101ဓာတ္က်ဖတ္ဖို႔

101ဓာတ္က်ဖတ္ဖို႔ မင်္ဂလာပါ ❤️

🥹
05/05/2026

🥹

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဒီရုပ်ပုံလေးကို ကြည့်ပြီး အားလုံးပဲ ပြုံးမိကြမယ်ထင်ပါတယ်။ ဒါကတော့ ဘရာဇီးနိ...
02/03/2026

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဒီရုပ်ပုံလေးကို ကြည့်ပြီး အားလုံးပဲ ပြုံးမိကြမယ်ထင်ပါတယ်။ ဒါကတော့ ဘရာဇီးနိုင်ငံက ဖခင်တစ်ဦးနဲ့ သူ့ရဲ့ သမီးဖြစ်သူတို့ကြားက ချစ်စရာကောင်းပြီး ရယ်မောရတဲ့ လွဲချော်မှုလေးတစ်ခုပဲ ဖြစ်ပါတယ်။

သမီးဖြစ်သူက ကိုရီးယားယဉ်ကျေးမှုနဲ့ K-pop ကို အလွန်အမင်း ဝါသနာပါသူတစ်ဦးဖြစ်တာကြောင့် ဖခင်ဖြစ်သူက သူမရဲ့ ၁၂ နှစ်ပြည့်မွေးနေ့မှာ သူမအကြိုက်ဆုံးအရာနဲ့ အံ့သြအောင် လုပ်ပေးချင်ခဲ့တာပါ။ ဒါပေမယ့် ပြဿနာက ဖခင်ဖြစ်သူက K-pop ဆိုတာကို သေချာနားမလည်ခဲ့တာပါ။

သူသိထားတာက ကိုရီးယား ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ အင်တာနက်မှာ ကိုရီးယားလို့ ရှာလိုက်တဲ့အခါ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (Kim Jong-un) ရဲ့ ပုံတွေက ထိပ်ဆုံးက ထွက်လာခဲ့တာကြောင့် ဖခင်ဖြစ်သူက ဒါဟာ ကိုရီးယားမှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်လို့ ထင်မှတ်ပြီး မွေးနေ့ပွဲတစ်ခုလုံးကို ကင်ဂျုံအန်ပုံတွေနဲ့ အလှဆင်ပေးခဲ့ပါတယ်။

မွေးနေ့ကိတ်ပေါ်မှာရော၊ နံရံက ပိုစတာတွေမှာပါ ကင်ဂျုံအန်ရဲ့ ပြုံးရယ်နေတဲ့ ပုံတွေကို တွေ့လိုက်ရတဲ့ သမီးဖြစ်သူရဲ့ မျက်နှာကတော့ အံ့သြတုန်လှုပ်မှုတွေနဲ့အတူ ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာကို ပုံထဲမှာ မြင်တွေ့နိုင်ပါတယ်။ ဒါဟာ မိဘတွေက သားသမီးတွေအပေါ် ထားရှိတဲ့ စေတနာကြောင့် ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ အမှားလေးတစ်ခုလို့ ဆိုရမှာပါ။

ဒီဖြစ်ရပ်လေးကနေ ကျွန်တော်တို့ သင်ခန်းစာယူနိုင်တာကတော့ တစ်ခါတလေမှာ စေတနာက အမှားဖြစ်သွားနိုင်တာမို့ တစ်ခုခုကို အကောင်အထည်မဖော်ခင် သေချာလေ့လာဖို့ လိုအပ်တယ်ဆိုတာပါပဲ။

သင်တို့ရော အခုလိုမျိုး မိဘတွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ လွဲချော်ခဲ့ဖူးတဲ့ အမှတ်တရတွေ ရှိပါသလား? 🤔🤔

ငယ်ငယ်တုန်းက အဖေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့တဲ့သူတွေတိုင်း အမှတ်ရနေမယ့် ဓာတ်ပုံလေးလက်ဖက်ရည်လေးကို ပန်းကန်ပြားလေးထဲ ထည့်ပြ...
19/08/2025

ငယ်ငယ်တုန်းက အဖေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့တဲ့သူတွေတိုင်း အမှတ်ရနေမယ့် ဓာတ်ပုံလေး

လက်ဖက်ရည်လေးကို ပန်းကန်ပြားလေးထဲ ထည့်ပြီး ပူမှာစိုးလို့ မှုတ်ပြီး တိုက်ခဲ့တာလေးတွေ၊ ပလန်းကိတ်ကို အတုံးသေးသေးလေးတွေ ဖြစ်အောင် လှီးပြီး ခွံ့ကျွေးတာလေးတွေ ပြန်သတိရမိတယ်။ ပြန်မရနိုင်တော့တဲ့ ငယ်ဘဝတွေပေါ့။

အဖေ ❤️

photo crd

ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ🙏 #ဒကာကြီး #ဘုရား🙏🙏ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-🙏မှန်ပါ...
14/08/2025

ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ🙏

#ဒကာကြီး

#ဘုရား🙏

🙏ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-

🙏မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။
ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင် ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....
အေး...ဒကာ သိအောင် ပြောပြမယ်...

( ၁ ) ဘုရား ၊ တရား ၊ သံဃာ၊ မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ကန်တော့ပါ။

( ၂ ) အပါယ် ဖျက်ရတယ်....

🙏ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...
#ဘယ်လို ဖျက်ရမလဲ ဆိုတော့.....

"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"

🙏ဒီလို တောင်းပန်ရင် လောလောဆယ် ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။

#တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_
ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်
ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့

" #ဒေါင်းယောင်ဆောင်သော__ကျီး"

ဇာတ်ကားမှာ လိုပေါ့.....
ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။

🙏ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။

( ၃ ) #မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_

ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။

( ၄ ) #ဒကာတို့_လုပ်နေကျအတိုင်း_
#ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....

( ၅ ) #သစ္စာဆို_အမျှဝေပါ_

ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဥပမာ_

🙏ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊ တခြား အလှူတွေလည်း သစ္စာဆို အမျှဝေလို့ ရပါတယ်။
ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_

#ဥပမာ_

"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။
္စာစကား_မှန်ကန်ပါက_

🙏ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "
လို့ အမျှပေးလိုက်ပါ.....

🙏ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။

🙏ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။
ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။

🙏ဒကာတို့ ပို့တဲ့ အမျှဝေခြင်း က
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက သူတို့အတွက်( ၁ဝ )တန်လောက်ပဲ ရှိတာပါ။
ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။

🙏ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။
မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား
🙏🙏🙏
#ပါမောက္ခချုပ်ဆရာတော်
#အသိပညာဗဟုသုတပိုမိုတိုးပွါးပါ​စေ
#ဗုဒ္ဓ
#တရားဓမ္မ
#တရားဓမ္မအကြောင်းလေးများမျှဝေမယ်

◾ဝန်ထမ်းက ငွေကိုရှာတယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတယ်။◾ဝန်ထမ်းက ငွေရှာဖို့အတတ်ပညာကို သင်တယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတ...
14/06/2025

◾ဝန်ထမ်းက ငွေကိုရှာတယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတယ်။

◾ဝန်ထမ်းက ငွေရှာဖို့အတတ်ပညာကို သင်တယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတဲ့ပညာကိုသင်တယ်။

◾ဝန်ထမ်းက ငွေစုတယ်။ လုပ်ငန်းရှင်က ငွေကို ရင်းနှီးမြုပ်နှံတယ်။

◾ဝန်ထမ်းက ဘဏ်ကိုငွေချေးပြီး အတိုးပုံမှန်ယူတယ်။ လုပ်ငန်းရှင်က ဘဏ်ကနေ ငွေချေးပြီး ချမ်းသာအောင်လုပ်တယ်။

◾ဝန်ထမ်းက လခတိုးဖို့ကြိုးစားတယ်။ လုပ်ငန်းရှင်က အမြတ်အစွန်းရအောင်တွက်ချက်တယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Pepsi ဦးသိန်းထွန်းကတော့ ချမ်းသာကြွယ်၀ဖို့ အဆင့် ၃ ဆင့်ရှိတယ်လို့ပြောဖူးတယ်။ ဘာတွေလဲဆိုတော့ -

(၁) ပိုက်ဆံရှာတဲ့ပညာကို သင်ပါ။
(၂) ပိုက်ဆံအုပ်ချုပ်တဲ့ပညာကို သင်ပါ။
(၃) မင်းအတွက် ပိုက်ဆံရှာပေးမယ့်သူတွေကို ငှားရမ်းပါတဲ့။

ဆရာHeinZaw
Crd #

ဟော
24/10/2024

ဟော

14/06/2024

ဘယ်လို iphone ပဲကိုင်ကိုင်
ဝင်ငွေဘယ်လောက်ပဲရရ
ဘာကားပဲစီးစီး
ရည်းစားမရှိရင်
လူတန်းစေ့နေနိုင်တယ်မခေါ်ဘူး😊

ပထမလူ ………သိန်းသုံးထောင်ကျော်တန်နောက်ဆုံးပေါ် လင်ခရူဇာ ကားကြီးစီးတယ် ။သိန်းသောင်းကျော်တန် အိမ်🏠ရှိတယ်။သူမှာ သိန်းသောင်းကျ...
24/04/2024

ပထမလူ ………
သိန်းသုံးထောင်ကျော်တန်
နောက်ဆုံးပေါ် လင်ခရူဇာ ကားကြီးစီးတယ် ။
သိန်းသောင်းကျော်တန် အိမ်🏠ရှိတယ်။
သူမှာ သိန်းသောင်းကျော်တန် လုပ်ငန်းကြီးရှိတယ်။
သို့ပေမယ့် အကြွေးသိန်း ပေါင်း တစ်သိန်း ကျော်ရှိနေတယ် ။

ဒုတိယလူ …………
သိန်းတစ်ရာ့ငါးဆယ်တန် Toyota ကား‌လေး မောင်းတယ်။သိန်းရာကျော် အိမ်လေးနဲ့နေတယ်။
သူ လုပ်ငန်းတိုးချဲ့ထားတာ သိန်းထောင်ကျော် အကြွေးတင်နေတယ် သူ့ဘဝမှာ အမြဲသောကဖြစ်နေရတယ် ။

တတိယလူ………
၁၀သိန်းဝန်းကျင် ဆိုင်ကယ်မောင်းတယ်
သူဘဏ်မှာ သိန်းရာကဏန်းကျော် စုထားတယ်
သူဘဝက ပုံမှန်အလုပ်သွား လူမှုရေးလုပ် အများအတွက် လုပ် မိသားစုကို တတ်နိုင်သလောက်အချိန် ပေး ဘုရားတရားမြဲနဲ့နေတယ်
မိဘအိမ်မှာ ကပ်နေတယ်

သူတို့သုံးယောက် ဆုံတွေ့ကြတော့ ဆိုင်ကယ် မောင်းနေတဲ့သူက Toyota မောင်းတဲ့လူကို အားကျတယ် ။ Toyota မောင်းတဲ့လူက လင်ခရူဇာ မောင်းတဲ့လူကို အားကျတယ် လင်ခရူဇာမောင်းတဲ့လူကလည်း ဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ဘဝကို ပြန်အားကျနေပြန်တယ် ။

ဒါဟာ လောကမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ အရာတွေပါ လူတိုင်း တစ်ယောက်ချင်းစီတိုင်းဟာ ရွှေငွေဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့အစေခံတွေ ဖြစ်နေကြရတယ် ။

ကြောင်က ငါးကိုကြိုက်တယ်…
ဒါပေမယ့် ရေကျတော့ မကူးတတ်ပြန်ဘူး ။

ငါးက တီကောင်ကိုကြိုက်တယ် ဒါပေမယ့်
ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့
တီတူးပြီး မစားနိုင်ပါဘူး ။

ဒီကနေ့ ဘယ်လောက်ပဲကြီးတဲ့ ကိစ္စကြီးဖြစ်နေပါစေ ။ မနက်ဖြန်ကြတော့ သေးသေးမွားမွားလေး ပြန်ဖြစ်သွားရော…

ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းရာဘဲ ဖြစ်ဖြစ်… နောက်နှစ်ကြတော့ ပုံပြင် ပြန်ဖြစ်သွားရော..

အလွန်ဆုံးတော့ ကျွန်တော်တို့လည်း
တစ်ပါးသူနားထောင်ဖို့ *ပုံပြင်* ကိုယ်စီရှိနေရုံလေးပါပဲ...။

တစ်ကယ်တမ်းတော့ ဘဝက ဒီလောက်မျှသာပါပဲ....။

လွတ်လပ်မူဆိုတာ လူတိုင်းအတွက်
ဖြစ်နိုင်ပါတယ်……။

ကိုယ်က‌ တော့ရွေးချယ်မူ့အပေါ်
မူတည်ပါတယ်……

တစ်ခါတစ်လေတော့လည်း ရယ်မောမိပါတယ်။

crd.

ကျီစားသလား 🤭🥹
05/04/2024

ကျီစားသလား 🤭🥹

18/03/2024

လူ့ဘဝသက်တမ်းကို
ယေဘုယျ ၇၅ နှစ်ပဲ ထားလိုက်ပါတော့။

အသက် ၄၀ ရှိတဲ့သူတစ်ယောက်ဟာ
ဆက်လက်ပြီး ၃၅ နှစ်ပဲ
နေခွင့်ရတော့မှာပါ။

အသက် ၅၀ ရှိတဲ့သူတစ်ယောက်ဟာ
ဆက်လက်ပြီး ၂၅ နှစ်ပဲ
နေခွင့်ရတော့မှာပါ။

အသက် ၆၀ ရှိတဲ့သူတစ်ယောက်ဟာ
ဆက်လက်ပြီး ၁၅ နှစ်ပဲ
နေခွင့်ရတော့မှာပါ။

လက်ကျန်အချိန်က နည်းပါပြီ။
ကျန်နေတဲ့အချိန်က
ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။

ဒီအချိန်ဟာ
သူတစ်ပါးကောင်းတာ
မကောင်းတာကို ဝေဖန်နေရမဲ့အချိန်
အရွယ်မဟုတ်တော့ပါဘူး။

ကိုယ်ကောင်းအောင်ပဲ
နေရမဲ့ အချိန်အရွယ်ဖြစ်နေပါပြီ။

ဆိုလိုတာက
သူတစ်ပါးကောင်းတာ
မကောင်းတာထက်
ကိုယ်ကောင်းအောင်နေဖို့က
အဓိကပါ။

ရဝေနွယ် ( အင်းမ )

post & photo credit

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 101ဓာတ်ကျဖတ်ဖို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share