T T MON

T T MON Shooping

ရန်ကုန်သို့ ဒုတိယအကြိမ်
13/11/2025

ရန်ကုန်သို့ ဒုတိယအကြိမ်

စားချင်နေရင် စားလိုက်ရမှကိုယ်လုပ် ကိုယ်ကောင်းလွယ်လွယ်လေးနဲ့ခက်နေတဲ့မုန့်🤣
29/10/2025

စားချင်နေရင် စားလိုက်ရမှ
ကိုယ်လုပ် ကိုယ်ကောင်း
လွယ်လွယ်လေးနဲ့ခက်နေတဲ့မုန့်🤣

ဆူးပုတ်ကလေးတောချက်ကျမက အစားအသောက်ကို ချစ်တဲ့သူပါ။ချက်ပြုတ်ရတာ ပြင်ဆင်ရတာ ကျွေးမွေးရတာ အကုန်နှစ်သက်သူပါ။ကိုယ်ချက်ထားတဲ့ ဟ...
26/10/2025

ဆူးပုတ်ကလေးတောချက်
ကျမက အစားအသောက်ကို ချစ်တဲ့သူပါ။ချက်ပြုတ်ရတာ ပြင်ဆင်ရတာ ကျွေးမွေးရတာ အကုန်နှစ်သက်သူပါ။
ကိုယ်ချက်ထားတဲ့ ဟင်းတခွက်ကို အရသာရှိရှိစားသုံးပေးသူတွေကိုလဲအမြဲကျေးဇူးတင်စွာ ချက်ကျွေးသူပါ။
ပြီးတော့ ကျမနှစ်သက်တဲ့အစားအသောက်ကို စတင်စားသုံးစဉ်ကာလရဲ့ ခံစားချက်တွေကိုလဲ တစ်သက်လုံးမမေ့တော့ပါဘူး။
ဒီဆူးပုတ်ကလေး တောချက်မှာလဲ ကိုယ်ပိုင်ပုံပြင်လေးနဲ့ရှင့်။
ခြောက်တန်းစာသင်နှစ်ရဲ့ ကျောင်းပိတ်ရက်မှာ ကျမအမေက ကျမကို သူ့ယောက္ခမရွာ (လက်ဝဲ)ရွာမှာ ပို့ထားခဲ့ပါတယ်။အမေက အမအလတ်နဲ့ ရန်ကုန်အထိဆက်သွားတာရှင့်။မိဘနဲ့တခါမှ မခွဲဘူးတဲ့ကျမ ရွာရောက်ခါစ အတော်နေရထိုင်ရခက်ပါတယ်။ရာသီကပူ လေကတိုက် ဖုန်တလုံးလုံးနဲ့ အဆင်မပြေလှပါဘူး။ဒါပေမဲ့ ကျမအတွက် စိတ်ဝင်စားစရာ အကြီးကြီးတခုကလဲရှိနေပြန်ပါတယ်။အမေကြီးရဲ့ မီးဖိုချောင်ပါ။မီးဖိုချောင်တခုလုံးက ပြောင်ရှင်းနေတဲ့မြေပြင်ပေါ်မှာပါ။ထင်းထိုးပြီးချက်တဲ့မီးဖိုနဲ့ မီးသွေးထည့်ပြီးချက်တဲ့ နှစ်ဖိုတွဲမီးဖိုလေးက ကျမအမေကြီးကိုယ်တိုင်လက်နဲ့လုပ်တာပါ။မြေပြီးနဲ့ဘာတွေရောထားလဲမသိတဲ့အရောအနှောလေးကို လက်လေးနဲ့သပ်သပ်ပြီးလုပ်သွားတာပါ။(အဲ့တာလဲကျမရှေ့တင်လုပ်သွားတာပါ) အဲ့ဒီအရွယ်ကျမကို အကြီးအကျယ်ဆွဲဆောင်နေတာပါ။စိတ်ဝင်တစား နဲ့ အမေကြီးလုပ်သမျှ ချက်သမျှ တခုမှမလွတ်အောင် လေ့လာနေမိတာ အချိန်ဘယ်လိုကုန်ကုန်သွားမှန်းမသိပါဘူး။အမေကြီးကလဲ အလုပ်ကိုဆက်တိုက် တခုပြီးတခုလုပ် ကျမကလဲနောက်ကတတောက်တောက်လိုက်ပြီး ကူစရာရှိတာကူပေးရင်းနဲ့ဘဲ တစ်နွေကုန်ပါရောရှင်။
လက်ပေါ်တင် ကြက်သွန်ပါးပါးလှီးနည်းကအစ လုံးချက်ချက်နည်း ဆီသတ်ချက်နည်း ဟင်းရွက်သင်နည်းအဆုံး ပညာတွေတပွေ့ကြီးရခဲ့တဲ့ ချစ်စရာနွေကျောင်းပိတ်ရက်လေးမှာ ဒီဆူးပုတ်လေးတောချက်က မင်းသမီးလေးပါ။ကျမသိပ်ကြိုက်တဲ့ဟင်းလေးပါ။အမေကြီးကိုယ်တိုင် လယ်ကန်သင်းရိုးမှာစိုက်ထားတဲ့ ဆူးပုတ်ညွန့်လေးတွေကို ကျမမောင်တဝမ်းကွဲလေးနဲ့ သွားခူး။အိမ်ရောက်ရင် ဇဗ္ဗူပနီပင်အောက်ကကွပ်ပစ်ပေါ်မှာ
ဗန်းကြီးနဲ့စောင့်နေတဲ့အမေကြီးရှေ့ အလုအယက်သွန်ရင်းကြွား(သူခူးတာများ ကိုယ်ခူးတာများ ပြိုင်ရင်း)။ပြီးရင် ညစာအတွက် ပူပူလောလောချက်ထားတဲ့ ဒီဟင်းလေးနဲ့
စားခဲ့ရတဲ့ ရွာထမင်းဝိုင်းဟာ အခုအသက်အရွယ်အထိ လွမ်းဆွတ်နေရဆဲပါ။အခုတော့ အမေကြီးလဲမရှိရှာတော့သလို အမေကြီးစိုက်ခဲ့တဲ့ဆူးပုတ်ပင်လေးတွေလဲ မရှိရှာတော့ဘူး။ဒါပေမဲ့ ဈေးထဲမှာ ဆူးပုတ်ရွက်လတ်လတ်ဆတ်ဆတ်တွေတွေ့တိုင်း ဝယ်ဖြစ် ချက်စားဖြစ်တဲ့ အမေကြီးဆူးပုတ်ကလေးတောချက်ကလေးပါရှင်။
မိတ်ဆွေတို့မှာရော နှလုံးသားထဲက လူတယောက်နဲ့ ဟင်းတခွက် ရှိခဲ့ဖူးကြလား❤️❤️❤️‍🩹❤️‍🩹

ဝက်သားမစားသူများ အားနာပါတယ်ရှင်🙏မိုးကုတ်ဝက်သားနီ အော်ဒါလက်ခံပါပြီနော်။လက်ဝင်ပြီး အိမ်စားအတွက်ကိုယ်တိုင်လုပ်ရင် လက်ဝင်ပြီ...
23/10/2025

ဝက်သားမစားသူများ အားနာပါတယ်ရှင်🙏
မိုးကုတ်ဝက်သားနီ အော်ဒါလက်ခံပါပြီနော်။
လက်ဝင်ပြီး အိမ်စားအတွက်ကိုယ်တိုင်လုပ်ရင် လက်ဝင်ပြီးပင်ပန်းလို့ ဝယ်စားတာက တန်တယ်ဆိုတာ ဒါမျိုးနော်😍
တစ်ဆယ်သားတစ်ဘူး နှစ်သောင်းပါရှင်။လေလုံဘူးနဲ့သေခြာထားရင် တပတ် ဆယ်ရက်ထားစားလို့ရပါတယ်။
နယ်ဝေးဆို ကားဂိတ်ချပေးပါတယ်။မြို့တွင်းဆို သုံးဘူးနဲ့အထက်ဆို free deli နော်❤️။
😍😍

မှိုတကာ့မှိုထဲမှာ အနူးညံ့ဆုံး အသားကျစ်ဆုံး မှိုဆိုတာ ဒီမှိုပါ။တစ်နှစ်မှာ တစ်ကြိမ်ဘဲပေါပေါများများရတတ်တဲ့ သဘာဝကပေးတဲ့အာဟာ...
21/10/2025

မှိုတကာ့မှိုထဲမှာ အနူးညံ့ဆုံး အသားကျစ်ဆုံး မှိုဆိုတာ ဒီမှိုပါ။တစ်နှစ်မှာ တစ်ကြိမ်ဘဲပေါပေါများများရတတ်တဲ့ သဘာဝကပေးတဲ့အာဟာရစစ်စစ် မှိုအုန်းနက်ပါ။
ကျမတို့အဖေ့ရွာက ပို့ပေးလို့ နှစ်တိုင်း ပေါပေါစားရပါတယ်။ရွာကမပို့ခင် ဈေးမှာတွေ့လို့ ဈေးမေးမိတိုင်းသွေးတက်ရပါတယ်။ဒီနှစ် ၇၀၀၀၀ဈေး ပေါက်ပါသတဲ့🥹။
အခုရွာမှာဝယ်ထားပြီဆိုလို့ သွားယူလာတာ အပွင့် ၃၅၀၀၀ အဖူး ၄၀၀၀၀ဈေးပါတဲ့။
ဒီလို ရာသီစာ ရှားပါးစာလေးတွေကို ကိုယ်စားသလို ဈေးသက်သက်သာသာစားစေချင်တာ ကိုယ့်ဆန္ဒပါ။
အမြဲလဲရနေတာမဟုတ်တော့ ခက်တော့လဲခက်သား။ဒီ page မှာဒီလို ရာသီစာလေးတွေရောင်းပေးမှာမို့ followလုပ်ထားကြနော်❤️❤️❤️

မုန့်ဟင်းခါးလေးချက်စားဖြစ်တယ်။ချက်နည်းအတော်ကိုများတဲ့ မုန့်တမျိုးဖြစ်လို့ ဒီနည်းက ကိုယ်ချက်ကိုယ်ကောင်းနည်းပါ။ကုလားပဲကိုန...
20/10/2025

မုန့်ဟင်းခါးလေးချက်စားဖြစ်တယ်။
ချက်နည်းအတော်ကိုများတဲ့ မုန့်တမျိုးဖြစ်လို့ ဒီနည်းက ကိုယ်ချက်ကိုယ်ကောင်းနည်းပါ။
ကုလားပဲကိုနူးအောင်ပြုတ်
ငါးကြင်းကို ငံပြာရည် စပါးလင် ဆနွင်းနဲ့ပြုတ်
ကြက်သွန်ဖြူ ဂျင်း စပါးလင် ကိုညက်နေအောင်ထောင်း
မွှေးရဲနေအောင်ဆီသတ်ပြီး
ငါးပြုတ်အရိုးနွင်ထားတာထည့် နီလာအောင်ဆီသတ်
ရေနွေးဆူနေအောင်တည်ထားတဲ့အိုးထဲ ငါးဆီသတ်ထည့် ဆူလာရင် ပဲပြုတ်ကြိတ်ချေထားတာထည့် ငှက်ပြောအူ ကြက်သွန်နီဥသေးလေးတွေကြိုက်ရင်ထည့်။ကိုယ့်မိသားစုက လူစုံရင် စားမယ်ဆိုတာချည့်ဆိုတော့ အဲ့လိုတစ်အိုးများချက်ထားရင် တစ်ယောက်နှစ်ပွဲအသာဆွဲဘဲ။ငန်ပြာရည်ကလဲ ကောင်းတာလေးသုံးမှဟင်းရည်အိုးကမွှေးတာပါနော်😍😍

သုံးဆောင်ချင်တာလေးများ ပါခဲ့ရင်🌟🌟09_977 720 595
17/10/2025

သုံးဆောင်ချင်တာလေးများ ပါခဲ့ရင်🌟🌟
09_977 720 595

ခလေးတွေအကြိုက် ထမင်းသုပ်(Korea style)စီစဉ်ပြင်ဆင်ရချိန်ကြာပြီး သူ့ရဲ့အဓိက အချက်က အင်မတန်ရိုးရှင်းသော မူလအရသာ ပေါ်အောင်လု...
15/10/2025

ခလေးတွေအကြိုက် ထမင်းသုပ်(Korea style)
စီစဉ်ပြင်ဆင်ရချိန်ကြာပြီး
သူ့ရဲ့အဓိက အချက်က အင်မတန်ရိုးရှင်းသော မူလအရသာ ပေါ်အောင်လုပ်တတ်မှ သူပေးချင်တဲ့ရသ ပေါ်တာမို့ အနုပညာဆန်သော ထမင်းတစ်နပ်❤️

ငါး ပဲငပိအချိုပေါင်းအရိုးနည်းငါး(ကကတစ် ဇလားဘီးယား)အစိတ်သားကောင်ကို အကောင်လိုက်မွှမ်းပြီးကြော်ထားဂျင်းပါးပါးလှီး ကြက်သွန်...
13/10/2025

ငါး ပဲငပိအချိုပေါင်း
အရိုးနည်းငါး(ကကတစ် ဇလားဘီးယား)အစိတ်သားကောင်ကို အကောင်လိုက်မွှမ်းပြီးကြော်ထား
ဂျင်းပါးပါးလှီး ကြက်သွန်ဖြူ ပါးပါးလှီး ခရမ်းချဉ်သီးအတုံးလိုက်လေးတွေနဲ့ တရုတ်ပဲငပိအချိုလေးကို မွှေးနေအောင်ဆီသတ်ပြီး ခုဏကကြော်ထားတဲ့ငါးကြော်ပေါ်ကို လောင်းချပြီး လူငယ်တွေဆို ဒီအတိုင်းစား။သက်ကြီးပိုင်း လူကြီးတွေအတွက်ဆို ရေနွေးငွေ့လေးနဲ့ မိနစ်နှစ်ဆယ်လောက်ပေါင်းလိုက်ရင် ငါးကြော်လေးက ကြွတ်မနေတော့ဘဲအိအိမွှေးမွှေးလေးနဲ့ ထမင်းစားလို့ အရမ်းမြိန်စေပါတယ်❤️❤️
Cook by heart
TT Mon

Address

Corner Of 56C & 29C
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when T T MON posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share