Nwe Shwe - စာပေလမ်း

Nwe Shwe - စာပေလမ်း Fashion /Funcy & Books shop 📚💍💃

 #ရွှေမြင်းမိုရ်ပြိုမှာစိုးတယ် #လယ်တွင်းသားစောချစ်ဒီစာအုပ်‌လေးက တာ၀န်ကျေပွန်လွန်းသော မိဘနှစ်ပါးနဲ့ လိမ္မာသိတတ်လွန်းသော သ...
07/08/2025

#ရွှေမြင်းမိုရ်ပြိုမှာစိုးတယ်
#လယ်တွင်းသားစောချစ်

ဒီစာအုပ်‌လေးက တာ၀န်ကျေပွန်လွန်းသော မိဘနှစ်ပါးနဲ့ လိမ္မာသိတတ်လွန်းသော သားသမီးသုံးယောက်တို့ကြောင့် ဖတ်ရတာ မျက်ရည်မဆည်နိုင်အောင်ပါပဲ။
ရန်ကုန်တက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ တွေ့ဆုံပြီး မေတ္တာမျှခဲ့ကြတဲ့ ကိုကျော်ခိုင်နဲ့ မြမြသက်တို့ဟာ သီတင်းကျွတ်လပြည့်နေ့ညမှာ ခိုးရာလိုက်ပြေးခဲ့ကြပါတယ်။
ဇာတ်လမ်းအစမှာ‌တော့ အငယ်ဆုံး
သမီးလေးပိုးအိရဲ့ စကားတတ်မှုတွေကြောင့်
နည်းနည်းပြုံးမိရပါသေးတယ်။
လင်ယောကျာ်းနဲ့ သားသမီးတွေအပေါ်တာ၀န်ကျေပွန်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ခဲ့တဲ့ မြမြသက်တစ်ယောက် ဗုန်းဗုန်းလဲခဲ့ရပါတယ်။မြမြသက်ဆေးရုံတက်တဲ့အခန်းကစပြီး ကိုယ့်မှာစငိုရတာပါပဲ💔
အရင်က မိသားစု စုံစုံလင်လင်စားခဲ့တဲ့ထမင်းစားပွဲဝိုင်းမှာ တစ်ယောက်လိုနေတဲ့ ခံစားချက်ကို ကလေးတွေက အတော်ခံစားကြရပါတယ်။သွေးကင်ဆာရောဂါက မြမြသက်ကို အနည်းဆုံးတစ်လသာခံတော့မယ်လို့ သူငယ်ချင်းဆရာ၀န်ကကိုကျော်ခိုင်ကိုပြောတဲ့အခါ ကိုကျော်ခိုင်ခံစားရသလို ကိုယ်လည်း ငိုမိပြန်ပါတယ်။မြမြသက်ရဲ့ နောက်ဆုံးထွက်သက်ကို ကြည့်နေရရပြီး တရားသဘောနဲ့ ဆင်ခြင်‌နေရရှာတဲ့ ကိုကျော်ခိုင်ရဲ့ဘ၀ဟာ သနားစရာကောင်းလွန်းပါတယ်။
မြမြသက်ဆုံးပြီးတဲ့နောက် အဖေကို ‌နောက်အိမ်ထောင်မပြုဖို့ ခြေထောက်ဖက်ပြီးတောင်းပန်နေတဲ့ကလေးတွေကိုသနားလွန်းလို့ ငိုရပါတယ်။
-အရင်က နှစ်ယောက်စာ၀င်ငွေရှိပြီး အခုတော့မိမိတစ်ယောက်တည်းရဲ့ လစာနဲ့ ကလေးသုံးယောက်ကို ပြုစုပျိုးထောင်နေရတဲ့ ကိုကျော်ခိုင် ....
-ရုံးက ရိုးသားဖြူစင်တဲ့ လုပ်‌ဖော်ကိုင်ဖက် ဝေဝေကို သဘောကျမိတဲ့ကိုကျော်ခိုင်....
-သမီးမိန်းကလေးတွေရဲ့ အစစအရာရာကို မသိနိုင်လို့ သားသမီးတွေအတွက် မိထွေးကောင်းရှာပေးချင်တဲ့ ကိုကျော်ခိုင်...
-နောက်ဆုံးမှာ သူတစ်ယောက်တည်းအနစ်နာခံပေးလိုက်ရင် လူခြောက်ယောက်ရဲ့ဘ၀ကောင်းမွန်သွားမယ်ဆိုပြီး အမှန်ကို ဆုံးဖြတ်နိုင်ခဲ့တဲ့ကိုကျော်ခိုင်....
ဖခင်တစ်ယောက်ရဲ့ အမေလိုတစ်မျိုးအဖေလိုတစ်မျိုး စေ‌တနာ၊မေတ္တာတွေနဲ့ အနစ်နာခံပေးမှုတွေကို ဒီစာအုပ်လေးထဲမှာ တွေ့နိုင်ပါတယ်။
အစ်မကြီးအမိရာ ဆိုတဲ့အတိုင်း မြမြသက်မရှိတဲ့နောက်ပိုင်း အဖေ‌အပေါ်မှာရော
မောင်နှမတွေအပေါ်မှာပါ ဂရုစိုက်လွန်းတဲ့ သီတာ
အစ်မရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်မောင်ကလေး အောင်အောင်
အငယ်ဆုံးညီမလေး ပိုးအိ
မိဘစိတ်ဆင်းရဲရင် သားသမီးအတွက် မကောင်းဘူး။ဖေဖေစိတ်ချမ်းသာသလို လုပ်ပါစေ လို့ သီတာက သူ့ရဲ့ မောင်နှမတွေကို ပြောတဲ့အခန်းမှာ အတော်ငိုခဲ့ရပါတယ်...
------------------
စာအုပ်ကောင်းကောင်းကို ဖတ်ဖို့ရှာနေရင် ဆရာလယ်တွင်းသားစောချစ်ရဲ့ ဒီစာအုပ်ကိုဖတ်ဖို့ အကြံပေးပါရစေ📖 ရင်ထဲမှာလှိုက်ပြီးခံစားမှုရသကို အစွမ်းကုန်ပေးတဲ့စာအုပ်လေးပါ တချို့ဇာတ်ကွက်ဆို ခုချိန်ထိ မျက်လုံးထဲမှာ မြင်နေဆဲ။ ❤

Review by- Cho Tun

(ခွင့်ပြုချက်ယူပြီး)🌿📖

--------------------

စာအုပ်တန်ဖိုး-13000ကျပ်

#ရွှေမြင်းမိုရ်ပြိုမှာစိုးတယ်
#လယ်တွင်းသားစောချစ်

စာအုပ်ကိုသဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် မှာယူနိုင်ပါတယ််🌸💕

မိန်းမလှ အမုန်း  - ဝင်းဦး " အချစ်မှပြောင်းသော အမုန်းသည် ကမ္ဘာတည်သည်ဟု ဆိုကြသည်ကို ဖျက်ချေနိုင်စွမ်းကြပါစေ"ရခိုင်ဒေသကို ...
07/08/2025

မိန်းမလှ အမုန်း - ဝင်းဦး

" အချစ်မှပြောင်းသော အမုန်းသည်
ကမ္ဘာတည်သည်ဟု ဆိုကြသည်ကို
ဖျက်ချေနိုင်စွမ်းကြပါစေ"

ရခိုင်ဒေသကို နောက်ခံထားပြီး ခပ်ဆန်းဆန်းအကြောင်းအရာကို ရေးဖွဲ့ထားတဲ့ ဝတ္ထုကြီး
တစ်ပုဒ်လို့ သိခဲ့ရတဲ့ ဒီစာအုပ်ကို ဖတ်ပြီးချိန်မှာ
အဖတ်နောက်ကျသွားတယ်လို့တောင် တွေးမိ
သွားတယ် ။

အဖြစ်အပျက် နဲ့ ဇာတ်လမ်းဟာ ထူးဆန်းတာတွေကြောင့်လည်း ပါမယ်ထင်ပါရဲ့ ။ ပေးစာသဘောမျိုးကို ဝတ္ထုအသွင်ပြောင်း ရေးဖွဲ့ထားတာကလည်း အရေးအသားတစ်မျိုးနဲ့ ဆွဲဆောင်နေသေးတာ ။

ဇာတ်လမ်းက ထူးခြားပြီး သဘာဝလွန်ဆန်ပါ
တယ် ။ ယုတ္တိရှိတာ မရှိတာကတော့ ဖတ်တဲ့သူတွေရဲ့ အတွေးနဲ့ယူဆပုံတွေနဲ့ပဲ ဆိုင်မယ်ထင်ပါတယ် ။ ဇာတ်လမ်းကတော့ လုံးဝ ဟာကွက်မရှိအချိတ်အဆက်မိအောင်ကို ရှင်းလင်းထားတာ ။

ဆန်းကြယ်တယ်လို့ ဆိုရလောက်အောင် ဝတ္ထုရဲ့
ဇာတ်ဆောင် ထွန်းနိုင်က စိမ်းလဲ့နေတဲ့ မျက်လုံးစိမ်းလေးတွေကို ပိုင်ဆိုင်ထားတယ်လေ ။ နောက်ပြီး လူပျိုဖော်ဝင်စကတည်းက ညတိုင်းမက်တဲ့ အိပ်မက်ကို တပုံစံတည်း တထပ်တည်းတူနေတဲ့ အိပ်မက်ကို ပြန်မက်တဲ့ အိပ်မက်ပိုင်ရှင် တက္ကသိုလ်ကျောင်းသားပေါ့ ။

သူအိပ်မက် မက်ပြီဆို မွှေးပျံ့ထုံအီနေတဲ့ ပန်းရနံ့တွေ အရင်ရလာတယ်တဲ့ ၊ အဲဒီနောက်တောင်ပူစာလို မြင့်တဲ့ တောင်စောင်းလေးပေါ်ကို သန်မာတဲ့လူကြီးတွေက သူ့ကို အတင်းဆွဲခေါ်သွားကြတာတဲ့လေ ။ တောင်ပေါ်မှာတော့ ရှင်းလင်းနေပြီး လူသေထည့်တဲ့ ခေါင်း တခုကို စင်မြင့်ပေါ်မှာ တင်ထားတယ်တဲ့ ။

ခေါင်းဟာ အဖုံးနဲ့ မှန်ခေါင်းဖြစ်ပြီး အဖုံးတဖက်က ခပ်ဟဟ ပွင့်နေတယ်တဲ့ ၊ ခေါင်းတလားထဲမှာ
ပန်းတွေနဲ့ ဖုံးထားပြီး မျက်နှာပဲ ဖော်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရှိနေတယ်
တဲ့ ။ အဲ့အမျိုးသမီးဘေးမှာ လူတစ်ယောက်စာလွတ်နေတဲ့ အကျယ်အဝန်းရှိသေးတယ်တဲ့ ။
နှစ်ယောက်စာ ခေါင်းတလားပေါ့ ။

အဲ့လွတ်နေတဲ့ နေရာထဲကို လူသန်ကြီးတွေက
ထွန်းနိုင်ကို အတင်းဆွဲထည့်ကြလို့ ကြောက်လန့်
တကြား အော်ဟစ်ပြီး အိပ်မက်က လန့်နိုးလာ
ရတယ်တဲ့ ။

အဲ့လို ထူးဆန်းတဲ့ အိပ်မက်ကို မက်နေခဲ့တဲ့
ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒကျောင်းသား
မောင်ထွန်းနိုင် ။

ထွန်းနိုင် ရဲ့ ထူးဆန်းလှတဲ့ ဘဝအကြောင်း ။

ကြောက်လန့်စရာအသံတွေကို ရီကော်ဒါထဲ
ထည့်ပြီး ဖွင့်နားထောင်တတ်တဲ့ ထွန်းနိုင် ။

တက္ကသိုလ်မှာချောမောလှပလွန်းလို့
အလှမေဂျာဘွဲ့ရထားတဲ့ မမမေဂျာ ခေါ် မမနှင်း။

သံလျင် ကျိုက်ခေါက်ဘုရားမှာ ပန်းရောင်းတဲ့
ပန်းသည်မလေး ညို ။

တြိဂံလို ဖြစ်ပေါ်လာခဲ့တဲ့ ချစ်ခြင်းတစ်ပုဒ် ။

ဤတြိဂံအချစ်ဇာတ်လမ်းလို ချစ်ခြင်းတစ်ပုဒ်ဟာလည်း လွန်ခဲ့တဲ့ နှစ်ထောင်များစွာက
မြောက်ဦးမြေမှာ ဖြစ်ပျက်ခဲ့သေးတာ ။

မြောက်ဦးဘုရင်ရဲ့ ဆင်တွေကို ထိန်းရတဲ့
မဂိုလူမျိုး ရှာမာ ။

ရှာမာ ချစ်တာက မြောက်ဦးက အုတ်သယ်ရတဲ့
အညတရမလေး ပန်းမြဖြူ ။

ရှာမာကို ချစ်ခင်သွားတဲ့ ဘုရင့်သမီးတော်လေး
စန္ဒာဒေဝီ ။

တုန်လှုပ်စရာကောင်းလှတဲ့ အဖြစ်အပျက်တွေ ။
ရက်စက်လွန်းလှတဲ့ ဒဏ်ခတ်မှုနဲ့ အမုန်းတရား
တွေ ။ ချစ်ခြင်းကနေ ပြောင်းလဲသွားတဲ့ အမုန်းတရားရဲ့ ရက်စက်လှပုံကို ဘဝဆက်ဆက် နှလုံး
ကွဲအောင် ခံစားခဲ့ရတဲ့ နှလုံးသားပိုင်ရှင်တွေ ။

ဆွဲဆောင်လွန်းလှတဲ့ ဇာတ်ရဲ့ခေါ်ဆောင်ရာ နောက်လိုက်ရင်း ရင်နင့်စရာ အံ့သြသွားစေခဲ့ရတဲ့ အဖြစ်အပျက်တွေ ။ သိပ်လှတဲ့ မိန်းမသားတို့ရဲ့
အချစ် နဲ့ အမုန်းတွေ ။

ထွန်းနိုင် တို့ ဇာတ်လမ်းနဲ့ ရှာမာတို့ဟာ
ဘယ်လို စပ်ဆက်နေမှာလဲ ။ သူတို့တွေရဲ့
ဇာတ်သိမ်းတွေဟာ ဘယ်လိုဖြစ်ကြမှာလဲ ။

ဝတ္ထုတစ်အုပ်လုံးကို ဖတ်ပြီးသွားတဲ့အခါ
မိန်းမလှလေးတစ်ယောက်ရဲ့ အမုန်းကို ရင်နင့်စွာ
စူးစူးစိုက်စိုက်ကို ခံစားလိုက်ရလေတယ် ။

#မိန်းမလှအမုန်း
#ဝင်းဦး

မှာယူရရှိနိုင်ပါပြီ 🌷

မရှိမဖြစ်မိုး========   #ဂျူးမိန်းမ ဖြစ်စေ ယောင်္ကျား ဖြစ်စေကိုယ့်ပတ်ဝန်းကျင်မှာကိုယ်ဟာ……အလိုအပ်ဆုံး လူသားဖြစ်အောင်ကြိုး...
07/08/2025

မရှိမဖြစ်မိုး
======== #ဂျူး

မိန်းမ ဖြစ်စေ ယောင်္ကျား ဖြစ်စေ
ကိုယ့်ပတ်ဝန်းကျင်မှာ
ကိုယ်ဟာ……
အလိုအပ်ဆုံး လူသား
ဖြစ်အောင်ကြိုးစားခွင့်တော့…
ရှိတယ်လေ…။

ကျွန်မဝန်းကျင်မှာ…ကျွန်မဟာ
မရှိရင်မဖြစ်လောက်အောင်
လိုအပ်နေဖို့…ကြိုးစားခဲ့တာပဲ…

ကျွန်မသတ်မှတ်ထားတဲ့
လူ့တန်ဖိုး ဆိုတာ အဲဒါပဲ။

မြန်မာနိုင်ငံမှာ
ကျွန်မကို လိုအပ်နေဖို့ဆိုတာတော့
ဝေးလွန်းပါတယ်

ဒါပေမယ့်…

ဒီ အုပ်စု ကွက်ကွက်လေး
အတွက်တော့
ကျွန်မဟာ……အမြဲ
အဆင်ရှယ်လ်ဖြစ်နေရမယ်……။

မိန်းမတယောက်ဆိုတာကို
မေ့သွားရတဲ့အထိ
လိုအပ်နေစေရမယ် ။

* * *

ဒီစာအုပ်လေးကိုဖတ်ရတဲ့အခါ
မုံရွာခရိုင် ဘုတလင်မြို့ အနီးက
မီးတောင်ဟောင်းကြီး တစ်ခုရဲ့
အဝမှာ သဘာဝအလျောက်
ပေါက်ရောက်တဲ့
"စပီရူလိုင်းနား"လို့ခေါ်တဲ့
" စိမ်းပြာရေညှိ" လေးတွေအကြောင်း……

အဲဒီရေညှိကပဲ "ပရိုဗီမင်" ဆိုတဲ့
ဆေးကို" ဘီပီအိုင်" ကနေ
ထုတ်လုပ်ရရှိခဲ့တဲ့ အကြောင်းကို ဗဟုသုတ အဖြစ်သိရတယ်။

ထို့ အတူ " မိုး"

ထက်မြက်တဲ့" မိုး"

ဦးမင်းထင် ရဲ့ ချစ်လှစွာသော"မိုး"

"မရှိမဖြစ်မိုး" ကိုရင်းနှီးရတယ်။

*
"မိုး"
"ကျွန်တော်မိုးကို အမြဲလိုလို
သတိရေနေတာ့တာပဲ။"

*
"ဦးမင်းထင်"

"လရောင်ရဲ့ဖျားယောင်းမူကြောင့်
အနီးကပ်ဆုံး
ယောင်္ကျားတစ်ယောက်အပေါ်
စိတ်ကစားမိတဲ့ အဖြစ်ကို
အချစ်လို့မထင်ပါနဲ့။
ညက ကိစ္စ ကိုမေ့လိုက်ပါ။
ကျွန်မတို့ဘယ်တော့မှ
တွေ့ဖို့မလိုတော့ဘူး။"

*
"ဘယ်ယောင်္ကျားကိုမှ လက်ထပ်ဖို့
ရည်ရွယ်မထားပါဘူး။
အဲဒီထဲမှာ ရှင်လည်း ပါတာပေါ့။
ကျွန်မဘဝမှာ ယောင်္ကျားဆိုတာ
လုံးဝ မလိုအပ်တဲ့အရာပဲ။"
*

"ကျွန်တော်ခင်ဗျားကို
သိပ်ချစ်ပါတယ် မိုး"

" ယောင်္ကျားတစ်ယောက်ကို
ချစ်ရကောင်းမှန်းမသိတဲ့
မိန်းမတစ်ယောက်ရဲ့
အပြစ်ကင်းစင်မူကို ကျွန်တော်
သဘောကျပါတယ်"

"အချစ်ကို
နားမလည်စိတ်မဝင်စားတဲ့
မိန်းမတစ်ယောက်ကိုကျွန်တော်
အနစ်နာခံစိတ်နဲ့တစ်သက်လုံး
ချစ်မြတ်နိုးသွားနိုင်ပါတယ် "

"ဒါပေမယ့်"……

"ဒါပေမယ့် ကိုယ့်ကိုယ်ကို လိမ်ညာ
ဖုံးကွယ်ပြီးဟန်ဆောင်ထားတဲ့
မိန်းမမျိုးကိုတော့…
ကျွန်တော်သဘောမကျဘူး
ယောင်္ကျားတစ်ယောက်ကိုချစ်မိတာ ရှက်စရာလို့သဘောထားနေတဲ့ မိန်းမတစ်ယောက်ဟာကျွန်တော့် အချစ်နဲ့မထိုက်တန်ဘူး။"

"ခင်ဗျားဟာယောင်္ကျားတွေကို
အနိုင်ယူချင်တယ်
ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်ပြီး အန်ိင်ယူမှရမယ်ဆိုရင်တောင် ခင်ဗျားက အနာခံပြီးနိုင်ချင်တယ်"

"အဲဒီတော့
ခင်ဗျားနိုင်လိုက်တယ်လို့ပဲ
သဘောထားပြီး ပျော်ပျော်ရွှင်ရွှင်နေပါ။"

*
ဤသို့ ဤနှယ်

ထက်မြက်သော"မိုး"

မာကြောသော" မိုး"

စိမ်းကားသော" မိုး " သည်

အဆုံး တွင်……
စစ်မှန်သော ချစ်ခြင်း၌
ကျရှုံးခဲ့လေသည်။

*

"ဦးမင်းထင်"

"အမှန်ကိုနားထောင်မလားဟင်"

"ကျွန်မလေ"

"မေ့လို့ မရဘူး".....💦❤

* * *

Review by-ရွက်လှ
(ခွင့်ပြုချက်ယူပြီး)

စာအုပ်တန်ဖိုး8500ကျပ်

စာအုပ်ကိုသဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်🌸📖🌿

“အိမ်မက်‌ဆက်ကြိုး “ပျူမြို့ဟောင်းတွေနဲ့ ဒဏ္ဍာရီလာ အကြောင်းအရာတချို့ကို အခြေခံ ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ် .. ဒီကာလကြီး...
03/08/2025

“အိမ်မက်‌ဆက်ကြိုး “

ပျူမြို့ဟောင်းတွေနဲ့ ဒဏ္ဍာရီလာ အကြောင်းအရာတချို့ကို အခြေခံ ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ..

ဒီကာလကြီးပီးရင် အသွားချင်ဆုံး နေရာတွေထဲမှာ ပျူမြို့ဟောင်းတွေလည်း ပါတယ် .. ပြည်မြို့ အနားက ' သရေခေတ္တရာ ' ၊ တောင်တွင်းကြီး အနားက ' ဗိဿနိုး ' ၊ ရှိမ်းမကား အနားက ' ဟန်လင်း ' တို့ကို ၂၀၁၄ မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့တယ်လို့ မှတ်သားခဲ့ဖူးတယ် ..

ပျူဆိုတာနဲ့ ပူးတွဲပီး ပြေးမြင်မိကြတာကတော့ ပန်ထွာဘုရင်မကိုပဲ ဖြစ်တယ် .. သူမရဲ့အကြောင်းကို တခမ်းတနားကြီး ရေးဖွဲ့ကြတာက သူမဟာ ဘုန်းတန်ခိုးအလွန်ကြီးမားတဲ့ သူတစ်ယောက်ဖြစ်တယ် ..

ခုထိ ဗိဿနိုးမြို့ဟောင်းရှိ ပေပင်များသည် နှစ်ထောင်ချီ သက်တမ်းရှိသော်လည်း ပန်ထွာဘုရင်မ၏ ' ငါလာမှကြီး ၊ ငါလာမှသီး ' ဆိုသော ဆုတောင်းကြောင့် အသီးမသီးနိုင် ၊ လူ့အရပ်အတိုင်းအထွာထက် မကြီးထွားနိုင် ဖြစ်နေသေးသတဲ့ ..

ဒီစာအုပ်ထဲမှာပါတဲ့ ကောင်မလေးဟာ ပျူတွေနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကို ငယ်စဉ်ကတည်းက စိတ်၀င်စားလွန်းတာကြောင့် ပြည်မြို့က ရှေးဟောင်းသုတေသနကျောင်းတက်ပီး ပျူတွေအကြောင်းလေ့လာခဲ့တယ် ..

တစ်နေ့ ဗိဿနိုးကို အလည်ရောက်ရင်း အမျိုးသမီးတစ်ဦးထံမှ နီညိုရောင် သားရေဖုံး ဖုံးထားတဲ့ နှစ်ကာလရှည်ကြာနေပြီဖြစ်သော စာအုပ်မှတ်တမ်း တစ်ခုကို ရရှိခဲ့တယ် ..

စာအုပ်ပါမှတ်တမ်းအကြောင်းကတော့ ပန်ထွာဘုရင်မရဲ့ အကြောင်းပဲဖြစ်တယ် .. စာအုပ်ထဲမှာ ပန်ထွာဘုရင်မရဲ့ စတင်မွေးဖွားမှုဖြစ်စဉ်ကစလို့ သူမရဲ့ နောက်ဆုံးအချိန်လို့ပြောရမယ့် အချိန်ကာလတစ်ခုအထိပါတယ်လို့ ပြောရမယ် ..

အကြောင်းအရာတွေဟာ ဒဏ္ဍာရီလာ ပါးစပ်ပြောတွေထက် ယုတ္တိပိုရှိတယ်လို့ ခံစားမိတဲ့အတွက် ဖတ်ရတာ သဘောတော့ ကျမိတယ် ..

ဒီစာအုပ်ကို ဖတ်ပြီး အရမ်းကြီး ကြိုက်လိုက်တာ ဆိုတဲ့ ခံစားချက်မဖြစ်ပေမယ့် ပျူမြို့ဟောင်းတွေနဲ့ပတ်သက်ပြီး သိလိုစိတ်ကို ပြန်လည်နှိုးဆွပေးနိုင်တာရယ် ၊ ပန်ထွာဘုရင်မအကြောင်းနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုတစ်ခု ရစေတာရယ်ကြောင့် ဒီစာအုပ်လေးဟာ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြောပြချင်ပါတယ် ..

တန်ဖိုး - ၃၆,၀၀၀ကျပ်

#ပုညခင်
#အိမ်မက်ဆက်ကြိုး

ဆရာမ နုနုရည်အင်းဝ စာအုပ် collection 📚ကြိုက်နှစ်သက်ရာမှာယူနိုင်ပါတယ်🤍
03/08/2025

ဆရာမ နုနုရည်အင်းဝ စာအုပ် collection 📚
ကြိုက်နှစ်သက်ရာမှာယူနိုင်ပါတယ်🤍



မြသန်းတင့် - မာယာဘုံ  လူတွေရှင်သန်ကျင်လည်ရာ အသိုက်အဝန်းတစ်ခုကို လူ့ဘုံလို့တင်စားကြသလို အလိမ်အကောက် အလှည့်အပြောင်း စွန့်စ...
01/08/2025

မြသန်းတင့် - မာယာဘုံ

လူတွေရှင်သန်ကျင်လည်ရာ အသိုက်အဝန်းတစ်ခုကို လူ့ဘုံလို့တင်စားကြသလို အလိမ်အကောက် အလှည့်အပြောင်း စွန့်စားခန်းတွေနဲ့ ရှင်သန်ရုန်းကန်ရတဲ့ မှောင်ခိုလောကကို မာယာဘုံရယ်လို့ ဆရာက တင်စားခဲ့သလား။
ရှုပ်ထွေးပွေလီတဲ့ လူ့ဘုံကြီးတစ်ခုလုံးကိုပဲ မာယာဘုံလို့ ဆိုလေသလား ဝတ္ထုဖတ်ရင်း မဝေခွဲတတ်တော့ပါဘူး။ မှောင်ခိုလောကအကြောင်းရယ်လို့ ဆိုလိုက်ရင် လူဖြောင့်လူမှန် သန့်ရှင်းသူရယ်လို့ ဆိုရလောက်အောင်မရှိတဲ့ ဖျံကျနိုင်မှ စားနိုင်မယ်ဆိုတဲ့ ခေါင်းပုံဖြတ်မှုတွေကို ကြည့်မလား၊ ရင်းစားလိုက်ရတဲ့ ဘဝတွေအတွက် ဝမ်းနည်းစရာတွေ ပြည့်နှက်နေတဲ့ အောက်ခြေဆင်းရဲတဲ့ လူတန်းစားတွေရဲ့ ထောက်တိုင်တွေကနေ သဲ့ယူနေကြတဲ့ အထက်တန်းလွှာတွေကိုပဲ မျှော်ကြည့်ရမလား။ ငွေနောက်ကို လိုက်ကြရာဝယ် ရှိတဲ့သူက ရှိတဲ့အလျောက်လောဘ၊ မရှိဆင်းရဲသားတွေရဲ့ ကြောင့်ကြအပူတွေကနေဖြစ်တဲ့လောဘ ဒီနှစ်မျိုးမှာ ဘယ်သူက ပိုဆိုးသလဲ။

ဖျံမလေးလို့ တင်စားခံရတဲ့ အေးမဟာ တကယ်ပဲ သူ့လောဘအတွက် ဖျံကျခဲ့တာလား၊ ဆင်းရဲလွန်းလို့ ငွေတိုးချေးပြီး မိသားစုအတွက် ရုန်းရတာကပဲ ဖျံမလေးအဖြစ် ပြောင်းလဲစေခဲ့သလား မေးခွန်းထုတ်စရာပါ။
ဘဝမှာ ကိုယ့်အမှားကြောင့်မဟုတ်ပဲ ထောင်အကြိမ်ကြိမ်ကျခဲ့ရပေမယ့် ဘယ်လောက်စုတ်ပြတ်နေပါစေ မှောင်ခိုလောကသား မလုပ်ချင်ဘူးရယ်လို့ ကြွေးကြော်ခဲ့တဲ့ ရိုးဖြောင့်ပြီး မှန်ကန်တဲ့လမ်းကြောင်းနဲ့ပဲ အသက်မွေးချင်တဲ့ မောင်ကိုမြင့်နဲ့ ရုန်းကန်ရင်းနစ်နေတဲ့အေးမတို့ရဲ့ ချစ်ခရီးဟာ ရင်နာစရာပါ။

ဆရာက အေးမကိုတော့ ရဲတင်းတဲ့အလှနဲ့လို့ဆိုပြီး ညီမဖြစ်သူ တိုးကိုကျတော့ တည်ငြိမ်တဲ့အလှပိုင်ရှင်လို့ ခွဲခြားပုံဖော်ထားခဲ့တယ်။ တိုးဘဝတည်ငြိမ် လှပပြီး ကောင်းကောင်းပညာသင်ယူနိုင်ဖို့ ကလေး၊ တမူး၊ မာယာများတဲ့ ယမားချောင်း၊ မန္တလေး၊ တောင်ကြီး၊ တာချီလိတ်ထိ အေးမဟာ လူးလာခေါက်တုံ့သွားရင်း မှောင်ခိုကုန်ကူးခဲ့ရတယ်။
ဦးမြမင်းတို့ ဦးကျင်စိန်တို့လို ငွေရှိအထက်တန်းစားတွေရဲ့ ထောက်တိုင် မှောင်ခိုကယ်ရီသမားတွေရဲ့ ဘဝအထွေထွေဟာ အဲဒီခေတ်အဲဒီအခါက မရိုးတဲ့ ပုံပြင်တွေ ဖြစ်နေမှာပါပဲ။ ဒီဘက်ခေတ်မှာတော့ ကုန်ကူးတဲ့ မှောင်ခိုလောကရယ်လို့ တိတိပပမဆိုသာပေမယ့် ခေတ်အဆက်ဆက် မပျောက်မပျက် မှောင်ခိုဆိုတာတော့ ရှိနေအုံးမှာပဲ။

ဆရာက ခိုင်မာတဲ့ဇာတ်အိမ်ကောင်းနဲ့ ဝတ္ထုကို တည်ဆောက်ထားသလို မသိဖူး မရောက်ဖူးတဲ့နယ်ပယ်ဒေသရဲ့အကြောင်းတွေရော၊ ကျောက်မီးသွေးတွင်းနဲ့ ပတ်သက်ပြီး ဘူမိဗေဒဘာသာရပ်ကိုပါ ဗဟုသုတအဖြစ် ခံစားရစေခဲ့တယ်။
ကျွန်မတို့ဟာ ဝတ္ထုဖတ်ရင်း ခရီးသွားခဲ့ရသလို ခံစားရမှာပါ။ ဒါပေမဲ့ တော်တော်မောပါတယ်ရှင်။

တန်ဖိုး - 20000 ကျပ်


#မြသန်းတင့်
#မာယာဘုံ

မှာယူနိုင်ပါပြီ😍

📚 ပုဂံဘုရား ပုဂံစကား ပုဂံသား 🍀 မခင်နူ့ (ဒဿန)💰 ၂၅၀၀၀ကျပ်ဒီစာအုပ်ထဲမှာ ရေးသူက ပုဂံရှိ ဗဟိဒ္ဓအလှရော ၊ အဇ္ဈတ္တအလှပါမြင်အောင်...
30/07/2025

📚 ပုဂံဘုရား ပုဂံစကား ပုဂံသား
🍀 မခင်နူ့ (ဒဿန)
💰 ၂၅၀၀၀ကျပ်

ဒီစာအုပ်ထဲမှာ ရေးသူက ပုဂံရှိ ဗဟိဒ္ဓအလှရော ၊ အဇ္ဈတ္တအလှပါမြင်အောင် တတ်နိုင်သလောက် ဖွဲ့ဆိုကြိုးစား ပြထားပါတယ်။ စာတွေ့ရော ၊ ကိုယ်တွေ့ရော ဒီအတွေ့အကြုံတွေလည်း ဖော်ပြထားပါတယ် ။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စိတ်ထဲမှာ ဘယ်လိုသဘောရသလဲဆိုတော့ စာဖတ်သူက တစ်ထိုင်တည်းမှာပဲ ပုဂံနှင့်ပတ်သက်ပြီး သိစရာ ၊ မှတ်စရာတွေကို အပြည်အဝ လုံးလုံးလျားလျား ဖန်တီးထားတာပါလားလို့ စိတ်ကူးရလိုက်ပါတယ် ။ ဒါ့ကြောင့် ပုဂံအကြောင်းနဲ့ ပတ်သက်ပြီး သိချင်တာတွေကို ဒီစာအုပ်တစ်အုပ်ဖတ်ရုံနဲ့ တစ်ထိုင်တည်း သိသွားနိုင်တာဟာ ဒီစာအုပ်ရဲ့ ဂုဏ်တစ်ခုပါပဲ ။

အရေးအသားကလည်း လေးလေးပင်ပင်မဟုတ်ဘဲ ဖတ်ချင်စဖွယ်ကောင်းပါတယ်။ အချက်အလက်သက်သက် အခြောက်တိုက်ပေးတာမဟုတ်ဘဲ ရသစွက်ပြီး ရေးသားတဲ့အတွက် စိုစိုပြည်ပြည် ဖြစ်ခဲ့ပါတယ်။ အစအဆုံး ဆွဲဆောင်သွားနိုင်တဲ့ အရေးအသားဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ပုဂံနဲ့ပတ်သက်လို့ ထုံးတမ်းစဉ်လာ အကြောင်းအရာတွေလည်း ပါတယ် ။ ထုံးတမ်းစဉ်လာစာအုပ်တွေကပေးတဲ့ အချက်အလက်တွေလည်း ပါတယ်။ သုတေသနအနေနဲ့ ရေးထားတဲ့ ပညာရှင်တွေရဲ့ အဆိုအမိန့်တွေလည်း ပါတယ်။ ကိုယ်တိုင် တွေ့ကြုံခံစားပြီးတော့ လေ့လာသုံးသပ်တဲ့ အချက်အလက်တွေလည်း ပါတယ်။ ထောင့်စေ့အောင် အဘက်ဘက်က ကြိုးစားထားတာကို တွေ့ရှိပါတယ်။

ကိုယ်တွေ့အတွေ့အကြုံတွေထဲမှာ ပရလောကရဲ့ ဆန်းပြားပုံတွေ ဖော်ပြထားတာတွေ၊ တစ်ချိန်တုန်းက တော်တော်လေး အသံထွက်ခဲ့တဲ့ ဓမ္မရာဇကဘုရားက ဓမ္မပါလစစ်သူကြီးအကြောင်းလိုဟာမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာများလည်း ပါတယ်။

- ဒေါက်တာခင်အေး [ မောင်ခင်မင်(ဓနုဖြူ) ]၏ ဆုပေးပွဲအကဲဖြတ်ချက်မှ ။
#မခင်နူ့ (ဒဿန)
#ပုဂံဘုရားပုဂံစကားပုဂံသား

"ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားထောင်ဆင်"~ခင်ခင်ထူး~ဒီစာအုပ်လေးကို ဝယ်ထားတာ အတော်ကြာပြီ ဒါပေမယ့် မဖတ်ဖြစ်ဘူး။အခြ...
30/07/2025

"ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားထောင်ဆင်"
~ခင်ခင်ထူး~

ဒီစာအုပ်လေးကို ဝယ်ထားတာ အတော်ကြာပြီ ဒါပေမယ့် မဖတ်ဖြစ်ဘူး။အခြားစာအုပ်တွေ ဖတ်ရင်း အမှတ်တမဲ့ ဒီစာအုပ်လေးကို မေ့ထားခဲ့တာ။ဆရာမကြီးတစ်ယောက်က G6သင်တန်းမှာဆုံရင်း ခင်ခင်ထူးကြိုက်ရင် ဆူးပန်းခွေသွယ်ဘယက် စာအုပ်ဝယ်ဖတ်တဲ့ အရမ်းကောင်းတာလို့ ညွှန်းတော့ ဖတ်ဖို့တော့ တေးထားလိုက်တယ်။GPမှာ reviewတွေတွေ့တော့ ပိုပြီးဖတ်ချင်စိတ်က ဖြစ်လာတယ်။

ဆရာမခင်ခင်ထူးပထမဆုံး posting ကျခဲ့တဲ့ မတ္တရာမြို့နယ် ပေါက်တောရွာလေးအကြောင်းကို နတ်ရေကန်ရွာကလေးအဖြစ် ဆရာမကြီးက စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
တောဓလေ့ အညာကျေးလက်တွေမှာ တွေ့လေ့ရှိရတဲ့ ယုံကြည်စွဲလမ်းမှု၊ ယုံမှားသံသယဖြစ်မှုတွေကိုလည်း ခံစားသိရှိရမှာဖြစ်ပါတယ်။ဆရာမကြီးခင်ခင်ထူးလို့ ဆိုလိုက်ရင်ပဲ စာအုပ်တွေမှာ အညာနံ့လေး သင်းနေမှာတော့အမှန်ပဲ။ရင်ဘက်ချင်းနီးလို့လားတော့မသိဘူး ဆရာမကြီးစာအုပ်တွေကို စွဲစွဲလမ်းလမ်းဖတ်ဖြစ်ခဲ့တယ်။

ဝတ္ထုရဲ့ အဓိကဇာတ်ကောင်က ကျောင်းဆရာမလေး မပုန်းရည်ဖြစ်ပြီး နတ်ရေကန်ရွာကလေးရဲ့ ကျေးလက်စရိုက်သဘာဝ၊ လူသားအချင်းချင်း စာနာဖေးမလေးစားမှု၊ ကိုယ့်ရပ်ရွာတိုးတက်ဖို့အတွက် စည်းလုံးညီညွတ်ဆောင်ရွက်ကြပုံနှင့် ရိုးသားဖြူစင်လွန်းကြတဲ့ရွာသူရွာသားတွေရဲ့ စေတနာ မေတ္တာတွေနဲ့ ဆရာတစ်ဦးအပေါ် ထားရှိတဲ့ ရိုသေလေးစားမှုတွေကို ကြည်နူးဖွယ် ရေးသားထားပါတယ်။နာသုံးနာအရင်းခံတဲ့ ဆရာမလေး မပုန်းရည်ဟာဆိုရင် ကိုယ်တာဝန်ကျတဲ့ရပ်ရွာနဲ့ တစ်သားတည်းရင်းရင်းနှီးနှီးနေပြီး တစ်ရွာလုံးကလေးစားရတဲ့ ကလေးတွေရဲ့အချစ်တော်ဖြစ်ရတဲ့ ဆရာမလေးတစ်ယောက်ဖြစ်ပါတယ်။ဖတ်ရင်း ကိုယ်တိုင်မပုန်းရည်နေရာမှာ ဝင်ခံစားမိတော့ ဆရာမတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူမိပါတယ်လေ။တစ်နှစ်ကို နှစ်ခါလောက် အလုပ်ထွက်ချင်တဲ့စိတ်တောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ တပည့်တွေရဲ့ဘဝအခက်အခဲတွေကို စာနာပြီးလိုအပ်သလိုဖြည့်ဆည်းပေးရှာတဲ့ ဆရာမလေး မပုန်းရည်ကိုလည်း အားကျရပါဘိ။

ဒီစာအုပ်ထဲမှာ မပြောမဖြစ် ပါမှာကတော့ ကြာမိသားစုရဲ့ သားလူပျိုကြီး ကိုကြာစွယ်ပေါ့။ဆရာမကို အသေးစိတ်ကအစ ဂရုစိုက်ရှာတဲ့အပြင် အလွန်ကို အရှက်အကြောက်ကြီးတဲ့သူအဖြစ် သရုပ်ဖော်ထားပါတယ်။ကိုကြာစွယ်ပါတဲ့အခန်းနေရာတွေရောက်ရင် ကိုယ့်မှာ မပြုံးဘဲ ဝါးလုံးကွဲသာ ရယ်လိုက်ချင်တော့တယ်။အရောင်တောက်တောက်တွေဝတ်၊ရွှေဆွဲကြိုး ဟန်းချိန်းကြီးတွေဝတ်ပြီး မိုးပွင့်စနိုးေတွေပြာတောက်နေအောင်လူးထားတဲ့ ကိုကြာစွယ်ကို မျက်လုံးထဲ မြင်ယောင်ကြည့်ရတာ အတော်ကန့်လန့်နိုင်မယ်ဆိုတာ သိပေမယ့် ကိုယ်တွေကတော့ ကိုကြာစွယ်ကြီးကို ချစ်တယ်ဗျ။ဆရာမလေး မပုန်းရည်အတွက် ရေချိုးဖို့ရေခပ်ပေး၊ ဆရာမအတွက် ကြာခရမ်းတွေခူးပေး၊ အင်ဂျင်နီယာကိုမျိုးသွင်က နှင်းဆီနှစ်အိုးပေးထားတာကို ရေနွေးနဲ့လောင်းပြစ်ပြီး ဆရာမပန်ဖို့ နှင်းဆီတစ်ခင်းစိုက်ပျိုးပေးထားတဲ့ ကိုကြာစွယ်ကို ကြည့်ရတာ ကြည်နူးစရာကောင်းလိုက်တာနော်။

ဒီစာအုပ်လေးမှာ ပါဝင်သရုပ်ဖော်ထားတဲ့သူတွေကတော့ မရှိခိုးနိုး မလှစုန်းယိုးခံရတဲ့ သနားစရာ မကြေးမျှင်နှင့်သမီးလေး ပုကျစ်၊ရွာမှာလိုအပ်တာလေးဖြည့်ဆည်းပေးရှာတဲ့ အင်ဂျင်နီယာလေး ကိုမျိုးသွင်၊ဘဲမွေးမြူရေးလုပ်ကြပြီး ဘဲဥကောက် ဘဲဥရွေးလုပ်ကိုင်စားသောက်ရရှာတဲ့ ဘဲမိသားစု၊ အရူးလိုလို အပေါလိုလိုနဲ့ ယုံကြည်တဲ့သူရှိသလို မယုံကြည်တဲ့သူတွေလည်းရှိပြီး ဆရာမလေးကိုမြင်ရင် နင်းပေးရမလား နှိပ်ပေးရမလားအမြဲပြောတဲ့ မရူးမကောင်း ခြေကဖွားတဲ့ မလှအုန်းမယ်၊ ရွာလူကြီး လေးပန်းဆီ၊ရွာဦးဘုန်းကြီးကျောင်းရဲ့ ဆုံးမသြဝါဒတွေကလည်း မှတ်သားစရာ ကောင်းလှပါတယ်။

တစ်ခန်းစီတိုင်းက ဆွဲဆောင်မှု ကောင်းလွန်းလို့ ကိုယ့်မှာ အားတဲ့အချိန်လေး အပြေးအလွှားဖတ်ရတယ်။ညဘက်တွေလည်း အိပ်မပျော်မချင်း စာအုပ်လေးပဲ ဖတ်ဖြစ်တယ်။၇နာရီမှာ ဆူးပန်းခွေဇာတ်လမ်းလာနေမှန်းသိတာတောင် စာအုပ်ပဲဖတ်တယ်။အဲ့လောက်ထိတောင် ဆွဲဆောင်မှုကောင်းလှတဲ့ စာအုပ်လေးတစ်အုပ်ပါလို့......။

ZinHnin

#ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်
#ခင်ခင်ထူး

ကြေကွဲရသောစာအုပ်လေး(၅)အုပ်ဘယ်စာအုပ်လေးဖတ်ပြီးပြီးလည်း      မှာယူနိုင်ပါပြီ😍
28/07/2025

ကြေကွဲရသောစာအုပ်လေး(၅)အုပ်

ဘယ်စာအုပ်လေးဖတ်ပြီးပြီးလည်း





မှာယူနိုင်ပါပြီ😍

Life is not easy after the 20 s !အသက် ၂၀ ကျော်လာပြီဆိုရင်ဘဝကို ဖြတ်သန်းရတာ သိပ်မလွယ်ကူတော့ပါဘူး။ဘဝက သင်ခန်းစာတွေ အပြည့်အ...
28/07/2025

Life is not easy after the 20 s !

အသက် ၂၀ ကျော်လာပြီဆိုရင်
ဘဝကို ဖြတ်သန်းရတာ သိပ်မလွယ်ကူတော့ပါဘူး။

ဘဝက သင်ခန်းစာတွေ အပြည့်အဝသင်ပေးတာ
ခံရတဲ့အသက်အရွယ်ကို ရောက်ရှိလာလို့ဖြစ်ပါတယ် ။

We lose friends .
သူငယ်ချင်းတွေ ဆုံးရှုံးရပါလိမ့်မယ် ။

We are heartbroken .
အသည်းကွဲရပါလိမ့်မယ် ။

We make a lot of mistakes .
အမှားတွေ အများကြီး လုပ်မိပါလိမ့်မယ်။

We make wrong choices.
ရွေးချယ်မှုတွေ မှားပါလိမ့်မယ်။

We make terrible decisions.
ဆုံးဖြတ်ချက်တွေ မှားပါလိမ့်မယ်။

We fall and fail.
ပြိုလဲမှုတွေ၊ ကျရှုံးမှုတွေ ရှိလာပါလိမ့်မယ်။

We lose yourself.
ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပါလိမ့်မယ်။

But its normal.
ဒါဟာ တကယ်ကို ပုံမှန်ပါပဲ။
ကျွန်တော်တို့ အများစုဟာ
ဒီအတိုင်းပဲ ဖြတ်သန်းကြရမှာပါ။

ဒါပေမယ့်
သူငယ်ချင်း ဆုံးရှုံးမှု၊ ချစ်သူရဲ့အသည်းခွဲမှုတွေဟာ
ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့စေဖို့နဲ့
ကိုယ့်ကိုယ်ကို ချစ်တတ်စေဖို့ ကူညီပေးပြီး
ကောင်းမွန်တဲ့သူငယ်ချင်းတွေနဲ့
စစ်မှန်တဲ့ချစ်သူကို
ဘဝထဲ ရောက်ရှိလာစေပါတယ်။

ဆုံးဖြတ်ချက်အမှားတွေ
ရွေးချယ်မှုအမှားတွေ
လုပ်ခဲ့မိသမျှ အမှားတွေ
နောက်ဆက်တွဲ ကျရှုံးမှုတွေ
ဒါတွေ အားလုံးဆီက
ဘဝအတွက် သင်ခန်းစာတွေကို စတင်ရရှိစေပြီး
ပိုကောင်းတဲ့သူ
ပိုတော်တဲ့သူ
ပိုအောင်မြင်တဲ့သူ ဖြစ်လာစေပါလိမ့်မယ်။

ဘဝရဲ့ သင်ခန်းစာတွေကြောင့်
ပိုပြီးလည်း သန်မာလာမှာ ဖြစ်ပါတယ်။
တစ်ချိန်မှာ ပြန်တွေးကြည့်တဲ့အခါ
အသက် ၂၀ ကျော် ကာလတွေဟာ
ဘဝရဲ့ အကောင်းဆုံးကာလတွေ ဖြစ်နေတာကိုလည်း
realize ဖြစ်ရပါလိမ့်မယ် ။

AD (အသက်၂၀ကျော်ပြီးတဲ့အခါ)



#အသက်၂၀ကျော်ပြီးတဲ့အခါ
10000ကျပ်

Address

Amapura Icon
Mandalay

Website

Alerts

Be the first to know and let us send you an email when Nwe Shwe - စာပေလမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share