YDB Book shop

YDB Book shop 🔎အလှတွက်မှန်ကြည့်သလိုဘဝအတွက်စာဖတ်ပါ📕

💕လူနှစ်ယောက်ဆက်ဆံရေးမှာသူ့ဆီကနေ ကိုယ်ဘာများရနိုင်မလဲ..သူ့ကို ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ..ဆိုတဲ့မျှော်လင့်ခြင်းတွေနဲ့ ဆက်...
14/09/2026

💕လူနှစ်ယောက်ဆက်ဆံရေးမှာ
သူ့ဆီကနေ ကိုယ်ဘာများရနိုင်မလဲ..
သူ့ကို ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ..
ဆိုတဲ့မျှော်လင့်ခြင်းတွေနဲ့ ဆက်ဆံနေတာထက်…
သူ့ကို ကိုယ့်ဆီက ဘာတွေများမျှဝေပေးရမလဲ..
ကိုယ့်ရဲ့အားသာချက်တွေ..နွေးထွေးတဲ့အပြုံးတွေ..အကောင်းမြင်တတ်တဲ့အတွေးတွေ သူ့ဆီဘယ်လိုများ ကူးစက်စေနိုင်မလဲ..ဆိုတဲ့ မျှဝေခြင်းတွေနဲ့ဆက်ဆံတာက.. ဒီလူနှစ်ယောက်ကို ပိုပြီးနှစ်သက်မက်မောဖွယ်ဖြစ်စေသလို နှောင်ဖွဲ့ခြင်းကလည်း ပိုပြီးလှပမြဲမြံစေတတ်ပါတယ်…။💕

#လွန်းထားထား
#နှလုံးသားကိုဖွင့်တဲ့သော့
#မှာယူနိုင်ပါတယ်

သူများအတွက် အမြဲရှိပေးရင်း…တစ်နေ့မှာ ကိုယ့်အတွက်ကိုယ် ဘာမှမကျန်တော့တဲ့အခါ “ငါ ဘာလိုချင်တာလဲ”“ငါ တကယ်ပျော်ရဲ့လား”“ငါ့ဘဝကိ...
14/09/2026

သူများအတွက် အမြဲရှိပေးရင်း…တစ်နေ့မှာ
ကိုယ့်အတွက်ကိုယ် ဘာမှမကျန်တော့တဲ့အခါ
“ငါ ဘာလိုချင်တာလဲ”
“ငါ တကယ်ပျော်ရဲ့လား”
“ငါ့ဘဝကို ငါ့အတွက်ရော အသက်ရှင်နေသေးရဲ့လား”
ဆိုတဲ့ မေးခွန်းတွေက တိတ်တိတ်လေး ဝင်လာတတ်ပါတယ်။

ချစ်ရသူတွေကို ဦးစားပေးရင်း ကိုယ့်လိုအပ်ချက်တွေကို နောက်ဆုံးထားခဲ့တယ်။ အဆင်ပြေပါတယ်လို့ ပြောရင်း ကိုယ့်အတွင်းထဲမှာတော့ တဖြည်းဖြည်း ပင်ပန်းလာတယ်။ လူတိုင်းကို နားလည်ပေးရင်း ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ မေ့လာတယ်။ တကယ်တော့ စိတ်ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း ကိုယ့်ခံစားချက်တွေကို ဖိနှိပ်ခဲ့တာ၊ မငြင်းနိုင်ခဲ့တာ၊ အားလုံးကို ကိုယ်တစ်ယောက်တည်း ထမ်းထားခဲ့တာတွေကနေ တဖြည်းဖြည်း ဖြစ်လာတာပါ။

ဒီစာအုပ်က “သူများအတွက် ဘယ်လောက်ကောင်းတဲ့မိန်းမတစ်ယောက် ဖြစ်နေလဲ” ဆိုတာထက် “ကိုယ့်အတွက်ကိုယ် ဘယ်လောက်ကောင်းနေသေးလဲ” ဆိုတာကို ပြန်မေးဖို့ ဖိတ်ခေါ်တဲ့စာအုပ်ပါ။သူများကို ချစ်လို့ရပါတယ်။ သူများကို ကူညီလို့ရပါတယ်။ တာဝန်ယူလို့ရပါတယ်။ ဒါပေမဲ့ သူများအတွက် အသက်ရှင်ရင်း ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးစေဖို့တော့ လိုပါတယ်။ အခု သင်ဟာ လူတိုင်းအတွက် အမြဲရှိပေးနေပြီး ကိုယ့်အတွက်တော့ မရှိပေးနိုင်တော့တဲ့အခြေအနေ ရောက်နေပြီလား။ ဒါဆိုရင် ဒီစာအုပ်ဟာ သင်မေ့ထားခဲ့တဲ့ “သင်ကိုယ်တိုင်” ဆီ ပြန်သွားဖို့ အစတစ်ခု ဖြစ်နိုင်ပါတယ်။

#ကိုယ့်ကိုယ်ကိုယ်မေ့နေသောမိန်းမများ #နိုရာ
#မှာယူနိုင်ပါတယ်

ဘဝမှာ လူတိုင်းဟာ ပျော်ရွှင်ချင်ကြတယ် ။ သာယာအဆင်ပြေတဲ့ဘဝကို လိုလားတောင့်တကြပါတယ် ။ ဒါကြောင့်ပဲ ပျော်ရွှင်မှုကို တခုတ်တရ လ...
14/09/2026

ဘဝမှာ လူတိုင်းဟာ ပျော်ရွှင်ချင်ကြတယ် ။ သာယာအဆင်ပြေတဲ့ဘဝကို လိုလားတောင့်တကြပါတယ် ။ ဒါကြောင့်ပဲ ပျော်ရွှင်မှုကို တခုတ်တရ လိုက်ရှာကြပါတယ် ။ ဒါပေမဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာတွေ့ရဲ့လားလို့ ပြန်မေးကြည့်ရင်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာမတွေ့ကြပါဘူး ။

လိုချင်တာရရင်ပျော်မယ် ၊ ပိုက်ဆံအဆင်ပြေရင်ပျော်မယ် ၊ ရာထူးတိုးရင်ပျော်မယ်လို့ တွေးထင်တတ်ကြပေမဲ့ တကယ့်တကယ် လိုချင်တာတွေရလာတဲ့အခါမှာလည်း မပျော်နိုင်ကြပါဘူး ။ ပျော်ရွှင်မှုဟာ အတောမသတ်နိုင်ကြပါဘူး ။

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ပြီးပြည့်စုံခြင်းတွေ၊ ပစ္စည်းဥစ္စာတွေအပေါ်မှာပဲ အပြည့်အဝ မမှီခိုပါဘူး ။ တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှုဟာ မိမိကိုယ်မိမိနဲ့ ဆက်ဆံရေး ၊ အခြားသူတွေရဲ့ ဆက်ဆံရေး ၊ ဘဝမှာ လုပ်နိုင်ကိုင်နိုင်တဲ့ စိတ်အားထက်သန်မှု ၊ မိမိကိုယ်မိမိ ချစ်ခင်ခြင်း ၊ မိမိပုံစံနဲ့မိမိ ပျော်ရွှင်တတ်ခြင်းတွေအပေါ်မှာပဲ မူတည်ပါတယ် ။

ကျွန်မတို့ ဝေးဝေးလိုက်ရှာနေတဲ့ ပျော်ရွှင်မှုတွေဟာ တကယ်တော့ အဝေးကြီးမှာ ရှိနေတာမဟုတ်ဘဲ ကျွန်မတို့ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတာ ဖြစ်ပါတယ် ။ ဒါကို တန်ဖိုးထား သတိထားကြည့်မယ်ဆိုရင် သေချာပေါက် ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ် ။

"ပျော်ရွှင်ခြင်းသို့ လက်တစ်ကမ်း" ဆိုတဲ့ စာအုပ်လေးမှာတော့ ဘဝမှာ အခက်အခဲတွေကြား ပျော်ရွှင်အောင် ဘယ်လိုနေမလဲ ၊ ဘယ်လို အေးချမ်းအောင်နေမလဲ ၊ ပျော်ရွှင်တဲ့ဘဝကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အကြောင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ် ။

"ဘဝက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ပျော်ရွှင်ဖို့ မမေ့ကြစေချင်ဘူး ။ နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုဟာ အသုံးအဆောင်တစ်ခုလို စွဲမြဲနေစေချင်တယ် ။ မနက်ခင်းတိုင်းမှာ မျှော်လင့်ချက်လေးရှိစေချင်တယ် ။ ညနေခင်းတိုင်းမှာ ကျေးဇူးတင်စရာလေးတစ်ခု ရှိစေချင်တယ် ။ ဘဝရဲ့ နေ့ရက်တိုင်းမှာ ကြီးကြီးမားမား မဟုတ်ရင်တောင် မဆိုသလောက်လေးဖြစ်ဖြစ် ပျော်ရွှင်နိုင်စေချင်ပါတယ် ။ "

#ပျော်ရွှင်ခြင်းသို့လက်တစ်ကမ်း #စူးရှမေ
#မှာယူနိုင်ပါတယ်

14/09/2026

ဘဝကစားပွဲမှာအောင်နိုင်ဖို့📚📚📚

#မိုင်မိုင်း(နမ့်စန်)
#မှာယူနိုင်ပါတယ်





14/09/2026

သင့်ဘဝကိုသူများတွေအားကျလောက်အောင်ပြောင်းလဲပေးမဲ့စာအုပ်(၅)အုပ်📚📚📚

📚စာဖတ်သူတို့မှာယူလိုပါကpage cb သို့မဟုတ်viber no09890923848ကိုလည်းဆက်သွယ်ရ်ျမှာယူနိုင်ပါတယ်






14/09/2026

"မွေးဖွားလာတုန်းက ဆင်းရဲတာဟာ မင်းရဲ့ အပြစ်မဟုတ်ဘူး။
ဒါပေမဲ့ သေဆုံးသွားတဲ့အထိ ဆင်းရဲနေသေးရင်တော့ အဲဒါ မင်းရဲ့အပြစ်ပဲ..."
​မိဘရဲ့ ဆင်းရဲခြင်း၊ မပြည့်စုံခြင်းတွေကို အပြစ်တင် စိတ်ပျက်နေမယ့်အစား ကိုယ့်ဘဝကို တိုးတက်အောင် ပြောင်းလဲဖို့ အကောင်းဆုံး အဖော်မွန်ကတော့ စာအုပ်များ ပါပဲ။ ဘဝအတွက် ခွန်အားနဲ့ လမ်းပြပေးမယ့် စာအုပ်ကောင်း(၁၀)အုပ်📚📚📚

📚စာဖတ်သူတို့မှာယူလိုပါကpage cbသို့မဟုတ်viber no09890923848ကိုလည်းဆက်သွယ်ရ်ျမှာယူနိုင်ပါတယ်






14/09/2026

ကိုကိုTeamများအတွက်📚📚📚

📚စာဖတ်သူတို့မှာယူလိုပါကpage cbသို့မဟုတ်viber no09890923848ကိုလည်းဆက်သွယ်ရ်ျမှာယူနိုင်ပါတယ်






ဘဝရဲ့ လမ်းမတွေက များပြားလှပါတယ်။အဲဒီများပြားလှတဲ့ လမ်းတွေထက်မှာ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်...
14/09/2026

ဘဝရဲ့ လမ်းမတွေက များပြားလှပါတယ်။
အဲဒီများပြားလှတဲ့ လမ်းတွေထက်မှာ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်သွားတတ်ကြပါတယ်။ "ငါဘာလုပ်ရင် ကောင်းမလဲ" ဆိုတဲ့ အတွေးဟာ
ကျွန်တော်တို့ဆီ မကြာခဏ ရောက်လာတတ်ပါတယ်။ အဲဒီလို
ဝေဝါးလာတဲ့အခါ ဒီစာအုပ်လေးက သင့်ကို ကူညီပေးပါလိမ့်မယ်။ နောက်ပြီး ဘဝမှာ လူတိုင်းအောင်မြင်ချင်ကြတယ်။
အောင်မြင်ကြတဲ့ သူတွေကိုကြည့်ပြီး သူတို့လို လိုက်လုပ် တတ်ကြတယ်။ သူတို့လို အောင်မြင်မယ်ဆိုတဲ့ စိတ်နဲ့ပေါ့လေ။ ဒါပေမဲ့ ကိုယ်ကျတော့ သူတို့လိုဖြစ်မလာပြန်။ ဒီတော့
နောက်တစ်လမ်းကို ထပ်ပြီးလျှောက်တယ်။ အဲဒီလို လမ်းလျှောက်ရင်း ၊လမ်းပျောက်ရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ လူငယ်တွေအတွက်လဲ
ဒီစာအုပ်က တစ်ထောင့်တစ်နေရာက အထောက်အကူပေးပါလိမ့်မယ်။ ဘဝမှာ ပျော်ရွှင်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုတဲ့ လူငယ်တွေအတွက်၊ အခြားသူတွေ လျှောက်တဲ့ လမ်းတွေထက် ကိုယ်လျှောက်မဲ့လမ်းကို ကိုယ်တိုင်ဖောက်ပြီး ကိုယ်ဒူး
ကိုယ်ချွန်ချင်တဲ့ လူငယ်တွေအတွက် စာရေးသူ နိုင်ကိုကိုလွင်ရဲ့" ကိုယ်ဖောက်တဲ့လမ်း ကိုယ်လျှောက်တဲ့လမ်း" စာအုပ်က
မိတ်ဆွေကောင်း တစ်ယောက်အဖြစ် ရှိနေပေးပါလိမ့်မယ်။

#ကိုယ်ဖောက်တဲ့လမ်းကိုယ်လျှောက်တဲ့လမ်း
#နိုင်ကိုကိုလွင်

မြန်မာနိုင်ငံတွင်းသာမက

ထိုင်း၊ စင်ကာပူ၊ မလေးရှား/လာအို/ဂျပန်/အိုမန်

စသည့်ပြည်ပနိုင်ငံများကိုလည်း ပို့ပေးပါတယ်။

ပြည်ပနိုင်ငံများကိုပို့ရင်တော့ငွေလေးတော့ကြိုရှင်းပေးရပါတယ်ရှင့်

😍စာအုပ်လေးကိုဖတ်ရှုမှာယူလိုပါက မင်မင် PageMessageသို့လာရောက်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

မန်းတလေး မြို့တွင်း အိမ်ရောက် ငွေချေရပါတယ််ရှင့်

နယ်မြို့များမှမှာယူရင်တော့ကားဂိတ််ချခလေးပေးရပါတယ်ရှင့်

Royal Express အမြန်ချောရောက်တဲ့မြို့နယ်တိုင်းအိမ်ရောက်ငွေချေရပါတယ်ရှင့်?
#မှာယူနိုင်ပါတယ်

13/09/2026

စံပြယောကျာ်းကောင်းတစ်ယောက်ဖြစ်ဖို့📚📚📚

စာဖတ်သူတို့မှာယူလိုပါကpage cbသို့မဟုတ်viber no09890923848ကိုလည်းဆက်သွယ်ရ်ျမှာယူနိုင်ပါတယ်






” တစ်စုံတစ်ယောက်ရဲ့ ဆုတောင်းလေးကို ပြည့်စေခဲ့ဖူးပါသလား ။ တစ်စုံတစ်ယောက်ရဲ့ လိုအင်ဆန္ဒလေးကို ဖြည့်ပေးခဲ့ဘူးပါလား ။ တစ်စုံ...
13/09/2026

” တစ်စုံတစ်ယောက်ရဲ့ ဆုတောင်းလေးကို ပြည့်စေခဲ့ဖူးပါသလား ။ တစ်စုံတစ်ယောက်ရဲ့ လိုအင်ဆန္ဒလေးကို ဖြည့်ပေးခဲ့ဘူးပါလား ။ တစ်စုံတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် ပံ့ပိုးကူညီ‌ပေးခဲ့ဖူးလား ။ တစ်စုံတစ်ယောက်ကို မိမိကြောင့် စိတ်ပျော်ရွှင်အောင် လုပ်ပေးခဲ့ဖူးလား ။ ဒုက္ခရောက်နေတဲ့သူကို ကူညီပေးခဲ့ဖူးသလား ။”

ကိုယ်ဟာ သူတပါးရဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးတာ ဖြည့်ဆည်းပေးတာ ကူညီပေးတာတွေက ကိုယ်ကိုယ်တိုင်ဟာ သူ့အတွက် universe ဖြစ်ပြီး ၊ ကိုယ့်ရဲ့ ဆန္ဒတွေပြည့်ဝတာ ကိုယ့်ကိုယ် ကူညီပေးကြတာ စောင့်ရှောက်ခံရတာ ၊ မမျှော်လင့်ပဲ တစ်ယောက်ယောက်စီက ကောင်းမွန်တဲ့အရာတွေ မေတ္တာတွေ ရရှိလိုက်တာဟာ စကြာဝ‌ဠာက အလုပ်လုပ်ပေးလိုက်တာ ဖြစ်တယ်လို့ ဆရာမမွန်က စကြာဝဠာက ဘယ်သူ ၊ ဘယ်လို ၊ဘာလုပ်ပေးတယ်ဆိုတာလေးကို သေချာ ပြောပြပေးထားပါတယ် ။

ကျနော်တို့တွေ သူတပါးကို အဆင်ပြေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့အလုပ်တိုင်းကို စကြာဝဠာက မှတ်ယူထားပြီး အချိန်ကျလာရင် ကိုယ့်အတွက် အဲ့အကျိုးကို ပြန်ခံစားရပါတယ် ။ အဲ့လိုနည်းတူ သူတပါး ဒုက္ခရောက်စေ ၊ အဆင်မပြေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့အလုပ်ဟာလဲ စကြာဝဠာမှတ်ယူထားပြီး အဲ့တိုင်းအကျိုးရရှိစေမှာပါ ။ စကြာဝဠာရဲ့ လုပ်ဆောင်ချက်ဟာ ကံရဲ့အကျိုးပေးပါပဲ ။

ဘာလေးပဲလုပ်လုပ် ကောင်းတဲ့စေတနာနဲ့ လေးနက်စွာ ပြုလုပ်ပါ ။ ကုသိုလ်တရားတွေ ပြုတဲ့အခါ သဒ္ဓါတရားအပေါ် ယုံကြည်ပါ ။ မေတ္တာတွေ ၊ ငြိမ်းအေးမှုတွေကို ဖြန့်ဝေပေးပါ ။ ဒီလိုလေးတွေ စဉ်ဆက်မပြတ်ပြုတဲ့အခါ ကိုယ်မမျှော်လင့်ပဲနဲ့တောင် စကြာဝဠာကြီးက ကိုယ့်ကိုယ် ကောင်းမွန်တဲ့အရာတွေ ပြန်လည်ပို့ဆောင်ပေးမှာပါ ။


#သင်သည်သာသင့်ရဲ့စကြာဝဠာ
#မှာယူနိုင်ပါတယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when YDB Book shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category