07/02/2022
manyo Cleasing Soda foam ရဲ့ Review လေး 💚🤢
☁ma:nyo cleansing soda foam review☁
အဆီပြန်တယ် အဆီဖု ဆားဝက်ခြံဖြစ်လွယ်တယ်ဆိုရင်
ဒါလေး try ကြည့်ပါ တော်တော်ကို အဆင်ပြေလိမ့်မယ် 🌟
ဘာလို့လဲဆို deep cleansing လုပ်ပေးနိုင်လို့
သူ့ကိုသုံးပြီးတိုင်း မျက်နှာမှာ တင်နေသမျှ
ချွေးပေါက်ထဲပိတ်နေသမျှဟာတွေ
အကုန်ရှင်းသွားသလို ခံစားရတယ်
လုံးဝပေါ့ထွက်သွားတဲ့ feeling မျိုး 😍
📌 Ingredient 📌
greentea, chamomile,teatree နဲ့
Licorice root extract တွေက
ဝက်ခြံဖြစ်စေတဲ့ bacteria နဲ့
inflammation ရောင်ရမ်းမှုတွေကို
လျော့ချပေးပြီး အသားအရေကို ကြည်လင်စေတယ်✅
Kaolin clay က ချွေးပေါက်ထဲပိတ်နေတတ်တဲ့
ဆားဝက်ခြံအဆီဖု ဖြစ်လာမယ့် အဆီနဲ့
အညစ်အကြေးတွေကို ဖယ်ပေးနိုင်တယ် ✅
Clay ပါနေပေမယ့်လဲ သူ့ထဲမှာ အစိုဓာတ်ပြန်ပေးနိုင်မယ့်
Glycerin, Sodium Hyaluronate,
Aloe leaf extract နဲ့ Olive oil တွေလဲ ပါနေတော့
မျက်နှာသစ်ပြီး တအားခြောက်ကပ်သွားတာ
တင်းပြီးကြမ်းနေတာမျိုးလဲမဖြစ်စေဘူး ✅
essential oils တစ်ချို့ပါနေတော့
ကိုယ်က အ့တာတွေနဲ့ sensitiveဖြစ်တတ်ရင်တော့
သတိထားဖို့ပြောချင်ပါတယ် ❗
အနံ့က teatree (or) တခြား herbal extract ပါတဲ့
Skincare တွေသုံးတဲ့အခါ ရတတ်တဲ့ ဆေးအနံ့လိုလေး
ဒါပေမယ့် မတူတာက သူ့အနံ့က မပြင်းပဲ
လူကို လုံးဝ fresh ဖြစ်သွားစေတယ်
texture က creamy ဖြစ်ပြီးတော့
အစိမ်းနုရောင်လေး အထဲမှာ အရွက်အစလို
အဖတ်လေးတွေပါတယ် နဲနဲပဲ အများကြီးမဟုတ်ဘူး
အမြှုပ်ကောင်းကောင်းထတယ် foam တွေက
မျက်နှာမှာအိပြီးတော့ သုံးရတာ အဆင်ပြေတယ်
မျက်နှာသစ်ပြီးရင်တော့ လုံးဝသန့်ပြီး
ပေါ့နေတဲ့ ခံစားမှုမျိုးကိုရတယ် 💗
သစ်ပြီးပြီးချင်း အသားကြည်နေတာမြင်ရတယ် 💗
Pore cleansing ကောင်းကောင်းလုပ်နိုင်တော့
ဆားဝက်ခြံပါးလာတယ် အဆီဖုလျော့တယ် 💗
ချွေးပေါက်တွေ ကျဉ်းသယောင်ဖြစ်လာတယ် 💗
(ချွေးပေါက်က နိုနို pore tightening
skincare တွေလဲ တွဲသုံးနေလို့
ပိုသိသာတာလို့ထင်ပါတယ် )
normal, combination,
oily skin သမားတွေအတွက် သင့်တော်တယ်👌🏻👌🏻
ဒီ facial foam က အသားတင်းခြောက်တာမရှိပေမယ့်လဲ
မျက်နှာသစ်ပြီးရင် အစိုဓာတ်ရှိမနေတဲ့အတွက်
Dry skin တွေကိုသုံးဖို့ recommendမပေးချင်ပါဘူး
စျေးနှုန်းအနေနဲ့ 20000 ဝန်းကျင်ရှိပါတယ်
နိုနိုက KOCOS - Korea Cosmetics
ကနေ discount ရတုန်း ဝယ်ထားတာပါ
Not a sponsored post ❗❗