Shwe Yoon PaChi

Shwe Yoon PaChi Healthy/Beauty healthy&beauty

🥚 လူတော်တော်များများက နေ့တိုင်းကြက်ဥပြုတ်စားကြပေမယ့် "အချိန်" က အရသာရှိဖို့အတွက် အဓိကသော့ချက်ဆိုတာကိုတော့ သတိမထားမိတတ်ကြ...
24/04/2026

🥚 လူတော်တော်များများက နေ့တိုင်းကြက်ဥပြုတ်စားကြပေမယ့် "အချိန်" က အရသာရှိဖို့အတွက် အဓိကသော့ချက်ဆိုတာကိုတော့ သတိမထားမိတတ်ကြပါဘူး။
တကယ်တော့ ကြက်ဥပြုတ်တာဟာ လွယ်တယ် ထင်ရပေမယ့် “ပြီးပြည့်စုံတဲ့ ကြက်ဥ”တစ်လုံးရဖို့ဆိုတာ မိနစ်ပိုင်းလောက်ကစ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ အနှစ်အတိအကျရဖို့ဆိုရင် မိနစ်အလိုက် ဘယ်လိုကွာခြားနိုင်လဲဆိုတာ ဒါတွေသိထားဖို့တော့ လိုတယ်နော်။

ကဲ ဒါဆိုရင် ဘယ်နှစ်မိနစ်ပြုတ်ရင်... ဘယ်လိုမျိုးရမလဲ? ကြည့်လိုက်ရအောင်…

ပြုလုပ်ပုံ -
အိုးထဲကို ကြက်ဥမြုပ်တဲ့အထိ ရေထည့်ပါ -> မီးအသင့်အတင့်နဲ့ ရေဆူအောင်တည်ပါ -> ရေဆူပြီဆိုတာနဲ့ စပြီး အချိန်မှတ်ပါ ⏱
🥚 ၄ မိနစ် -> ကြက်ဥမကျက်တကျက် (Half-boiled)၊ အနှစ်က အရမ်းပျော်နေမယ်။
🥚 ၅ မိနစ် -> အနှစ်က ပျစ်ပျစ်လေးနဲ့ စေးနေမယ်၊ ထမင်းပူပူလေးနဲ့ စားရင် အရမ်းလိုက်ဖက်တယ်။
🥚 ၆ မိနစ် -> အနှစ်က ခရင်မ်လိုမျိုးလေး ဖြစ်နေပြီး စီးမကျတော့ဘူး။
🥚 ၇-၈ မိနစ် -> အနှစ်က အတော်အသင့်တင်းသွားပြီ၊ ကလေးတွေစားဖို့ အဆင်ပြေတယ်။
🥚 ၉-၁၀ မိနစ် -> အနှစ်က ကျက်ခါနီးဖြစ်နေပြီး စိုစွတ်စွတ်လေး ဖြစ်နေမယ်။
🥚 ၁၁-၁၃ မိနစ် -> အနှစ်ရော အကာပါ အပြည့်အဝကျက်သွားပြီ၊ ဒါပေမဲ့ နူးညံ့နေတုန်းပဲ။
🥚 ၁၄-၁၅ မိနစ် -> အနှစ်ရော အကာပါ တင်းတင်းရင်းရင်း ကျက်သွားပြီ၊ သုပ်စားတာပဲဖြစ်ဖြစ်၊ ခရီးဆောင်သွားဖို့ပဲဖြစ်ဖြစ် အကောင်းဆုံးပဲ။
💡 အခွံနွှာရလွယ်ကူစေမယ့် နည်းလမ်းကောင်း
ပြုတ်ပြီးတာနဲ့ ရေအေးထဲကို ၅ မိနစ်ခန့် ချက်ချင်းစိမ်ထားပေးပါ။ အခွံနွှာရတာ အရမ်းလွယ်ကူပြီး ကြက်ဥမျက်နှာပြင်လေးကလည်း ချောမွတ်လှပနေမှာပါ။
မိနစ်အနည်းငယ်လေး ပြောင်းလဲလိုက်ရုံနဲ့...
တူညီတဲ့ ကြက်ဥတစ်လုံးတည်းကိုပဲ အရသာအသစ်နဲ့ စားသုံးနိုင်ပါပြီ။
ဒီနည်းလေးက အသုံးဝင်တယ်ဆိုရင် နောက်နောင် ပြန်ကြည့်လို့ရအောင် Save ထားပြီး မိမိချစ်ခင်ရသူတွေပါ သိရှိသွားအောင် Share ပေးသွားပါဦးနော်။





"အကျိုးများလှတဲ့ ဆန်ဆေးရည်''*ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ ...
29/01/2026

"အကျိုးများလှတဲ့ ဆန်ဆေးရည်''

*ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရ်ှလို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။

*ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

*ဆန်ဆေးရေမှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့အခါ အာဟာရဓာတ်စုံတယ်။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင်တီအောက်စီးဒင့်တွေပါသလို vitamin B1, B3, B5, B6 နဲ့folic acid စတာတွေ ပါလို့ အာဟာရဓာတ်စုံတယ်။ ဆန်ဆေးရေမှာပါတဲ့ phenolic နဲ့ flavonoid ဓာတ်တွေက အရေပြားအတွက်ကောင်းမွန်တယ်။ နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ magnesium, selenium, iron, phosphorous, manganese စတာ တွေကြွယ်ဝစွာ ပါဝင်ပြန်တယ်။

လေ့လာမှုတွေအရ ဆန်ဆေးရေမှာပါတဲ့ inositol ဓာတ်က ဆံသားကို ပြန်လည်နက်မှောင်သန်စွမ်းစေတယ်။ inositolက ခေါင်းလျှော်ပြီးနောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင်နိုင်တယ်။ နောက်ပြီး ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်။ ဆံသားကို ထူထပ်စေတယ်။

*ဆန်ဆေးရေကို အာယုဗေဒဆေးနည်းအရ အရေပြား ရောင်ရမ်းနာတွေမှာ အသုံးပြုတယ်။ အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။ သွေးလည်ပတ်မှုအားကောင်းလို့ အမဲစက်တွေကို လျှော့ပါးသက်သာစေတယ်။ အရေပြားခြောက်သွေ့ရဟယားယံတဲ့အခါ သုံးနိုင်တယ်။ နှင်းခူနာနဲ့ ဝက်ခြံတွေမှာလည်း သုံးတယ်။ တချို့က နေလောင်တဲ့အခါ ဆန်ဆေးရေကို ခပ်ပါးပါးလိမ်းပေးခိုင်းတယ်။ မျက်နှာမှာလိမ်းရင် အရေးအကြောင်းကင်းစင်ပြီး အသားတင်းစေတယ်။ အသားဖြူစေတယ်။ အဝတ်တွေမှာလည်း ဒီတိုင်းပဲ။ ဆန်ဆေးရေနဲ့လျှော် မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး။

ဆန်ဆေးရည်ကို အချဉ်ဖောက်နိုင်ရင် ပိုကောင်းသေးတယ်။ အချဉ်ဖောက်တယ်ဆိုတာ အခန်းအပူချိန်မှာ နညိးနည်းချဉ်လာသည်ထိ ခပ်ကြာကြာထားလိုက်တာကို ဆိုလိုတာ။ အဲလိုထားလိုက်ခြင်းအားဖြင့် vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ်တွေပိုထွက်လာတယ်။ ဒီနောက်ပိုင်း အသားအရေတင်းရင်းတဲ့ ဆေးတွေမှာ piteraဓာတ်ကို အဓိကထားလာကြတယ်။ အာနိသင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတာ သိထားလို့ပါ။

*ဆန်ဆေးရေနဲ့ ပက်သတ်ပြီး အမျိုးမျိုးသုံးတယ်။ တချို့က မျက်နှာသစ်ကြတယ်။ ရေချိုးကြတယ်။ ခေါင်းလျှော်ကြတယ်။ ဆန်ဆေးရေက အသားအရည်ကို ကြည်လင်ဝင်းပစေတာ အမှန်ပဲ။ အသားလည်း ဖြူစေတယ်။ အရေးအကြောင်းကင်းစင်စေတာမို့ ငယ်ရုပ်ဆင်တယ်ဆိုရင် မမှားပါ။

ဝက်ခြံအဆီထွက်များသူတွေမှာ သုံးရင် မွှေးညှင်းပေါက်ကို ကျဉ်းမြောင်းစေတာမို့ ဝက်ခြံတွေ ပျောက်ကင်းနိုင်တယ်။ ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်က အကောင်းဆုံးဖြစ်တယ်။ ကစော်ဖောက်ခြင်းက အချဉ်ဓာတ်ကဲစေတယ်။ pH level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန် pHနဲ့ သွားတူတယ်။ ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို နက်မှောင်သန်စွမ်းစေတယ်။

ဆန်ဆေးရည်ပြုလုပ်ပုံ
*****************

(၁)ဆန်ကြမ်းကို ခွက်တဝက်စာယူပြီး ဇလုံတခုထဲထည့်ပါ။

(၂)ပြီးရင် ရေတစ်ခွက်ယူပြီး လောင်းထည့်ပါ။တစ်မိနစ်ထားပြီး မကောငိးတဲ့အညစ်အကြေးတွေပါတဲ့ အဆိုပါ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ။

(၃)အဆိုပါ ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာလောင်းထည့်ပါ။(ဆန်နဲ့ရေ အချိုးအဆ ၁:၄ ဖြစ်သင့်တယ်)

(၄)အဆိုပါ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ။ ၁၀မိနစ်ခန့်ကြာရင် အောက်ခြေမမြင်ရအောင် နောက်လာလိမ့်မယ်။

(၅)ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရေကို စစ်ထုတ်ယူပါ။ ရလာတဲ့ဆန်ဆေးရည်ကို စတင်သုံးစွဲနိုင်ပြီဖြစိပါတယ်။

*ကစော်ဖောက်ချင်သေးတယ်ဆိုရင် အဆိုပါဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄-၄၈နာရီ ထားရမှာ ဖြစ်ပါတယ်။ အပူချိန်မြင့်လေလေ ကစော်ဖောက်တဲ့အချိန် မြန်လေလေဖြစ်တယ်။ ပြီးရင် ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်ကို နည်းနည်း အပူပေးလိုက်ပါ။သုံးမိနစ်ခန့်အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစော်ဖောက်ထားတဲ့ဆန်ဆေးရည်တွေက နည်းနည်းပြင်းတယ်။ အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်။

#မှတ်ချက်- ဆန်ဆေးရည်နေရာမှာ ထမင်းရည်ကိုလည်း အစားထိုးသုံးနိုင်တယ်။ ပွက်ခါစ ထမင်းရည်(သို့) ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တယ်။ သတိပြုရမှာက ထမင်းရည်ကို ရေနဲ့အရင်ရောပြီးမှ သုံးပါ။ ရေခဲသေတ္တာထဲမှာ ထားရင် တပတ်ထိ အထားခံတယ်။

သုံးစွဲပုံ
~~~~~

သန့်စင်တဲ့ ပိတ်ပါးစတခုကို ဆန်ဆေးရည်ထဲစိမ်ပါ။ အဆိုပါအဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ။အရေပြားထဲစိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး ခြောက်သွေ့အောင်ထားပါ။ ၃-၅မိနစ်လောက် ထားသင့်တယ်။ မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုးရတဲ့အခါ မျက်နှာစသစ်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေက ဆံသားအတွက် အကောင်းဆုံးဖြစ်တယ်။

#ဆန်ဆေးရေကို
~~~~~~~~~~~

>>>မျက်နှာမှာ သုံးတဲ့အခါ မနက်(သို့)ညနေ နေ့စဉ်သုံးသင့်တယ်။

>>>ဆံသားအတွက် တပတ် ၁-၂ကြိမ် ခေါင်းလျှော်ပေးနိုင်တယ်။ တခါလျှော်ရင် ၅မိနစ်ခန့်ထားပါ။

*body scrub အနေနဲ့လည်း သုံးလို့ရတယ်။အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ရောပြီး အရေပြားမှာ လိမ်းပါ။ ဒီနည်းအတိုင်း တပတ်တခါ(သို့)နှစ်ပတ် တခါ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမဲစက်ကင်းစင်ပြီး နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

#သောက်တဲ့ကိစ္စ
~~~~~~~~~~

*အမေးများတဲ့ မေးခွန်းနောက်တခုက ဝိတ်ကျတယ်ဆိုတဲ့ ကိစ္စပါ။ ဝိတ်ကျဖို့ သောက်လို့ရတယ်ဆိုတာမျိုးကြားရပါတယ်။ အဲဒီအကြောင်းကလည်း ဂျာနယ်တခုမှာ ဆရာဝန်တယောက်က ဖြေထားတာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ ဆရာဝန်ပြောတဲ့ အမေးအဖြေကို သေချာဖတ်ကြည့်ရင် သိသိသာသာဝိတ်ကျတယ်လို့ ပြောမထားပါ။ သူတကယ်ဝိတ်ကျခဲ့တာ အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ဖြစ်ပါတယ်။

အစားအသောက်ထိန်းတာနဲ့ အားကစားကသာ အဓိကကျတယ်။ ဆန်ဆေးရေနဲ့မဆိုင်ပါ။ ဆန်ဆေးရေက တွန့်သွားတဲ့ အသားအရေကို ပြန်လည်တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို ထိန်းသွားနိုင်တယ်။ တက်လိုက်ကျလိုက် မဖြစ်တော့ဘူး၊ အဲဒါကို သူက အဓိက ပြောချင်တာပါ။ ဒါပေမယ့် မီဒီယာတွေက ခေါင်းစဉ်တပ်တော့ ဝိတ်ကျတယ်ဆိုပြီး ဖြစ်သွားတယ်။

*ဆန်ဆေးရေနဲ့ပက်သတ်ပြီး အသားရေအတွက်ကလွဲရင် ဝိတ်ကျဖို့သုံးတယိဆိုတာမျိုးမဖတ်ရပါ။

ဒါပေမယ့် ထမင်းရည် မနက်စောစောသောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုး တွေ့ရတယ်။ ထမင်းရည်တစ်ပန်းကန်က ကယ်လိုရီ(၁၀၀)လောက်သာပါဝင်လို့ကောင်းတယ်။ ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ ပုံမှန်စားသုံးမှုရဲ့ သုံးပုံတပုံသာရှိလို့ ဝိတ်ကျနိုင်တယ်။ ဒီလောက်ပဲ ဖတ်ရတယ်။ ဆန်ဆေးရေက ဝိတ်ကျတယ်လို့ မဖတ်ရပါ။

*နောက်တချက်က ဆန်ဆေးရေ သောက်တဲ့အခါ အများစိုးရိမ်သလို ပိုးသတ်ဆေး၊ဓာတုကင်းစင်မှုကိုလည်း သတိပြုသင့်တယ်။ ဒီဖက်ခေတ်ဆန်တွေကို ယုံရင် အမှားကြီး မှားလိမ့်မယ်။ ဆန်ကို တကြိမ်ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေးပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေးပါ။ ဒါကိုတော့ ဂရုစိုက်စေချင်တယ်။ ဆန်ဆေးရေကို ခန္ဓာကိုယ် ပြင်ပ အသားအရေအတွက် သုံးစွဲလို့ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သောက်သုံးမယ်ဆိုရင် အထူးဂရုစိုက်သင့်တယ်။

Credit: ဒေါက်တာအေးမင်းထူး
#ကျန်းမာရေးဗဟုသုတရကြပါစေ

ကြက်ခြေထောက်သုပ်😋အရမ်းကောင်းလွန်းတဲ့ကြက်ခြေထောက်သုပ်ချဉ်ချဉ် ၊ စပ်စပ်ကြိုက်သူများနှင့် ခံတွင်းမရှင်းသူများအတွက်ပါ ။ကြက်ခ...
27/01/2026

ကြက်ခြေထောက်သုပ်😋
အရမ်းကောင်းလွန်းတဲ့ကြက်ခြေထောက်သုပ်
ချဉ်ချဉ် ၊ စပ်စပ်ကြိုက်သူများနှင့် ခံတွင်းမရှင်းသူများအတွက်ပါ ။
ကြက်ခြေထောက်ကို လိုသလိုခုတ်ပိုင်းပြီး ရေဆူဆူမှာထည့်ကာ
ဂျင်း ၊ ကြက်သွန်ဖြူ ၊ ရှာလကာရည် ၊ ဟင်းချက်ဝိုင်ထည့်ပြုတ်ပါ ။
ပြုတ်ပြီးသားကြက်ခြေထောက်တွေကို ရေဆေးပြီးစစ်ထားကာ
အသုပ်နယ်မည့်ပန်းကန်ထဲထည့်ပါ ။
ဂျင်းမျှင် ၊ ကြက်သွန်ဖြူ ၊ သခွါးသီး ၊ ငရုတ်သီးစိမ်း ၊ သံပုရာသီး ၊
နံနံပင်တို့ကို အပေါ်မှထည့်ပါ ။
သကြား ၊ ပဲငံပြာရည်အကြည် ၊ ရှာလကာရည် (သို့) သံပုရာရည်
ခရဆီ ၊ ဆီနီ ( ငရုတ်သီးကိုပ​ြုတ်ထောင်းပြီးချက်ထားသောဆီ )
ထည့်ကာ သမအောင်မွှေနယ်ပြီး သုံးဆောင်နိုင်ပါပြီ ။

အိမ်ရှင်မများအတွက်....❤️❤️❤️Crd_ Cooking Tips.
20/09/2024

အိမ်ရှင်မများအတွက်....❤️❤️❤️

Crd_ Cooking Tips.

အချိန်သည်လည်း အကုန် မြန်၏။လူတို့သည်လည်း အပြောင်းအလဲ မြန်၏။စိတ်တို့သည်လည်း အပြောင်းအလဲ မြန်၏။ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ...
04/09/2024

အချိန်သည်လည်း အကုန် မြန်၏။
လူတို့သည်လည်း အပြောင်းအလဲ မြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲ မြန်၏။

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ
လူတစ်ယောက် အမြဲရှိနိုင်မှာ မဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ
လူတစ်ယောက် အမြဲရှိနိုင်မှာ မဟုတ်ဘူး။

ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ်
မင်းအနားမှာ လူတစ်ယောက်
အမြဲရှိနိုင်မှာ မဟုတ်ဘူး။

ဘယ်သူကမှ မင်းအတွက်
အချိန်ပြည့် ရှိနေပေးနိုင်မှာ မဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့်
ကူညီနေပေးနိုင်မှာ မဟုတ်ဘူး။

ဘယ်သူကမှ မင်းကိုအချိန်ပြည့်
ဂရုစိုက်နေပေးနိုင်မှာ မဟုတ်ဘူး။

ကိုယ့်ကိုအမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲ ရှိတယ်။
ကိုယ့်ကိုအမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲ ရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲ ရှိတယ်။

ဘယ်သူ့မှ မစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်လေ။

ကိုယ့်ကိုယ်ကိုယ် ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ် မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှ မင်းကိုအယုံအကြည်မရှိဘူး။

အဲ..မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကို သူတို့ယုံကြည်လာလိမ့်မယ်။
ဂရုမစိုက်နဲ့။
ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်။

မေ့ပါ။ အတိတ်ကအရာတွေကို မေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ် မူတည်ခဲ့တဲ့
ပျော်ရွှင်မှုကို မေ့ပစ်ပါ။

အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့ စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ အရာတွေကို အကုန်မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသားဟာ မင်းအတွက်ပဲဖြစ်ပါစေ။

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။

အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

လောကရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။

ဘဝရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှ မရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

မင်းကိုယ်မင်း လက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။

မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိအတိုင်း လက်ခံပါ။

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့ အရာတစ်ခုအတွက် ငြင်းပါ။

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်း မခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။

ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို)။
ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေ ရှိပါစေ။

Only one .... but lion ဆိုတဲ့စကားအတိုင်းလေ။

✔ အရမ်းနှစ်ကြာတဲ့ တင်းတိတ်တွေ ပျောက်ကုန်ပြီ✔️ အဆီဖုတွေလည်းသက်သာသွားတယ်✔️ ချွေးပေါက်တွေလည်းကျဉ်းကုန်တယ်✔️ အရမ်း စန်းစန်းတ...
04/09/2024

✔ အရမ်းနှစ်ကြာတဲ့ တင်းတိတ်တွေ ပျောက်ကုန်ပြီ
✔️ အဆီဖုတွေလည်းသက်သာသွားတယ်
✔️ ချွေးပေါက်တွေလည်းကျဉ်းကုန်တယ်
✔️ အရမ်း စန်းစန်းတင့်မမတို့တောင် တည့်တယ်
✔️ အမဲစက်တွေလည်းသက်သာတယ်
✔️ သိသိသာသာဖြူဝင်းပြီး Glass skin လေးလို
✔️ အဓိကက မိတ်ကပ်တွေဘာတွေ ဘာမှလိမ်းစရာမလိုဘဲ ဝင်းဝင်းညက်ညက်လေးနဲ့ Glow နေတာ...

👏🏼 နောက်တစ်ဘူးပို့ပါအုံးဆိုတာကြီးဘဲ...

- အရေးအကြောင်းလည်းသိသိသာသာ သက်သာတယ်
- အဓိကကတော့ skin ကိုတော်တော်လေးသိသိသာသာနုပျိုသွားစေတာပါ

Melacare က night only ပါနော်
ပျောက်သွားတဲ့ တင်းတိတ်၊ အမဲစက်တွေ ပြန်မထွက်အောင် မနက်တိုင်း Sunscreen SPF 50ပါတာလိမ်းပေးရပါမယ်ရှင်

Melacare  night cream ပြန်ရောက်Price...13000ksMade in Indiaအရမ်းနာမည်ကြီးနေနလို့ရောင်းပေးတာပါဆေးတွေကတော့ ဝယ်လိမ်းတာစုံနေ...
03/09/2024

Melacare night cream ပြန်ရောက်

Price...13000ks

Made in India

အရမ်းနာမည်ကြီးနေနလို့ရောင်းပေးတာပါ

ဆေးတွေကတော့ ဝယ်လိမ်းတာစုံနေပါပြီ
ဘာဆေးလိမ်းလိမ်းမပျောက်ဘူး ဆိုရင်

Melacare night cream ၁ဗူးလေးစမ်းသုံးကြည့်

တစ်ပတ်အတွင်း သိသိသာသာ ပြောင်းလဲစေတာ အံ့မခန်းပါရှင်

တင်းတိတ် ၊ ဝက်ခြံ၊ အမဲစက်၊ မှဲ့ခြောက်ရှိသူများ ညတိုင်း အိပ်ယာဝင်ခါနီး လိမ်းပေး မိန်းကလေးချင်းတောင်ဒဲ့ကြွေတယ်

အပိုမပြောဘူး မယုံရင်သုံးကြည့် သုံးဖူးသူတိုင်းအသည်းစွဲနော် ၊ မရှိမဖြစ်ကို ဆောင်ထားသင့်တဲ့ Melacare

ကျား ၊ မ မရွေး အသုံးပြုနိုင်ပါတယ်

၁၄ရက်အတွင်းမှာ မျက်နှာဖြူဖွေး ပြောင်ဝင်းလာလို့ မြင်သူတိုင်းမယုံနိုင်လောက်အောင် ပြောင်းလဲလာတာ တွေ့ရမှာပါ

ညတိုင်းမျက်နှာသစ်ပြီး လိမ်းအိပ်ရုံဖြင့် မနက်မျက်နှာသစ်ပြီးတာနဲ့ Glow နေမှာနော်ပတ်အတွင်း လိမ်းပေးရတာပါရှင် နေ့ဘက်မလိမ်းရပါဘူးနော်


့် ၁ ပတ်အတွင်း
သိသာလာစေပါတယ် နော် 😘

ဖေ့ဘုတ်ရဲ့ အပေါ်တွေမှာ တစ်နေ့တစ်နေ့ ရှင်သန်နေရတာလည်းလွယ်တော့ လွယ်မနေခဲ့ဘူး။😉ဟင်းတွေချက်ပြီး တင်နေတဲ့ အဖွဲ့ကိုလည်းစားချင်...
27/04/2024

ဖေ့ဘုတ်ရဲ့ အပေါ်တွေမှာ
တစ်နေ့တစ်နေ့ ရှင်သန်နေရတာလည်း
လွယ်တော့ လွယ်မနေခဲ့ဘူး။😉

ဟင်းတွေချက်ပြီး တင်နေတဲ့ အဖွဲ့ကိုလည်း
စားချင်လိုက်တာ ချက်တတ်လိုက်တာ
ဘာညာ ဝင်မန့်ပေးရသေးတယ်။
မဟုတ်ရင် သူများစားနိုင်သောက်နိုင်နေတာကို
မုဒိတာ မရှိဘူး ထင်ကြမှာမို့။😁

ဝလာပြီ ဝက်ကြီးဖြစ်တော့မယ် ဘာညာ
ညည်းနေရင်လည်း မဖြစ်မနေ ဝင်အားပေးရတယ်။
တော်ကြာ သူရုပ်ဆိုးသွားတာကို
ကိုယ်ကြိတ်ပျော်နေတယ် ဖြစ်ဦးမှာလေ။ 😒

ကလေးလေးတွေပုံ ရိုက်တင်တဲ့အခါမျိုးလည်း
ကျော်သွားလို့ မရပြန်ဘူး။
သားသားလေး ချစ်လိုက်တာ
မီးမီးလေး တော်လိုက်တာနဲ့ ဝင်ပြောပေးရတယ်။
သူတို့ သားသမီးတွေကို မေတ္တာတုံးနေတယ် ထင်မစိုးလို့။😍

မိုင်ဒေးတွေ ဘာတွေ ဝင်ကြည့်မိရင်လည်း
အသဲတန်သည် အသဲ
ပါးစပ်ဟောင်းလောင်းတန်သည် ပါးစပ်ဟောင်းလောင်း
ပေးပြီးမှ ကိစ္စပြီးတယ်။
မဟုတ်ရင် သူ့ကိုပဲ မကြည်နေတာလို ထင်လို့။ 😒

မက်ဆင်ကြာကနေ
နေကောင်းပါစေ ကျန်းမာပါစေ ဆိုတဲ့
ဆေးရောင်စုံ စာသားတွေ ပန်းပုံတွေ လာရင်လည်း
ဒီတိုင်းထားလိုက်လို့ မရပြန်ဘူး။
ငါအပါအဝင် သင်ချစ်ခင်တဲ့သူတွေကို ပြန်ပို့ပေးပါဆိုလို့
ဖော်ဝပ်နဲ့ သူ့ကို ပြန်ပို့ပေးရသေးတယ်။
မဟုတ်ရင် ကိုယ်ကပဲ သူ့ကို နေမကောင်းစေချင်တာလိုလို
သဘောသက်ရောက်နေလို့။ 😒

စာအရှည်ကြီး ရေးထားတဲ့ သူတွေကိုလည်း
Just now မှာတင် သွားလိုက်ပေးလို့ မရဘူး။
စာမဖတ်ဘဲ လိုက်မပေးပါနဲ့ ဘာညာ ဆဲဆိုနေလို့
စာအတိုအရှည်ပေါ် မူတည်ပြီး
နှစ်မိနစ်တန်သည် သုံးမိနစ်တန်သည် စောင့်ပြီးမှ
တဖန် လိုက်ပြန်ပေးရတယ်။
အလကားနေရင်း မြင်းထိန်းငတာ ဖြစ်သွားလွန်းလို့။ 😒

သူတို့ပိုင်တဲ့ ပစ္စည်းတွေ ဘရန်းဒတ်တွေကို
သိသိသာသာ တစ်မျိုး မသိမသာတစ်ဖုံ
ကြွားတဲ့အခါမှာလည်း
ဟယ် ဟိုတံဆိပ်က ဘယ်လို
ဟိုဘရန်းကတော့ ဘယ်ပုံ ဆိုတာမျိုး
သွားမန့်ပေးရတယ်။
တော်ကြာ ကိုယ့်ကို ဘာမှမသုံးဖူးတဲ့ ငမွဲ ထင်ခံရမစိုးလို့။ 😷

စောင်ကြွေးတောင်း ပို့စ်တွေ ဘာတွေ
စောင်းကာ မြောင်းကာ တင်ပြန်ပလားဆို
အပြေးအလွှားနဲ့ ဘာဖြစ်တာလဲ ဘာညာ
စကားမရှိ စကားရှာ သွားမေးရသေးတယ်။
သူ့ဖရင်းတွေက ကိုယ်လို့ ထင်နေမှာ ကြောက်လို့
ကိုယ်မဟုတ်ကြောင်း ကိုယ်ရောင်သွားပြရတာ🤗

သူတို့မျက်နှာပုံကို အဝတ်အစားတွေ အမျိုးမျိုးလဲပြီး
ဆယ်ဖီတွေ မျိုးစုံ ရိုက်တင်နေရင်လည်း
ချောပါပေ့ လှပါပေ့ အားကျပါပေ့နဲ့
အောက်ကနေ မြှောက်ထိုးပင့်ကော်ကလည်း
ပြောပေးရသေးတယ်။
သူတို့ကို ကြိတ်မနာလိုနေတယ် ထင်ခံရမစိုးလို့။ 😭

ချဲလင့်တွေ ခေါ်ရင်လည်း ဟုတ်ဟုတ် မဟုတ်ဟုတ်
စတေကာ တစ်ရာလောက်တော့ ဝင် up ပေးရတယ်။
ကိုယ်ဟာ သူ့ကို စမြင်တွေကပ်ပြီး
ချဲလင့် မလုပ်စေချင်ဘူး ထင်မှာကြောက်လို့။😒

သူ့ကို ဘယ်က စသိတာလဲ ဆိုတာမျိုး မေးလာရင်လည်း
သေချာစဉ်းစားပြီး သွားဖြေရသေးတယ်။
ခင်မင်မှုကို တန်ဖိုးမထားရာ ကျပြီး
လူမှုရေး လစ်ဟင်းသူ အဖြစ်မခံချင်လို့။😩

ဟာသတွေ ရှဲလ်လာရင်လည်း
HaHa သွားနှိပ်ပေးရတယ်။
လိုက်လောက်ပဲ ပေးမိရင်
အလကားနေရင်း ကလော်တုပ်ခံရလို့။😞

အရက်သမားတွေ အုပ်စုကိုလည်း
လွှတ်ထားလို့ မရဘူး။
အရက်ကောင်းကြောင်းတွေ သူတို့အားရအောင်
ပြောပေးရတယ်။
မူးမူးရူးရူးနဲ့ ထဆဲတဲ့အခါ ကိုယ်မပါအောင်လို့။ 😒

စုံတွဲပုံတွေတင် အပိုဆာဒါးတွေ လုပ်ပြနေရင်လည်း
အားကျချင်ယောင်ဆောင်ပြီး
ပဒီးပဒါးတွေ ဝင်ပြောပေးရသေးတယ်။
သူတို့ဘဲ/စော်တွေကို စနိုက်ချင်နေတဲ့ စာရင်းထဲ ပါမှာ ကြောက်လို့။ 😒

တစ်တော့ပ်တွေ ဆော့နေရင်လည်း
ဘေကုန်ခံ ဖွင့်ကြည့်ပေးပြီး
အသဲယားလိုက်တာ ဆိုတာမျိုး
ချစ်စရာကောင်းလိုက်တာ ဆိုတာမျိုး ပြောပေးရသေးတယ်။
သူ့ကို ကြည့်မရဖြစ်နေတဲ့လူ စာရင်းထဲ ထည့်လိုက်မှာ သိနေတယ်။ 😎

Live တွေ လွှင့်ပြီး ဆံပင်တွေသပ်ပြီး
တောင်လုပ် မြောက်လုပ်တွေ လျှောက်လုပ်နေရင်လည်း
သူ့ live မှာ ကိုယ့်ကို မမြင်မချင်း ဖြတ်ပြေးပြရသေးတယ်။
ဂရုမစိုက်ဘူး ဘာညာ စိတ်ထဲ မကွက်အောင်လို့။ 😷

အေး.....
လွယ်တော့ လွယ်မနေဘူး။ 😁😁😁

👩မိန်းမတစ်​ယောက်ရဲ့ စိတ်ကို ခဏခဏ မစမ်းသပ်ပါနဲ့🙅သူနားမလည်နိုင်တော့တဲ့ အချိန်ရောက်ရင် သင် ရှင်းပြခွင့်တောင် ရလိမ့်မယ် မထင်...
20/02/2024

👩မိန်းမတစ်​ယောက်ရဲ့ စိတ်ကို ခဏခဏ မစမ်းသပ်ပါနဲ့🙅

သူနားမလည်နိုင်တော့တဲ့ အချိန်ရောက်ရင် သင် ရှင်းပြခွင့်တောင် ရလိမ့်မယ် မထင်နဲ့ မိန်းမတွေရဲ့ နှလုံးသားက ဖယောင်းချက်နဲ့ ပုံဖော်ထားတဲ့ ဖယောင်းရုပ်တစ်ခုလိုပါပဲ နှူးညံခြင်းပြီးရင် မာကြောတတ်လာကြတယ်

ချစ်တယ်ပြောပြီး ပစ်ထားခံရတဲ့အချိန်များလာရင် လွမ်းတယ်ပြောပြီး လျစ်လျူရှူထားတဲ့အချိန်များလာခဲ့ရင် ခမ်းခြောက်သွားတဲ့ မျက်ရည်စတွေကြား သူမရင့််ကျက်သွားခဲ့ရင် အရင်ကလို သင်ရဲ့ဂရုစိုက်မှုကိုလိုအပ်တော့မှာ မဟုတ်ဘူး

သင့်ရဲ့လျစ်လျူရှူမှုတွေကသူမရဲ့ ခံနိုင်ရည်စွမ်းကို ရိုက်ချိုးခဲ့ပြီးလေသင်ရဲ့ပစ်ပယ်ထားမှုက သူမကို အထိုက်အလျောက်နေသားကျစေသွားပြီးလေ သင်မပေးခဲ့တဲ့ အချိန်တွေအတွက်ကျခဲ့တဲ့ မျက်ရည်တွေအစား သူမရဲ့အချိန်တွေကိုသူမရဲ့ဘဝအတွက် အရေးကြီးတယ်ထင်တဲ့ အလုပ်တွေကိုကြိုးပမ်းသွားတော့မှာပါ

သင်မမြင်နိုင်တဲ့ သူမရဲ့တန်ဖိုးကိုတစ်ခြားတစ်ယောက်က မြင်ပြီး တန်ဖိုးထားခဲ့မယ်ဆိုရင်သင် မနာလိုမဖြစ်ပါနဲ့တော့ မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံးအချိန်ဟာ သင်တို့ နားလည်နိုင်စွမ်းရဲ့နံရံတစ်ဖက် အစွန်းမှာပါ

Credit: သတင်းရပ်ကွက်

ရုတ်တရက်လေဖြတ်လျှင်ချက်ချင်းအကောင်းပကတိဖြစ်အောင်ပြုစုကုသနည်းပြုစု ကုသနည်းမှာ သမားတော်ကြီး ဣစ္ဆာသယဦးမောင်မောင် ၏ နည်းဖြစ်...
13/12/2023

ရုတ်တရက်လေဖြတ်လျှင်
ချက်ချင်းအကောင်းပကတိဖြစ်အောင်ပြုစုကုသနည်း

ပြုစု ကုသနည်းမှာ သမားတော်ကြီး ဣစ္ဆာသယ
ဦးမောင်မောင် ၏ နည်းဖြစ်ပါသည် ။

နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ဆောင်းပါးရှင်
မြင့်မြတ်ထွန်းက စိတ်၀င်စားဖွယ် ရေးသားထားပြီး
မကြာမီ ကပင် လေဖြတ်သလို ဖြစ်၍ ပါးရွဲ့ခြေလက်
လှုပ်မရသူ မိတ်ဆွေ တစ်ဦးအား သမားတော်ကြီး
ညွန်ပြပါ နှိပ်ကွက် နေရာလေးများအား နှိပ်ပေးပါရန်
အကြံပေးလေရာ ( ၃ ) ရက် အကြာတွင် အကောင်း
ပကတိ ဖြစ်ခဲ့သည်မို့ အဖြစ် များလှသော လေဖြတ် ၊
လေဖြန်းရောဂါ များ ကြုံခဲ့ ဖြစ်ခဲ့ပါလျှင် အသုံး
ပြုနိုင်ပါရန် ထပ်ဆင့် မျှဝေလိုက်ပါသည် ။

လေရောဂါသည် အသက် ( ၄၀ ) နှင့် ( ၆၀ ) ကြား
အဖြစ်များပါသည် ။

အအေးများရာက လေအထက်သို့ ဆောင့်တက်၍
လေဖြတ်ပြီး ပါးရွဲ့ ၊ ခြေထောက်ဆာ ၊ ခြေလက်တို့
လှုပ်မရအောင် ဖြစ်တတ်ပါသည် ။

ရုတ်တရက် လေမိသူကို ယခု တင်ပြမည့်
နှိပ်ကွက် လေးများဖြင့် နှိပ်ပေးပါမည် ဆိုလျှင် ပျောက်ကင်း သက်သာမှုကို ရရှိစေပါသည် ။

နှိပ်ကွက် ( ၁ )

ခြေမျက်စိ နောက်တွင် ကပ်နေသော
သွေးပြန်ကြောကို ခပ်နာနာလေး နှိပ်ပေးပါ ။

နှိပ်ကွက် ( ၂ )

ခြေဖဝါး အလယ် ဘေးသားက အကြောကို
ကျေညက်အောင် နှိပ်ချေပေးပါ ။

နှိပ်ကွက် ( ၃ )

ဒူးဆစ်အောက်မှာ ရှိတဲ့ ခြေတံကောက်ကြော ကို
နှိပ်ချေပေးပါ ။

နှိပ်ကွက် ( ၄ )

ပေါင်တွင်းကြောကို ကြိတ်ချေပြီး နှိပ်ပေးပါ ။

အဲ့လိုနှိပ်ကွက် လေးကွက်နဲ့ အချိန်မဆိုင်းပါပဲ
ဝိုင်း၀န်း နှိပ်ပေးလိုက်မယ် ဆိုရင် လေမိသူဟာ
သတိလစ်မလို ဖြစ်နေရာက အာလေးလျှာလေး
ဖြစ်နေတာတွေ လျော့ကျ သွားပြီး မကြာခင်မှာ
သတိလည်ကာ လူကောင်းလို စကား ပြန်ပြောနိုင်မှာ
ဖြစ်ပါတယ် ။

လိုအပ်သူများ စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေဗျာ ။

Credit
#ပြန်လည်မျှဝေသည်။

Address

Meiktila

Telephone

+959976269994

Website

Alerts

Be the first to know and let us send you an email when Shwe Yoon PaChi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Yoon PaChi:

Shortcuts

Share