Nay nay

Nay nay online services

ပြင်သစ်တွင် NUG အစိုးရ ​ထောက်ခံပွဲ ကျင်းပရန်ကုန်၊ သြဂုတ် ၉ ၃၃ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် နှင့် NUG ထော...
09/08/2021

ပြင်သစ်တွင် NUG အစိုးရ ​ထောက်ခံပွဲ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၉

၃၃ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် နှင့် NUG ထောက်ခံပွဲကို ပါရီမြို့ Bastille အထိမ်းအမှတ် ကျောက်တိုင်၌ ယနေ့ ပြင်သစ်ရောက် မြန်မာများက ဦးဆောင် ကျင်းပကြသည်။

အခမ်းအနားတွင် ပြင်သစ်ရောက် မြန်မာများ အဖွဲ့ ဥက္ကဋ္ဌ မှ မြန်မာနိုင်ငံသည် အကြိမ်ကြိမ် အခါအခါ အာဏာသိမ်းခြင်း၊ စစ်တပ်မှ နိုင်ငံရေးပိုင်းဝင်စွက်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြောင်း၊ ၂၀၂၁ တွင် ၁၉၈၈ သံသရာ တပတ် ပြန်လည်ရခြင်းမှာ အလွန်ပင် လက်မခံနိုင်စရာ ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ​၏ အနာဂတ် သည် လွှတ်လပ် တရားမျှတသော လူမျိုး ဘာသာမရွေးတန်းတူ ညီမျှ သော ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သာ ဖြစ်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြမည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ပြင်သစ်အဖွဲ့အစည်း Info-Birmanie၊ မြန်မာတိုင်းရင်းသားတို့နှင့် ရိုဟင်ဂျာ ကိုယ်စားလှယ် ပြင်သစ်လူမျိုးတို့က မြန်မာပြည်သူလူထုနှင့် အတူရပ်တည်ကြောင်း၊ NUG အစိုးရကို အပြည့်အဝ ထောက်ခံကြောင်းများ ပြောကြားကြသည်။

ခေတ်သစ် -

၈၈ က သပိတ်ထွက်ခဲ့သည့် ပုံစံအတိုင်း ၈၈ သူရဲကောင်းများကို အလေးပြု ချီတက်ခဲ့သည့် မြတောင်သပိတ်ဧရာဝတီ၊ သြဂုတ် ၈၊ ၂၀၂၁ယနေ့ ကျရ...
08/08/2021

၈၈ က သပိတ်ထွက်ခဲ့သည့် ပုံစံအတိုင်း ၈၈ သူရဲကောင်းများကို အလေးပြု ချီတက်ခဲ့သည့် မြတောင်သပိတ်

ဧရာဝတီ၊ သြဂုတ် ၈၊ ၂၀၂၁

ယနေ့ ကျရောက်သည့် ၃၃ နှစ်ပြည့် ရှစ်လေးလုံး အရေး တော်ပုံနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတွင် သပိတ် စစ်ကြောင်းများစွာ ထွက်လာပြီး ၈၈ ဖြစ်ရပ်များကို အောက်မေ့ခဲ့ကြသလို၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုများကို ပြုလုပ်လျက်ရှိသည်။

ထိုအထဲမှ မြတောင် သပိတ်စစ်ကြောင်းသည်လည်း ၈၈ က သပိတ်ထွက်လာသည့် ပုံစံအတိုင်း ချီတက်ကာ ၈၈ သူရဲကောင်းများကို အလေးပြုခဲ့ကြသလို၊ စစ်အာဏာ ရှင် ဆန့်ကျင်ရေးအတွက်ကိုပါ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ- CJ


လက်နက်တွေမှောင်ခိုဝယ် တရားဝင်ဖြစ်အောင်လို့ ထရော်လာဂျီ အစိမ်းရောင်ကားလေးနဲ့  လက်နက်အပြည့်တင်တာမိဆိုပြီး ပုံဖမ်းတာ ရုပ်ပျက...
08/08/2021

လက်နက်တွေမှောင်ခိုဝယ် တရားဝင်ဖြစ်အောင်လို့ ထရော်လာဂျီ အစိမ်းရောင်ကားလေးနဲ့ လက်နက်အပြည့်တင်တာမိဆိုပြီး ပုံဖမ်းတာ ရုပ်ပျက်လွန်းတယ်နော် စကစ မအလတို့ •••🖕🖕🖕


https://www.facebook.com/123271498274532/posts/895240657744275/

ဒီပဲယင်း ညောင်လှ ကျေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် မီးရှို့နေ ပြည်သူပိုင်ဆိုင်ကယ်များလည်း မီးရှို့ဖျက်စီးခံရ ရန်ကုန်၊...
08/08/2021

ဒီပဲယင်း ညောင်လှ ကျေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် မီးရှို့နေ ပြည်သူပိုင်ဆိုင်ကယ်များလည်း မီးရှို့ဖျက်စီးခံရ

ရန်ကုန်၊ သြဂုတ် ၈

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ညောင်လှကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်စီးနေပြီး ပြည်သူပိုင်းဆိုင်ကယ်များလည်း မီးရှို့ဖျက်စီးခံခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို အတည်ပြုပြေဆိုသည်။

" ဒီပဲယင်းနယ် ညောင်လှဘက်မှာ မီးတေရှို့နေတယ်။ အကုန်မွှေတယ်။ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးသံ ၅ချက် စက်သေနတ်သံတွေ ဆက်တိုက်ကြားနေရပါတယ်။ ရွာခံများ ထွက်ပြေးနေရပါတယ်။ အကြမ်းဖက် စစ်တပ်က အင်အား ၁ဝဝ လောက်တော့ရှိတယ်။ ကျန်တော်တို့ အနားကိုကပ်လို့မရဘူး" ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် ယနေ့ နေ့လည်ပိုင်းတွင်လည်း ညောင်လှရွာနှင့် သရက်တောရွာကြားတွင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

" ဒီနေ့ နေ့လည် ၁၂နာရီဝန်းကျင်လောက်က ဒီပဲယင်းမြို့နယ် ညောင်လှရွာနဲ့ သရက်တောရွာကြားမှာ အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်များ မီးရှို့ဖျက်စီးခဲ့တယ်" ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

ဒီပဲယင်းမြို့နယ်အတွင်းရှိ ယမန်နေ့ညက အကြမ်းဖက် စစ်တပ်ယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာနေပြည်သူများကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထားကာ ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

Photo - CJ

မန္တလေးမြို့ပေါ်တွင် ရှစ်လေးလုံး ၃၃နှစ်ပြည့် စစ်အာဏာရှင်ဖြုတ်ချရေး ချီတက် သပိတ်မှောက်ရန်ကုန်၊ သြဂုတ် ၈ ယနေ့ သြဂုတ်လ(၈)ရက...
08/08/2021

မန္တလေးမြို့ပေါ်တွင် ရှစ်လေးလုံး ၃၃နှစ်ပြည့် စစ်အာဏာရှင်ဖြုတ်ချရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ သြဂုတ် ၈

ယနေ့ သြဂုတ်လ(၈)ရက်နေ့မှာကျရောက်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံဒီမိုကရေစီတိုက်ပွဲ( ၃၃)နှစ်ပြည့်နေ့မှာ ဗကသများအဖွဲ့ချုပ်ဝင်ကျောင်းသားသမဂ္ဂများနှင့် မန္တလေးမြို့ရှိ မဟာမိတ်သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး ဖက်ဆစ်စစ်တပ်အမြစ်ပြတ် ချေမှုန်းရေး၊ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် မန္တလေးမြို့တနေရာမှာ အလံတလူလူလွှင့်ရင်း ကြွေးကြော်သံများ သံပြိုင်သီကျူးကာ ချီတက်ဆန္ဒပြကြသည်။

Photo - ဗကသ
ခေတ်သစ်-

မကွေးလေတပ်စခန်း လက်နက်သိုလှောင်ရုံကို  ဗုံးခွဲတိုက်ခိုက်၊ အသေ အပျောက် အပျက်အစီး မသိရသေးရန်ကုန်၊ သြဂုတ် ၈ မကွေးမြို့၊ ကံပ...
08/08/2021

မကွေးလေတပ်စခန်း လက်နက်သိုလှောင်ရုံကို ဗုံးခွဲတိုက်ခိုက်၊ အသေ အပျောက် အပျက်အစီး မသိရသေး

ရန်ကုန်၊ သြဂုတ် ၈

မကွေးမြို့၊ ကံပြားလမ်းပေါ်မှာရှိတဲ့ မကွေးလေတပ်ဝန်းထဲမှာ ဒီကနေ့ သြဂုတ်လ မနက် ၄ နာရီဝန်းကျင်က ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''လေတပ်ထဲက နှစ်ခါပေါက်တာ အသံကြီးက အကျယ်ကြီးဘဲ။ ဘာတွေပျက်စီးသွားလည်းဆိုတာတော့ မသိရသေးဘူး။'' လို့ လေတပ်နားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က ''အခုဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်လို့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ ကျုပ်တို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ၈၈၈၈ လူထုအရေးတော်ပုံ ၃၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မကွေးလေတပ်စခန်းက လက်နှက်သိုလှောင်ရုံကို ဗုံးခွဲတိုက်ခိုက်တာဖြစ်တယ်။ အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်ပေးပါမယ်'' လို့ အတည်ပြုပြောပါတယ်။

မကွေးလေတပ်အတွင်းမှာ ယခင်လအနည်းကလည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ယခုအကြိမ်ဗုံးပေါက်ကွဲတာဟာ ဒုတိယအကြိမ်ပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ယူနီဖောင်းကိုမီးရှို့ပြီးဒဂုံမြို့သစ်များတပ်ပေါင်းစုသပိတ်မှောက်သြဂုတ် ၊ ၈ ရက်ဒီကနေ့မနက်ပိုင်းမှာပဲစစ်အာဏာရှင်ဆန့်ကျင်...
08/08/2021

စစ်ယူနီဖောင်းကိုမီးရှို့ပြီးဒဂုံမြို့သစ်များတပ်ပေါင်းစုသပိတ်မှောက်

သြဂုတ် ၊ ၈ ရက်

ဒီကနေ့မနက်ပိုင်းမှာပဲစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်တဲ့အနေနဲ့ရန်ကုန်မြို့ဒဂုံမြို့သစ်များသပိတ်တပ်ပေါင်းစုကစစ်ယူနီဖောင်းတစုံကိုမီးရှို့ပြီးသပိတ်မှောက်ခဲ့ကြတာ်လို့သိရပါတယ်။

ပေးပို့

စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေး ရှစ်လေးလုံး အရေး တော်ပုံ ၃၃နှစ်ပြည့်ရဲ့ 8Fingers Strike (လက် ၈ချောင်း သပိတ်) မှာ ပါဝင်ခဲ့တ...
08/08/2021

စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေး ရှစ်လေးလုံး အရေး တော်ပုံ ၃၃နှစ်ပြည့်ရဲ့ 8Fingers Strike (လက် ၈ချောင်း သပိတ်) မှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီးယား မော်ဒယ်
Lee Seo Ho





#အရေးတော်ပုံအောင်ရမည်

ရှစ်လေးလုံးအရေးတော်ပုံ ၃၃နှစ်ပြည့် အထိမ်း အမှတ် ဂုဏ်ပြုရင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရေး အမေရိကန်အစို...
08/08/2021

ရှစ်လေးလုံးအရေးတော်ပုံ ၃၃နှစ်ပြည့် အထိမ်း အမှတ် ဂုဏ်ပြုရင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရေး အမေရိကန်အစိုးရက Burma Bill အတည်ပြုရေး တောင်း
ဆိုချက်တွေနဲ့

Save Myanmar March global campaign ကမ္ဘာလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ သြဂုတ်လ ၇ရက်နေ့က လူအင်အား ထောင်နဲ့ချီ ပူးပေါင်းပါဝင်ပြီး capitol hill ကိုချီတက်ခဲ့ကြပါတယ်။

“ယခု လန်ဒန်မြို့တွင် NUG ထောက်ခံကြောင်းပြုလုပ်”ဩဂုတ်လ ၇၊၂၀၂၁။
07/08/2021

“ယခု လန်ဒန်မြို့တွင် NUG ထောက်ခံကြောင်းပြုလုပ်”
ဩဂုတ်လ ၇၊၂၀၂၁။

07/08/2021

Breaking News ‼️
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို
လုပ်ကြံမှုတွင် သူရဦးရွှေမန်း
ပါဝင်ပက်သက်နေဟု သိရ‼️

07/08/2021

7.8.2021
တစ်ကမ္ဘာလုံးဆိုင်ရာ.NUG
ထောက်ခံပွဲ ကိုကြိုဆိုပါ၏

Address

91H 42H
Mandalay

Website

Alerts

Be the first to know and let us send you an email when Nay nay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share