Sakura's Online Novels Collection

Sakura's Online Novels Collection Believe Yourself

🌸🌸🌸Author - တခေတ်ရှင်                                ရေးသားထားသော🌸🌸🌸      💞ဖမ်းဆုပ်ခွင့်မရနိုင်ခဲ့သောချစ်ခြင်းတရား💞 (၁-၇...
05/09/2026

🌸🌸🌸Author - တခေတ်ရှင်
ရေးသားထားသော🌸🌸🌸

💞ဖမ်းဆုပ်ခွင့်မရနိုင်ခဲ့သောချစ်ခြင်းတရား💞
(၁-၇၃) စ/ဆုံး

Author ၏ ခွင့်ပြုချက် ပါ,ပါ သည်။
Profile Link and Profile SS အား ထည့်သွင်းဖော်ပြပေးထားပါသည်။

05/09/2026
🌸🌸🌸Author - ဖြူး သံဇဥ် တေး                              ရေးသားထားသော🌸🌸🌸💞💞💞အတုန့်အလှည့်လျော်ကြေး                         ...
16/07/2026

🌸🌸🌸Author - ဖြူး သံဇဥ် တေး
ရေးသားထားသော🌸🌸🌸

💞💞💞အတုန့်အလှည့်လျော်ကြေး
(Or)
မာဖီးယားရဲ့အချစ်စစ်💞💞💞

Season - 1 ( စ/ဆုံး )

Author ၏ ခွင့်ပြုချက် ပါ,ပါ သည်။
Profile Link and Profile SS အား ထည့်သွင်းဖော်ပြပေးထားပါသည်။

🌸🌸🌸Author - Rose little World                              ရေးသားထားသော🌸🌸🌸                  💞💞💞Only You💞💞💞(1-68)+Extra စ...
28/06/2026

🌸🌸🌸Author - Rose little World
ရေးသားထားသော🌸🌸🌸

💞💞💞Only You💞💞💞
(1-68)+Extra စ/ဆုံး

Author ၏ ခွင့်ပြုချက် ပါ,ပါ သည်။
Profile Page Link and Profile Page SS အား ထည့်သွင်းဖော်ပြပေးထားပါသည်။

ဘာသာပြန်သူ - Sakura  Fic name - 💞 Come Back 💞Ongoing ဈေး - 2,000 ကျပ်Completed ဈေး - 3,000 ကျပ်Long Fiction type 🌸🫶🌸 Int...
15/06/2026

ဘာသာပြန်သူ - Sakura
Fic name - 💞 Come Back 💞
Ongoing ဈေး - 2,000 ကျပ်
Completed ဈေး - 3,000 ကျပ်

Long Fiction type 🌸🫶🌸 Intro ပဲတင်ပေးတာပါရှင့် paid ဝင်ရမှာပါနော်
ခုက ongoing ပဲ ရှိသေးလို့ ၂,၀၀၀ ကျပ် ရသေးတယ်နော်😉😉😉

🌸🌸🌸Author - L i l a c                                ရေးသားထားသော🌸🌸🌸            💞💞💞Revenge of Angel💞💞💞                  ...
02/06/2026

🌸🌸🌸Author - L i l a c
ရေးသားထားသော🌸🌸🌸

💞💞💞Revenge of Angel💞💞💞
နတ်သမီးကလဲ့စား

(၁-၆၅) စ/ဆုံး

Author ၏ ခွင့်ပြုချက် ပါ,ပါ သည်။
Profile Page Link and Profile Page SS အား ထည့်သွင်းဖော်ပြပေးထားပါသည်။

ဒါလေးက Saku ဘာသာပြန်ပေးမယ့် fic လေးပါ  Paid အဖြစ် လာပါမယ်နော် အပိုင်းရှည်ကြီးကိုမှ ၂,၀၀၀ ကျပ်ပါပဲရှင့် completed ဖြစ်သွာ...
31/05/2026

ဒါလေးက Saku ဘာသာပြန်ပေးမယ့် fic လေးပါ Paid အဖြစ် လာပါမယ်နော် အပိုင်းရှည်ကြီးကိုမှ ၂,၀၀၀ ကျပ်ပါပဲရှင့် completed ဖြစ်သွားရင်တော့ ၃,၀၀၀ ဖြစ်သွားပါမယ်နော်

နိဒါန်း - ငါ ရှင်သန်ချင်တယ်

ငါ သေလုဆဲဆဲ ဖြစ်နေပြီ... ဒါက ရှောင်လွှဲလို့မရတဲ့ အဆုံးသတ်ပဲ။ လပေါင်းများစွာပတ်လုံး ငါ့ကို တိုက်ကျွေးခဲ့တဲ့ အဆိပ်တွေဟာ အခုဆို ငါ့ရဲ့ သွေးကြောတွေထဲအထိ ပြန့်နှံ့သွားပြီး အရိုးထဲအထိ စိမ့်ဝင်နေပြီ။ ငါ တစ်ယောက်တည်းပါပဲ။ ငါ့ကို ပွေ့ဖက်ပေးမယ့်သူ၊ နှစ်သိမ့်ပေးမယ့်သူ ဒါမှဟုတ် ငါ့အတွက် ငိုကြွေးပေးမယ့်သူ... တစ်ယောက်မှ မရှိဘူး။ ငါ တကယ့်ကို အထီးကျန်နေခဲ့တာ...
ငါဟာ လူမိုက်တစ်ယောက်ပဲ။
ငါ့ရဲ့ ယောက်ျားဖြစ်သူ‌ ဟော်ရုံ၊ သူနဲ့ ချစ်ခွင့်ရဖို့၊ လက်ထပ်ခွင့်ရဖို့အတွက် ငါ အရာရာကို ရုန်းကန်တိုက်ခိုက်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက ငါ့ရဲ့ တည်ရှိမှုကိုမေ့လျော့သွားခဲ့တယ်။ သူ အလိုရှိတဲ့ စံပြအမျိုးသမီးတစ်ယောက် ဖြစ်လာဖို့အတွက် သူ လိုလားသမျှ အရာအားလုံးကို ငါ လုပ်ဆောင်ပေးခဲ့တယ်။ သူက တူရိယာဂီတကို ဝါသနာပါတယ်ဆိုလို့ ငါ့လက်ချောင်းတွေ သွေးထွက်တဲ့အထိ ကူချင်း တီးခတ်နည်းကို အတင်းအကျပ် သင်ယူခဲ့တယ်။ သူက ကချေသည်တွေရဲ့ အကအနုပညာကို သဘောကျတယ်ဆိုလို့ ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲလုမတတ် ဖြစ်တဲ့အထိ ခြေ၊ လက်တွေကို လှုပ်ရှားပြီး ကနည်းကို လေ့ကျင့်ခဲ့ရတယ်။ သူက စစ်တုရင် ကစားတာ ဝါသနာပါတယ်ဆိုလို့ ငါ့ရဲ့ စိတ်အာရုံတွေ ထုံထိုင်းသွားတဲ့အထိ လေ့လာခဲ့တယ်။ သူ မုန်းတီးတဲ့ အရာအားလုံးကို ငါ စွန့်လွှတ်ခဲ့တယ်။ မြင်းစီးခြင်း... ဒါက ငါ့အဖေ ငါ့ကို သင်ပေးခဲ့တဲ့ တစ်ခုတည်းသော အရာ၊ ငါ အမြတ်နိုးဆုံး အရာပဲ ဒါပေမဲ့ သူက မကြိုက်ဘူး ဆိုလို့ သူ့အတွက်နဲ့ ငါ မြင်းစီးတာကို စွန့်လွှတ်ခဲ့တယ်။ ငါ့ကိုယ်ငါလည်း စွန့်လွှတ်ခဲ့တယ်... တရားဝင် ဇနီးကြီး ဖြစ်တဲ့ ငါက သူနဲ့အတူ ရှိနေခွင့်ရဖို့အတွက် မယားငယ် အဖြစ် နေထိုင်ဖို့ ငါ့ရဲ့ သိက္ခာကိုပါ ဖျက်စီးခဲ့တယ်။ ဒါတွေအားလုံးက ငါ သူ့ကို ချစ်လွန်းလို့ လုပ်ခဲ့တာ။ ဒါပေမဲ့... သူ ငါ့ကို တစ်ခါမျှ မပွေ့ဖက်ခဲ့ဘူး၊ မထိတွေ့ခဲ့ဘူး၊ မချစ်ခဲ့ဖူးဘူး။ ငါ့ဘဝတစ်ခုလုံးကို သူ့ကို ချစ်ရင်းနဲ့ပဲ အလဟဿ ဖြုန်းတီးခဲ့ရပြီး၊ ငါ့နောက်မှ တရားဝင် လက်ထပ်ယူခဲ့တဲ့ မိန်းမရဲ့ လှောင်ပြောင်စော်ကားမှုကိုပဲ ခံခဲ့ရတယ်။ ပိုဆိုးတာက... အဲဒီ ဇနီးကြီး ဖြစ်လာတဲ့မိန်းမက ငါ့ရဲ့ ညီမဝမ်းကွဲ တော်စပ်သူ ဖြစ်နေတာပဲ။ ငါ့ရဲ့ ကောင်းလှပါတယ်ဆိုတဲ့ညီမက ငါ့ကို အဆိပ်ခတ်ခဲ့တာ... ရက်ရက်စက်စက်နဲ့ လပေါင်းများစွာ တိုက်ကျွေးခဲ့ပြီး နောက်ဆုံးမှာတော့ အဲဒီအဆိပ်က ငါ့ရဲ့ နှလုံးသားကို ဝါးမြိုသွားခဲ့ပြီ။
"ပင်လယ်ထဲမှာ ငါးတွေ အများကြီး ရှိတာပဲ..." လို့ သူ တစ်ခါက ပြောခဲ့ဖူးတယ်။
ငါကတော့ တကယ့်ကို အမိုက်မဲဆုံး လူတစ်ယောက်ပဲ။
ငါးတစ်ကောင်နဲ့ အတူရှိခွင့်ရဖို့ ငါ့ရဲ့ အတောင်ပံတွေကို ငါ့ဘာသာ ဖြတ်တောက်ပစ်ခဲ့မိတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ့ရဲ့ အချစ်တွေက ရက်ရက်စက်စက် အမှိုက်လို အပစ်ပယ်ခံလိုက်ရတယ်။ ဒါဟာ အမှားကြီးတစ်ခုပဲ... ငါ့ကို အလိုမရှိတဲ့သူတစ်ယောက်အတွက် ငါ့ကိုယ်ငါ အတင်းအကျပ် ပြောင်းလဲခဲ့မိတာ။ ငါ့ရဲ့ သွေးသားရင်းချာလို့ သတ်မှတ်ထားတဲ့သူကို ယုံကြည်မိလို့ သစ္စာဖောက်ခံလိုက်ရတာ။ ငါ မငိုနိုင်တော့ဘူး။ ငိုရမှာတောင် ငါ့ကိုယ်ငါ သိပ်ရှက်လွန်းလို့။ ဒါ ငါကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဘဝပဲ။ ဒါ ငါ့ရဲ့ အဆုံးသတ်ပဲ။
မှောင်မိုက်ခြင်းထဲကို စိုက်ကြည့်ရင်း... ငါ့ရဲ့ အမေနဲ့ အဖေ ကွယ်လွန်ခဲ့တဲ့ နေ့ကိုပဲ ငါ ပြန်လည်အမှတ်ရနေမိတော့တယ်။ ငါ့မိဘတွေ ကျန်းစီပြည်နယ် ကို အပြန်လမ်းမှာ သူတို့စီးလာတဲ့ သင်္ဘောက မုန်တိုင်းနဲ့ တိုးခဲ့တာ။ အဲဒီတုန်းက ငါက အသက် ၁၀ နှစ်ပဲ ရှိသေးတယ်။ ငါ့အဖေက သားအကြီးဆုံး ဖြစ်ပြီး၊ ငါက သူ့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်လို့ ငါကပဲ နောက်ထပ် အမွေဆက်ခံသူ ဖြစ်လာခဲ့တယ်။ ဒါကြောင့်မို့လို့ ငါ့အဖေရဲ့ ညီအရင်း ၃ ယောက်စလုံးက ငါ့အပေါ်မှာ အုပ်ထိန်းခွင့်ရဖို့အတွက် အလုအယက် ဖြစ်ခဲ့ကြတယ်။ အဖေရဲ့ အငယ်ဆုံးညီကို ရွေးချယ်ခဲ့ပြီး၊ အဲဒီ ဆုံးဖြတ်ချက်ကြောင့်ပဲ ဟော်ရုံနဲ့ စတင်ဆုံတွေ့ခဲ့ရတယ်။ ၁၅ နှစ်ကြာပြီးတဲ့နောက်မှာတော့ ငါ့ရဲ့ အဲဒီဆုံးဖြတ်ချက်က ငါ့ကို သေတွင်းထဲ ပို့ဆောင်လိုက်ပြီ။ ယောကျာ်းတစ်ယောက်အတွက်နဲ့ ငါ့ကို သတ်မယ့် သမီးဖြစ်သူရဲ့ အဖေ... အဲဒီ ဦးလေးဖြစ်သူကိုမှ ငါ ရွေးချယ်ခဲ့မိတာ။
"အမေ... အဖေ..." ငါ့ရဲ့ နောက်ဆုံး အသက်ရှူသံနဲ့အတူ ငါ့မျက်လုံးတွေကို မှိတ်လိုက်ပါတော့တယ်။

ငါသာ နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်ခွင့် ရမယ်ဆိုရင်... ငါသာ နောက်တစ်ကြိမ် ပြန်ရှင်သန်ခွင့် ရမယ်ဆိုရင်... အရင်ကလိုမျိုး ဒီလောက်အထိ ဘယ်တော့မှရူးရူးမူးမူး မချစ်တော့ဘူး။ တခြားသူတစ်ယောက်အတွက်နဲ့ ငါ့ကိုယ်ငါ ဘယ်တော့မှ အပျောက်ခံမှာ မဟုတ်တော့ဘူး။ ငါ ဘယ်တော့မှ... ဘယ်သောအခါမှ လူမိုက်တစ်ယောက် ထပ်မဖြစ်စေရဘူး။ ငါ ပိုပြီး သန်မာချင်တယ်။ ငါ ပိုပြီး ထက်မြက်ချင်တယ်။ ငါ ပြုံးချင်တယ်။ ငါ ရယ်မောချင်တယ်။
"ငါ ရှင်သန်ချင်တယ်..."
ငါ... အေးအေးချမ်းချမ်းလေးပဲ ရှင်သန်ချင်ပါတော့တယ်။

Paid ဝင်ရန် - Sakura acc ကို ဆက်သွယ်ပေးပါရှင့် 🫶

🌸🌸🌸Author - Ren Kii                             ရေးသားထားသော🌸🌸🌸  💞💞💞ဒုတိယအကြိမ်နှလုံးသားရှင်းတမ်း💞💞💞(၁-၆၆) စ/ဆုံးAuthor ...
28/05/2026

🌸🌸🌸Author - Ren Kii
ရေးသားထားသော🌸🌸🌸

💞💞💞ဒုတိယအကြိမ်နှလုံးသားရှင်းတမ်း💞💞💞

(၁-၆၆) စ/ဆုံး

Author ၏ ခွင့်ပြုချက် ပါ,ပါ သည်။
Profile Link and Profile SS အား ထည့်သွင်းဖော်ပြပေးထားပါသည်။

💞အသစ်တစ်ဖန် မွေးဖွားခြင်း💞အပိုင်း (၁၀)🖋️ကိုကြီးရဲ့ လက်ကို ချိတ်ကာ Company ထဲကို လိုက်လာသည်ကြောင့် အကုန်လုံးရဲ့ အကြည့်မျာ...
03/05/2026

💞အသစ်တစ်ဖန် မွေးဖွားခြင်း💞

အပိုင်း (၁၀)🖋️

ကိုကြီးရဲ့ လက်ကို ချိတ်ကာ Company ထဲကို လိုက်လာသည်ကြောင့် အကုန်လုံးရဲ့ အကြည့်များက သူမတို့နှစ်ယောက်အပေါ် ကျရောက်လာသည်။ ပေါင်လယ်‌ လောက်ရှိသည့် ပန်းနုရောင်ရင်ပြတ်ဂါဝန် တိုလေးကိုမှ အပေါ်ကနေ ဇာအဖြူရောင်လေးကို ထပ် ထားသည့် သူမ ပုံစံ လေးက တကယ်ကို ချစ်စရာ လေး။ သွယ်လျလှပ‌ နေသည့် ခြေတံတစ်စုံဟာ အရိုင်းမဆန်နေပါပဲ လှလွန်း‌နေသည်။ ဆံပင်ကိုပိုနီတေးစတိုင်ကိုမှ ခပ်မြင့်မြင့်စည်း ထားသည်‌ ကြောင့် လည်တိုင်အလှမှာလည်း ပိုပေါ်လွင်စေသည်။ ချစ်စရာကောင်း‌သောနဲ့ဆွဲဆောင်မူရှိနေခြင်းတို့ပေါင်းဆက်ထားသကဲ့သို့။ ကိုကြီး ကိုကြည့်တော့လည်း ဝတ်စုံပြည့်နှင့် ဆံပင်ကို သပ်သပ်ရပ်ရပ် သပ်တင်ထားသည်က ခန့်ညားလွန်းလှသည်။ ၆ပေ ၂ လက်မ ဆိုသည့် အရပ်က သူ၏ ခန့်ညားမူကို ပိုပြီး မြောက်ပင့်နေသည်။ အဆင်တန်ဆာမှာ လက်တွင် ပတ်ထားသော Rolex နာရီတစ်လုံးသာ။ သို့သော် ဝတ်ဆင်ထားသော suite မှာ Classic ဆန်လှသည်။ လည်သာဖိနပ်သည်လည်း တန်ဖိုး မသေးလှ။ ခါတိုင်းထက်ပင် ဒီနေ့မှ ကိုကြီးက အတော်ကို မိမိုက်နေသလိုပါပဲ။
ကိုကြီး ရုံးခန်းကို‌ ဝင်လိုက်ချိန်တွင် ဒယ်ဒီ ရုံးခန်းထက်ပင် ပိုမိုကျယ်ဝန်း‌နေသည်။ နံရံကပ် စာအုပ်စဉ် နှင့်အတူ ဘေးမှာ အလှစိုက်ထားသည့် သစ်ပင်အလတ်စား လေးက တင့်တယ်လွန်းလှသည်။ PC နှစ်ခုကို ဆက်တင်ထားသည့် ကျွန်းစားပွဲခုံသည် အတော်ပင် ကြီးကာ ဝင့်ထည်လျက်ရှိသည်။ ဒယ်ဒီဟာ ကိုကြီးကို တကယ်ပင် ကောင်းကောင်းမွန်မွန် ဆက်ဆံသည်က ပေါ်လွင်နေပေသည်။
ကိုကြီးက ရုံးခန်းဆိုဖာပေါ်တွင် မထိုင်ခိုင်းဘဲ ကိုကြီးရဲ့ ကျွန်းစားပွဲဘေးက ဖန်နှင့်ပြုလုပ်ထားသည့် မှန်စားပွဲဝိုင်းလေးပေါ်တွင် သူမအား နေရာ ချပေးလာသည်။

"ဆိုဖာက အငယ် စာ လုပ်မယ်ဆိုရင် ခါးကုန်း‌ နေမှာ။ အငယ့်တွက် သက်တောင့်သက်သာ မရှိဘူး။ ကိုယ့် ဘေးမှာ ထိုင်နော် လိမ္မာတယ်"

ခေါင်းကို အသာပုတ်ကာ နူးညံ့လှသော လေသံဩရှရှဖြစ်နေသည်နှင့်အတူ ကိုကြီးရဲ့ ဂရုစိုက်မူကို သူမ မလွန်ဆန်နိုင်ပါ။ တကယ်လည်း စာ လုပ်ရင် သက်တောင့်သက်သာ မရှိသည်မို့ ဖန်စားပွဲဝိုင်းလေးပေါ်သာ သူမ ကျောင်းစာအုပ်တွေ တင်လိုက်သည်။
ကိုကြီးက စကားပြောစက်လိုလို ခလုတ်တစ်ခုကို နှိပ်လိုက်တော့ Ipad ကို ကိုင်ထားသည့် လေးထောင့်မျက်မှန်နဲ့ လူငယ်တစ်ယောက်ဝင်လာသည်။ ထိုဝင်လာ‌ သောလူတွင် ကိုကြီးထက်ပင် မလျော့သော ရုပ်ရည် ရှိသည်။ ကိုကြီး တင်မဟုတ် ကိုကြီးရဲ့ လက်ထောက်ကပါ အတော်အထာကျသည့် ဘဲကြီးဖြစ်သည်။
ထို့နောက် တစ်နေ့တာ အချိန်ဇယားကို ပြောပြနေကာ ကိုကြီးက အရေးကြီးသည့် project ၃ ခုကိုသာ ချန်ခိုင်းထားပြီး ကျန်တာကို cancel လုပ်ခိုင်းလိုက်သည်။
ထို လက်ထောက်က တင်ပြစရာ ရှိတာတွေ တင်ပြပြီးနောက် သူမအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသောကြောင့် သူမလည်း ပြုံးပြီး ခေါင်းပြန်ညိတ်ပြလိုက်သည်။ ထိုလက်ထောက်ဆိုသူ ထွက်သွားတော့ ကိုကြီးက သူမရှေ့က ခုံပုလေးဆီ ဝင် ထိုင်လာသည်။ ထို့နောက် သူမ နားမလည်သည့် သင်္ချာမေးခွန်းတွေကို ရှင်းပြသည်။ ကိုကြီးဟာ အရမ်းကို ထက်မြက်လွန်းသည်။ ကိုကြီး စာ ရှင်းပြနေသည့် အသံက လည်းအတော်ကို နားထောင်ကောင်းလွန်းသည်။ ကိုကြီးသည် ရှင်းပြပြီးသည့် ပုစ္ဆာကိုတွေ နားလည်တာ သေချာစေရန် ပုံစံတူမေးခွန်းဟောင်းတွေပါ ဆက်လုပ်ခိုင်းသည်။ ကိုကြီးသာကျောင်းဆရာ လုပ်လို့ကတော့ သူ့ကျောင်းသားတွေအကုန် အမှတ်ကောင်းလောက်သည်။ ဩရှရှနဲ့ အသံက နားထောင်ကောင်းလွန်းလှသလို တစ်ချိန်ထဲမှာ လည်း ထို အသံသည် လွှမ်းမိုးမူ ပြင်းထန်လေသည်။ သူမအတွေး တွေကိုဖြတ်တောက်ကာ မေးခွန်းဟောင်း တွေကို သေချာစိတ်နှစ်ပြီး တွက်နေလိုက်သည်။
သူ့ဘေးမှာ နာနာခံခံနဲ့စာလုပ်နေသည့် အငယ့်ကို ကြည့်ကာ သူ ပြုံးမိလေသည်။ မြတ်နိုးရသူနဲ့ အတူတူရှိနေရသည်က တကယ်ကို ကြည်နူးဖို့ကောင်းလှသည်။ Accountant department က တင်ပြလာသည့် လချုပ် ကို စစ်ကြည့်ပြီးနောက် အငယ့်အတွက် သ‌ရေစာမုန့် မှာ လိုက်လေသည်။

"အငယ် စာလုပ်နေတာ ၁ နာရီကျော်နေပြီ။ မုန့် ခဏလာစားပြီး နားလိုက်အုံး"

စတော်ဘယ်ရီကိတ်အသေးလေး နဲ့ ချိစ်ကိတ်ကို သေချာ ဖောက်ပေးကာ lemon juice ကို ခွက်ထဲ ထည့်ပေးနေသော ကိုကြီးပင်။ ဧည့်စားပွဲပေါ်မှာ အဆင်သင့်လုပ်ပြီး သူမကိုခေါ်နေသည့် ကိုကြီးဟာ ဘယ်ဘဝက ကုသိုလ်‌တွေကြောင့် ဒီလောက်တောင် ပြည့်စုံနေရပါသနည်း။
အငယ် မုန့်စားနေရင် ဘေးမှာထိုင်ပြီး ဂရုစိုက်ပေးနေရသည်က သူ့အတွက် အရေးပါသည့် အလုပ်တစ်ခုလိုပင်။ ပါးလေးတွေဖောင်းလာသည်ထိ သတိတိ မုန့်စားနေသည့် အငယ်ဟာ အပြစ်ကင်းစင်သည့် ကလေးငယ်လိုပင်။ အငယ်ဟာ မုန့်စား‌နေရင်း သူ့ကို ပြုံးပြဖို့လည်း မမေ့ပါချေ။

"ဒါနဲ့လေ စကားမစပ်ကိုကြီး ... ကိုကြီး လက်ထောက်ကို ကြည့်ရတာ အလုပ်,လုပ်တာ တော်မယ့်ပုံပဲနော်။ ကိုကြီး နဲ့တွဲလုပ်တာ ကြာပြီလား"

"အင်း ဆိုပါတော့...ကိုယ် ဒယ်ဒီ company မှာ စ ဝင်တော့ လက်ထောက် အသစ်တစ်ယောက်ကို ကိုယ်တိုင်ရွေးချယ်ချင်ခဲ့တာ လေ။ ဒယ်ဒီကလည်း ခွင့်ပြုတော့ ကိုယ့် စိတ်ကြိုက်ရွေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ အဲ့ချိန် မင်းထက်မြက်က scrolrship ကျောင်းသားပဲ ရှိသေးတယ်။ ကိုယ်တို့ဆီ ရုံးအကူဝန်ထမ်း လာလျှောက်တော့ သူ့ပုံစံကနေ စသတိထားမိခဲ့တာ။ကိုယ်ကလည်း ဒယ်ဒီနောက်လိုက်ပြီး လေ့လာနေဆဲ ဆိုတော့ သူ့ကိုပါ တစ်ခါတည်း စောင့်ကြည့်ခဲ့တယ်။ တော်တော်ကို စနစ်ကျပြီး အတွေးအခေါ်က ထောက်စေ့တယ်။ ကိုယ် MD ဖြစ်တော့ သူ့ကိုပါ ကိုယ့် လက်ထောက်အဖြစ် ခန့်လိုက်တာ"

"မင်းထက်မြက်တဲ့ နာမည်နဲ့လိုက်တယ်နော်။ ဒါပေမယ့် အငယ့်ကိုကြီးက ပိုတော်တယ် ဟိဟိ"

"အံမယ် ဒီကလေးမ မုန့်စားကောင်းအောင် ပြောနေပြန်ပြီ"

"တကယ်ပါဆို။ ဒါနဲ့ကိုကြီး သူက အသက်ဘယ်လောက်လဲ"

"၂၃ ကိုယ့်ထက် ၁ နှစ်ပဲ ငယ်တာ"

"ငယ်ငယ်လေးနဲ့ ကိုယ်ဒူးကိုယ်ချွန်တာ တော်တယ်နော်။ အငယ်ဆို ကျောင်းစာတောင် တိုင်ပတ်နေတုန်း။ ဟင်း"

သူ့ကိုယ်သူ အားမရဖြစ်ကာ နူတ်ခမ်းလေးဆူလျက်သက်ပြင်းချနေသော အငယ်ကြောင့် ခေါင်းလေးကို အသာပွတ်သပ်ပေးလိုက်သည်။ ဒီနောက်ပိုင်း သူကိုယ်တိုင်တောင် သတိမထားမိပါပဲ အငယ်ရဲ့ ခေါင်းကို ပုတ်ပေးသည်က အကျင့်တစ်ခုလို ဖြစ်လာသည်။

"အငယ်က ထက်မြက်စရာမလိုပါဘူး။ ကိုယ်က အငယ့်နားမှာ အမြဲစောင့်ရှောက်ပေးနေမှာ။ အငယ် လုပ်ရမှာက အပူအပင် ကင်းကင်းနဲ့ စာကိုပဲ အာရုံစိုက်။ ကျန်တာ ကိုယ့်တာဝန်ထား"

"ဟီးဟီး ဟုတ် ကိုကြီး"

သူ့စကားကို ပြန်မငြင်းပဲ မုန့် ဆက်စားနေသော အငယ် ဟာ တကယ်ကို ချစ်စရာ ကောင်းလွန်းလှသည်။ အငယ့် တာဝန်က ပျော်ပျော်ရွှင်ရွှင် နဲ့ အပူပင်ကင်းကင်း ‌နေရဖို့ပဲ။ ခလုတ်ဆူးငြောင့်တွေကို အငယ့်အစား ကိုကြီးက ဖယ်ပေးမယ်။
တံခါးခေါက်ကာ ပြန်ဝင်လာသော မင်းထက်မြက်ကြောင့် သူ့အတွေးတွေ ရပ်တန့်လိုက်သည်။

"MD ဦးလှသိမ်းမောင် ရောက်နေတယ်။ MD နဲ့ ဆွေးနွေးစရာ ရှိလို့တဲ့။ ကျွန်တော် နားထောင်ကြည့်သလောက်တော့ သူပြောတဲ့အကြောင်းအရာက မဆိုးဘူး MD။ ဒါက သူ့ project ပါ။ အဓိကနေရာတွေ ကျွန်တော် ဝိုင်းထားတယ်။ MD ဘယ်လိုဆုံးဖြတ်ချင်လဲ။"

မင်းထက်မြက်ဟာ တော်ရုံကိစ္စဆိုရင် သူ့ကို ခုလို လာနှောင့်ယှက်မည် မဟုတ်ပါ။ ကြည့်ရတာ project ကောင်း တစ်ခုပင် ဖြစ်မည်။ အဓိက အလုပ်အကြောင်းအရာနဲ့ Expense က သူလက်ခံနိုင်သည့် အတိုင်းအတာအတွင်းသာ။ သို့သော် profit percent(%) ကိုတော့ ပြန် ညှိနိူင်းရန် လိုအပ်သည်။ အငယ့်ကို ကြည့်တော့ အငယ်ဟာ နားလည်သလို ခေါင်းညိတ်ပြ ပြီး အအေးခွက်ကို ယူကာ ဖန်စားပွဲလေးပေါ် ပြန်သွားထိုင် နေသည်။ အဲ့လိုလည်း အလိုက်သိသည့် အငယ်ပါပင်။ သူလဲ သန့်ရှင်းရေးအန်တီကိုခေါ်ကာ စားပွဲပေါ် ရှင်းခိုင်းလိုက်သည်။ မကြာပါ မင်းထက်မြက်နှင့်အတူ အသက် ၆၀ အရွယ်လောက်ရှိမည့် ဦးလေးကြီး တစ်ယောက် အတူတူ ဝင်လာသည်။

"MD ၊ IP ရဲ့ Project Laderဦးလှသိန်းမောင်ပါ။"

"တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ်။ ထိုင်ပါအုံး"

"အလုပ်ရူပ်နေမှာပဲ ။ ရုတ်တရက်ကြီး ရောက်လာတာဆိုတော့ မောင့်ရင့်ကို နှောင့်ယှက်မိသလိုများ ဖြစ်သွားလား"

"ရပါတယ် အန်ကယ်။ လာရင်း ကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာပေါ့"

ဦးလှသိမ်းမောင် သည် ဖန်စားပွဲတွင် ထိုင်နေသော မိန်းကလေးကို မသိမသာ စောင်းငဲ့ကြည့်လိုက်တာ ကြောင့် မင်းထက်မြက်ဟာ ချက်ချင်းပင် ဖြေရှင်းချက် ပေးလာသည်။
"MD ရဲ့ အရေးပါသူမလို့ စိတ်ချရပါတယ်"
မေးစေ့ကို အသာပွတ်ကာ "အင်း.. မောင်ရင့်မှာ တကယ် အားကိုးရတဲ့ လက်ထောက် တစ်ဦးရှိနေတာပဲ"

သူ ပြုံးယုံသာ ပြန်ပြုံးပြလိုက်ကာ လုပ်ငန်း projet အကြောင်း စတင်ဆွေးနွေးနေကြ‌ တော့သည်။ အလုပ် လုပ်နေသော ကိုကြီးကို ကြည့်ရင်း နိူင်း တကယ်ကို လေးစားအားကျရသည်။ ဒါ့အပြင်အလုပ်အကြောင်း ဆွေးနွေးနေသည့် ကိုကြီးရဲ့ ပုံစံ လေယူလေသိမ်းဟာလည်း အရမ်းကို ဆွဲဆောင်မူ ရှိတာပဲ။ သူမသည် မရည်ရွယ်ပါပဲ လိုက်နားထောင်နေမိသည်။ ကိုကြီးလက်ထောက်ကို ကြည့်လိုက်တော့ ဘေးကနေ ဘာတွေ လိုက်ရေးနေမှန်းမသိပါ။ Ipad ပေါ်တွင် Penတစ်ချောင်း နဲ့ အသေးစိတ် လိုက်မှတ်နေပုံက အမိန့်ချမည့် တရားသူကြီးရဲ့ စကားတွေ ကို လက်နှိပ်စက်ဖြင့် တတောက်တောက်မြည်အောင် အမှီလိုက်ကာ လိုက်ရေးနေဟန် နှင့် တူလှသည်။ ရွှေပင်လယ်project အိမ်ရာ အကြောင်း သူမ ကြားလိုက်သည့်အခါ အတွေးတစ်ခုဟာ ဝင်လာသည်။ ဒီ နာမည်ကို သူမ ကောင်းကောင်းမွန်မွန် ကြားဖူးနေပါသည်။

ရွှေပင်လယ်အိမ်ရာ project သည် မြေနေရာကောင်းတွင် ဆောက်လုပ်ခဲ့ပြီး ၎င်း၏တိုက်ခန်းဈေးကာ ၂ နှစ်အတွင်း အဆ ၁၀၀ လောက် မြင့်တက်သွားခဲ့သည်။ အဓိကအိပ်ခန်းကြီး ၂ ခန်း၊ ဧည့်သည်အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်းမကြီးရဲ့ ပေ၃၀ပတ်လည်အကျယ် အပြင် ကျယ်ဝန်းသည့်မီးဖိုဆောင်ပါ သီးသန့်ပါသောကြောင့် လူတိုင်းရဲ့ လိုအပ်ချက်နီးပါး နှင့် ကိုက်ညီခဲ့သည်။ အသုံးပြုထားသည့် ပါကေးတွေ ဂျက်ဆင်ဘုတ် တွေဟာ အဆင့်မြင့်လွန်းလှသည့်အပြင် လိုအပ်သည့် အတွင်းအပြင် decoration သည် အမှန်ပင် ရင်သပ်ရူမောဖွယ် ကောင်းလှသည်။ တိုက်ခန်းပေါင်း ၃၀ သာ ပါရှိသော်‌ကြောင့် ငွေရှိတိုင်းပင် အလိုရှိတိုင်း မဝယ်နိုင်ပါ။ နှစ်စဉ်(သို့)နှစ်ရှည် ငှားရမ်းမူကိုသာ ခွင့်ပြုသည်။အထူးသဖြင့် မိသားစုတစ်စု တွင် တစ်ခန်းသာ ငှားယူနိုင်ခွင့်ရှိသည်။ အပန်းဖြေပန်းခြံ၊ ဘားကောင်တာ၊ အပိုထပ်ဆောင်း Hotel၊ Gym Room၊ public ရေကူးကန် အပြင် ဂေါက်ကလပ် ဘိလပ်ခုံ တန်းနစ်ကွင်း စသည့် လူချမ်းသာတွေသာ အပန်းဖြေနိုင်သည့် နေရာတစ်ခုပင် ဖြစ်သည်။ ယခုလက်ရှိတွင်တော့ ထို မြေနေရာသည် လူတိုင်းက မလိုချင်သည့် စွန့်ပစ်နေရာသာသာပင် ဖြစ်နေသေးသည်။ အစိုးရမှ လေလံတင်ကာ ရောင်းချထားပါသော်လည်း နိမ်လွန်းသည့် ဈေးကြောင့် မည်သူ့ကိုမှ မရောင်းချရသေးပင်။ မြေတူးစဉ်က အိုးခြမ်းပဲ့တွေကိုပါ တွေ့ရှိခဲ့တာကြောင့် ဖုန်းရွှေ(မြေ)မကောင်းဘူး ဟု ပါ နာမည်ထွက်ခဲ့လေသည်။ စီးပွားရေးသမားတွေရဲ့ အမြင်အာရုံက တကယ်ကို တခြားလူတွေနဲ့ မတူဘူးပဲ။ လူတိုင်းကျော်ခွသွား‌ နေသည့် မြေလွတ်မြေရိုင်းကို နှစ်အနည်းငယ်အတွင်းရွှေအဖြစ် ပြောင်းလဲနိုင်သည်။သူမ ရဲ့ မှတ်ညဏ်အရ ဦးခဟာ ထို ရွှေပင်လယ်အိမ်ရာ၏ ပိုင်ရှင်ဖြစ်လာသည်။ သူ ဘယ်လို လုပ်ခဲ့သည် မသိပေမယ့် ဦးခသည်လည်း စီးပွားရေးမှာ ဘုရင်တစ်ဆူပင် ဖြစ်သည်။ တကယ်ကို မြေခွေးအိုကြီးပါပဲ။ မရည်ရွယ်ပါပဲ ဦးခ အကြောင်းတွေးမိပြန်တော့ ရင်ဘတ်တစ်နေရာက အောင့်လာပြန်သည်။ သူမ ပြန်ရှင်သန်လာပြီးနောက်ပိုင်း ဦးခနဲ့ မတွေ့အောင် ရှောင်နေခဲ့သည်။ ဦးခ နဲ့ တွေ့မည့်အချိန်တွေကို ရှောင်နိုင်ရန် ဒယ်ဒီcompanyကိုပင် သူမ မလာခဲ့ပါ။ ဟုတ်သား ဦးခ နဲ့ တွေ့တဲ့ချိန်ဟာ သူမ ကျောင်းမပြီးသေးပင်။ ပိုက်ဆံရှိမှ လာကပ်သည့် fake friend တွေကြောင့် သူမ ပိုက်ဆံ အမြဲလိုခဲ့သည်။ ခုတော့ သူမ တစ်ချို့အရာတွေကို ပြောင်းလဲနိုင်ခဲ့ပြီ။ ဒါပေမယ့် ဦးခ ကိုကော သူမ ရှောင်နိုင်ပါ့မလား။

သူမအတွေးလွန်နေသည်ကြောင့် ကိုကြီးတို့ ဘယ်ချိန် ဆွေးနွေးနေခြင်းပြီးသွားမှန်းပင်မသိလိုက်ပါ။ ထိုင်ရာမှ ထကာ အချင်းချင်း လက်ဆွဲနူတ်ဆက်နေကြလေသည်။
ထို့နောက် ထိုလူကြီးအား ကိုကြီးရဲ့လက်ထောက်ဟာ Company အောက်အထိ လိုက်ပို့‌ဆောင်လေသည်။
ဦးလှသိမ်းမောင်နဲ့အတူ မင်းထက်မြက်ပါ ထွက်သွားမှ အငယ့်ကို သူ လှည့်ကြည့်မိတော့ အငယ်ဟာ အပြင်ထွက်သွားသည့် သူ နှစ်ယောက်ကို သေချာလိုက်ကြည့်နေသည်လေ။ ဟိုကဖြင့် သွားပြီ ခုထိအတွေးလွန်နေပုံရသည့် အငယ်ကြောင့် သူ ချောင်းအသာ ဟမ့်လိုက်သည်။ ထိုမှသာ သူ့ကို ကြည့်လာပြီး ပြုံးပြနေသောအငယ်ကြောင့် သူကိုယ်တိုင်ပဲ အငယ့်နား လျှောက်သွားလိုက်လေသည်။

"အငယ် မေးခွန်းဟောင်းတွေ လေ့ကျင့်ပြီးပြီလား"

"အကုန်တော့ မပြီးသေးဘူး ကိုကြီး။ ဒါနဲ့လေ စောစောက ဘာတွေပြောနေကြတာလဲ။ အငယ် သိချင်လို့"

"ကလေးက ကလေးလိုနေ ပါ‌ဗျာ။ အငယ့်စာကိုသာ အာရုံစိုက်"

"ကိုကြီးကလည်း အငယ်က သိချင်လို့ဟာကို။ ဘာလဲ မပြောပြချင်တာလား။"

"မဟုတ်ရပါဘူး အငယ်ရယ်။ အငယ်ရဲ့ဦးနှောက်သေးသေးလေးက စာတွေ ထည့်ဖို့တောင် သေးလွန်းနေတာ။ အပိုတွေ မစဉ်းစား စေချင်တာပါ။ တော်ကြာ အတွေးများပြီး အငယ် ခေါင်းကိုက်ရင် ဘယ်လို လုပ်မလဲ ဟင်။"

အဲ့လိုလည်း နားဝင်အောင် ပြောတက်သည့် ကိုကြီးပါပဲ။
ထို တစ်နေ့လည်လုံး ကိုကြီးဟာ စာရွက်တွေကြား ခေါင်းစိုက်နေသလို အငယ်ဟာလဲ ဖန်စားပွဲပေါ်တွင် ငိုက်မြည်းနေလေသည်။

သူသည် လစာချုပ်ကို စစ်‌ဆေးပြီးနောက် IP company ရဲ့ project file ကို ပြင်ဆင်နေလေသည်။ အငယ့်ကို စောင်းကြည့်လိုက်ချိန် ဖန် စားပွဲလေးပေါ် ငိုက်နေသော အငယ်ကြောင့် လုပ်လက်စကို ရပ်ကာ အငယ့်နား လျှောက်သွားလိုက်သည်။ ထို့နောက် အငယ့်ဟာ မင်းသမီးကဲ့သို့ ပွေ့ချီ လိုက်လေသည်။ ရုတ်တရက်လေပေါ် ပျံတက်သလို ဖြစ်သွားသောကြောင့် အငယ် ဟာ မျက်လုံးလေးတွေ လူပ်ရှားလာပြီး သူ့ရင်ခွင်ထဲက နေ သူ့အား မော့ကြည့်လာလေသည်။
ကိုကြီးဟာ ဘာမှ မပြောပါပဲ ပြုံးပြပြီး ဖန်စားပွဲ ရဲ့ ရှေ့ ခြေလှမ်း အနည်းငယ် လှမ်းလိုက်ကာ ခလုတ်တစ်ခုကို နှိပ်‌လိုက်လေသည်။ ထို့နောက် နူးညံ့အိစက်လှသော အိပ်ရာပေါ်သို့ အငယ့်ကို အသာ ချ ပေးလာသည်။

"ခဏအနားယူလိုက်နော် အငယ်။ ကိုကြီး file တစ်ချို့ ပြင်ပြီးမှ လာနိုးမယ်။"

နိူင်းသည် တကယ်ကိုပင် မျက်လုံးများ ကြိမ်းစက်ကာ အိပ်ချင်နေသောကြောင့် ကိုကြီးကို ဟုတ် ဟုသာ ဖြေကာ ခေါင်းညိတ်ပြလိုက်သည်။ သူမကို ဆောင်သေချာခြုံပေးပြီးမှ ထွက်သွားသော ကိုကြီး ကျောပြင်ကို ငေးကြည့်နေမိသည်။ ထို့နောက် ခေါင်းအုံးအထက်မှ ခပ်သင်းသင်းရနေသော ကိုကြီးရဲ့ အနံ့သက် ကို ရူရိူက်ရင်း သူမ မျက်လုံးလေးတွေ မှိတ်လိုက်သည်။ သူမသည် တကယ်ကိုပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။

( အပိုင်း ၁၁ ဆက်ရန် 🖋️ )

Address

Lashio
LASHIO

Website

Alerts

Be the first to know and let us send you an email when Sakura's Online Novels Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category