29/06/2022
42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ
ဘယ်လိုကွာခြားသလဲ ... ?
====================================
ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံမှာ 42.5 Class ဘိလပ်မြေ နဲ့ 52.5 Class ဘိလပ်မြေကိုသာ အများဆုံး အသုံးပြုနေကြပါတယ် ...
အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...
42.5 Class ဘိလပ်မြေ
----------------------------
42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
42.5 Class ဘိလပ်မြေ၏ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။.
42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။........
52.5 Class ဘိလပ်မြေ
-----------------------------
52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။
ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။
................
Crown ဘိလပ်မြေ တစ်အိတ်လျှင် 50 Kg ပါရှိပြီး၊ ထုပ်ပိုးမှုပုံစံမှာ အရည်အသွေးမြင့် Double Layer Bag (အိတ်ခွံနှစ်ထပ်) ဖြင့် ထုပ်ပိုးထားတာကြောင့် စိုထိုင်းခြင်း ၊အေးခဲသွားခြင်းမရှိဘဲ ကြာရှည်စွာ သိုလှောင်ထား နိုင်ပါသည်။....
ပြည်သူတို့၏ ဘဝ လုံခြုံနွေးထွေးမှု နှင့် အနာဂတ် ရည်မှန်းချက်များရှင်သန် အောင်မြင်စေဖို့အတွက် Crown ဘိလပ်မြေမှ အမြဲအသင့်ရှိနေမှာပဲ ဖြစ်ပါတယ်....
Home Ngao Mae
Hardwares Retail(SKL)
Building The Future Together .