U Nge - ဦးငယ်

U  Nge - ဦးငယ် U Nge-ဦးငယ်ကို သတိရပါ

14/03/2024

မောင်လပ်ကီး 🐶

နွေရာသီ ရောက်လို့ သစ်ရွက်တွေကြွေတဲ့ခါအတိတ်ကို လွမ်းရတယ်ပစ္စုပန်မှာတော့ သူမရှိတော့ဘူးလေ (ဦးငယ်)
28/02/2024

နွေရာသီ ရောက်လို့ သစ်ရွက်တွေကြွေတဲ့ခါ
အတိတ်ကို လွမ်းရတယ်
ပစ္စုပန်မှာတော့ သူမရှိတော့ဘူးလေ
(ဦးငယ်)

တစ်မိုးအောက်ထဲမှာရှိနေတယ်ဆိုတဲ့ အသိကဝေးကွာနေပေမဲ့ချိုမြိန်ပါတယ်တို့တွေက ရှင်လျက်နဲ့ဝေးကွာခဲ့ကြတာပဲ (ဦးငယ်)
03/02/2024

တစ်မိုးအောက်ထဲမှာ
ရှိနေတယ်ဆိုတဲ့ အသိက
ဝေးကွာနေပေမဲ့
ချိုမြိန်ပါတယ်
တို့တွေက ရှင်လျက်နဲ့ဝေးကွာခဲ့ကြတာပဲ
(ဦးငယ်)

အရင်လို မပို့ဖြစ်တော့တဲ့ message လေးတစ်စောင်“သတိရတယ်…” (ဦးငယ်)
28/01/2024

အရင်လို မပို့ဖြစ်တော့တဲ့ message လေးတစ်စောင်
“သတိရတယ်…”
(ဦးငယ်)

ပေါင်းဆုံသော် ရယ်ရ၍ ကွဲကွာသော်ငိုရ၏။ဤသည်မှာ ကပ်ကမ္ဘာ၏ အစ မှ ကပ်ကမ္ဘာ၏ အဆုံးတိုင်ခိုင်မြဲလေသော လူသားတို့အတွက် မရိုးနိုင်သ...
27/01/2024

ပေါင်းဆုံသော် ရယ်ရ၍
ကွဲကွာသော်ငိုရ၏။

ဤသည်မှာ
ကပ်ကမ္ဘာ၏ အစ မှ

ကပ်ကမ္ဘာ၏ အဆုံးတိုင်
ခိုင်မြဲလေသော လူသားတို့အတွက်

မရိုးနိုင်သော သစ္စာတည်း။

#လွမ်း
(ဦးငယ်..)

25/01/2024

ဘဝမှာ တစ်ခါပဲ ချစ်ခွင့်ရမယ်ဆို
တစ်သက်မှာ တစ်ယောက်ပဲ ချစ်ခွင့်ရမယ်ဆို
ကမ္ဘာကြီးက ပြောင်းလဲ ခဲ့မယ်ဆို
မင်းကိုချစ်စိတ် ဘယ်ခါမှ မပြောင်းလဲ

 #နိဂုံး===ကျွန်တော်တို့စတွေ့ခဲ့တာ ကိုဗစ်ကာလမှာ။ဒီလိုနဲ့စကားတွေပြောရင်း အနေကြာလာတော့ စိတ်ရဲ့မသိခြင်းမှာသူမကို ခင်တွယ်လာမ...
24/01/2024

#နိဂုံး
===
ကျွန်တော်တို့စတွေ့ခဲ့တာ ကိုဗစ်ကာလမှာ။
ဒီလိုနဲ့
စကားတွေပြောရင်း အနေကြာလာတော့ စိတ်ရဲ့မသိခြင်းမှာသူမကို ခင်တွယ်လာမိတယ်။
ညစဉ်ညတိုင်း ဖုန်းထဲမှာ သူလေးအိပ်ပျော်အောင် ပုံပြင်လေးတွေ ပြောပြရတာ အမော။
အို..ကြည်နူးစရာအချိန်လေးတွေ ဖြစ်ခဲ့တာပေါ့။ဒါပေမဲ့
သာယာကြည်နူးမှုဟာ မုန်တိုင်းမလာခင်လေငြိမ်သလို ဖြစ်တယ်ဆိုတာကို မသိခဲ့မိဘူး။
ကျွန်တော့ဘဝကို မုန်တိုင်းဝင်တိုက်ခဲ့တယ်။
သူမကို ကျွန်တော့်ဘဝထဲမှာ ခဏထားခဲ့တယ်..ပြီးတော့
သူမကို ကျွန်တော်နဲ့အဝေးဆုံးကို ခေါ်ဆောင်သွားခဲ့တယ်။
ကျွန်တော်တို့ ပြန်မဆုံနိုင်တော့အောင် …..။
ရာသီစက်ဝန်းကြီးလည်း ဂိမှာန်..ဝသန်..ဟေမန်..ဥတုသုံးလီ အခါခါလည်ခဲ့လေပြီ။
သူမလည်း ဘဝသစ်မှာ…..။
တစ်ချိန်က ကျွန်တော့်ကို မေ့ရောပေါ့။
ကျွန်တော်ကတော့ ပုံပြင်လေးတွေကို သူမရှိတယ် စိတ်ကူးနဲ့ တီးတိုးပြောပြဆဲ။
အခုတော့ သတိရတိုင်း ဓမ္မစကြာသုတ်တော်ပါ
ပိယေဟိ ဝိပ္ပယောဂေါဒုက္ခော
( ချစ်ခင်နှစ်သက် အပ်ကုန်သော သူတို့နှင့် ကွေကွင်းခွဲခွါ နေရခြင်းသည် ဒုက္ခ)
ယံပိစံ နလဘတိ တံပိဒုက္ခံ
(တောင့်တခြင်း အလိုရှိခြင်း တို့ကိုလည်းမရ၊ထိုလိုအင်ဆန္ဒဖြင့် တောင့်တတိုင်း မရခြင်းသည်လည်း ဒုက္ခ)
စာသားလေးကို ရွတ်ဆိုဆဲ။
ဪ..သူမခေါ်တဲ့ နာမည်က ……ဦးငယ်တဲ့။
(ဦးငယ်)
၂၄/၁/၂၄

တဖြေးဖြေး ဝေးသွားခဲ့ကြပြီနော် (ဦးငယ်)
24/01/2024

တဖြေးဖြေး ဝေးသွားခဲ့ကြပြီနော်
(ဦးငယ်)

အသည်းနှလုံးဖလှယ်၍ ချစ်ကြသည့်တိုင် ကံကြမ္မာ၏ဆုံးဖြတ်မှုကို မနာခံ၍ မရတော့ပါ။လူတွင်အသက်တစ်ခု အချစ်တစ်ခုပင်ရှိသည်ဖြစ်ရာ အသက်...
31/10/2023

အသည်းနှလုံးဖလှယ်၍ ချစ်ကြသည့်တိုင် ကံကြမ္မာ၏ဆုံးဖြတ်မှုကို မနာခံ၍ မရတော့ပါ။လူတွင်အသက်တစ်ခု အချစ်တစ်ခုပင်ရှိသည်ဖြစ်ရာ အသက်ရှင်နေသော်လည်း အချစ်မဲ့သူတစ်ယောက်ဖြစ်ခဲ့ရပါပြီ။

-
-
ကလျာနှောင်တည်း
ဝင်းညက်ကြည်း ကြောင့်
တ လည်း တ လွမ်း
ဆိုယောင်ယမ်းသည်
မတမ်းဘယ်သူ နေတတ်မည်
(ရှင်မဟာရဌသာရ)

အေးမြတဲ့ ဒီဇင်ဘာလရဲ့ ညတစ်ည။နှင်းစက်လေးတွေ ဝေသီနေတဲ့ တစ်ချိန်က ရှမ်းပြည်နယ် သီပေါမြို့ရဲ့ ဘော်ကြိုဘုရားပွဲ စျေးတန်းမှာ ကေ...
28/10/2023

အေးမြတဲ့ ဒီဇင်ဘာလရဲ့ ညတစ်ည။
နှင်းစက်လေးတွေ ဝေသီနေတဲ့ တစ်ချိန်က ရှမ်းပြည်နယ် သီပေါမြို့ရဲ့ ဘော်ကြိုဘုရားပွဲ စျေးတန်းမှာ ကောင်လေးနဲ့ကောင်မလေး နှစ်ဦးဟာ ဘုရားပွဲစျေးတန်းမှာ လျောက်လည်နေကြတယ် ။ကောင်လေးက ၂၆ နှစ် ကောင်မလေးက ကောင်လေးထက်အသက်ငယ် တဲ့ အရွယ်။
ချစ်သူနှစ်ဦး လမ်းလျောက်နေတဲ့အချိန် စျေးဆိုင်တန်းတွေဆီက သီချင်းသံလေးတွေ ကလည်း လေထဲမှာ ပျံ့လွင့်လို့ ။
ချစ်တဲ့သူတွေစိတ်မှာ ကိုယ်ချစ်ရတဲ့သူ မြတ်နိုးရတဲ့သူ နဲ့ သံသရာမဆုံးသမျှ အတူတူ ကောင်းအတူတူ ဆိုးအတူတူ ဆင်းရဲအတူ ချမ်းသာအတူ ကျန်းမာတဲ့အခါ အနာရောဂါနှိပ်စက်ခံရတဲ့အချိန်တွေမှာ အတူတူ ဖြတ်သန်းချင်တာ ဓမ္မတာပါ။
စျေးတန်းကို လည်ပြီးတော့ ဘုရားမှာ တူယှဉ်တွဲထိုင်ကာ ကောင်လေးက သူချစ်တဲ့ကောင်မလေးနဲ့ အခုဘဝတွင်သာမက သံသရာ အဆက်ဆက် ပေါင်းရပါစေလို့ ဆုတောင်းခဲ့တယ်။
အဲ့နောက်တော့ ကံတရားကြောင့် သူတို့ဝေးသွားခဲ့ကြတယ်။ကွဲကွာခဲ့တယ်။မဆုံဆည်းခဲ့နိုင်သူတွေ ဖြစ်ခဲ့တယ်။
ကောင်လေးရဲ့ ဆုတောင်းလေးတွေကတော့ မပြည့်ခဲ့ဘူးလေ။ကောင်လေးကတော့
ခုဘဝမဟုတ်ရင် နောက်ဘဝမှာ ပေါင်းရပါစေလို့ ဘုရားရှိခိုးတိုင်း ဆုတောင်းနေလေရဲ့။နှစ်တွေကြာ အချိန်တွေကုန်ဆုံးသွားပေမဲ့ တစ်ခါတစ်လေတော့ သူ့ကောင်မလေးကို သတိရမိတဲ့အခါ အတူတူဆိုဖူးတဲ့ သီချင်းလေးတွေကို တိုးတိုးလေးဆိုညည်း နေလေရဲ့။

(ဦးငယ်)

Address

Labutta

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when U Nge - ဦးငယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share