Linn Book Haven

Linn Book Haven "အနာဂတ်အတွက် စာဖတ်ပါ"

14/09/2026

"ဗုဒ္ဓအကြောင်းကောင်းကောင်းသိမှ
ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်မယ်"
#ပါချုပ်ဆရာတော်
#လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်
#အတွဲ၄တွဲစုံစုံလင်လင်ရပါပြီ
အိမ်ရောက်ငွေချေမှာယူနိုင်ပါတယ်

14/09/2026

🍂 မျက်နှာဖုံးအသစ်နဲ့ ဦးနုရဲ့ “ ကာမတဏှာ " စာအုပ် ပြန်မှာလို့ ရပါပြီ 📚

ဖတ်ဖူးသမျှစာအုပ်ထဲမှာ သဘောအကျမိဆုံးစာအုပ်လို့တောင်ပြောလို့ရတယ်။ ဒီစာအုပ်ကိုကောင်လေးတစ်ယောက်က သူ ၁၃နှစ်သားတုန်းက ဖတ်ခဲ့ရတဲ့စာအုပ်ဆိုပြီး ပိုစ့်တစ်ခုမှာ review ပေးထားလို့ဖတ်ဖြစ်ခဲ့တာ။ စာအုပ်ဖတ်နေရင်း ထပ်ခါထပ်ခါတွေးမိတာက ဒီစာအုပ်ကိုဒီထပ်ပိုစောစောဖတ်ခွင့်ရရင် ကောင်းမယ်ဆိုတဲ့အတွေးဘဲ။

လူငယ်တွေ မပျင်းရအောင် လောကုတ္တရာရေးရာကို လောကီနဲ့တွဲရေးသွားတဲ့ပုံက တကယ်ကိုဆွဲဆောင်နိုင်ခဲ့တာ။ စာအုပ်ကိုဖတ်ပြီးတဲ့အခါ လောကုတ္တရာရေးရာတွေကြောင့် မပျင်းသွားဘဲ ပိုပိုပြီး ထဲထဲဝင်ဝင်သိချင်လာလို့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့စာအုပ်ကောင်းတွေ လိုက်ရှာဖတ်မိတဲ့အထိပေါ့။

ဇာတ်လမ်းထဲက ဇာတ်ကောင် မခင်မေ ဆိုတဲ့အမျိုးသမီးလေးဟာ စာဖတ်တဲ့လူဟာ မိန်းမတစ်ယောက်ဖြစ်မယ်ဆိုရင် ငါလဲ သူ့လိုရှင်သန်သင့်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ တကယ့်ကိုစံပြမိန်းကလေးအဖြစ် ရင်ထဲစွဲကျန်နေခဲ့မှာ။ မခင်မေဟာ လက်တွေ့ဘဝက အခက်အခဲတွေကို အေးချမ်းစွာနဲ့ရင်ဆိုင်သွားတဲ့သတ္တိရှိတဲ့မိန်းကလေးမျိုး။

တရားအသိတွေနဲ့ပြည့်နေတဲ့မိန်းကလေးကို သူ့ဘက်ယိမ်းလာအောင် ကြိုးစားပမ်းစားအားထုတ်ချစ်ရှာတဲ့ သိန်းမောင် ဆိုတဲ့အမျိုးသားလေးကလဲ တကယ်မြတ်နိုးစရာပါပဲ။ ငါကယောင်္ကျားပဲ၊ ငါပြောတာနားထောင်ရမယ်ဆိုတဲ့ ဖိုဝါဒကို လက်ကိုင်မစွဲဘဲ ချစ်ရတဲ့အမျိုးသမီးလေးရဲ့မေတ္တာတွေ၊ တရားအသိတွေကို အသိအမှတ်ပြုပြီးလိုက်နာတတ်တဲ့ပုံစံတွေဟာ အမျိုးသမီးတိုင်းမျှော်လင့်မိတဲ့ပုံစံတွေပေါ့။ လောကုတ္တရာအကြောင်းတွေကို လေးလေးနက်နက်ဖတ်ရင်းက ဒီဇာတ်ကောင်နှစ်ဦးရဲ့ချစ်ရေးချစ်ရာအကြောင်းတွေကိုဖတ်ရင်း ပြုံးမိရတာပါပဲ။

ဒီစာအုပ်ဖတ်ပြီးပြီးချင်း ကိုယ့်ဘေးနားကလူတွေ၊ ကိုယ့်အမေကိုပါ ဖတ်ကြည့်ပါ လို့ တိုက်တွန်းမိတဲ့အထိပါပဲ။ ပြီးတော့ ဒီစာအုပ်ကို မဖတ်ရသေးတဲ့လူတွေရှိသေးရင် ဖတ်ကြည့်ပါလို့ ခုလိုပိုစ့်တင်ရင်း လာတိုက်တွန်းမိတဲ့အထိပေါ့ ။

ဘုရားတရားနဲ့သက်ဆိုင်တဲ့စာအုပ်မို့ ကိုယ်သဘောအကျဆုံးစာအုပ်ထဲက တရားစကားလေးနဲ့နိဂုံးချုပ်ရရင်

(၁) လာဘ်ရခြင်း၊ (၂) လာဘ်မရခြင်း၊ (၃) အခြွေအရံရှိခြင်း၊ (၄) အခြွေအရံ မရှိခြင်း၊ (၅) ကဲ့ရဲ့ခြင်း၊ (၆) ချီးမွမ်းခြင်း၊ (၇) ချမ်းသာခြင်း (၈) ဆင်းရဲခြင်း

ဤလောကဓံရှစ်ပါးနဲ့တွေ့ကြုံတိုင်း မတုန်လှုပ်ဘဲ အစဉ်အမြဲအေးချမ်းတည်ငြိမ်တဲ့စိတ်နဲ့ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ။

✍🏼 ဦးနု
📖 ကာမတဏှာ

◾ တန်ဖိုး - ၁၇၀၀၀ ကျပ်

🚚 Royal express ရောက်သည့် မြို့များအားလုံးကို အိမ်အရောက် ငွေချေစနစ်ဖြင့် မှာယူနိုင်ပါတယ်။

Review by-Hanna (လေးစားစွာ Credit ပေးပါသည်)
#ဦးနု
#ကာမတဏှာ

စာဖတ်ကြတဲ့ မိတ်အပေါင်းဆွေသဟာတွေက“ပြန်မထုတ်သေးဘူးလား”လို့ စာအုပ်တိုက်သို့တဖွဖွ မေးနေကြတဲ့  စာအုပ်တွေထဲက တအုပ်ဖြစ်တဲ့   #က...
14/09/2026

စာဖတ်ကြတဲ့ မိတ်အပေါင်းဆွေသဟာတွေက
“ပြန်မထုတ်သေးဘူးလား”လို့ စာအုပ်တိုက်သို့
တဖွဖွ မေးနေကြတဲ့ စာအုပ်တွေထဲက တအုပ်
ဖြစ်တဲ့ #ကမ္ဘာကိုကိုင်လှုပ်သော_တရုတ်ပြည်
………………………………………………

ပြေးလွှားနေသော တရုတ်လယ်သမားတို့၏
ခြေသံများ။

တင်းပုတ်ကိုင်ထားသည့် လယ်သမားများ၏
လက်ချက်ဖြင့် သေလုမြောပါး ဖြစ်နေသော
ကျေးလက်လူကုံထံ၏ အသက်ငင်သံ။

ရွာလူကြီး၏ ရင်၀ကို စိုက်လိုက်သည့်
ဓားရောင်ဖွေးဖွေး။

ပုလိပ်များလက်ချက်ဖြင့် ခေါင်းဖြတ်ခံရ၍
အသည်း အူတို့ကို ဆွဲနုတ်ခံလိုက်ရသော
မိန်းကလေး၏ အလန့်တကြား အော်သံ။

နတ်ဘုရားများကို ပင့်ဖိတ်နေသော
ကျေးလက်ပယောဂဆရာတို့၏ ဂါထာရွတ်သံ။

ဖိနှိပ်သူတယောက်၏ အသားကို ကိုက်ဖြတ်ပစ်
လိုက်သော အမျိုးသမီး၏ ကတ်ကြေးသံ။

မိမိတို့ကို နှိပ်စက်ခဲ့မှုများအား ပြန်၍လက်စားချေသော၊ ကုတ်ဖဲ့ပစ်သော၊ အသားကို လှီးပစ်သော
အမျိုးသမီးတို့၏ တုံ့ပြန်ကြွေးကြော်သံများ -။

လွင်ပြင်တဝန်း တောတန်းတခွင် လယ်ပြင်တဝိုက်
တရုတ်ပြည် မဟာပထဝီမြေ အနှံ့အပြားတွင်
အင်အားသစ်ကြီးတခုသဖွယ်
စုဝေးပေါက်ကွဲလာသော-
ပြည်သူတို့၏ ဆန္ဒပြင်းပြမှု စိတ်ဓာတ်အင်အား ။

—သို့မဟုတ်—

"ကမ္ဘာကို ကိုင်လှုပ်သော တရုတ်ပြည်”
………………………………………………….

ဒီစာအုပ်ကြီးရဲ့ မျက်နှာဖုံးကို
ဗဂျီလင်းဝဏ္ဏက ဖန်တီးပေးထားပြီး
စာအုပ်အမည် ခေါင်းစီးစာလုံးကို
ပန်းချီဆရာ တင်ထွဏ်းက ရေးပေးကာ၊
အတွင်းရေခံ ရှေ့/ နောက် သရုပ်ဖော်ကိုတော့
ပန်းချီဆရာ မုတ်သုံ က လက်စွမ်းပြထားရဲ့။

အနှီပန်းချီဆရာ သုံးဦးတို့ရဲ့ အနုပညာလက်ရာ
ပေါင်းစည်း အားဖြည့်မှုများနဲ့အတူ—

အောက်ခြေမှတ်၊ အက္ခရာညွှန်းတို့ ပြည့်စုံစွာ
အကိုးအကားပြုနိုင်ရန် ကျမ်းကြီးသဖွယ်—

သန့်သန့် ခံ့ခံ့ သေသေသပ်သပ် #အခန့်ချုပ် မူ။

စာမျက်နှာ ၆၇၂ ။ ၆-၉ လက်မအရွယ် ။
စက္ကူဖြူချော ဖြင့် - ပုံနှိပ်သည်။

တအုပ်တန်ဖိုး #ကျပ်_ခြောက်သောင်း

#မြသန်းတင့်
#ကမ္ဘာကိုကိုင်လှုပ်သောတရုတ်ပြည်

13/09/2026

"တစ်ထောင့်တစ်ညပုံပြင်များ"
#တစ်ထောင့်တစ်ညပုံပြင်များ
#ကျော်လှိုင်ဦး
မှာယူနိုင်ပါပြီ
တစုံ-9****ကျပ်ပါ

1995 ခုနှစ် အမျိုးသားစာပေဆုရဒုတိယ ကမ္ဘာစစ်အပြီး အရှေ့အလယ်ပိုင်း ဒေသတွင် ဗြိတိသျှ တို့အုပ်ချုပ်သော ပါလက်စတိုင်းဒေသတွင် Is...
13/09/2026

1995 ခုနှစ် အမျိုးသားစာပေဆုရ

ဒုတိယ ကမ္ဘာစစ်အပြီး အရှေ့အလယ်ပိုင်း ဒေသတွင် ဗြိတိသျှ တို့အုပ်ချုပ်သော ပါလက်စတိုင်းဒေသတွင် Israel နှင့် အာရပ်တို့ အပြိုင်အဆိုင် နိုင်ငံထူထောင်ရန် တစ်ဖက်နှင့်တစ်ဖက် တားဆီးကြပုံများ၊ ပဋိပက္ခများ၊ အကောက်ကြံကြပုံ၊ လက်နက်မှောင်ခိုသွင်းကြပုံ၊ အရပ်သားများ မြေစာပင်ဖြစ်ရပုံ အစရှိသည့် ဖြစ်ရပ်မှန် မှတ်တမ်းများဖြင့် ဖော်ပြထားပါသည်။ ဒေးဗစ်ဂူရီယန်၊ဆာအယ်လင်ကန်နင်ဟန်၊ ဂိုလ်ဒါမေယာ၊ ဟတ်ဂျ် အာမင်ဟတ်ဆေနီ၊ နတ်ဆာ အစရှိသော ထိပ်သီးခေါင်းဆောင်များ အပြိုင်ကြဲကြပုံ၊ တစ်ဖက်နှင့်တစ်ဖက် အကောက်ကြံကြပုံများလည်းပါဝင်သည်။ ဗြိတိသျှတို့က လက်လွတ်စပယ် ရောင်းစားခဲ့သော ပါလက်စတိုင်း ဒေသတွင်း အစ္စရေးနိုင်ငံတည်ထောင်ရန်ကြိုးစားရာမှ တစ်ဖက်နှင့်တစ်ဖက် ရိက္ခာဖြတ်၊ ချောင်းမြှောင်းပစ်ခတ်၊ အသေခံဗုံးခွဲ အစရှိသော ပဋိပက္ခများအတွင်း ပြည်သူများစွာ သေကြေစတေးကြပြီး မြေတစ်ကွက်ခြင်းစီအတွက် သွေးနှင့်ရင်းခဲ့ကြပုံများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

သမိုင်းမှတ်တမ်းများဖြင့် သတင်းသမားပီပီ ဘက်မလိုက်ဘဲရေးသားထားခြင်းကြောင့် အာရပ်- အစ္စရေး ပဋိပက္ခများလေ့လာသူများစံထားရသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

တန်ဖိုး၈၀၀၀ကျပ်

#အိုဂျေရုဆလမ်
#ကျော်အောင်
#အမျိုးသားစာပေဆု

“ နှလုံးသည်းပွတ်တို့မည်သည်  ဘာသာပြန်၍ မရနိုင်စကောင်း “ 📚 ဆွေမျိုးချင်း မသင့်မမြတ်ဖြစ်ရာမှ ဆွေမျိုးနီးစပ်တော်သော ချစ်သူမြ...
12/09/2026

“ နှလုံးသည်းပွတ်တို့မည်သည် ဘာသာပြန်၍ မရနိုင်စကောင်း “ 📚

ဆွေမျိုးချင်း မသင့်မမြတ်ဖြစ်ရာမှ ဆွေမျိုးနီးစပ်တော်သော ချစ်သူမြဝင်းလတ်နှင့် ဝေးရာ တောင်တန်းတစ်နေရာရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းဆီသို့ လွင့်ပါးလာသည့် တက္ကသိုလ်ကျောင်းသား သီဟကျော်၏ဘဝကို အခြေခံသော ဆရာငြိမ်းကျော် ၏ လူငယ်မေတ္တာဖွဲ့ဝတ္ထုဖြစ်သည်။

ယင်းကောက်ဆိုသော တောင်ပေါ်ရွာလေး၌ အသည်းကွဲဝေဒနာကို ကုစားနေထိုင်ရင်း ရုတ်တရက် ရောက်လာသူတွေက သူငယ်ချင်းအချို့နှင့် ချစ်ရသူ မြဝင်းလတ်၊ သူတို့ ဖျောင်းဖျမှုကြောင့် သီဟကျော် ရန်ကုန်ပြန်လိုက်လာပြီး တက္ကသိုလ်ပြန်တက်စဉ် ချစ်သူချင်း အဆင်ပြေကာမှ သီဟကျော်ဘဝထဲ တိုးဝင်လာသူက
ရီရီစိုးဆိုသော ဆွေမျိုးထဲက မွေးစားသမီးတစ်ဦး ..၊ နဂိုကတည်းက ပြဿနာရှိ၍ ချစ်သူချင်း ကွေကွင်းရမလောက် ဖြစ်နေချိန်တွင် သပွတ်အူလို ထပ်မံ ရှုပ်ထွေးလာသော အခြေအနေက မရိုးသား ..၊ ရီရီစိုး သီဟကျော်ကို ချဉ်းကပ်လာပုံက တစ်မျိုးထူးနေ၏။

သည်တွင် အထင်အမြင် လွဲမှားချင်သော ချစ်သူ မြဝင်းလတ်နှင့် ရီရီစိုးတို့ကြား ဗျာများလာရသူက သီဟကျော်၊ ဇာတ်လမ်းက သိမ်မွေ့သလို ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်လာသည်။ အမွေကိစ္စကြောင့် ဆွေမျိုးချင်း မသင့်မတင့်အရေးတွေက လူငယ် စုံတွဲအပေါ် အကြီးအကျယ် ရိုက်ခတ်လာပြန်ကာ အချစ်စစ် အချစ်မှန်တို့မည်သည် ဖြောင့်ဖြူးခြင်း မရှိ ဆိုရိုးအတိုင်း လွမ်းမောဖွယ်ရာ ဖတ်ရှုရပါမည်။ စာအုပ်ကို ၁၉၈၁ ခုက ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ထပ်မံပုံနှိပ်ခြင်း ဖြစ်ပါသည်။

✍🏼 ငြိမ်းကျော်
📖 နှလုံးသည်းပွတ်တို့မည်သည် ဘာသာပြန်၍ မရနိုင်စကောင်း
◾️ တန်ဖိုး - ၁၅၀၀၀ ကျပ်

#ငြိမ်းကျော်
#နှလုံးသည်းပွတ်တို့မည်သည်ဘာသာပြန်၍မရနိုင်စကောင်း

🍀 "ပဋ္ဌာန်းကို ရွတ်ဖတ်ရုံသာမဟုတ်၊နေ့စဉ်ဘဝထဲမှာ သိမြင်နားလည် ကျင့်သုံးနိုင်စေဖို့"◽ “ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော…”ငယ်ငယ်က...
11/09/2026

🍀 "ပဋ္ဌာန်းကို ရွတ်ဖတ်ရုံသာမဟုတ်၊
နေ့စဉ်ဘဝထဲမှာ သိမြင်နားလည် ကျင့်သုံးနိုင်စေဖို့"

◽ “ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော…”
ငယ်ငယ်ကတည်းက ရင်းနှီးနေခဲ့တဲ့ ပဋ္ဌာန်းတရားသံတွေကို
နားထောင်ရင်း၊ ရွတ်ရင်းနဲ့ ကြီးပြင်းလာခဲ့ကြပေမယ့်…

◽ “ဟေတုဆိုတာ ဘာလဲ?”
◽ “အာရမ္မဏဆိုတာ ဘာလဲ?”
ဒီတရားတွေက ကိုယ့်နေ့စဉ်ဘဝနဲ့ ဘယ်လိုဆိုင်တာလဲ?
ဆိုတာကိုတော့ သေချာမသိခဲ့ကြတာလည်း ရှိနိုင်ပါတယ်။

◽ တကယ်တော့ ပဋ္ဌာန်းတရားဟာ အဝေးမှာရှိတဲ့
တရားတော်တစ်ခုသာမဟုတ်ဘဲ နေ့စဉ် ကိုယ့်စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့
သဘာဝတရားတွေနဲ့လည်း ဆက်စပ်နေပါတယ်။

📕 နေ့စဉ်ဘဝထဲကပဋ္ဌာန်း
🖌 ဉာဏ
💸 𝟐𝟓,𝟎𝟎𝟎 𝐤𝐬 (𝟐𝟕𝟑 𝐩𝐚𝐠𝐞𝐬-(𝐰𝐨𝐨𝐝𝐟𝐫𝐞𝐞 𝐩𝐚𝐩𝐞𝐫))

မှာယူနိုင်ပါပြီ
#ဉာဏ
#နေ့စဉ်ဘဝထဲကပဋ္ဌာန်း

✅ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မှာယူရရှိနိုင်မည့်စာအုပ်(၁၉)မျိုးပါရှင်။1.လေရူးသည်စာမတတ်ပါ - ၁၁၀၀၀ ကျပ်2.ဤမြေမှသည် - ၁၁၀၀၀ ကျပ...
10/09/2026

✅ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မှာယူရရှိနိုင်မည့်စာအုပ်(၁၉)မျိုးပါရှင်။

1.လေရူးသည်စာမတတ်ပါ - ၁၁၀၀၀ ကျပ်

2.ဤမြေမှသည် - ၁၁၀၀၀ ကျပ်

3.မိုးညအိပ်မက်မြူ - ၁၃၀၀၀ ကျပ်

4.ခေါမသမိုင်းရိပ်ပြဂန္ထဝင်ဆန်းများ - ၁၄၀၀၀ ကျပ်

5.သာ၍ဝေးရာဆီကိုပါ - ၁၆၀၀၀'ကျပ်

6.နှင်းငွေတထောင့်မိုးတမှောင့် - ၁၆၀၀၀ ကျပ်

7.စွန့်ခွာရသည့်နွေညများ - ၁၆၀၀၀ ကျပ်

8.မိုးတွေရွာမှဖြင့်လျှင်ကွယ် - ၁၆၀၀၀ ကျပ်

9.လွမ်းတေးမဆုံးစေနှင့်စောသခင် - ၁၈၀၀၀ ကျပ်

10.ဝသန်လေချိန်မှန်ကူး - ၁၈၀၀၀ ကျပ်

11.စိမ်းနေဦးမည့်ကျွန်တော့်မြေ - ၁၈၅၀၀ ကျပ်

12.မျက်ရည်လောကများ၏ဟိုမှာဘက် - ၁၉၀၀၀ ကျပ်

13.ညီမလေးရယ်စိုးရိမ်မိတယ် - ၂၂၀၀၀ ကျပ်

14.နွေကန္တာဦး - ၂၂၀၀၀ ကျပ်

15.ပိတောက်ပွင့်ဆဲလသာဆဲဝယ် - ၂၂၀၀၀ ကျပ်

16.တပြည်သူမရွှေထား - ၂၃၀၀၀ ကျပ်

17.ခပ်သိမ်းကလျာရှုဖွယ်သာတည်း - ၂၅၀၀၀ ကျပ်

18.ကမ္ဘာကုန်ကျယ်သရွေ့ဝယ် - ၃၄၀၀၀ ကျပ်

19.မဂ္ဂဇင်းဝတ္ထုများ အတွဲ(၁) - ၄၂၀၀၀ ကျပ်

20- မဂ္ဂဇင်းဝတ္ထုများ အတွဲ (၂)- ၄၂၀၀၀ကျပ်

10/09/2026

#ပင်လယ်ပြာနှင့်တံငါအို
#မောင်ဆုရှင်
18000ကျပ်
မှာယူနိုင်ပါပြီ

စာမျက်နှာငါးရာကျော် မဂ္ဂဇင်းဆိုက်ဆိုတော့အထူကြီးပေါ့။ဆရာမင်းလူရေးခဲ့တဲ့ဝတ္ထုတိုပေါင်းတရာ့တစ်ပုဒ်ပါပါတယ်။ရုပ်ရှင်ပဒေသာမဂ္ဂ...
09/09/2026

စာမျက်နှာငါးရာကျော် မဂ္ဂဇင်းဆိုက်ဆိုတော့အထူကြီးပေါ့။
ဆရာမင်းလူရေးခဲ့တဲ့ဝတ္ထုတိုပေါင်းတရာ့တစ်ပုဒ်ပါပါတယ်။
ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ ပထမဆုံးရေးခဲ့တဲ့ နေဝင်သွားတော့လထွက်သည် ဝတ္ထုကစလို့၊
နောက်ဆုံးရေးခဲ့တဲ့ ရတနာခုနစ်သွယ်အထိ ပါဝင်တယ်။
ရတနာခုနှစ်သွယ်ရေးနေတုန်းကင်ဆာဝေဒနါကြောင့် တန်းလန်းဖြစ်သွားခဲ့တာကို ဆရာမင်းလူရဲ့သမီး ယုယက စာကြွင်းအဖြစ်ရေးထားပါတယ်။
၁၉၇၆ ခုကနေ ၂၀၁၃ ခု ထိ ဆရာရေးခဲ့သမျှဝတ္ထုတိုအကုန်ဆိုပါတော့။
(သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်မဂ္ဂဇင်းမှာရေးခဲ့တဲ့လူနာစောင့်ဆိုတဲ့ဝတ္ထုတိုလေးတော့ပါမလာဘူး)

ကျွန်တော်တို့ကျောင်းသားဘဝက မင်းလူကို သဘောကျခဲ့ရတယ်။
ရန်ကုန်ဘူတာကြီးတခုလုံးမီးခိုးဖုံးသွားတယ်ဆိုတဲ့ဝတ္ထုအဖွင့်နဲ့ပြောစမှတ်ဖြစ်ခဲ့တဲ့ပန်းကျောင်း။
ချစ်သောပန်းကလေး။
မိညီမကိုတော့ရုပ်ရှင်ရိုက်ဖြစ်ခဲ့ပေမဲ့ ပြခွင့်မရခဲ့ဘူး။

စာရေးဆရာတွေထဲမှာ အကိုတယောက်လိုချစ်ခဲ့လေးစားခဲ့ရတဲ့သူပါ။
အမေညို့အိမ်ရောက်တိုင်းထမင်းအတူစားရင်းပွားခဲ့ကြရတယ်။
ကျွန်တော်ထောင်ကလွတ်ကာစ အကို့ နှလုံးသားစစ်ဆင်ရေးကို videoရိုက်တော့၊ကိုဌေး(ဇင်ဝိုင်း)နဲ့မိုးကြီး(မိုးဝင်း)တို့ပါတာပေါ့။
ကိုဉာဏ်(မင်းလူ)က ပိုက်ဆံမယူဖူး။အလကားပေးရိုက်တယ်။

နောက်တခါထောင်ကထွက်လာပြန်တော့ ပန်းချီကိုမောင်မောင်အောင်ရဲ့အိမ်မှာ သရုပ်ဖော်ပုံအပ်ထားတဲ့၊ဆရာမင်းလူရဲ့ဝတ္ထု (ကူညီပါရစေ)ကိုဖတ်ရပြန်ရော။
သဘောကျတော့ အကို့ဆီသွားတောင်းပြီးရုပ်ရှင်ရိုက်ဖြစ်ပြန်တယ်။
အောင်ဘာလေ လို့ နာမယ်ပြောင်းလိုက်တယ်။

တခါ Beverly hill billies ဆိုတဲ့ ရုပ်ရှင်ကိုအတူကြည့်ရင်း အဲသည်လိုဇာတ်မျိုးရိုက်ချင်တယ်၊အကိုရေးပေးပါလို့ပူဆာတော့၊ ကော်ပီတော့မလုပ်ချင်ဘူး။သတ်သတ်ရေးမယ်ဆိုပြီးရေးပေးပြန်ရော။
ကတ်သီးကတ်သတ်ဟာသတွေပါတာမို့ ဖတ်ရင်း ရီလိုက်ရတာ။
ရုပ်ရှင်နာမယ်ကိုတော့ ဒုံရင်းဒုံရင်းလို့ပေးဖြစ်တယ်။

တကယ်ဆို ဆရာမင်းလူရဲ့ ဝတ္ထုတို တချို့က ရုပ်ရှင်ရိုက်လို့ရတယ်။
နိုင်ပါ့မလား ဟရို့ဆိုရင် အကောင်းစား Mockumentary တပုဒ်ရိုက်လို့ရတယ်။
ထားပါတော့လေ။
ဆရာမင်းလူကွယ်လွန်ခဲ့တာ ၁၃နှစ်ရှိပါပြီ။
သူ့စာတွေကို ခုထိဖတ်ပြီး သဘောကျနေရတုန်းပါ။

ကျွန်တော့ကို ဘားသက် လို့ ကြည်စယ်ခဲ့တဲ့ အကို ကောင်းရာဘုံဘဝရောက်မယ်ဆိုတာ ယုံကြည်ပါတယ်။

စာညွန်း ဇာဂနာ
မင်းလူ
ဝတ္ထုတိုပေါင်းချုပ်

Address

Mandalay

Alerts

Be the first to know and let us send you an email when Linn Book Haven posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category