BB Children's Book - Mandalay

BB Children's Book - Mandalay BB Children's Book တွင် Uk Pre-loved Book များနှင့် Original New Book မ?

Home Library📚📚📚
01/12/2022

Home Library📚📚📚

အိမ်လေးတစ်အိမ်မှာ စာအုပ်စင်တစ်စင်နဲ့ ကိုယ်ပိုင်
စာကြည့်တိုက် (Home Library) လေးတစ်ခုရှိဖို့
လိုပါတယ်။ ချမ်းသာသည်ဖြစ်စေ၊ နွမ်းပါးသည်ဖြစ်စေ
မိသားစုနဲ့ဖြစ်စေ၊ တစ်ကိုယ်ရေတစ်ကာယ ဖြစ်စေပါ။

စာအုပ်စင်လေးတွေဟာ အေးချမ်းတယ်။ တည်ငြိမ်တယ်။
ကျက်သရေရှိတယ်။ မိတ်ဆွေရဲ့ တစ်ကိုယ်ရေ ခိုလှုံရာလေး
လည်းဖြစ်တယ်။ ဉာဏ်ပညာကို တိတ်တိတ်လေးထွန်းညှိရာ
ကိုယ့်ရဲ့ ကိုယ်ပိုင် အလင်းပြတိုက်လေးဖြစ်တယ်။

မကြီးကျယ်လိုက်ပါနဲ့။ ဟုတ်ပါတယ် ဒါ ကြွားဖို့မဟုတ်ပါဘူး။

ဘယ်သူ့ကိုမှ လာကြ ကြည့်ကြလို့ မပြောပါဘူး။
စာကြီးပေကြီးတွေပဲလို့ ပြောလာမှာ မပြောလာမှာကိုလည်း
ရင်မခုန်ပါဘူး။ ကျွန်တော်တို့လက်နဲ့ ထိတွေ့ခဲ့တဲ့ စာအုပ်
လေးတွေကို နေရာလေးတစ်ခုမှာ သန့်သန့်ရှင်းရှင်း၊
စနစ်တကျ ထားလိုက်ဖို့ပါပဲ။

သဘောတူမယ်ဆိုရင် ဆက်ဖတ်ပါ မိတ်ဆွေ။

စာအုပ်နဲ့ပတ်သက်တဲ့ ထိန်းသိမ်းနည်းလေးတွေ ကျွန်တော်ရေးခဲ့ဖူးပါတယ်။
https://m.facebook.com/story.php?story_fbid=2743465539232893&id=1747270435519080
ကျွန်တော်တို့ ဖတ်ခဲ့ မှတ်ခဲ့ဖူးတဲ့ ဘ၀ရဲ့မှတ်တိုင်ငယ်လေးတွေ၊ ပြောဆိုတွေးကြံမှုတွေရဲ့ ရေသောက်မြစ်ဖြစ်တဲ့ စာအုပ်လေးတွေကို မပျက်မစီးရအောင် ပြုစုစောင့်ရှောက်ပေးဖို့ပါ။ အခုတော့ ဒါရဲ့ ဒုတိယပိုင်းလို့လည်း ပြောနိုင်ပါတယ်။

ပြုစုထိန်းသိမ်းထားတဲ့ စာအုပ်တွေကို
စာအုပ်စင်လေးနဲ့ သန့်သန့်ခန့်ခန့်ထားပြီး
တစ်ကိုယ်ရေစာကြည့်တိုက်လေးတစ်ခု ဖန်တီးရအောင်ပါ။
အကြံပြုချက်လေးတွေ ကျွန်တော်ပြောပါမယ်...

(၁) စာအုပ်စင်လေးတစ်စင်ရှိပါ။

ရိုးရှင်းတဲ့ အကြံပြုချက်နဲ့ စပါရစေ။ စာအုပ်တွေအတွက် စာအုပ်စင်လိုပါတယ်။ ဘုရားစင်တွေပေါ်မှာ၊ အဝတ်ဗီဒိုတွေပေါ်မှာ၊ တီဗွီစင်တွေအောက်မှာ ပြန့်ကျဲနေတဲ့ မိတ်ဆွေရဲ့ စာအုပ်တွေကို စုစည်းလိုက်ပါ။ ကိုယ်ပိုင်ဆိုင်တဲ့ စာအုပ်စင်လေးကို မြတ်နိုးတန်ဖိုးထားပါ။ ပြီးတော့ စာအုပ်တွေကို စင်ပေါ် ရွှေ့လိုက်ပါ။

အဲလောက် ရိုးရှင်းလွယ်ကူပါတယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ဒီလောက်လွယ်ကူရိုးရှင်းတဲ့အလုပ်လေးတွေကို လက်တွေ့ထလုပ်လိုက်ဖို့ တွေဝေ ငေးမောနေမိတတ်ပါတယ်။ အာရုံတွေများပြီး စိတ်ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာ စာအုပ်စင်လေးတစ်စင်ဟာ သင့် စိတ်ရဲ့ ခိုနားရာပါ။

စာအုပ်စင်တစ်စင်ရှိဖို့ ဘ၀မှာ မဖြစ်မနေ အားထုတ်ပါ မိတ်ဆွေ။ မိတ်ဆွေကိုင်ထားတဲ့ ဖုန်းလောက် စျေးမကြီးတာတော့ သေချာပါတယ်။

စာအုပ်စင်လေးကိုကြည့်တိုင်း မမြင်နိုင်တဲ့ အားအင်တစ်ခုကို ခံစားရပါလိမ့်မယ်။ ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်လေးတွေ၊ ကိုယ်နှလုံးသားနဲ့ထိတွေ့ခဲ့တဲ့ စာအုပ်လေးတွေ၊ ကိုယ့်အသိဉာဏ်နဲ့ ရင့်ကျက်မှုကို လမ်းညွှန်ပေးခဲ့တဲ့ စာအုပ်လေးတွေ ဖြစ်ပါတယ်။ ကိုယ်စိတ်ဓာတ်ကျတိုင်း စာအုပ်စင်လေးနား လာထိုင်နေလို့ရတယ်။ ကိုယ်အထီးကျန်တိုင်း စာအုပ်စင်လေးဘေးမှာ ရင်းနှီးမှုကို ပြန်ခံစားလို့ရတယ်။ ကိုယ်အားငယ်တိုင်း စာအုပ်စင်လေးဘေးမှာ လုံခြုံမှုကို ပြန်ရှာတွေ့နိုင်တယ်။ ဘယ်သူ ဘယ်ဝါမှ သိဖို့မလိုတဲ့ စာအုပ်စင်လေးတစ်စင်ကို မြတ်နိုးစွာပိုင်ဆိုင်ဖို့ ပထမဆုံးခြေလှမ်းစဖို့ ဘယ်တော့မှ နောက်မကျလိုက်ပါနဲ့ မိတ်ဆွေ။

(၂) စာအုပ်စင်ပေါ်က စာအုပ်မဟုတ်တဲ့
ပစ္စည်းတွေကိုဖယ်ရှားလိုက်ပါ။

သဘောတူကောင်းမှ တူနိုင်ပါလိမ့်မယ်။ စာအုပ်စင်ဟာ စာအုပ်ထားဖို့အတွက်လို့ ဆိုတာဟာ မလွန်ကျူးပါဘူး။ ကိုယ်ပိုင်စာကြည့်တိုက်လေးလုပ်မယ်ဆိုတဲ့ စိတ်ကူးကိုလည်း အခြေခံထားတာမို့ ဒီအကြံပြုချက်ကို တိုက်တွန်းပါရစေ။ အရည်ပါတဲ့ ပစ္စည်းမျိုးတွေ၊ တိုလီမုတ်စတွေ၊ စက္ကူလက်စွဲအိတ်တွေကို အမြန်ဆုံးဖယ်ရှားလိုက်ပါ။ အနံ့ထွက်တဲ့ အစားအသောက်တွေကို ခေတ္တခဏတောင် မတင်မိပါစေနဲ့။ ပိုးဟပ်နံ့နံတဲ့ စာအုပ်တို့၊ ကြွက်ချေးနံနံ့တဲ့ စာအုပ်တွေကို ကိုယ်တွေ့ ပိုင်ဆိုင်ခဲ့ရဖူးပါတယ်။ သင်ခန်းစာ ကောင်းကောင်းရခဲ့ပါတယ်။ မိတ်ဆွေကတော့ ရှောင်နိုင်မှာပါ။ ပရုပ်လုံးလေးတွေတော့ ထားနိုင်ပါတယ်။ စာအုပ်နဲ့တော့ မထိတွေ့ပါစေနဲ့။ ပရုပ်လုံးတွေ အရည်ပျော်တဲ့အခါ စာအုပ်တွေပေါ် အကွက်တွေထင်တတ်ပါတယ်။

(၃) စာအုပ်တွေကို စနစ်တကျစီကြပါစို့။

အကြံပြုချက်တွေအားလုံးထဲမှာ အရေးအကြီးဆုံး ပြောရမယ့်အချက်ဖြစ်ပါတယ်။ ကိုယ်ပိုင် တကိုယ်ရေ စာကြည့်တိုက်လေး ထူထောင်ဖို့အတွက် ရှိတဲ့စာအုပ်တွေကို စနစ်တကျ ခွဲခြား စုစည်းထားနိုင်ရပါမယ်။ ရွေးချယ်နိုင်တဲ့ နည်းလမ်း(၃)ခုကို ပြောပါမယ်။

နည်းလမ်း (၁)- စာရေးဆရာနာမည်အလိုက် အက္ခရာစီပြီး စုစည်းပါ။ (ဥပမာ စာအုပ်စင်မှာ အကန့်တစ်ခုကို က-မှ င အထိသတ်မှတ်ပြီး ကိုတာတို့ ဂျူးတို့ကို နေရာချပါ။ ကိုယ့်စင် အနေအထားနဲ့ကိုယ် ချိန်ဆထားရှိနိုင်ပါတယ်။)

နည်းလမ်း (၂)- စာပေကဏ္ဍအလိုက် ခွဲခြားပြီး စုစည်းပါ။ (ဥပမာ စီးပွားရေးစာအုပ်တွေကို တစ်စု။ ရသစာအုပ်၊ ဘာသာပြန်၀တ္ထုတွေကို တစ်ကန့်။ စသဖြင့် ထားရှိနေရာချပါ။ စာပေအမျိုးအစားဘယ်လိုခွဲရမလဲဆိုတာ မသိရင် pannsattlann.com website က စာပေအမျိုးအစားများဆိုတဲ့ ခွဲခြားထားမှုစနစ်ကို မိတ်ဆွေခေါင်းမစားဘဲ အလွယ်တကူ ကိုးကားနိုင်ပါတယ်။

နည်းလမ်း (၃) စာအုပ်အရွယ်အစားအလိုက် စုစည်းပါ။ (ဒါကတော့ အလွယ်ဆုံးလို့ပြောလို့ရပါတယ်။ သပ်သပ်ရပ်ရပ်လည်းရှိပါတယ်။ အခက်အခဲက စာအုပ်တွေများလာပြီဆိုရင် လိုချင်တဲ့စာအုပ်ကို တန်းမရှာနိုင်တာပါ။ ကိုယ့်အမှတ်အသားနဲ့ကိုယ်မှတ်မိမယ်၊ စာအုပ်စင်နေရာလည်း ခပ်ကျဉ်းကျဉ်းပဲရှိမယ်ဆိုရင် ဒီစနစ်က လက်တွေ့ကျပါတယ်။ စာအုပ်တွေကို ကျစ်ကျစ်လစ်လစ် စုစည်းလို့ရပါတယ်။)

ကိုယ်ပိုင်စာကြည့်တိုက်လေးဖြစ်ဖို့အတွက် ဘယ်နည်းလမ်းသုံးသင့်တယ်ဆိုတာတော့ ပိုင်ဆိုင်တဲ့စာအုပ်နဲ့ စင်အရွယ်အစားပေါ် မူတည်ပြီး မိတ်ဆွေပဲ ဆုံးဖြတ်ပါ။

(၄) စာအုပ်ကောင်းတွေကို ဖြည်းဖြည်းဝယ် ဖြည်းဖြည်းစုပါ။

မလောလိုက်ပါနဲ့။ ကိုယ်ပိုင်စာကြည့်တိုက်လေး အပင်ပေါက် ဖွံ့ဖြိုးလာတဲ့အခါ စာအုပ်တွေကို အငမ်းမရ လိုချင်လာပါလိမ့်မယ်။ စုံစုံလင်လင်ဖြစ်စေချင်တဲ့စိတ် ဆူပွက်လာပါလိမ့်မယ်။ စာအုပ်ကောင်းဖြစ်ဖို့ဆိုတဲ့ အရည်အသွေးထက်၊ စာအုပ်အရေအတွက်များဖို့ကို ဂရုစိုက်သွားမိတတ်တဲ့ ထောင်ချောက်ရှိပါတယ်။ လွတ်အောင် ကြိုးစားပါ မိတ်ဆွေ။

အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ။ စာအုပ်တိုက်တွေ၊ စာအုပ်ဆိုင်တွေရဲ့ Promotion ပေးတဲ့ ကာလတွေကို စောင့်မျှော်နေတာ မမှားပါဘူး။ စာအုပ်ကောင်းတွေကို ဒီလိုအချိန်တွေမှာ လက်လွှတ်မခံဘဲ ဝယ်ယူသင့်ပါတယ်။

(၅) စာ တကယ်ဖတ်ပါ။ စာအုပ်တွေကို အလှမကြည့်ပါနဲ့။

နောက်ဆုံး အကြံပြုချက်ပါ။
ကျွန်တော်ကိုယ်တိုင် မလိုက်နာနိုင်ပါဘူး။
ဒါတော့ ခွင့်လွှတ်ပါ မိတ်ဆွေ။

အိမ်တိုင်းမှာ Home Library
ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခု ထူထောင်ကြပါစို့။

ထက်အောင် (ပန်းဆက်လမ်း)
27.9.2020

 အမတစ်ယောက်မှာလို့လုပ်ပေးဖြစ်တာလေးပါ။Right Brain Training အတွက်Peg Memory 1-100 အထိStory Book 1 အုပ်Activity Sheet 10 ရွ...
26/10/2022



အမတစ်ယောက်မှာလို့လုပ်ပေးဖြစ်တာလေးပါ။

Right Brain Training အတွက်
Peg Memory 1-100 အထိ
Story Book 1 အုပ်
Activity Sheet 10 ရွက်ရယ် ပါပါတယ်။

Activity Sheet မှာ ကပ်ခွာလို့ကောင်းအောင်
Photopaper အပါးစာရွက်ကို 130 gsm plastic လေးလောင်းပေးထားပါတယ်။

၁စုံစာကို 17000 ks ပဲ ကျပါမယ်နော်။

မင်မင်တို့ ၂လ ကျော်လောက် သိမ်းထားပေးတဲ့ စာအုပ်လေးတွေကို Invoice ေလး ပို့ပေးပါရစေနော်။ Invoice ပို့ပီး ၃ရက်အတွင်း Deli လေ...
24/10/2022

မင်မင်တို့ ၂လ ကျော်လောက် သိမ်းထားပေးတဲ့ စာအုပ်လေးတွေကို Invoice ေလး ပို့ပေးပါရစေနော်။

Invoice ပို့ပီး ၃ရက်အတွင်း Deli လေး အပ်ပေးပါမယ်ရှင့်။

Invoice ပို့ထားပြီးသော မေမေများကလဲ ပို့ပေးရမဲ့ လိပ်စာပေးထားပေးပါနော်။
ဘောင်ချာပို့ပြီး အတော်ကြာအောင် စောင့်ပေးထားတာမလို့ ဒီရက်ပိုင်း မယူဖြစ်ရင် Cancel နဲ့ Blacklist လေး လုပ်ပါမယ်​နော်။

စာအုပ်လေးတွေ Keep ထားချင်သေးရင်တော့
Kpay လေးလွှဲထားပေးလို့ရပါတယ်။

'sbook

An Interactive Flip Chart To Promote IndependanceBaby လေးတွေရဲ့ တနေ့တာ ပြုလုပ်ရမဲ့ Activites လေးတွေကို Flip Chart လေးနဲ့...
13/09/2022

An Interactive Flip Chart To Promote Independance

Baby လေးတွေရဲ့ တနေ့တာ ပြုလုပ်ရမဲ့ Activites လေးတွေကို Flip Chart လေးနဲ့ ဖော်ပြထားလေး

မေမေက ဟိုဟာ လုပ်ရအုံးမယ် ၊ ဒီဟာလုပ်ရအုံးမယ်ဆိုပြီး လိုက်အပြောရလဲ သက်သာအောင် စိတ်ဝင်စားစရာ
Visiual Card လေးတွေနဲ့ Remind လုပ်ပေးကြမယ်😁

400 gsm Flip Chart - 2 ခု
Visiual Card - 35 ခု
1 Set - 7000 ks

Card လေးတွေက ကဒ်ခွာလေးတွေနဲ့မလို့ နေ့စဥ် လုပ်ရမဲ့ လုပ်ငန်းလေးတွေကို မရိုးအောင် ပြောင်းပေးလို့ရပါတယ်နော်

 သားသား အတွက် ထုတ်ပေးဖြစ်တဲ့ အထဲက Famous Places Titles လေးပါ။27 Countries - 27 Cardsဒါလေးက FB ပေါ် မှာ Powerpoint File လ...
12/09/2022



သားသား အတွက် ထုတ်ပေးဖြစ်တဲ့ အထဲက
Famous Places Titles လေးပါ။

27 Countries - 27 Cards
ဒါလေးက FB ပေါ် မှာ Powerpoint File လေး
ရှိပြီးသားလေးကို Print လုပ်ပေးထားတာလေးပါ။

Print ထုတ်ပြီးသားလေး မှာချင်ရင်လဲရပါတယ်။

A6 Size
Photopaper အပါးသား
130 gsm Plastic လောင်းထားပေးတာလေးကို
1 Card - 200 kyats ပါ😍

Weather Chart လေးကို သားသား၊ မီးမီးတို့ရဲ့ နာမည်လေးတွေနဲ့ မှာလို့ရပါတယ်နော်။A4 Size ကိုမှ ကပ်ခွာလေးတွေနဲ့ပါ။တစုံ 2500 ks...
03/09/2022

Weather Chart လေးကို သားသား၊ မီးမီးတို့ရဲ့ နာမည်လေးတွေနဲ့ မှာလို့ရပါတယ်နော်။

A4 Size ကိုမှ ကပ်ခွာလေးတွေနဲ့ပါ။

တစုံ 2500 ks ပါ😍

ရောင်းတန်းမှာ ရှားတဲ့ Title လေးတွေကို သားသားအတွက် အိမ်မှာ လုပ်ပေးဖြစ်တဲ့ Flashcard လေးတွေပါ။Ready to print PDF File လေးတ...
02/09/2022

ရောင်းတန်းမှာ ရှားတဲ့ Title လေးတွေကို
သားသားအတွက် အိမ်မှာ လုပ်ပေးဖြစ်တဲ့ Flashcard လေးတွေပါ။

Ready to print PDF File လေးတွေ လုပ်ပေးထားလို့လိုချင်တဲ့ မေမေများရှိရင် CB မှာ Telegram No လေးပေးပေးပါနော်။

Card ထုတ်ပြီးသားလေးတွေ လိုချင်ရင်လဲ ၁ ကဒ်ကို ၂၀၀ နဲ့မှာလို့ရပါတယ်။
(Photo paper အပါးစာရွက်ကို 130g plastic လောင်းထားတာလေးတွေပါ)

23.8.2022 📚151 Goodnight Stories💰8000 ks🔸80 pages🔸151 Stories💥New Book💥
23/08/2022

23.8.2022


📚151 Goodnight Stories
💰8000 ks

🔸80 pages
🔸151 Stories

💥New Book💥

23.8.2022 📚Mixed up fairy tales💰5000 ks💥ကလေးတွေကိုယ်တိုင် Stories ပေါင်းများစွာကို ကိုယ်တိုင် ဖန်းတီးနိုင်မဲ့ စာအုပ်လေးပ...
23/08/2022

23.8.2022


📚Mixed up fairy tales
💰5000 ks

💥ကလေးတွေကိုယ်တိုင် Stories ပေါင်းများစွာကို ကိုယ်တိုင် ဖန်းတီးနိုင်မဲ့ စာအုပ်လေးပါ😘

🔸Good Condition

23.8.2022 📚Don't Kiss the Frog💰7500 ks🔸69 pages🔸6 Stories🔸Excellent Condition
23/08/2022

23.8.2022


📚Don't Kiss the Frog
💰7500 ks

🔸69 pages
🔸6 Stories
🔸Excellent Condition

23.8.2022 📚Stories for Girls💰5000 ks Each🔸48 Pages🔸5 - 7 Stories🔸Good Condition
23/08/2022

23.8.2022


📚Stories for Girls
💰5000 ks Each

🔸48 Pages
🔸5 - 7 Stories
🔸Good Condition

Edit - 1 အုပ်ကျန်😍23.8.2022 💥2 အုပ်ရှိ📚Bedtime Stories for Girls💰7500 ks🔸160 pages🔸20 Stories🔸Good Condition
23/08/2022

Edit - 1 အုပ်ကျန်😍

23.8.2022


💥2 အုပ်ရှိ
📚Bedtime Stories for Girls
💰7500 ks

🔸160 pages
🔸20 Stories
🔸Good Condition

Address

၈လမ်း ၊ ၈၈ X ၈၉ လမ်းကြား
Mandalay
AUNGMYAETHARSANTOWNSHIP

Telephone

+959404411175

Website

Alerts

Be the first to know and let us send you an email when BB Children's Book - Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BB Children's Book - Mandalay:

Share

Category