မကြင်ရွှေလေးဟာ မသိမသာ လာဖားရှာတယ် ပေါ့။

သူ့ဘ၀အမှန်ကို သိသွားတော့လည်း မကြင်ရွှေဟာ စိတ်မပျက်ရှာဘူး။ စာတစောင် ချန်ထားခဲ့တယ်။အကိုလေးကသာ ကြင်ကြင်နာနာပေါင်းသင်းမယ်ဆို တသက်လုံး ကုန်ရောင်းကျွေးမယ်ဆိုတဲ့ အကြောင်း။ ကုန်၀ယ်ပီး တွံတေးပြန်တိုင်း ငှါးစီးနေကျ သဗ္ဗာန်ခတ်တဲ့ အဘိုးကြီးကို ၃ရက်တိတိ ဆိပ်ကမ်းကနေ စောင့်ခိုင်းထားတဲ့ အကြောင်း။ မကြင်ရွှေလေးကို တကယ်ချစ်ခင်ကြင်နာစုံမက်ရင် လိုက်လာပါ တဲ့။

သူ မလိုက်သွားခဲ့ဘူး။ ဓာတ်ရှင်ရုံရှေ့ မှာ မတော်တဆ ပြန်တွေ့တော့ အကိုလေးကို ညီမလေး မျှော်နေခဲ့တာ သိလား လိုက်မလာခဲ့ဘူးနော် ... ကျမ အိမ်ထောင်ပြုလိုက်ပီ အကိုလေးရာ ... ဟိုမှာ အမျိုးသားလာနေပီ ဒါပဲနော် သွားတော့မယ်... တဲ့။ သူ့စိတ်ထဲ ဘယ်လိုနေမယ် မသိပေမယ့် စာဖတ်သူ ငါတို့မှာ သက်ပြင်းတွေ ခိုးခိုးချလို့ ပေါ့။

မိုးကုတ်မြမောင် ငွေကို လေလို သုံးသူ ကိုမြမောင်။ သူတို့ နှစ်ယောက် ဘော်ဒါဖြစ်တဲ့ အခန်းဆိုရင် ငါတို့မှာ အံ့သြဘနန်း ဖြစ်ရတာပါပဲ။ မန်းလေးက ဖာတန်းတခုမှာ ခဏတာ မန်နေဂျာယောင်ယောင် လုပ်ပီး အရက်မူးနေတဲ့ သူ့ကို ကာစတမ်မာတယောက်က ကောင်မလေး တောင်းတော့ အရက်မူးမူးနဲ့ ဟေ့ .. ပိတ်ပီကွလို့ မောင်းထုတ်တယ်။ အဲ့ဒီ ကာစတမ်မာက နာမည်ကျော် မိုးကုတ်မြမောင်ပဲ။ ဘ၀မှာ ဟင့်အင်း ဆိုတာ မရှိဖူးတဲ့ မိုးကုတ်မြမောင်ဟာ အရက်မူးမူးနဲ့ အိမ်ပြန်ပီး ခြောက်လုံးပြူး သွားယူတယ်။ ဖာမန်နေဂျာကို ပစ်သတ်မယ်ကွ ပေါ့။ ဟေ့ကောင် ထွက်ခဲ့စမ်း လို့ ခေါ်ထုတ်တော့ ထွက်လာတယ်။

သော်တာဆွေတဲ့ကွ ... လို့ အော်ရင်း

ဟမ်... မင်း သော်တာဆွေ လား
ဒါဆို မဆိုင်ဘူး။ ကမ်းမောန် ရှိတ်ကန်း မင့်စာတွေ ငါသိပ်ကြိုက်တာကွ လာစမ်းပါ ငါနဲ့ သောက်ကြမယ်တဲ့..

ချစ်စရာကောင်းတဲ့ ဇာတ်ကွက်လေး။

နောက်တော့လည်း နာမည်ကျော် မိုးကုတ်မြမောင်ဟာ သူ လပေးနဲ့ နေတဲ့ ကမ်းနားလမ်းဟိုတယ်ကနေ ချက်ပလက်ဘဲအဲယားကြီး မောင်းလို့ (၇)မိုင် ရွာတန်းရှည်က သူ့အိမ်ကို လာလာပီး အန်တီမေ့လက်ရာ ငါးပိရည်လေး လာလာတွယ်တဲ့ အထိ ချစ်ခဲ့ကြတာ မဟုတ်လား။

ပွေလီရှုပ်ထွေးလွန်းတဲ့ သူဟာ နောက်ဆုံးမှာ အပြင်မှာ မမြင်ဖူးခဲ့တဲ့ တောင်ကြီးက စာရည်းစား ဆရာမလေးမေ ကို ရန်ကုန်ဘူတာကြီးမှာ ဒီတခါပါပဲ ဆိုပီး ပြေးတွေ့တယ်။ ရထားကြီး ထွက်သွားတယ်။ ဆရာမလေး မေ မလိုက်သွားခဲ့ဘူး။ မီးရထားဟိုတယ်ထဲမှာ သူတို့ နှစ်ယောက် တအိုးတအိမ် ထူထောင်လိုက် သတဲ့။ နှစ်ဖက်စလုံးက လွတ်လပ်သူတွေ မဟုတ်ခဲ့လေတော့ အတော်ရှုပ်ထွေးခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအကြောင်းတွေ သူ သိပ် မရေးပြဘူး။ ဒါပေမယ့် စာဖတ်သူ ငါတို့ နားလည်သွားခဲ့ရတယ်။

သူ ဆရာမလေး အန်တီမေ့ကို အရမ်းချစ်တယ်။
နောက်ထပ် ဘာတစ်ခုမှ ထပ်ပီး မပွေလီတော့ပါ။ (၇)မိုင် ရွာတန်းရှည်က ခြံ၀န်းထဲ ဟိုဖက်ဒီဖက် ပါလာတဲ့ သားသမီးတွေ အတူဆော့ကစားကြရင်း သတ်ကြပီဆို အော်ကြတယ်။

ဟေ့ နင့်ဟာ နဲ့ ငါ့ဟာ သတ်နေကြပီ သွားထိန်းလိုက်ဦး ... တဲ့

အဲ့ဒါကိုဖတ်ရင်း ငါတို့မှာ အော်ရယ်နေရတယ်။

ဝတ္ထုရေးရင်း ငွေရေးကြေးရေး အဆင်မပြေလို့ စားရိတ်သိပ်မထောက်နိုင်တဲ့အခါ ... အသက်(၁၇)နှစ်အရွယ်က စစ်ပြေးရင်းညားခဲ့ရတဲ့ ပထမအိမ်ထောင် နော်မာ တယောက် လိုက်လာတယ်။ ကျမနဲ့ မအိပ်ရလို့ ကလေးစားရိတ်သိပ်မပေးတာမျိုးလို့ သူများတွေကပြောတယ် ဟုတ်သလားတဲ့။ အိပ်ချင်အိပ်လို့ ရပါတယ်။ ကလေး စရိတ်တော့ မလျှော့ပါနဲ့ တဲ့။ သူ စိတ်ထိခိုက်သွားတယ်။ အန်တီမေ့ဆီက ပိုက်ဆံလေး တောင်းပီး နော်မာ့လက်ထဲ ထိုးထည့်တယ်။ ငါ အဆင်မပြေလို့ပါဟာ ခုခါမှာ နင်က ငါ့နှမလေးပါတဲ့။ ထီးကလေးဆောင်းလို့ သူပေးတဲ့ ပိုက်ဆံလေးယူပီး ထွက်သွားရှာတဲ့ နော်မာ့ ကျောပြင်လေးကို ငေးနေခဲ့တဲ့အခန်း ငါတို့ စိတ်ထဲ ဆို့နင့်နင့်ကြီး။

အသက်အရွယ်ရလာတဲ့ အခါ မြေးတွေရလာ။ မယားပါသား က ကလေးကို ဆိုးလို့ရိုက်တဲ့ အခါ
သူ မခံစားနိုင်ရှာဘူး။
ဒေါသတကြီး အော်ဟစ်တယ်။

ဟေ့ကောင် ... မင်း ငါ့သားမဟုတ်ဘူး ငါ မင့်ပထွေးကွ ဒါပေမယ့် မင်းဒီအိမ်ကို ရောက်လာ ကတည်းက ငါ လက်နဲ့တချက် ရွယ်ဖူးခဲ့သလား ငါ့မြေးကို မရိုက်ပါနဲ့ကွာ ... တဲ့

မေတ္တာတရားဟာ မထူးဆန်းဘူးလား။

၁၉၉၅ မဂ္ဂဇင်းတခုထဲ အခန်းဆက်ရေးနေရင်း တလမှာ သူပြောခဲ့တယ်။ဆရာမလေး အန်တီမေ မရှိတော့ဘူးတဲ့။
ကျနော်ဟာ မုဆိုးဖိုလေး ဖြစ်တာ (၁၄)ရက် ကြာသွားပီတဲ့။

အဲ့ဒါ ဖတ်ရပီး သိပ်မကြာပါဘူး။
သူ့စာတွေ ငါတို့ ဆက်မဖတ်ရတော့ဘူး။ အန်တီမေ မရှိတော့တဲ့ လောကကြီးမှာ သူ့အဖို့ရာ ရှင်သန်ဖို့ ခက်ခဲလွန်းတယ် ထင်တာပါပဲလေ။

ငါတို့ ဖတ်ဖို့ စာတွေ အများကြီး ချန်ထားပီး ထွက်ခွါသွားခဲ့တယ်။

ဖဲသမား၊ ကစော်သမား၊ မြင်းလှည်းသမား၊ ဆန်ကုန်သည်၊ ကြက်သမား၊ဟာသစာရေးဆရာ၊ ဘ၀သရုပ်ဖော်စာရေးဆရာ အစရှိသဖြင့် ဘဝပေါင်းများစွာ ကျင်လည်ဖူးတယ်။ ဘယ်တုံးကမှ စာရိတ္တမောင်လို့ သူ့ကိုယ်သူ မပြောသွားဘူး။ အပျက်မလေး မသူ ကို ကာကွယ်ခဲ့တယ်။ ကျနော့် မယားပါလို့ ပြောရဲတယ်။ ကိုယ့်မကောင်းကြောင်း ကိုယ်ပြောရဲတယ်။ ဘ၀မှာ ဘာကြီး ဖြစ်နေနေ တဟီဟီနဲ့ ဖြတ်သန်းပြတယ်။ နေရဲတယ်။ သေရဲတယ်။ မိုက်ရဲတယ်။ လိမ္မာရဲတယ်။ ရှုပ်ထွေးပွေလီတယ်။ ဒါပေမယ့် အဲ့ဒီအကြောင်းအရာတွေကို မကွယ်မဝှက် ပြောပြရဲတယ်။ ကြောင်သူတော်ယောင် ဆောင်မပြသွားဘူး။ ဆရာမလေး အန်တီမေ့ကို ချစ်တယ်။ မရ ရအောင် ယူလိုက်တယ်။ လိုချင်တာ ရပီးတဲ့နောက်မှာ တည်ငြိမ်တဲ့ လူကြီးတယောက်ဘ၀နဲ့ တည်တည်တံ့တံ့ ရှင်သန်သွားခဲ့တယ်။
အဲ့ဒါဟာ သော်တာဆွေပါပဲ။

🔲 ပါပီယွန်

📚

စိတ်ကူးချိုချိုနှစ်လယ်စာအုပ်အရောင်းပွဲမှာ
အဆွဲထားသင့်ဆုံးတွေထဲက တစ်စုံပေါ့

၃အုပ်တစ်စုံ မူရင်းတန်ဖိုး - ၁၀၆၀၀၀ကျပ်
၂၀% လျှော့ - ၈၄၈၀၀ကျပ်

07/08/2026
မောင်ပါပီ၏ ဖွင့်ဟဝန်ခံချက်များ◾        တစ်ခါက စာအုပ်စာပေ ဝါသနာပါသော၊ စာအနည်းငယ်မျှ ဖတ်ဖူးသော မောင်ပါပီသည် နာမည်ကျော် တက္...
07/08/2026

မောင်ပါပီ၏ ဖွင့်ဟဝန်ခံချက်များ



တစ်ခါက စာအုပ်စာပေ ဝါသနာပါသော၊ စာအနည်း
ငယ်မျှ ဖတ်ဖူးသော မောင်ပါပီသည် နာမည်ကျော် တက္ကသိုလ်ရှိသည့် မြို့ကလေး သို့ သွားကာ စာအလွန်ဖတ်သော ညီမလေး ဒေါ်နန်းမေမေကြည်နှင့် တစ်ခါမှ
မတွေ့ဖူးပဲ ချိန်းဆိုကာ ကော်ဖီရည်ရောင်းသည့် ဆိုင်တစ်ခုတွင် သတ်ကြလေသည်။ နဘမ်းသတ်သည်ဟု မထင်ပါနှင့်။ ဖတ်ဖူးသော ဘုတ်အုပ်များ အကြောင်း ဆွေးနွေး ငြင်းခုံကြသည်သာ။

ကောင်မလေးပေါက်စနအား ဟစ်စ်ထရီရိုင်းစွာဖြင့်ပင် ရှုံးနိမ့်ခဲ့ပြီး ကိုယ့်မြို့သို့ အောင်မြင်စွာ ဆုတ်ခွာခဲ့ပြီးနောက် နောက်တစ်ကြိမ်တွင်ကား ငြင်းခုံရန် မစွမ်းသာတော့သဖြင့် ရည်စားစကား ပိတ်ပြောပစ်လိုက်ရာ အငမ်း
မရ ဖက်နမ်းခြင်းခံရပြီး “အစ်ကို၊ ရှင်ဟာလေ သောက်အကြီး၊ ရှင့်ကို ဖက်နမ်းမလို့ ချောင်းနေတာ သိလား” ဟု အပြောခံရကာ ဖိုးသိုး ဖတ်သပ်ကြီး ဖြစ်ပြီး ဥရောပကို အောင်နိုင်သော ပြင်သစ်သေနာပတိနပိုလေယွန်ဂိုက် ဖမ်းလျှက် ပြုံးဖြီးဖြီး မောင်ပါပီနှင့် ဆံပင်တိုတိုကောင်မလေး တစ်ယောက်အား လက်ချင်းချိတ် လမ်းသလားနေကြသည်ကို တွေ့မြင်နိုင်ပါသည်။

တစ်ခါတရံ မောင်ပါအခန်းသို့ လာကာ၊ အမြဲတမ်း
ဗိုက်ဆာနေတတ်သည့် ငမွဲအား သနားသောအားဖြင့် ဘုရင်မကြီးပုံ ပါသည့် ၂ဝဝ တန်ကလေးများ ပံ့သကူပစ်သလို မသိမသာ ချန်ထားတတ်သည့် ကျေးဇူးရှင်လေးအား ရှက်ရမ်းရမ်းကာ ကလော်ဆဲတတ်သော (ထိုသို့
ဆဲစဥ်က ညီမလေး.ဝမ်းနည်းကာငိုပါသည်)၊ နှင်းများ အဖတ်လိုက်ကျသည့်ရာသီဥတုတွင် နယ်စွန်နယ်ဖျားက တောဘူတာရုံအိုကလေးသိခေါ်သွားကာ ဝီစကီတစ်ပက်မျှ တိုက်ပြီး(ကိုယ်ကတော့ တစွတ်စွတ်နှိပ်သည်) မှတ်ထား၊ ဒါ ယုဒသစ်ပင်ဝတ္ထုထဲက ဆေးကျောင်းသား မိုရေးနဲ့ ဘူတာမှာ ပေါင်မုန့်ရောင်းတဲ့ ကောင်မလေး
စတွေ့တဲ့ ဘူတာကွ” ဟု လူတတ်ကြီးလုပ်ကာ ခေါ်ပြတတ်သော၊ နွေဖက်တွင် မြစ်ပြင်တစ်လျှောက် လှေကလေးတစ်စင်းဖြင့် နှစ်ယောက်တူတူ လှော်ကြရင်း ‘မျှော်တလင့်လင့်ထဲ က ဇာတ်သိမ်း မှတ်မိတယ်မလား၊
ပရိုးဒစ်နဲ့ ပစ် ထွက်ပြေးဖို့ ကြိုးစားကြတာလေကွာ၊ ဒီမြစ်ထဲမှာပဲ၊ ခုလို လှေကလေးနဲ့ သူတို့ အဖမ်းခံလိုက်ရတယ် မလား၊ ကိုင်း ... လှော်ထားစမ်း၊ ရန်သူတွေလိုက်လာပြီကွ”ဟု အော်သည့် ကိုယ့်အား ရေး ... ပြေးကြစို့ ပရိုးဒစ်ကြီး၊ လှော်ပါဟ…” ဟု ပျော်ရွှင်စွာ နောက်ပြောင်ခဲ့သည့်ညီမလေး ဒေါ်နန်းမေမေကြည်သည် လူပေါလူနောက်ကြီး ကိုယ့်အား တကယ်ချစ်ခင်စုံမက်ခဲ့သည်ဟု ရိုးသားစွာယုံကြည်ခဲ့ပါသည်။ သူကတော့ ပြောရှာပါတယ်။

` ကျွန်မမှာလည်း ကြိုက်စရာ ဗမာဆိုလို့
ဒီပေါက်စီကြီးပဲ တွေ့တွေ့နေရတော့ မတတ်နိုင်ဘူးပေါ့ ရှင်ရယ်” ဆိုလား။

သို့သော် အခြေအနေတစ်ခုသို့ အရောက်တွင်ကား မောင်ပါပီတို့နှစ်ယောက် ဆန်ဆုံစား၍ ကံကုန်သွားခဲ့ကြရသည်။ အသက်ငယ်သော်ငြား မောင်ပါပီ့ထက် အတန်းကြီးသော.ညီမလေး ဒေါ်နန်းမေမေကြည်သည် တတိယမြောက် ဘွဲ့ကို ယူသည်။ ထိုက်သင့်သော အလုပ်အကိုင်ကောင်းကောင်း ရသည်။ အလုပ်ဖိစီးမှု များလာလေလေ၊ မောင်ပါပီအား အော်ငေါက်လေလေ ဖြစ်လာသည်။

သောက်သုံးမကျသော ယောက်ျားအား ယူထား
၍ ပျော်ရွှင်နေတတ်သည့် သူ့အသိ အိမ်ထောင်ရှင်မကြီးအား မြင်ပြင်းကတ်သည်ဟု လာလာ ပြောသည်။ “အစ်ကိုလည်း သောက်သုံးကျအောင်လုပ် သိလား” ဟု ဟောက်သည်ကို ချစ်မိသော ကိုယ်ကား သည်းခံမိသေးသော်ငြား ထမင်း အမြဲငတ်နေသော ပစ္စည်းမဲ့ချက်ကြီးနဲ့ နယ်ပိုင်ဝန်ထောက်သမီးတို့ဇာတ်လမ်း ပြုစပြုလာပြီ။

တစ်နေ့တွင် ဆင်းရဲသားမောင်ပါပီ အင်မတန် ရှက်သော ကိစ္စ တစ်ခု ဖြစ်ခဲ့သည်။ အိမ်သို့ အလည်လာသွားသော ညီမလေးကား မယောင်မလည်ဖြင့် မောင်ပါပီအံဆွဲထဲတွင် သူ့ဘဏ်ကတ်ပြားလေးကို ပင်နံပတ်ပါ ရေး၍ ချန်ထားခဲ့သည်။ ဘာလုပ်တာတုံးဟု ဖုန်းဆက်ပြီး လှမ်းအမေးတွင် အစ်ကို အရက်ဝယ်သောက်ဖို့ ပိုက်ဆံနည်းနည်း ထည့်ထားတဲ့ ကတ်ကလေးဟု ခပ်တည်တည် ဖြေသည်။

သို့နှင့်ပင် တစ်ညသား အလုပ်က အပြန်၊ မောင်ပါပီ
စီးကရက် ဝယ်သောက်ရန် ငွေထုတ်စက်တွင် ပိုက်ဆံထုတ်ဖို့ ညီမလေး၏ ကတ်ပြားလေးအား စက်ထဲ ထိုးထည့်ကာ ပင်နံပါတ်နှိပ်ကြည့်မိရာမျက်လုံးများ ပြာဝေသွားခဲ့ရသည်။ သောင်းဂဏန်းမျှသော ကိန်းဂဏန်းတချို့။ ငါကား ယခုအသက်အရွယ် ရောက်လာခဲ့သည့်တိုင် အသုံးမကျသောကြောင့် ထက်ငယ်သော ငါ့ချစ်သူကောင်မလေး၏ ကရုဏာသက်ခြင်း ခံနေရသည့် လူပေါကြီးမျှဟု တွေးကာ ဝမ်းနည်းပက်လက် ဖြစ်ရသည်။

ဖုန်းဆက်သောအခါ လေသံမာကလေးနှင့် လျှာမရှည်နဲ့၊ ဖိုင်နယ် တက်ဖို့ ကျောင်းလခသွင်းဖို့ ပိုက်ဆံမရှိတော့မှန်း ကျွန်မ သိတယ်၊ လိုရင် သုံး၊ မလိုလည်း ဒီတိုင်းထား၊ သက်တမ်းကုန်သွားရင် ကတ်အသစ်ဘဏ်က ကျွန်မဆီ ပို့မှာပဲ” ဟု ဟောက်ခြင်း ခံရလေသည်။

အနှီကဲ့သို့ နေ့ရက်များကို ဖြတ်သန်းလာပြီးနောက် စာသင်နှစ်ပြီးကာ ကျန်ရှိနေသေးသောဖိုင်နယ်တက်ရန် ပင်ပန်းကြမ်းတမ်းသော ဘဝဖြင့်မောင်ပါပီ့ဘဝကား အိပ်မက်ဆိုးကြီး မက်သကဲ့သို့ ဖြစ်နေချိန်ပင်။

ကူလီထမ်းအပြီး ပြန်လာသော မောင်ပါပီသည် တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲနေသည်။ ကိုက်ခဲညောင်းညာ ပျောက်လိုပျောက်ငြား ဗော်ဒကာတစ်ပိုင်းမျှ ဂလုဂလု မော့ပြီး အိမ်ပြန်လာသည်။ အချစ် ပူတူးတူး
လေးဆီ ဖုန်းဆက်သည်။

` မအားသေးဘူး၊ နက်ဖြန် ချောကလက်ရောင်းတဲ့ နိုင်ငံမှာ ကွန့်ဖရင့်စ်တစ်ခု သွားတက်စရာ ရှိလို့ ပြင်နေတယ်၊ နောက်မှ ပြန်ဆက် ´ဟု အဟောက်ခံရသည်။

မူးကြောင် ရူးကြောင် မောင်ပါပီ ရေချိုးကာ ကွန်ပြူတာကို ဖွင့်၊ ဖြေထားသော စာမေးပွဲအောင်စာရင်းကို
ဝင်ကြည့်သည်။ ဟာ့ ... တယ်နှိပ်ပါလား။ မောင်ပါပီ ထိပ်ဆုံးနား မရောက်တရောက်လေးဖြင့် အောင်နေသည်။ ကိုယ်တော့ အောင်တယ်ဟု အချစ်ကို ဖုန်းဆက်သည်။ ဘယ်လောက်ရတုံးဟု ခပ်မာမာ ပြန်မေးသည်။ ထိပ်ဆုံးနား မရောက်တရောက်ဟု ဖြေတော့ စူအောင့်အောင့်ဖြင့် ညောင်သည်။ ထိပ်ဆုံး မရရကောင်းလား ဟူလို။ ထိုမျှနှင့် မရပ်သေး၊ ဆက်တိုက် ဆူပွက်သည်။ ဖိုင်နယ်တွင် ယခုလို ထပ်မဖြစ်ရန် ပြင်းထန်စွာ သတိပေးလိုက်သည်။ မောင်ပါပီ တက္ကသိုလ်မှ ထိပ်ဆုံးအဆင့်ဖြင့် ဘွဲ့ရမှ ဖြစ်မည်။ သို့မှသာ ကမ္ဘာကျော် တက္ကသိုလ်မှ ဘိတ်ချီးအဆင့်ဖြင့် ဘွဲ့ရသော သူနှင့် ညီမျှသည်။

ထို့နောက် မောင်ပါပီကား ဘာမှမကြားတော့။ ကူလီထမ်းလာသဖြင့် ကိုက်ခဲနေသော ခန္ဓာ၊ မအီမသာ
ဖြစ်မှု၊ အောင်မြင်မှုတစ်ခုကို အစော်ကားခံလိုက်ရသလို ဖြစ်ခြင်း၊ ဗော်ဒကာအရက်ကြောင့်ချာချာလည်နေသော
စိတ်အခြေအနေ။ညီမလေးကို အင်မတန်ချစ်သော မောင်ပါပီသည် အာခေါင်ခြစ်၍ အော်ကာ ဆဲနေလေပြီ။

` ရီးထင်တယ် မင့်ကို၊ မင့်ဘွဲ့တွေက လောကဓမ္မကို နားလည်အောင် တတ်နိုင်သလား ဟရောင်၊ မင်းဟာ အင်မတန် လက်ရည်ထက်ပေမယ့် နှလုံးရည်မှာ ဇီးရိုး၊
မင့်လို မိန်းမမျိုးကို ထွီ”

ညီမလေးကား မောင်ပါပီကို ကြောက်၍ ဖုန်းထဲတွင် အော်ငိုလေပြီ။ ကလော်ဆဲနေသော မောင်ပါပီအသံအား နားမထောင်နိုင်တော့သည့်အလား ဖုန်းချသွားပြီ။

ဒေါသကြီးသော မောင်ပါပီသည် ဖုန်းကို အကြိမ်
ကြိမ် ဆက်ခေါ်သည်။ မကိုင်။ တစ်ညလုံး ထိုင်ခေါ်သည်။ မကိုင်။ မိုးလင်းခါနီးတွင် ကိုယ်စိတ်နှလုံး ပန်းလျနေသော မောင်ပါပီ ဖလက်ပြသွားသည်။

အိပ်ရာနိုးလာသောအခါ ၄၅ မစ်စ်ကောလ် ဟု ဖုန်းမျက်နှာပြင်တွင် မြင်နေရသည်ကို အဖက်မလုပ်ပဲ ပစ်
ထားကာ ဟန်ကိုယ့်ဖို့ဖြင် ကူလီထမ်းရန် အိမ်မှ ထွက်သည်။ ဖုန်းကို ယူမသွား။ တစ်ပတ်တိတိ အိမ်မပြန်ပဲ ကူလီထမ်းသည့် ဆိပ်ကမ်းတွင် အလုပ်လုပ်လိုက် အရက်သောက်ပြီး ထိုးအိပ်လိုက် လုပ်နေခဲ့သည်။ တစ်ပတ်မျှ ကြာ၍ အိမ်ပြန်လာသော် အိမ်တံခါးဝတွင် စာတစ်စောင် ရှာတွေ့သည်။

အစ်ကိုရေ . . . ဖုန်းခေါ်တာ မကိုင်လို့ လိုက်လာတယ်၊ ဘယ်ကို ရှောင်သွားတာလဲ၊ တစ်နေကုန် တံခါးရှေ့မှာ ရပ်စောင့်နေခဲ့တာ သိလား၊ အစ်ကိုစိတ်ဆိုးလို့ ပါးချလည်း ခံပါ့မယ်၊ ညီမလေး ငိုရလွန်းလို့ မောလှ ပါပြီ၊ ကျွန်မအစ်ကို့ကို ဘယ်လောက်ချစ်လဲ တကယ်သိရင် ဆက်သွယ် ပါ”ဟူသည့် စာတိုကလေး။

မောင်ပါပီကား အရည်ပျော်ချင်နေသော်ငြား
အံကိုကြိတ်၍ ခေါင်းခါသည်။ ဂန်းမလေး၊ ငါ့ကိုတစ်သက်လုံး နိုင်သွားလိမ့်မယ်။ အောင့်ထား အောင့်ထားဟု ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသည်။

ညဘက်တွင်ကား တံခါးဝတွင် ငုတ်တုတ်လေး ထိုင်ကာ ငိုမဲ့မဲ့ဖြစ်နေရှာမည့် ညီမလေး၏ အပြစ်ကင်းစင်သည့် မျက်နှာဝိုင်းစက်စက် ကလေးကို မြင်ယောင်ရင်း ဘယ်ညာလူးလှိမ့်ကာ အိပ်မရ။ ဖုန်းကို ကိုင်ကြည့်ကာ ခေါ်လိုက်ရမလားဟု တွေးသည်။ အောင့်ထား အောင့်ထားဟု သတိပေးမိပြန်သည်။ သို့နှင့် အောင့်ရလွန်းသွားကာ ၆ လ ကြာသွားသည်။

မောင်ပါပီတို့နှစ်ယောက် ပြန်လည် ဆုံတွေ့ကြသောအခါတွင်ကား အင်မတန် ချစ်ခဲ့ကြသော လူနှစ်ယောက်ဟု ယူဆနိုင်စွမ်း မရှိကြတော့ပါ။ ဘဝတွင် ပထမဆုံး ဆုံတွေ့ခဲ့ကြသော ကာဖီရည်ဆိုင်လေးတွင် အခါ တိုင်းကဲ့သို့ ပူးကပ်မနေတော့ပဲ စားပွဲ တစ်ဖက်
တစ်ချက်စီတွင် ထိုင်ရင်း အဝေးကိုသာ ငေးကြည့်နေကြတော့သည်။

ဖိုင်နယ်ကျောင်းလခကို ဘယ်လိုပေးလိုက်သလဲ ဟု ညီမလေးက မေးသည်။ ကံကောင်းပြီး ပညာသင်ဆုရလို့ အဆင်ပြေသွားတယ်ဟု ကိုယ်က ပြန်ဖြေသည်။ နောက်ထပ် ၁၅ မိနစ်မျှ ကြာသွားသည်။

ကျောင်းစာက ဖိုင်နယ်ဆိုတော့ ခက်မှာပေါ့၊ ခု အခြေအနေကောင်းလားဟု ထပ်မေးသည်။ ဝသီပါနေသော မောင်ပါပီကား သိပ်မဆိုးပါဘူး ထိပ်ဆုံးမရတောင် အလယ်အလတ်နဲ့တော့ အောင်လောက်ပါတယ်ဟု ရိသဲ့သဲ့ ပြောရင်း ပြုံးသည်။

ခပ်တင်းတင်း မျက်နှာလေး ညှိုးကျသွားပြီး “အစ်ကိုရာ” ဟု သူ့ဖာသာ တိုးတိုးလေး ရေရွတ်ရင်း အဝေးသို့ ငေးရင်း မျက်ရည်ဝဲနေသည်ကို ကာကွယ်ရန် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်သည်။

“သမုဒ္ဒရာတစ်ဖက်က နာမည်ကြီး လက်ဘ်တစ်ခုက ဒါရိုက်တာ တစ်ယောက်နဲ့ ခင်ပြီး အလုပ်လျှောက်လိုက်တာ စီနီယာသိပ္ပံပညာရှင် ပို့စ်နဲ့ အလုပ်ရတယ်၊ သွားတော့မယ် မကြာခင်” ဟု ဆက်ပြောလာ သည်။

ကိုယ်ကား ရင်ဘတ်ထဲတွင် ကျဉ်ခနဲ ဖြစ်သွားသော်ငြား ဪဟု ပြန်ဖြေသည်။ မိနစ်ပေါင်းများစွာ ကြာသွားသည်။

မောင်ပါပီသည် ညီမလေးအား ခပ်တင်းတင်းထဖက်၍ အစ်ကို့ကို ထားသွားတော့မလို့လားကွာဟု ငိုသံပါကြီးဖြင့် မေးချင်သော်ငြား မမေးဖြစ်။ ညီမလေးကား မောင်ပါပဲ့မျက်နှာကို အမှတ်တမဲ့ ငေးငေးကြည့်ကာ နောက်ဆုံး စိတ်ကို တင်းထားဟန်ဖြင့် ထသည်။

အစ်ကိုက အင်မတန်ထူးဆန်းတဲ့ လူကြီး၊ ညီမလေး နှုတ်ဆက်ပြီနော် … ဟု ငိုသံပါလေးဖြင့် ပြောကာ ကာဖီရည်ရောင်းသည့် ဆိုင်အပြင်ဘက် နှင်းမှုန်များထဲသို့ တိုးဝင်ထွက်ခွာကာ ပျောက်ကွယ်သွားခဲ့သည်။

ယခုမောင်ပါပီသည် Dr. NMMKYI ဟူသည့် အမည်ပါသော သက်တမ်းကုန်ဆုံးနေသည့် ဘဏ်ကဒ်ကလေးကို မူးမူးဖြင့် ပွတ်ကြည့်ကာ “အစ်ကိုက အင်မတန်ထူးဆန်းတဲ့ လူကြီး”ဟူသည့် စကားသံကို ပြန်ကြား ယောင်နေမိသည်။

အဲဒါမဟုတ်ဘူး ညီမလေးရ၊ တကယ်တမ်း အစ်ကိုက သောက်သုံး မကျတဲ့ အလကားကောင်ကြီးပါကွာဟု အက်ကွဲကွဲအသံဖြင့် ရေရွတ်ရင်း တဟားဟား အော်ရယ်နေလေသည်။ ညီမလေးကား ကြားနိုင်တော့မည် မဟုတ်။

◾ပါပီယွန်

🏡 ဘရဏီစာပေမှာ ရရှိနိုင်တဲ့
ပါပီယွန်စာအုပ်များ

📚

၁။ မက္ကဇင်ပါပီရဲ့ထရော်မာများ - ၁၀၀၀၀ကျပ်
၂။ ပယ်ရီပယ်ရီ ချစ်ကန်း - ၁၀၀၀၀ကျပ်
၃။ ဂွတ်ဘိုင်ဘလတ်ဒီးမေရီ - ၉၀၀၀ကျပ်
၄။ ဇီးကွက်ချောင်းတံတားပေါ်က - ၇၀၀၀ကျပ်

🏡

ဘရဏီစာပေ
သဇင်လမ်းထိပ်၊အောက်ရွာလေးလမ်း
အမှတ်၂ရပ်ကွက် ၊ကျိုက်လတ်မြို့
09756723420
09256194360(viber)

🍀🍀🍀
#လူကြီးမင်းတို့အလိုရှိသော စာအုပ်များ
( စျေးကွက်မှာရရှိနိုင်တဲ့စာအုပ်များ)ကို
မက်ဆင်ဂျာကနေ အမည်နှင့်လိပ်စာပေးပို့
မှာယူနိုင်ပါတယ်။


Express ရောက်ရှိသောမြို့တိုင်း
အိမ်ရောက်ငွေချေစနစ်နဲ့မှာယူရရှိနိုင်ပါတယ်။
Kpay,Wave Pay နဲ့ ငွေချေလို့ရပါတယ်။

#စာဖတ်ပါ၊ဘယ်တော့မှအထီးမကျန်ပါနဲ့
ချစ်ခြင်းမေတ္တာကိုယုံကြည်ပါ။

#ပါပီယွန်

အားလုံးကို ငြင်းဆိုဖို့ရာအားလုံးကို လက်ခံလိုက်ပါ။အားလုံးကို လက်ခံဖို့အားလုံးကို ငြင်းဆိုလိုက်ပါ။🔲 ပိုင်စိုးဝေနေရောင်ခြည်...
07/08/2026

အားလုံးကို ငြင်းဆိုဖို့ရာ
အားလုံးကို လက်ခံလိုက်ပါ။
အားလုံးကို လက်ခံဖို့
အားလုံးကို ငြင်းဆိုလိုက်ပါ။

🔲 ပိုင်စိုးဝေ
နေရောင်ခြည်နဲ့ တွေ့ဆုံခြင်း - မှ

🏡

ဘရဏီစာပေမှာ မှာယူရရှိနိုင်တဲ့
ကဗျာဆရာ ပိုင်စိုးဝေ စာအုပ်အချို့

📚

၁။ သိန်းစွန်ငှက်အပြန်လမ်း - ၅၀၀၀ကျပ်
၂။ လင်းနို့၏ မှတ်စု - ၈၀၀၀ကျပ်
၃။ နေရောင်ခြည်နှင့်တွေ့ဆုံခြင်း - ၄၀၀၀ကျပ်
၄။ ပိုင်စိုးဝေအင်တာဗျူး - ၆၀၀၀ကျပ်
၅။ လူဆိုတာအနွေးဓာတ်လိုတယ် - ၁၀၀၀၀ကျပ်
၆။ ကဗျာပေါင်းချုပ် - ၂၅၀၀၀ကျပ်

🏡

ဘရဏီစာပေ
သဇင်လမ်းထိပ်၊အောက်ရွာလေးလမ်း
အမှတ်၂ရပ်ကွက် ၊ကျိုက်လတ်မြို့
09756723420
09256194360(viber)

🍀🍀🍀
#လူကြီးမင်းတို့အလိုရှိသော စာအုပ်များ
( စျေးကွက်မှာရရှိနိုင်တဲ့စာအုပ်များ)ကို
မက်ဆင်ဂျာကနေ အမည်နှင့်လိပ်စာပေးပို့
မှာယူနိုင်ပါတယ်။


Express ရောက်ရှိသောမြို့တိုင်း
အိမ်ရောက်ငွေချေစနစ်နဲ့မှာယူရရှိနိုင်ပါတယ်။
Kpay,Wave Pay နဲ့ ငွေချေလို့ရပါတယ်။

#စာဖတ်ပါ၊ဘယ်တော့မှအထီးမကျန်ပါနဲ့
ချစ်ခြင်းမေတ္တာကိုယုံကြည်ပါ။

#ပိုင်စိုးဝေ

မဒမ်ဗိုဗာရီသည် သရုပ်မှန်စာပေ ရှေ့ဆောင်'ဝတ္ထုကြီးဟု ဆိုလိုက်သဖြင့် သရုပ်မှန်စာပေဆိုသည်မှာ ဆင်းရဲတာ၊ ငတ်တာတွေ နေမှာပဲဟု သရ...
07/08/2026

မဒမ်ဗိုဗာရီသည် သရုပ်မှန်စာပေ ရှေ့ဆောင်'ဝတ္ထုကြီးဟု ဆိုလိုက်သဖြင့် သရုပ်မှန်စာပေဆိုသည်မှာ ဆင်းရဲတာ၊ ငတ်တာတွေ နေမှာပဲဟု သရုပ်မှန်စာပေ၏သဘောကို တကယ်တမ်း သဘောမပေါက်ဘဲ သရုပ်မှန်စာပေဟူသော အသံကို ကြားရရုံဖြင့် ဖတ်ရမှာ ဝန်လေးနေကြသူများကို မေတ္တာရပ်ခံချင်ပါသည်။

သရုပ်မှန်စာပေဆိုသည်မှာ မွဲတာ၊ ငတ်တာ၊ ဒုက္ခရောက်တာတွေကို ရေးမှ သရုပ်မှန်စာပေ မဟုတ်ပါ။ တကယ့်ဖြစ်ရပ်မှန်ကို ဓမ္မဓိဋ္ဌာန်ကျကျ ရေးဖွဲ့နိုင်လျှင်ပင် သရုပ်မှန်စာပေမည်နိုင်ကြောင်း ဖတ်ကြည့်လျှင် သဘောပေါက်လာနိုင်ပါသည်။

🔲 ဘာသာပြန်သူ၏စကားဦး - မှ

📘

Gustave Flaubert
ဂုစတော့ဖလောဗဲယား
မဒမ်ဗိုဗာရီ
ကျော်လှိုင်ဦး

၁၅၀၀၀ကျပ်

🏡

ဘရဏီစာပေ
သဇင်လမ်းထိပ်၊အောက်ရွာလေးလမ်း
အမှတ်၂ရပ်ကွက် ၊ကျိုက်လတ်မြို့
09756723420
09256194360(viber)

🍀🍀🍀
#လူကြီးမင်းတို့အလိုရှိသော စာအုပ်များ
( စျေးကွက်မှာရရှိနိုင်တဲ့စာအုပ်များ)ကို
မက်ဆင်ဂျာကနေ အမည်နှင့်လိပ်စာပေးပို့
မှာယူနိုင်ပါတယ်။


Express ရောက်ရှိသောမြို့တိုင်း
အိမ်ရောက်ငွေချေစနစ်နဲ့မှာယူရရှိနိုင်ပါတယ်။
Kpay,Wave Pay နဲ့ ငွေချေလို့ရပါတယ်။

#စာဖတ်ပါ၊ဘယ်တော့မှအထီးမကျန်ပါနဲ့
ချစ်ခြင်းမေတ္တာကိုယုံကြည်ပါ။

Address

Kyaiklat

Website

Alerts

Be the first to know and let us send you an email when Barani Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category