Ella Lifestyle

Ella Lifestyle Japan/USA Cosmetics Direct Supplier
(1)

Long time no see!
16/05/2026

Long time no see!

တစ်နေ့တစ်နေ့ ကစားရ၊စားရ၊သောက်ရ၊အိပ်ရနဲ့ ပင်ပန်းလိုက်တာ လူတွေရယ် ’slife
03/02/2026

တစ်နေ့တစ်နေ့ ကစားရ၊စားရ၊သောက်ရ၊အိပ်ရနဲ့ ပင်ပန်းလိုက်တာ လူတွေရယ်

’slife

အိပ်ရင်ဘယ်လိုအိပ်လဲMe:😂😂
01/02/2026

အိပ်ရင်ဘယ်လိုအိပ်လဲ
Me:😂😂

ဘာဝယ်စားရင်ကောင်းမလဲ အမျိုးတို့ရေ….အကြံပေးပါအုံး😬
20/01/2026

ဘာဝယ်စားရင်ကောင်းမလဲ အမျိုးတို့ရေ….အကြံပေးပါအုံး😬

20/01/2026


အယ်လီ့အတွက်ကုသိုလ်ကောင်းမှု
01/12/2025

အယ်လီ့အတွက်ကုသိုလ်ကောင်းမှု

🌈🕊️ဆုံးပါးသွားတဲ့ကြောင်လေး
အယ်လီအတွက်ရည်စူးကုသိုလ်အလှူ‌ေလးပါရှင့်🙏🏻

🕊️ ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်ရတဲ့ ကြောင်လေးအယ်လီလေး အား ရည်စူး၍ မိသားစုမှ အလှူငွေ 20000ကျပ် ကို Meowing ဂေဟာမှ မြောင်လေးတွေအတွက်လှူဒါန်းပေးပါထားရှင့်🙏🏻

ကောင်းမှုကုသိုလ်ရှင်မိသားစု၏ မေတ္တာစေတနာတရားကြောင့် ဂေဟာမှ မြောင်လေးတွေဟာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ စားသုံးရမှာဖြစ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေကို ဆက်လက်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်ရှင့်။ ဒီအလှူငွေဟာ မြောင်လေးတွေရဲ့ ရှင်သန်မှုအတွက် အလွန်အရေးပါလှပါတယ်ရှင့်။ 💖

ဤကောင်းမှုကုသိုလ်အစုစုတို့၏ အကျိုးကြောင့်...
ကွယ်လွန်သူ ကြောင်လေး အယ်လီသည် ကောင်းမွန်သော ဘဝများသို့ လားရောက်နိုင်ပြီး ငြိမ်းချမ်းသောဘုံဘဝတွင် စိတ်အေးချမ်းသာစွာ နေထိုင်ရပါစေရှင့်။ 🕊️🕯️ ဒုက္ခအပေါင်းမှ ကင်းဝေး၍ သုခဘုံသို့ ရောက်ရှိပြီး အေးချမ်းသာယာသော ဘဝများကို ရရှိပါစေကြောင်း Meowing ကြောင်ဂေဟာမှ ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင့် 🙏

အလှူရှင် မိသားစုဝင်များအားလုံးလည်း...

သက်ရှည်ကျန်းမာပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာဖြင့် ပြည့်စုံပါစေ။ 🩺❤️

အနာရောဂါဘယ ကင်းစင်ပြီး ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းဝေးပါစေ။ ရာသက်ပန် ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ရပါစေ။ 😊
စီးပွားဥစ္စာများ ဆထက်တပိုး တိုးပွားပြီး လာဘ်လာဘများ အောင်မြင်ပါစေရှင့်။ 💰📈

လုပ်ငန်းခွင်၌ ဘေးကင်းရန်ကွာ၍ စီးပွားရေးများ လွန်စွာတိုးပွားပြီး၊ အောင်မြင်မှုများစွာ ရရှိပါစေ။ 🚀

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပြီး လိုရာဆန္ဒများ ပြည့်ဝပါစေရှင့်။ 🙏🌟

ပြည့်စုံသော ဘဝကို ပိုင်ဆိုင်ကာ စိတ်အေးချမ်းစွာ နေထိုင်ရပါစေ။ အခက်အခဲဟူသမျှ ကျော်လွှားနိုင်ပြီး၊ မျှော်မှန်းထားသော ပန်းတိုင်များ အားလုံး အောင်မြင်ပါစေရှင့်။ 🎯

ချစ်ခြင်းမေတ္တာများဖြင့် ပြည့်ဝသော မိသားစုဘဝလေးကို ပိုင်ဆိုင်ပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင်လည်း ခုလိုပဲ သတ္တဝါလေးတွေအပေါ် မေတ္တာထားပြီး ကောင်းမှုကုသိုလ်တွေ ဆက်လက်ပြုလုပ်နိုင်ပါစေကြောင်း Meowing ကြောင်ဂေဟာမှ ထပ်လောင်းဆုတောင်းမေတ္တာများ ပို့သအပ်ပါတယ်ရှင့်။ ✨

အယ်လီလေး ကောင်းရာဘုံဘဝရောက်ပါစေ
01/12/2025

အယ်လီလေး ကောင်းရာဘုံဘဝရောက်ပါစေ

"အယ်လီ အတွက် ရည်စူးအလှူ"



ဘ၀တစ်ပါးသို့ရောက်ရှိသွားသော
"အယ်လီ" လေးအား

အားရည် စူး၍ အလှူရှင်ညီမလေး

"Thz Thae Tone" မှ

လုံးလုံး family စွန့်ပစ်ခံကလေးများ​၏
အစာအဟာရ အတွက်
(20000 ) ကျပ်တိတိကို
ပေးပို့ လှူဒါန်းပေးထားပါတယ်ရှင့်🙏။

🍀အယ်လီ" လေး
ကောင်ရာ ဘုံဘ၀ရောက်ပါစေ။
တိ ဘ၀နောက်ဆုံးဖြစ်ပါစေ။ဒီထက်မြင့်မြတ်တဲ့
ဘုံဘ၀သို့ရောက်ပါစေ။"ကလေးလေး" အတွက်
ရည်စူးလှူပေးထားတာတဲ့ ကုသိုလ်တွေ ရောက်
ရာဘုံဘ၀မှာ ရပါစေ ။
ရောက်ရာ ဘုံဘ၀မှာလည်းအစားအသောက်
ပေါပေါများများစားရပြီး ကျန်းမာပျော်ရွှင်ပါစေ
လို့ဆုတောင်းပေးပါတယ်ရှင့်🌹🙏။

Post လေးကို အခုမှ တင်ပေးရလို့လည်း
တောင်းပန်ပါတယ်ရှင့်🙏။

အခုလိုကလေးများရဲ့အစာအဟာရအတွက်လှူဒါန်း
ပေးသော အလှူရှင်မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ🙏။

အလုပ်အကိုင်များ ယခုထက် မကအဆင်ပြေပါစေ။
၉၆ပါးသော အနာရောဂါများကင်းရှင်းပါစေ။
ဘယ်ဘက်ကတစ်ဆုပ်ကြဲပြီး ညာဘက်ကတစ်လှည်
ဝင်ပါစေ🙏။

ယခုပြုသောကုသိုလ်ကောင်းမှုအစုစုသည်
ယခုဘဝတွင်သာမက နောက်ဘဝအထိပါကုသိုလ်
အထောက်အပံ့ဖြစ်ပါစေ🙏။

ကပ်ကြီး သုံးပါးကို အခက်အခဲမရှိပဲအလွယ်တကူ
ကျော်ဖြတ်နိုင်ပါစေ။ရန်သူမျိုး ၅ပါးရန်မှလည်း
ကင်းဝေးပါစေရှင့် ကလေးများကိုယ်စားဆုမွန်ကောင်း
တောင်းပေးပါတယ်ရှင့်🙏။

ကလေးများရဲ့အစာအဟာရအတွက်
လှူဒါန်းပေးလိုပါက
09455560597
Kpay/wave/AYA
Kyi Kyi Phyo ပါရှင့်🌹🙏

29/11/2025

💔 ဒီနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ဟာ စစ်ကိုင်းတိုင်း
တခုလုံးကို စစ်မြေပြင်အဖြစ် ပြောင်းလဲပစ်လိုက်တဲ့
နေ့လို့ ပြောရလောက်အောင် လေကြောင်းအင်အား
ကို အလွန်အကျွံသုံးစွဲပြီး ပြည်သူလူထုအများစု
နေထိုင်ရာ မြို့နယ် ကျေးရွာတွေအပေါ် လေကြောင်း
ကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့တနေ့တာ လေတပ်လေ​ကြောင်းပျံတမ်းမူမှတ်တမ်းတွေကို အခြေခံပြီး အထူးအစိုးရိမ်ရဆုံး
ဒေသတွေကို အစဉ်လိုက် ခွဲခြားသုံးသပ်ပေးပါ
မယ်။ ပြီးရင် ပြည်သူတွေ ဘယ်လိုအသက်ရှင်
နေထိုင်ရမလဲဆိုတဲ့ အကြံပြုချက်ကို တင်ပြပါ
မယ်။

🚨 အသက်အန္တရာယ် အစိုးရိမ်ရဆုံး ဒေသများ
(အစဉ်လိုက် သုံးသပ်ချက်)

၁။ 🟥 အဆင့် (၁) - တန့်ဆည်၊ ကနီ၊ ယင်းမာပင်
(ဗုံးမိုးရွာသွန်းမှုဒဏ်ခံရသော ဒေသများ)

ဒီဒေသတွေဟာ ဒီနေ့မှာ A-5 ဗုံးကြဲလေယာဉ်
တွေရဲ့ ရက်စက်စွာ ပစ်မှတ်ထားခြင်းကို အဆိုး
ရွားဆုံး ခံစားခဲ့ရပါတယ်။
မနက်ပိုင်းရော ညနေပိုင်းပါ A-5 လေယာဉ်တွေက
တန့်ဆည်နဲ့ ကနီဘက်ကို အကြိမ်ကြိမ် ဗုံးကြဲခဲ့ပါ
တယ်။ ဒါဟာ စစ်ရေးပစ်မှတ်ထက် ရွာလုံးကျွတ်
ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက် ပါဝင်နေပါတယ်။

ဗုံးကြဲပြီးနောက် ဖြစ်လေ့ရှိတဲ့ နယ်မြေတွင်း စစ်
ကြောင်း ထိုးမယ့် မြေပြင်စစ်ကြောင်းတွေဟာ
ပြည်သူလူထုနေထိုင်ရာ ကျေးရွာများဆီ စီးနင်း
၀င်ရောက်အကြမ်းဖက်နိုင်တာကြောင့် အထူး
သတိပြုဖို့လိုပါတယ်။

၂။ 🟧 အဆင့် (၂) - ကန့်ဘလူ၊ ဝန်းသို၊ ရေဦး
(လေကြောင်းမှတဆင့် စစ်အင်အား ရုတ်တရက်
ထပ်ဖြည့်တင်းလာခြင်း)

ဒီဒေသတွေမှာ ဗုံးသံမကြားရရင်တောင် အန္တရာယ်
က အိမ်ရှေ့ရောက်နေပါပြီ။နေ့လယ်ပိုင်းမှာ MI-17
ရဟတ်ယာဉ်တွေ ဟာ ကန့်ဘလူ (တကရ ၆၀၀၆)
နဲ့ ဝန်းသို (ခမရ ၁၂၀) ကို အကြိမ်ကြိမ် ဆင်းသက်ပြီး စစ်​ကူ ချထားခဲ့ပါတယ်။

မြေပြင်ကနေ လမ်းလျှောက်လာတာ မဟုတ်ဘဲ ရဟတ်ယာဉ်နဲ့ ခုန်ဆင်းလာတာတွေမို့ ပြည်သူတွေ ရှောင်တိမ်းချိန်မရလိုက်ဘဲ ရွာကို ဝိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ် အကြီးဆုံး ဖြစ်နေ
ပါတယ်။

၃။ 🟨 အဆင့် (၃) - ကလေး၊ ဖလမ်း (ချင်း/စစ်ကိုင်း နယ်စပ်)

တနေကုန်နီးပါး Fighter Jet တွေ ပျံဝဲပြီး၊ Y-12
ထောက်ပို့လေယာဉ်ကနေပါ ဗုံးသီးတွေ ဖြုတ်ချ တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွေ ရက်ရှည်ကြာလာ
တာနဲ့အမျှ လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်း
ပစ်ကူတွေ ကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး
မှုနဲ့ စစ်ဘေးရှောင်ရမယ့် အခြေအနေ ဆိုးရွားနေပါ
တယ်။

၄။ 🟦 အဆင့် (၄) - စဉ့်ကူး၊ ဝက်လက်၊ ရွှေဘို (ညနေခင်း ပစ်မှတ်သစ်များ)

ညနေ ၄ နာရီခွဲကျော်မှာ A-5 ဗုံးကြဲလေယာဉ်တွေက
ဒီဘက်ကို ဦးလှည့်လာပြီး ဗုံးကြဲခဲ့ပါတယ်။ ဒါဟာ
မနက်ဖြန်အတွက် စစ်ဆင်ရေး အစပျိုးလိုက်တာ
ဖြစ်နိုင်လို့ ဒီညကစပြီး အထူးသတိရှိရမယ့် နေရာတွေ ဖြစ်လာပါပြီ။

🛡️ ပြည်သူလူထု ဘေးကင်းရေးအတွက် အကြံပြု
ချက်များ

စစ်ကောင်စီရဲ့ လက်ရှိ ဗျူဟာက ရုတ်တရက် ဗုံးကြဲမယ်၊ ရုတ်တရက် ပစ်ကူစစ်ကူချမယ်ဆိုတဲ့ ပုံစံဖြစ်
လို့ ပြည်သူတွေအနေနဲ့ အောက်ပါအတိုင်း ပြင်ဆင်
နေထိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။

(က) ရဟတ်ယာဉ်သံကြားလျှင် "ပုန်းပါ၊ မကြည့်ပါနဲ့"

ကန့်ဘလူ၊ ဝန်းသို၊ ရွှေဘို ဘက်က ပြည်သူများ
သတိပြုပါ။ MI-17 ရဟတ်ယာဉ်သံ ကြားရင် အိမ်
ထဲကနေ ထွက်ကြည့်တာမျိုး လုံးဝမလုပ်ပါနဲ့။ ရဟတ်ယာဉ်က စစ်သားတွေ ချပေးနေတာ ဖြစ်နိုင်
လို့ ရွာနဲ့ ဝေးရာ တောစပ်/လယ်တောတွေဆီ ချက်ချင်း ရှောင်တိမ်းပါ။ ရဟတ်ယာဉ်ပြန်တက်
သွားပြီးမှ ရွာထဲ စစ်သားကျန်ခဲ့တတ်ပါတယ်။

(ခ) A-5/Jet သံကြားလျှင် ဗုံးခိုကျင်းသာ အမိ၊ မြေကြီးသာ အဖ

တန့်ဆည်၊ ကနီ၊ စဉ့်ကူး ဘက်က ပြည်သူများ။ ဂျက်လေယာဉ်သံ (သို့) ဗုံးသံကြားရင် ဘာပစ္စည်းမှ မယူဘဲ ဗုံးခိုကျင်းထဲ ချက်ချင်းဝင်ပါ။ လေယာဉ်က တပတ်ပြန်လှည့်ပြီး ဒုတိယအကြိမ် ပစ်ခတ်လေ့ရှိ
လို့ ပထမအကြိမ် ပေါက်ကွဲပြီးတာနဲ့ မထွက်လိုက်
ပါနဲ့ဦး။

(ဂ) ညဘက် "အလင်းရောင် ဖျောက်ပါ"

ညနေပိုင်းမှာ SU-30 လို ခေတ်မီလေယာဉ်တွေ
တက်လာတာ တွေ့ရပါတယ်။ သူတို့က ညဘက်မှာ
ပါ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

ညဘက် မီးမထွန်းပါနဲ့။ ဖုန်းမီး၊ ဓာတ်မီးတွေကို အပြင်ဘက်ကို လှမ်းမထိုးပါနဲ့။ ရွာအနီး လေယာဉ်
သံကြားရင် မီးမှိတ်ပြီး ငြိမ်ငြိမ်နေပါ။

(ဃ) သတင်းနားစွင့်ပါ (အသက်အန္တရာယ် ကာကွယ်ရေး)

မိမိရွာနားမှာ Gyrocopter (ကင်းထောက်လေယာဉ်) ပျံဝဲသွားရင် အဲဒီနေ့ဟာ စစ်ကြောင်းဝင်မယ့်နေ့ လို့ မှတ်ယူပြီး ကြိုတင်ရှောင်တိမ်းပါ။ (ဒီနေ့ အရာတော်၊ ဘုတလင်မှာ လုပ်သွားတဲ့ ပုံစံပါ)။

ဒီရက်ပိုင်းဟာ ပြည်သူတွေ(အထူးသဖြင့် စစ်ကိုင်း တိုင်း/မကွေးတိုင်း/မန္တလေးတိုင်းမြောက်ပိုင်း) အတွက် အလွန်ခက်ခဲကြမ်းတမ်းတဲ့ ကာလဖြစ်ပါတယ်။ လေကြောင်းအားကိုးနဲ့ ဖိနှိပ်နေပေမယ့် ပြည်သူလူထုရဲ့ သတိ၊ ဝီရိယနဲ့ စည်းလုံးမှု ကသာ အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဂရုစိုက်ကြပါခင်ဗျာ။

🛰️REF : NAS / EAR

ကြောင်သေသွားတာ အဲ့လောက်စိတ်မကောင်းဖြစ်ရမယ်လို့မထင်ထားဘူးတစ်နှစ်ကျော် အတူတူရှိတယ်အနားမှာအမြဲ​အ​ဖော်လုပ်​ပေးတဲ့​ကြောင်​လေး...
29/11/2025

ကြောင်သေသွားတာ အဲ့လောက်စိတ်မကောင်းဖြစ်ရမယ်လို့မထင်ထားဘူး
တစ်နှစ်ကျော် အတူတူရှိတယ်
အနားမှာအမြဲ​အ​ဖော်လုပ်​ပေးတဲ့​ကြောင်​လေး
နှစ်တွေအကြာကြီးနေမယ်လို့ထင်ထားတာလေ
နေမကောင်းဖြစ်တာ အဲ့လောက်မြန်ဆန်မယ်လို့မထင်ထားဘူးလေ
အယ်လီရေ ကောင်းရာဘုံဘဝရောက်ပါစေ
အချိန်တွေနောက်ပြန်ဆုတ်လို့ရရင် အရမ်းကောင်းမှာပဲ
ဒီထက်အများကြီးဂရုစိုက်ပေးချင်မိတယ်
အယ်လီပေးတဲ့သင်ခန်းစာပေါ့
အရမ်းနှမြောမိတယ် အရမ်းနွေးထွေးတဲ့ကြောင်လေး
လွမ်းနေရပါပီကွယ်

Address

Meiktila

Telephone

+959958391466

Website

Alerts

Be the first to know and let us send you an email when Ella Lifestyle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share