28/04/2026
သုတအိမ်ရဲ့စာအုပ်စင်မှာ ဆရာ့စာအုပ်တွေကို မပြတ်ဖြည့်ထားဖြစ်ပါတယ်။
“ရှုံးသွားရင်တောင် နိုင်နေမယ့် အလုပ်လုပ်ပါ”။ ဆိုပါတော့ ကိုယ် လုပ်ငန်း စတယ်။ အောင်မြင်ရင် ငွေရတယ်။ ရှုံးရင် သင်ခန်းစာ ရတယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ။
ကိုယ် content ရေးတယ်။ Viral ဖြစ်ရင် Follower တက်တယ်။ Viral မဖြစ်ရင် ကိုယ့်အတွေးက ပိုရှင်းသွားတယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ။ ကိုယ် ကျွမ်းကျင်မှု သင်တယ်။ အလုပ်ရရင် ငွေရတယ်။ အလုပ်မရရင် ကိုယ့် skill က ကိုယ့်ဆီ ကျန်တယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ။
ဒါက Asymmetric Bet ပါ။ ရှုံးရင် နည်းနည်းရှုံးတယ်။ နိုင်ရင် အများကြီးနိုင်တယ်။ လူအများစုက ပြောင်းပြန်လုပ်တယ်။ နိုင်ရင် နည်းနည်းနိုင်တယ်။ ရှုံးရင် အကုန်လုံးရှုံးတယ်။ ကိုယ့်မှာရှိတဲ့ငွေ အကုန်ထည့်တယ်။ ကိုယ်မှာရှိတဲ့အချိန် အကုန်ထည့်တယ်။ ကိုယ်မှာရှိတဲ့ဆက်ဆံရေး အကုန်လောင်းတယ်။ ပြီးတော့ မအောင်မြင်ရင် ဘာမှမကျန်ဘူး။ ဒါ ရဲရင့်တာ မဟုတ်ဘူး။ ဒါ မိုက်တာ။
ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ်ဆိုတာ ကိုယ် Gym သွားတယ်။ ကိုယ်ခန္ဓာ ပြောင်းသွားတယ်။ ဒါပေမဲ့ မပြောင်းရင်တောင် ကျန်းမာရေးကောင်းသွားတယ်။ ကိုယ် စာအုပ်ရေးတယ်။ ရောင်းကောင်းရင် ဝင်ငွေရတယ်။ မရောင်းရင်တောင် ကိုယ့်အတွေးတွေ စုစည်းပြီးသားဖြစ်သွားတယ်။ ကိုယ် လူတွေကို သင်ပေးတယ်။ ပိုက်ဆံရရင် ကောင်းတယ်။ မရရင်တောင် ကိုယ်က ပိုနားလည်သွားတယ်။
ဒါမျိုးအလုပ်ကို ရွေးပါ။ ရလဒ်ဘယ်လိုထွက်ထွက် ကိုယ် ပိုကောင်းသွားမယ့်အလုပ်၊ ရှုံးတဲ့အခါမှာတောင် ကိုယ့်လက်ထဲ တစ်ခုခုကျန်နေမယ့်အလုပ်၊ ဒါ အလုပ်ရွေးတာ မဟုတ်ဘူး။ ဒါ ဘဝရွေးတာ။
ဒီစာအုပ်မှာ Strategy၊ Leadership နဲ့ Wealth Management ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပြီး ကိုယ့်ရဲ့ ဘ၀၊ ငွေကြေးကြွယ်၀မှုနဲ့ စီးပွားရေးတိုးတက်ပြောင်းမှုဆိုင်ရာ အတွေးအမြင်နဲ့ အတွေ့အကြုံတွေကို လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။
◾ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ် လုပ်ပါ
◾Dr. Phyo Paing
◾စာမျက်နှာ - ၂၀၉
◾တန်ဖိုး - ၂၇၀၀၀ ကျပ်
[sarpaylann.com မှ မှာယူပါက 10 % Off ရရှိမှာဖြစ်ပါတယ်။ (30 - 5 - 2026 အထိသာ)]..........
30 -5 -2026 မှာ ထွက်ရှိမှာဖြစ်ပါတယ်။ မှာယူလိုပါက sarpaylann.com/books/ရှုံးသွားရင်တောင်-နိုင်နေမယ့်အလုပ်-လုပ်ပါ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....
အထူးအစီအစဉ်အနေနဲ့ “ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ် လုပ်ပါ" စာအုပ်ကို ကံထူးရှင် (၁၀) ဦးရွေးချယ်ပြီး မေတ္တာလက်ဆောင် ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရချင်တယ်ဆိုရင်တော့ ယခုပို့စ်ကို Public Share လုပ်ပြီး Screenshot ကို မူရင်းပို့စ်အောက်မှာ Comment မှာမန့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ (30-5-2026 အထိသာ)
#ရှုံးသွားရင်တောင်နိုင်နေမယ့်အလုပ်လုပ်ပါ
#ဒေါက်တာဖြိုးပိုင်