Ko Shai Khant

Ko Shai Khant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Shai Khant, Shopping & retail, မဟာအောင်မြေမြို့နယ်မန်းတလေးမြို့ , Mandalay.

10/07/2023

ဆိုင်ကယ်ဘက်ထရီ ဘီးရောင်းရန်ရှိပါတယ်

14/10/2022

မတန်တဲ့သူအတွက် မငိုနဲ့

ဘ ဝ မှာ
နာစရာရှိတိုင်းသာ ငိုနေမယ်ဆိုရင်
မျက်ရည်ဆိုတာ လောက်မှာတောင်မဟုတ်ဘူး

ပျော့ညံ့မှန်သိရင်
လောကကြီးက ပိုအနိုင်ကျင့်တယ်

ပြုံးနေတိုင်း
ပျော်နေလို့ မဟုတ်သလို

အမြဲရယ်နေသူရင်ထဲမှာလဲ
နာကျင်စရာတွေ ပြည့်နှက်နေတတ်တယ်

ဘ ဝ မှာ
ဘယ်သူတွေကို
ကိုယ့်ကြောင့် မျက်ရည်ကျစေခဲ့ပြီး

ကိုယ် က ရော
ဘယ်သူတွေကြောင့်
မျက်ရည်တွေ ကျခဲ့ရပြီးပြီလဲ

ဘယ်သူ့ကြောင့်ပဲ ဘယ်သူက ကျကျ

မျက် စဉ်း ဟာ
မျက်ရိုးကိုက်တာ ပျောက်စေပေမယ့်
မျက် ရည် က တော့
မျက်လုံးအတွက် အားဆေး မဖြစ်ခဲ့ဘူး

ဒါပေမယ့် တစ်ခါတလေမှာ
ဟန်ဆောင်ပြီး မျက်ရည်မကျအောင်
ထိန်းထားရတာထက်

ဝအောင် ငိုချုပြီး
ဘဝကို ရှေ့ဆက်တာ ပိုကောင်းတယ်

မျက် ရည် က
မျက်လုံးထဲက ကျတာဆိုပေမယ့်
နာကျင်ကြေကွဲမှုကိုကျ ရင်ဘက်က ခံရတယ်

မျက်ရည်ဟာ
အရင်းအနှီး သိပ်ကြီးပါတယ်
မကျတတ်ရင် လူကိုတောင် သေစေတယ်

ဒါ ပေ မယ့်
ခဏခဏ ကျရတာများလာရင်တော့ ကောင်းတယ်

ဘာကောင်းတာလဲဆိုတော့
ဥပမာ ရင်ထဲကို ပေါ့သွားစေတယ်
မွန်းကျပ်မှုတွေ လျော့သွားစေတယ်

နောက် ပြီး တော့
လွယ်လွယ်နဲ့ မယုံတော့ဘူး
လွယ်လွယ်နဲ့ ထပ်မချစ်ဖြစ်တော့ဘူး
မျော်လင့်ချက်တွေထားရမှာ ကြောက်လာတယ်
မျက် ရည် ဟာ
သင်ခန်းစာတွေကိုလဲ ပိုကျေညက်စေတယ်

နောက်တစ်ခါ မျက်ရည်ကျရင်
ကျနေတဲ့မျက်ရည်ကိုဘဲ သုက်ပစ်မနေနဲ့

မျက်ရည်ကျအောင်လုပ်တဲ့သူတွေကိုလဲ
ဘဝထဲက ထုက်ပစ်နိုင်အောင် ကြိုးစား

ဟုတ် ပါ တယ်
တစ်ချို့ဝဋ်ကြွေးတွေက
ပြေးလို့ မလွတ်တာဆိုပေမယ့်

တစ်ချို့ဝဋ်ကြွေးတွေကျတော့
ကိုယ်တိုင်က လွတ်အောင် မပြေးလို့ပါ

နောက် ဆို
ဒဏ်ရာပေးမယ့်သူတွေနဲ့ ဝေးဝေးနေ

ကိုယ့်တန်ဖိုးမှ နားမလည်ရင်
အဲ့ဒီလူနားက လှည့်ထွက်ခဲ့တာကောင်းတယ်

မ ငို နဲ့

ထပ် မ ငို နဲ့ တော့

ငို ရ မယ့် အ ရွယ် တွေ မ ဟုတ် တော့ ဘူး

နင့်သီးစွာခံစားနေရတဲ့အခါမှာပဲ
မျက်ရည်က ကျလို့ရတာမဟုတ်လား

မျက်ရည်ဆိုတာ
အလကားမရဘူး
ဒါကြောင့် မတန်တဲ့သူအတွက် မငိုနဲ့ ။

#ဖြူနှင်း
#𝐘𝐌𝐇
#ဗဟုသုစာပေများ
#ဘဝလှဖို့စာဖတ်ကြစို့
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#လူငယ်များအတွက်ဗဟုသုတစာပေများ
#လေးစားစွာဖြင့်ပြန်လည်မျှဝေပေးပါသည်

#𝗖𝗿𝗱𝗶𝘁

Address

မဟာအောင်မြေမြို့နယ်မန်းတလေးမြို့ 
Mandalay

Telephone

+959400886339

Website

Alerts

Be the first to know and let us send you an email when Ko Shai Khant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share