17/08/2026
အစ်ကို တစ်ယောက် ကလာမေးထားတာလေး ပါ👇👇👇
✅အသည်းရောဂါ ရှေ့ပြေးလက္ခဏာများ
မြန်မာနိုင်ငံမှာ အသည်းရောဂါဖြစ်ပွားနေသူတွေရဲ့ တဝက်ခန့်ဟာ သူတို့ကို သူတို့ ရောဂါရှိနေမှန်းမသိကြပါဘူး။
အသည်းရောဂါဖြစ်နေကြောင်း မိမိကိုယ်ကိုယ် သိနိုင်မည့် လက္ခဏာရပ်များကို ဖော်ပြပေးလိုင်ပါတယ်။
✅သွေးခြေဥလွယ်ခြင်း
အသည်းက သွေးတတ်ဖို့အတွက် လိုအပ်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်ပေးပါတယ်။
အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်မှာ မတော်တဆ ထိခိုက်မိတာနဲ့ သွေးခြေဥတတ်ပါတယ်။
✅ဆီးအရောင်ပြောင်းလဲခြင်း
သည်းခြေရည်လို့ခေါ်တဲ့ အစိမ်းရင့်ရောင် ၊ အညိုရောင်အရည်တွေဟာ အသည်းရောဂါဖြစ်ရင် ပုံမှန် မစီးဆင်းနိုင်တော့ဘဲ ပိတ်စို့နေတတ်ပါတယ်။အချိန်တခုကြာလာတဲ့အခါ ပိတ်စို့နေတဲ့ သည်းခြေရည်တွေဟာ ဆီးထဲမှာ ပါလာပြီး ဆီးအရောင်ပြောင်းလဲနိုင်ပါတယ်။
✅ဝမ်းအရောင်ပြောင်းခြင်း
အချို့သော အသည်းရောဂါသည်တွေမှာ ဝမ်းအရောင်ပြောင်းလဲတတ်ပါတယ်။တဖြည်းဖြည်းနဲ့ အရောင်ဖျော့လာပြီး ရွှံစေးရောင်ပြောင်းသွားပါတယ်။
✅အသား၊မျက်စိ ဝါခြင်း
အသည်း က အဝါရှိတဲ့စွန်ပစ်ပစ္စည်းများကို ခြေဖျက်ပေးပါတယ်။ အသည်းကောင်းကောင်းအလုပ်မလုပ်တဲ့အခါ အဝါရောင် ဒြပ်ပေါင်းတွေဟာ အရေပြားနဲ့ မျက်လုံးမှာစုပုံလာပြီး အသားဝါ ၊ မျက်စိဝါ တတ်ပါတယ်။
✅ပင်ပန်းသလို ခံစားရခြင်း
မနက်အိပ်ယာနိးခါစမှာဘဲ တနေကုန် အလုပ်လုပ်ထားရသလို ပင်ပန်းနေတတ်ပါတယ်။
✅ဗိုက်အောင့်ခြင်း၊ဗိုက်နာခြင်း
အသည်းဟာ ကျွန်တော်တို့ ဝမ်းဗိုက်ရဲ့ညာဘက်မှာရှိပါတယ်။ အသည်းရောင်တဲ့အခါ ညာဘက်ဝမ်းဗိုက်အောင့်တာ ၊ နာကျင်တာတို့ ဖြစ်တတ်ပါတယ်။
✅ယားယံခြင်း
တစ်ကိုယ်လုံးမှာ ယားတတ်ပါတယ်။ အထူးသဖြင့် ခြေဖဝါး ၊ လက်ဖဝါးတို့မှာ ပိုယားတတ်ပါတယ်။ညနေပိုင်း၊ ညပိုင်းတို့မှာ ပိုဆိုးလာတတ်ပါတယ်။ ရေနွေးနဲ့ ရေချိုးပြီးရင်လဲ ယားတတ်ပါတယ်။
✅ယောင်ယမ်းခြင်း
အသည်းရောဂါရှိသူတွေဟာ ခြေထောက် ၂ဘက်လုံး ယောင်လာတတ်ပါတယ်။
အသည်းရဲ့ သွေးပြန်ကြောမှာ ဖိအားများလာတဲ့အခါ ကြာလာရင် ဝမ်းဗိုက်ရောင်ပြီး ဖောင်းလာတတ်ပါတယ်။
crd #