Wuyoyo Baby Diaper & Worry-Free Pant Myanmar

Wuyoyo Baby Diaper & Worry-Free Pant Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wuyoyo Baby Diaper & Worry-Free Pant Myanmar, Shopping & retail, Mandalay.

☀️ရာသီဥတုက ပူအိုက်လာပြီဆိုရင် ဘေဘီလေးတို့ရဲ့ နုနယ်တဲ့ အသားအရေကို ပိုဂရုစိုက်ပေးဖို့ လိုပြီနော် မေမေတို့ရေ! 👶💕ရာသီအကူးအပြ...
17/10/2026

☀️ရာသီဥတုက ပူအိုက်လာပြီဆိုရင် ဘေဘီလေးတို့ရဲ့ နုနယ်တဲ့ အသားအရေကို ပိုဂရုစိုက်ပေးဖို့ လိုပြီနော် မေမေတို့ရေ! 👶💕

ရာသီအကူးအပြောင်း ပူအိုက်တဲ့နေ့ရက်တွေမှာ သားသားမီးမီးတို့ Diaper ဝတ်ထားရင်း အပူအောင်းတာ၊ အောက်ပိုင်းလေးမှာ အနီစက်တွေထွက်တာနဲ့ အနှီးပူလောင်ခြင်း (Diaper Rash) တွေကြောင့် မအီမသာဖြစ်တတ်တာ မေမေတို့လည်း စိတ်ပူရတယ်မလား။ 🥺

ဒါကြောင့် ဘေဘီလေးတို့ရဲ့ နုနယ်တဲ့ အသားအရေကို ဂရုစိုက်ပေးဖို့ဆိုရင် Diaper ရွေးချယ်မှုကလည်း အရေးကြီးပါတယ်နော်။ 💚

🌿 Wuyoyo Baby Diaper လေးမှာတော့…

သဘာဝ ရှားစောင်းလက်ပတ်အနှစ် (Aloe Vera Extract) ကို ထည့်သွင်းဖန်တီးထားတာကြောင့် ဘေဘီလေးတို့ရဲ့ နုနယ်တဲ့ အသားအရေအတွက် နူးညံ့သက်သောင့်သက်သာရှိတဲ့ Diaper Care လေးကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်ရှင်။ ✨

💚 Aloe Vera ပါဝင်မှုနဲ့ အသားအရေကို နူးညံ့စွာ ဂရုစိုက်ပေးနိုင်ဖို့

💚 ဘေဘီလေးတို့ Diaper ဝတ်ဆင်ချိန်မှာ သက်သောင့်သက်သာရှိစေဖို့

💚 နေ့စဉ် လှုပ်ရှားဆော့ကစားချိန်တွေမှာ ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုလေး ရရှိစေဖို့

ပူအိုက်တဲ့နေ့ရက်တွေမှာလည်း သားသားမီးမီးတို့ သက်သောင့်သက်သာရှိနေဖို့ မေမေတို့ရဲ့ ဂရုစိုက်မှုနဲ့အတူ Wuyoyo Baby Diaper လေးကို ရွေးချယ်ပေးလိုက်ပါနော်။ 🥰👶

🛍️ Wuyoyo Baby Diaper လေးကို နီးစပ်ရာ Wuyoyo တင်ရောင်းတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။ 💚

🏮✨ သီတင်းကျွတ်အခါသမယမှာ မေမေတို့အတွက် Wuyoyo ရဲ့ အထူးလက်ဆောင်လေး ရောက်လာပါပြီရှင်! 🎉💖သီတင်းကျွတ်မီးထွန်းပွဲတော်ရဲ့ ပျော်...
12/10/2026

🏮✨ သီတင်းကျွတ်အခါသမယမှာ မေမေတို့အတွက် Wuyoyo ရဲ့ အထူးလက်ဆောင်လေး ရောက်လာပါပြီရှင်! 🎉💖

သီတင်းကျွတ်မီးထွန်းပွဲတော်ရဲ့ ပျော်ရွှင်စရာအချိန်လေးမှာ မေမေတို့အတွက် ဈေးဝယ်ရင်း ပိုမိုချွေတာနိုင်မယ့် သတင်းကောင်းလေးတစ်ခု ပါးပါရစေနော်။ 🥰

သားသားမီးမီးတို့ရဲ့ နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ Diaper အသုံးစရိတ်တွေကို သက်သာစေဖို့ Wuyoyo Baby Diaper ရဲ့ Thadingyut Special Promotion အစီအစဉ်ကြီး ရောက်ရှိလာပါပြီရှင်။ 🛍️✨

🎁 မေမေတို့အတွက် အထူးလျှော့ဈေးတွေကတော့…

🔹Wuyoyo Baby Diaper (Any Jumbo Size)

ကြိုက်နှစ်သက်ရာ Size တစ်ထုပ်ဝယ်ယူတိုင်း ၆,၀၀၀ ကျပ်တိတိ လျှော့ဈေး! 🎉

🔸Wuyoyo Baby Diaper (Any Regular Size)

ကြိုက်နှစ်သက်ရာ Size တစ်ထုပ်ဝယ်ယူတိုင်း ၃,၀၀၀ ကျပ်တိတိ လျှော့ဈေး! 🎉

📅 Promotion ကာလ – 31.10.2026 အထိ

ဒီအထူးလျှော့ဈေးအစီအစဉ်လေးက အောက်တိုဘာလ (၃၁) ရက်နေ့အထိပဲ ရရှိနိုင်မှာဖြစ်လို့ မေမေတို့ရေ… 💕

သားသားမီးမီးတို့အတွက် အမြဲလိုအပ်နေတဲ့ Diaper လေးတွေကို အခုလို အထူးလျှော့ဈေးရနေတုန်း အတန်ဆုံးဝယ်ယူစုဆောင်းထားဖို့ မမေ့နဲ့နော်။ 👶💗

🛒 ဘယ်မှာဝယ်လို့ရမလဲ မေမေတို့ရေ?

ဒီ Thadingyut Promotion အထူးလျှော့ဈေးလေးကို Wuyoyo Baby Diaper တင်ရောင်းတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။ 🏪✨

ဒါကြောင့် မေမေတို့နဲ့ နီးစပ်ရာ Wuyoyo အရောင်းဆိုင်လေးတွေမှာ သွားရောက်ဝယ်ယူပြီး သီတင်းကျွတ်အထူးလျှော့ဈေးအခွင့်အရေးလေးကို လက်မလွတ်စေနဲ့နော်။ 🥰

🏮 ဒီသီတင်းကျွတ်မှာ မေမေတို့ရဲ့ ချွေတာမှုတိုင်းကို Wuyoyo နဲ့အတူ ပိုပြီးတန်ဖိုးရှိစေလိုက်ပါ။ 💖

07/10/2026

မေမေနဲ့ ပျိုမေတွေအားလုံး စောင့်မျှော်နေကြတဲ့ Wuyoyo ပြန်လာပါပြီ။ 🎊

အရည်အသွေးမြင့် အထူးချည်သားကို သုံးစွဲထားလို့ စုပ်ယူမှု အားကောင်းပြီး ရှားစောင်းလတ်ပတ်ပါဝင်မှုကြောင့် အေးမြမှုကို ပေးစွမ်းနိုင်ပါတယ်နော်။🍃

🌙 ဓမ္မတာများတဲ့ညတွေဆို… အိပ်ရာခင်းပေမှာစိုးလို့ ဟိုဘက်လှည့်မအိပ်ရဲ၊ ဒီဘက်လှည့်မအိပ်ရဲနဲ့ တစ်ညလုံး တောင့်တောင့်ကြီး အိပ်န...
30/09/2026

🌙 ဓမ္မတာများတဲ့ညတွေဆို… အိပ်ရာခင်းပေမှာစိုးလို့ ဟိုဘက်လှည့်မအိပ်ရဲ၊ ဒီဘက်လှည့်မအိပ်ရဲနဲ့ တစ်ညလုံး တောင့်တောင့်ကြီး အိပ်နေရတုန်းလား? 😭🛌

ညဘက်ဆိုတာ ယိုစိမ့်မှာကို စိတ်ပူနေရမယ့်အချိန်မဟုတ်ဘူးနော်။
စိတ်ချလက်ချနဲ့ နှစ်နှစ်ခြိုက်ခြိုက် အနားယူရမယ့်အချိန်ပါ။ 💗

ဒါကြောင့် ဓမ္မတာများတဲ့ညတွေမှာ ပိုပြီး စိတ်ချလက်ချ အိပ်စက်နိုင်ဖို့— Wyyoyo Worry Free Pant လေးရှိပါတယ်။

🔹သူက သာမန်ဂွမ်းကပ်လို ကပ်ထားရုံမဟုတ်ဘဲ ဘောင်းဘီပုံစံ Full Coverage နဲ့ ကိုယ်ခန္ဓာကို အံဝင်ခွင်ကျဖြစ်အောင် ဖုံးအုပ်ပေးထားလို့ အိပ်ရင်း ဘယ်လိုပဲ လှည့်လှည့် ဘေးဘက်နဲ့ အနောက်ဘက် ယိုစိမ့်မှုကို ပိုမိုကာကွယ်ပေးနိုင်ပါတယ်။🛡️

🔹ဓမ္မတာပမာဏများတဲ့ ညတွေမှာပါ အရည်ကို ကောင်းကောင်းစုပ်ယူထိန်းထားပေးလို့ အိပ်ရာခင်းပေမလားဆိုတဲ့ စိုးရိမ်စိတ်ကို လျော့ချပေးနိုင်တယ်။

🔹ဘောင်းဘီပုံစံ အပြည့်အဝဖုံးအုပ်ပေးထားလို့ အိပ်နေစဉ် လှုပ်ရှားတဲ့အခါ ပိုပြီး စိတ်ချရတယ်။

🔹နူးညံ့တဲ့ ခါးပတ်နဲ့ ကိုယ်ခန္ဓာကို သက်တောင့်သက်သာ အံဝင်ခွင်ကျဖြစ်စေလို့ တစ်ညလုံး ဝတ်ဆင်ရတာ ပိုအဆင်ပြေစေတယ်။

🔹ညအိပ်ချိန်ကြာကြာ ဝတ်ထားရတဲ့အခါ ပူအိုက်ပြီး မသက်မသာဖြစ်မှု လျော့စေဖို့ လေဝင်လေထွက်ကောင်းအောင် ဒီဇိုင်းပြုလုပ်ထားပါတယ်။

Period များတဲ့ညဆိုတာ တစ်ညလုံး တောင့်တောင့်ကြီး အိပ်နေရမယ့်ည မဟုတ်ပါဘူး။ 💕

ဘယ်ဘက်လှည့်လှည့်၊ ညာဘက်လှည့်လှည့်…
စိုးရိမ်စိတ်လျှော့ပြီး ကိုယ်ကြိုက်သလို သက်တောင့်သက်သာ အိပ်လိုက်ပါ။ 😴🌙

💖 Sleep Worry-Free with Wuyoyo Worry Free Pants

📩 ဓမ္မတာများတဲ့ညတွေအတွက် ကြိုတင်ဆောင်ထားဖို့ အသင့်တော်ဆုံးနော်

🌵 "ရှားစောင်းလေးနဲ့ အေးမြဖို့ Wuyoyo ကို သုံးကြစို့" 🌵

🌸 ပူအိုက်တဲ့နေ့မှာ ရာသီလာပြီဆိုရင်… “စိုစိမ့်နေမလား၊ အပူအောင်းနေမလား၊ အဝတ်အစားပေါ် ထိခိုက်မိမလား” ဆိုပြီး တစ်နေ့လုံး စိတ...
27/09/2026

🌸 ပူအိုက်တဲ့နေ့မှာ ရာသီလာပြီဆိုရင်… “စိုစိမ့်နေမလား၊ အပူအောင်းနေမလား၊ အဝတ်အစားပေါ် ထိခိုက်မိမလား” ဆိုပြီး တစ်နေ့လုံး စိတ်ပူနေရတာ ပျိုမေတို့လည်း ကြုံဖူးတယ်မလား? 🥺

ရုံးသွား၊ ကျောင်းသွား၊ အပြင်သွားနဲ့ တစ်နေ့တာလုံး လှုပ်ရှားနေရတဲ့ ပျိုမေတို့အတွက် ဓမ္မတာရက်တွေမှာ ဒီလိုစိုးရိမ်နေရတာက တကယ်စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်နော်။ 💗

ဒါကြောင့် ပေါ့ပါးမှု + သက်တောင့်သက်သာရှိမှု + ယုံကြည်မှု ကို တစ်ခါတည်းလိုချင်တဲ့ ပျိုမေတို့အတွက်—

✨ Wuyoyo Sanitary Towel (245mm) ✨

💗 Ultra-Thin Design

ပါးလွှာကျစ်လျစ်တဲ့ ဒီဇိုင်းကြောင့် စကပ်၊ ဘောင်းဘီနဲ့ ဝတ်တဲ့အခါ ထူထပ်နေတဲ့ခံစားချက်မရှိဘဲ ပေါ့ပေါ့ပါးပါး လှုပ်ရှားနိုင်စေပါတယ်။

🍃 Premium Non-Woven Surface

နူးညံ့တဲ့ မျက်နှာပြင်နဲ့ အသားအရေထိတွေ့မှုကို ပိုမိုသက်တောင့်သက်သာရှိစေပြီး ပူအိုက်တဲ့နေ့တွေမှာပါ နေ့စဉ်အသုံးပြုရ အဆင်ပြေစေပါတယ်။

🌿 Aloe Vera ပါဝင်မှု

ရာသီလာချိန်မှာ ပျိုမေတို့လိုချင်တဲ့ နူးညံ့သက်တောင့်သက်သာရှိတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ဖို့ ဒီဇိုင်းပြုလုပ်ထားပါတယ်။

Period ရက်ဆိုတာ ကိုယ့်ရဲ့တစ်နေ့တာကို ရပ်တန့်ထားရမယ့်ရက် မဟုတ်ဘူးနော်။ 💕

ကျောင်းတက်ရင်းဖြစ်ဖြစ်၊ ရုံးမှာအလုပ်လုပ်ရင်းဖြစ်ဖြစ်၊ အပြင်ထွက်လှုပ်ရှားရင်းဖြစ်ဖြစ်—
ကိုယ့်ရဲ့နေ့စဉ်ဘဝကို ပေါ့ပေါ့ပါးပါး၊ သက်သက်သာသာနဲ့ ယုံကြည်မှုရှိရှိ ဆက်လက်ဖြတ်သန်းလိုက်ပါ။ ✨

🌸 Everyday Comfort, Everyday Confidence — Wuyoyo

📩 Wuyoyo Sanitary Towel (245mm) လေး မှာယူချင်ရင် Page Chatbox မှာ အခုပဲ စာပို့ထားလိုက်ပါနော်။ 🛍️💗

👶💦 ဆီးသွားပြီးတိုင်း ဒိုက်ပါအောက်ခြေမှာ ခဲပြီး အဖုကြီးဖြစ်နေတာ… မေမေတို့လည်း ကြုံဖူးလား?ဒိုက်ပါက လေးလံပြီး အောက်ကိုတွဲကျ...
24/09/2026

👶💦 ဆီးသွားပြီးတိုင်း ဒိုက်ပါအောက်ခြေမှာ ခဲပြီး အဖုကြီးဖြစ်နေတာ… မေမေတို့လည်း ကြုံဖူးလား?

ဒိုက်ပါက လေးလံပြီး အောက်ကိုတွဲကျလာတော့
ဘေဘီလေး ပြေးလွှားဆော့ကစားတဲ့အခါ ပေါ့ပေါ့ပါးပါး မရှိတော့ဘူးနော်။

ဒီလိုဖြစ်ရတာက ဆီးအရည်တွေကို တစ်နေရာတည်းမှာ စုပြီး စုပ်ယူမိတာကြောင့် ဒိုက်ပါအတွင်းပိုင်းမှာ အဖုအခဲဖြစ်လာတာပါ။

ဒါကြောင့် Wuyoyo Baby Diaper မှာ

✨ Dual Lines Technology – အလယ်ချုပ်ရိုးနှစ်လိုင်းစနစ်✨
ထည့်သွင်းပေးထားပါတယ်ရှင်။ 💗

💦 Dual Lines က ဘာကောင်းလဲ?

ကလေး ဆီးသွားလိုက်တာနဲ့ အရည်တွေကို တစ်နေရာတည်း စုပုံမနေစေဘဲ **ဘေးတိုက်တစ်ပြေးညီ ပြန့်နှံ့စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။**

ဒါကြောင့်…

✔️ ဒိုက်ပါအောက်ခြေ အဖုအခဲဖြစ်တာ လျော့စေတယ်

✔️ ဆီးစုပ်ပြီးနောက် အောက်ကိုလေးလံတွဲကျတာ လျော့စေတယ်

✔️ နေ့ခင်းဘက် ပြေးလွှားဆော့ကစားချိန် ပိုပေါ့ပါးသက်တောင့်သက်သာဖြစ်စေတယ်

✔️ ညဘက်အိပ်ချိန်မှာလည်း လှုပ်ရှားရ ပိုလွတ်လပ်စေတယ် 🌙✨

ဒိုက်ပါဝတ်ထားပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် 💕

ဘေဘီလေးရဲ့ နေ့စဉ်လှုပ်ရှားမှုတိုင်း ပိုသက်တောင့်သက်သာဖြစ်စေဖို့
Wuyoyo Dual Lines Baby Diaper လေးကို ရွေးချယ်ပေးလိုက်ပါနော်။ 👶💗

📩 လိုအပ်တဲ့ Size နဲ့ ဈေးနှုန်းကို Page Chatbox မှာ အခုပဲ မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

🌵 "ရှားစောင်းလေးနဲ့ အေးမြဖို့ Wuyoyo ကို သုံးကြစို့" 🌵

Wuyoyo ရဲ့ Campaign Winner ကံထူးရှင်လေးတွေ ထွက်ပေါ်လာပါပြီနော် 📣ကံထူးသွားခဲ့တဲ့ ကံထူးရှင်တွေအတွက်အတွက် ဂုဏ်ယူပါတယ်နော်။ ...
21/09/2026

Wuyoyo ရဲ့ Campaign Winner ကံထူးရှင်လေးတွေ ထွက်ပေါ်လာပါပြီနော် 📣

ကံထူးသွားခဲ့တဲ့ ကံထူးရှင်တွေအတွက်အတွက် ဂုဏ်ယူပါတယ်နော်။ ကံထူးရှင်တွေအနေနဲ့ Page Chat Box သို့လာရောက်အကြောင်းကြားပေးပါဦး။ အခုတစ်ခေါက် ကံထူးရှင်မဖြစ်ခဲ့တဲ့သူများလည်း နောက်ထပ်လာမဲ့ အစီအစဉ်လေးတွေမှာလည်း ထပ်ပြီးပါဝင်ကံစမ်းနိုင်ပါသေးတယ် ✅

👉🏻 ဒီအစီစဉ်လေးမှာ ပါဝင်ပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို “Wuyoyo Baby Diaper & Worry-Free Pant Myanmar” မှ အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားရင်း နောက်ထပ်လာမဲ့ ဒီထပ်ပိုကောင်းတဲ့ အစီအစဉ်လေးတွေမှာ အားလုံးနဲ့အတူ ပြန်ဆုံကြမယ်နော် 😍

ိုချစ်မြတ်နိုးသူလက်ဆောင်များရယူ

"ကလေး ဒိုက်ပါစရိတ်တွေ အများကြီး ကုန်ကျနေလို့ အရည်အသွေးလည်း ကောင်းရမယ်၊ ဈေးနှုန်းလည်း တွက်ခြေကိုက်မယ့် Smart Choice ကို ရ...
16/09/2026

"ကလေး ဒိုက်ပါစရိတ်တွေ အများကြီး ကုန်ကျနေလို့ အရည်အသွေးလည်း ကောင်းရမယ်၊ ဈေးနှုန်းလည်း တွက်ခြေကိုက်မယ့် Smart Choice ကို ရှာဖွေနေပါသလား မေမေတို့ရေ?" 💰👶

မိသားစု အသုံးစရိတ်ကို ချွေတာချင်ပေမဲ့ ကလေးရဲ့ အသားအရေနဲ့ သက်တောင့်သက်သာ ရှိမှုကိုတော့ မေမေတို့ လျှော့တွက်လို့ မရပါဘူး။ ဒါကြောင့် အဆင့်မြင့် Premium ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားပြီး မေမေတို့ တကယ် တွက်ခြေကိုက်စေမယ့် ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် "Wuyoyo Diaper" ကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ 🎊

Wuyoyo Diape အိတ်ကြီးတွေဟာဆိုရင် အရေအတွက် အများကြီး ပါဝင်တာကြောင့် တစ်ထုပ်ဝယ်ထားရုံနဲ့ ကာလရှည်ကြာ စိတ်အေးလက်အေး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သဘာဝ ရှားစောင်းလက်ပတ် အာနိသင်၊ 100% Clump-Free ချုပ်ရိုးနှစ်လိုင်း စနစ်နဲ့ ချက်ချင်း အေးမြခြောက်သွေ့တဲ့ Gel Type နည်းပညာတွေ အပြည့်အဝ ပါဝင်တာမို့ Premium Quality ကိုမှ ဈေးနှုန်း ချိုချိုသာသာနဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ✔️

အရည်အသွေးမှာ ရာနှုန်းပြည့် စိတ်ချရပြီး ဈေးနှုန်းမှာလည်း သင့်တင့်တွက်ခြေကိုက်တဲ့ Wuyoyo Diaper တွေကို အခုပဲ မှာယူလိုက်ပါနော်။ Size အလိုက် ဈေးနှုန်းများကို အသေးစိတ် သိရှိလိုပါက Page Chatbox မှာ အမြန်ဆုံး မေးမြန်းနိုင်ပါတယ် မေမေတို့ရေ။ 🛒✨

"ညဘက်ရောက်ရင် ကလေး ဒိုက်ပါ ယိုစိမ့်လို့ အိပ်ရာခင်းတွေ လဲရ၊ ကလေးနိုးပြီး ငိုလို့ အိပ်ရေးပျက်ရတဲ့ ညတွေကို ငြီးငွေ့နေပြီလား...
11/09/2026

"ညဘက်ရောက်ရင် ကလေး ဒိုက်ပါ ယိုစိမ့်လို့ အိပ်ရာခင်းတွေ လဲရ၊ ကလေးနိုးပြီး ငိုလို့ အိပ်ရေးပျက်ရတဲ့ ညတွေကို ငြီးငွေ့နေပြီလား မေမေတို့ရေ?" 😴❌

ကလေးငယ်တစ်ယောက် ကျန်းမာသန်စွမ်းဖို့ဆိုရင် ညဘက် အိပ်ရေးဝဝ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က အလွန်အရေးကြီးပါတယ်။ ကလေး အိပ်ရေးပျက်ရင် မေမေတို့လည်း ပင်ပန်းရသလို ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ညဘက်အိပ်စက်ခြင်းအတွက် အထူးသီးသန့် စုပ်ယူမှု အားကောင်းတဲ့ Wuyoyo Diaper ကို ဆောင်ထားဖို့ လိုအပ်ပါတယ်ရှင်။ ✅

Wuyoyo Baby Diaper မှာ ညဘက် တစ်ညလုံး စုပ်ယူပေးနိုင်တဲ့ အဆင့်မြင့် Absorbent Paper နဲ့ Ultra-dry Layer ပါဝင်တာကြောင့် အရည်များကို စက္ကန့်ပိုင်းအတွင်း ချက်ချင်း စုပ်ယူပြီး မျက်နှာပြင်ကို အမြဲ အေးမြခြောက်သွေ့နေစေပါတယ်။ ညဘက် ကလေး ဘယ်လိုပဲ လှည့်ပတ်အိပ်အိပ် ဘေးယိုစိမ့်မှုနဲ့ အနောက်ဘက် ယိုစိမ့်မှုတို့ မရှိအောင် အပြည့်အဝ ကာကွယ်ပေးထားတာမို့ မေမေရော ကလေးပါ နံနက်မိုးလင်းတဲ့အထိ အိပ်ရေးဝဝ အိပ်စက်နိုင်တော့မှာပါရှင်။ 🤗

ညဘက်တွေမှာ အိပ်ရေးပျက်ရတဲ့ ဒုက္ခကနေ ကင်းဝေးပြီး စိတ်အေးချမ်းစွာ အိပ်စက်နိုင်ဖို့ Wuyoyo ကို အခုပဲ အိမ်အရောက် မှာယူလိုက်တော့နော် မေမေတို့ရေ။ 🛒🌙

Wuyoyo ကို ချစ်မြတ်နိုးကြတဲ့ မေမေတို့နဲ့ ပျိုမေတို့အတွက် အထူးသီးသန့် Special Gift Box လက်ဆောင်လေးတွေ ယူဆောင်လာပါပြီရှင်။...
05/09/2026

Wuyoyo ကို ချစ်မြတ်နိုးကြတဲ့ မေမေတို့နဲ့ ပျိုမေတို့အတွက် အထူးသီးသန့် Special Gift Box လက်ဆောင်လေးတွေ ယူဆောင်လာပါပြီရှင်။ 🎉

Wuyoyo ရဲ့ Baby Diaper (ကလေးသေးခံ) နဲ့ Worry Free Pants / Sanitary Towel (လစဉ်သုံး ဂွမ်းကပ်) လေးတွေနဲ့ပတ်သက်တဲ့ မိမိတို့ သဘောအကျဆုံး အချက်လေးတွေကို မျှဝေပြီး သူငယ်ချင်းတွေကို သတင်းကောင်းပါးရုံနဲ့တင် Wuyoyo Special Gift Box တွေကို ကံထူးနိုင်မှာဖြစ်ပါတယ်ရှင်။ 🎁

✨ ပါဝင်ယှဉ်ပြိုင်နည်း (၃) ချက် -

👉🏻Wuyoyo page ကို Like & Follow ပြုလုပ်ထားပါ။

👉🏻ဒီ Campaign Post လေးကို Like လုပ်ပြီး Public ဖြင့် Share ပေးပါ။

👉🏻အောက်က Comment မှာ Wuyoyo ထုတ်ကုန်များနှင့် ပတ်သက်ပြီး မိမိကြိုက်နှစ်သက်ရသည့် "အချက်တစ်ချက်" ကို ရေးသားပြီး မိမိရဲ့ သူငယ်ချင်း (၂) ယောက်ကို Mention ခေါ်ပေးရုံပါပဲရှင်။

🎁 ဆုမဲ အစီအစဉ် -
စည်းကမ်းချက်များနှင့်အညီ ပါဝင်ထားသူများထဲမှ ကျပန်းမဲနှိုက်ပြီး ကံထူးရှင် (၅) ဦးကို Wuyoyo Special Gift Box လက်ဆောင်များ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်ရှင်။

🗓 Campaign ကာလ - [၅.၉.၂၀၂၆] မှ [၁၉.၉.၂၀၂၆] ထိ

📣 ကံထူးရှင် ကြေညာမည့်ရက် - [၂၀.၉.၂၀၂၆]

မေမေတို့နဲ့ ပျိုမေတို့ရဲ့ Wuyoyo အပေါ် ချစ်မြတ်နိုးမှုလေးတွေကို အောက်က Comment မှာ အခုပဲ သူငယ်ချင်းတွေကို Mention ခေါ်ပြီး မျှဝေရင်း လက်ဆောင်တွေ အရယူလိုက်တော့နော်။ 🥰👇

ိုချစ်မြတ်နိုးသူလက်ဆောင်များရယူ

Address

Mandalay
05011

Website

Alerts

Be the first to know and let us send you an email when Wuyoyo Baby Diaper & Worry-Free Pant Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share