Movie World

Movie World Welcome from my page.

Mission Majnu ( 2023 ) #ဇာတ်ကားသစ်ကြီး)====================================Shershaah ဇာတ်ကားနဲ့ ပရိတ်သက်အသည်းကိုပိုမိုကိ...
21/01/2023

Mission Majnu ( 2023 ) #ဇာတ်ကားသစ်ကြီး)
====================================

Shershaah ဇာတ်ကားနဲ့ ပရိတ်သက်အသည်းကိုပိုမိုကိုင်လုပ်နိုင်ခဲ့တဲ့ မင်းသားချေား Sidharth Malhotra ရဲ့ ဇာတ်ကားအသစ်စက်စက်ကြီးပါ

မင်းသမီးနေရာမှာကတော့ အားလုံးသိပြီးသား မင်းသမီးချေားလေး Rashmika Mandanna ဆိုတော့ ကိုကိုတွေ အသည်းစွဲပေါ့ဗျာ

ဇာတ်ကားအမျိုးအစားကတော့ အက်ရှင် ဒရမ်မာ အမျိုးအစားဆိုတော့ ကြမ်းမယ်ရမ်းမယ် လွမ်းမယ်ဆွေးမယ် ပေါ့ဗျာ

ကျနော်ကတော့ အင်မတန်ကြိုက်မဲ့ဇာတ်ကားတစ်ကားဖြစ်မယ်ဆိုတာကတော့အာမခံတယ်ဗျာ

IMDB Rating ကလည်း လုံးဝ အမြင့်ဆုံးရထားတဲ့ကားဆိုတော့ ကြည့်ဖြစ်ရင်ကြည့်လိုက်ကြပါဗျာ

မင်းသားမင်းသမီးကြည့်ရတာနဲ့တင်တန်ပါတယ်ဗျ



https://m.facebook.com/events/2548728005292896?view=permalink&id=2548811591951204



Head Bush (2022)  #ဇာတ်ကားသစ်===============Action, Biography, CrimeIMDB 6.8/10 (1.1K)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ K...
14/01/2023

Head Bush (2022) #ဇာတ်ကားသစ်
===============
Action, Biography, Crime
IMDB 6.8/10 (1.1K)

အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ KGF မင်းသားတို့ရပ်ဝန်းက
ကန်နန်ဒါးဘာသာစကားနဲ့ထွက်ရှိလာပြီး မင်းသားဒန်နန်ဂျေယားနဲ့
မင်းသမီး ပါယလ်ရာဂျ်ပွသ်တို့က
အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။

ဒီဇာတ်ကားလေးဟာ Agni Sridhar ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
'My Days in the Underworld' ဆိုတဲ့ စာအုပ်အပေါ်အခြေခံထားပြီး
ဘန်ဂလောမြို့ ​မြေအောက်လောကအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။

နိုင်ငံရေးမှာ ထာဝရ ရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ထာဝရအကျိုးစီးပွားဆိုတာပဲ ရှိပါတယ်
နိုင်ငံရေးသမားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက်
မြေပေါ်မြေအောက်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ်
The Guys of Rangoon ထဲက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းထဲမှာလဲ
ဆန္ဒပြပွဲဖြစ်ပြီး အစိုးရတွေပြုတ်ကျဖို့ လူမိုက်တွေကို ငှားလုပ်ခိုင်းတာကို တွေ့ရမှာပါ
ခုဇာတ်ကားက လမ်းမတော်ဖိုးတုတ် live action လိုပါပဲ
မိုက်ပေမဲ့ နှလုံးသားလှတဲ့ လူမိုက်ကြီး ဂျယ်ရက်ဂ်ျရဲ့ ဒီမြို့ကို
ငါတို့ပိုင်တယ်ဆိုတဲ့ အထာအလန်းကြီးတွေနဲ့ ဂိုဏ်းစတားတွေကို တစ်ဝကြီးရှုစားရမှာပါ

Fb Link 👇

https://m.facebook.com/events/575630137746143?view=permalink&id=575644531078037&mibextid=Nif5oz

#နေဆည်းဆာ

#မြန်မာစာတန်းထိုးဇာတ်ကားများ

အမေရိကန်နိုင်ငံ ဟောလီးဝုဒ်မှာ ကျင်းပနေတဲ့ 2023Golden Globe အကယ်ဒမီ ပေးပွဲ အခမ်းအနားကိုရာမ်ချရန်၊ NTR,ဘဟူးဘလီ ဒါရိုက်တာ ရ...
12/01/2023

အမေရိကန်နိုင်ငံ ဟောလီးဝုဒ်မှာ ကျင်းပနေတဲ့ 2023
Golden Globe အကယ်ဒမီ ပေးပွဲ အခမ်းအနားကို
ရာမ်ချရန်၊ NTR,ဘဟူးဘလီ ဒါရိုက်တာ ရာဂျားမူလီနဲ့
RRR ရုပ်ရှင် အဖွဲ့သားတွေ တက်ရောက်နေပြီး RRR
ထဲက ရာမ်ချရန် နဲ့ NTR တွဲကတဲ့ Naatu Naatu
သီချင်းက Best Original Song ဆု ရသွားပါတယ်။

ဇာတ်ကား ကောင်းတွေ တင်ပေးနေတဲ့ မင်မင် Channel ကို Join ထားပါ
https://t.me/bagyihmone14

The Teacher (2022)  ဇာတ်ကားသစ်ကြီး Fb link အားကစားဆရာမတစ်ဦးဖြစ်တဲ့Devikaဟာ ယောကျာ်းဖြစ်သူ Sejihနဲ့အတူ ဘဝကို ငြိမ်းငြိမ်း...
12/01/2023

The Teacher (2022) ဇာတ်ကားသစ်ကြီး Fb link

အားကစားဆရာမတစ်ဦးဖြစ်တဲ့Devikaဟာ ယောကျာ်းဖြစ်သူ Sejihနဲ့အတူ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းနေသူဖြစ်တယ်။
အိမ်ထောင်သက်လေးနှစ်ကြာတာတောင် ကလေးမရတဲ့ Devikaတစ်ယောက် ရုတ်တရတ်ကြီးကိုယ်ဝန်ရှိလာခဲ့ပေမဲ့ အားကစားပြိုင်ပွဲနေ့ညနေကဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့်
Devikaတစ်ယောက် ကလေးကိုမွေးရ မမွေးရဝေခွဲမရဖြစ်နေခဲ့ပါတယ်။စိတ်ရှင်းသွားအောင်လို့ အားကစားပြိုင်ပွဲနေ့ညနေက အကြောင်းကို Devikaတစ်ယောက်
စုံစမ်းခဲ့တဲ့အချိန်မှာတော့ ကျောင်းသားတစ်ဖွဲ့က သူမကိုဆေးခတ်ကာ အဓမ္မကျင့်ခဲ့ကြောင်းကို Devikaတစ်ယောက်သိသွားခဲ့ရပါတယ်။Devikaတစ်ယောက်
ကလေးကိုဖျက်ချဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာတော့ ယောကျာ်းဖြစ်သူ Sejihက ကိုယ်ဝန်အကြောင်းကို သိသွားခဲ့ပါတယ်။

အဓမ္မကျင့်ခံရရင် နစ်နာသူကို အပြစ်တင်တဲ့လူပတ်ဝန်းကျင်ကြောင့် ရဲတိုင်ဖို့လဲ မလုပ်နိုင်တဲ့အပြင် ယောကျာ်းဖြစ်သူကိုပါ မပြောပြနိုင်ခဲ့တာကြောင့်
Devikaတစ်ယောက် ဒီကျောင်းသားအဖွဲ့ကို ဘယ်လိုလက်တုံပြန်မလဲဆိုတာကို ကြည့်ရှုကြပါအုံး။

Telegramမှာဆို ဇာတ်ကားတွေ ပိုစုံတယ်နော်

Join Telegram Channel

https://t.me/bagyihmone14/17

Fb link

https://www.facebook.com/groups/1280838109425332/permalink/1320645545444588/?mibextid=Nif5oz

#ဇာတ်ကားသစ်ကြီး


PK [2014] မြန်မာစာတန်းထိုး========India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာ....ရွေ့လျားနေသောတိမ်တိုက်ကြီးတစ်ခုမြေပြင်သို့ ...
12/01/2023

PK [2014] မြန်မာစာတန်းထိုး
========

India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာ....
ရွေ့လျားနေသောတိမ်တိုက်ကြီးတစ်ခုမြေပြင်သို့ တဖြည်းဖြည်းချဉ်းကပ်လာနေပါတယ်
ိတိမ်တိုက်အတွင်းမှာတော့ ပန်းကန်ပြားပျံသဏ္ဍာန်ယာဉ်ပျံတစ်စင်း
အဆိုပါယာဉ်ထဲမှ ဝတ်လစ်စလစ်နှင့် လူသားသဏ္ဍာန်တစ်ခုဆင်းလာပါတယ်
ထို့နောက်ယာဉ်ပျံကပြန်လည်ထွက်ခါသွားပါတော့တယ်

သူ့လည်ပင်းမှာတော့ အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတစ်ပြားကို ဆွဲကြိုးအဖြစ်ဆွဲထားပါတယ်
အဆိုပါဆွဲကြိုးဟာ သူ့အတွက် သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control ဆိုလည်းမမှားပါဘူး

ကမ္ဘာကြီးကသူ့အတွက်တော့ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်တစ်ခုပေါ့
India အမျိုးသားကြီးတစ်ယောက်ကို သူတွေ့တဲ့အခါ ထိုအမျိုးသားကြီးဆီသူလျှောက်သွားတယ်
ထိုအမျိုးသားကြီးက သူ့လည်ပင်းကဆွဲကြိုးကို ဖြုတ်လုပြီး ခုတ်မောင်းလာနေတဲ့ ရထားတွဲပေါ်ပြေးတက်လိုက်ပါသွားတယ်
သူလည်းသူ့ဆွဲကြိုးလေးပြန်ရဖို့ကြိုးစားရင် ထိုအမျိုးသားကြီးဆီက ရေဒီယိုလေးတစ်လုံးကို ပြန်ရခဲ့ပါတယ်

သဲကန္တာရအလယ်
အခြားကမ္ဘာက ဝတ်လစ်စလစ်ဂြိုလ်သားတစ်ယောက်
ရေဒီယိုလေးတစ်လုံးပိုက်လို့

သူနေထိုင်ရာဂြိုလ်ဆီပြန်ဖို့ remote control ကလည်းပျောက်ဆုံးသွားခဲ့ပြီ
လူသားတွေရဲ့အလေ့အထ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုပညတ်တွေ ဘာသာစကားတွေ ဘာမှနားမလည်တဲ့ သူ့အဖို့ ဒီ remote control လေးကို ဘယ်လိုပြန်ရှာဖွေမှာလဲ

လူတွေကတော့ သူ့ကို PK လို့ခေါ်ကြတယ်
သူနေထိုင်ရာ ဂြိုလ်မှာ ဘာသာစကားမရှိဘူး
အဝတ်အစားမဝတ်ဘူး အတွေးနဲ့စကားပြောကြတယ်
သူ့မှာအမည်နာမ မရှိဘူး
လူသားတွေလို စကားတစ်ခွန်းကြောင့် နားလည်မှုလွဲပြီးအမုန်းတွေမပွားကြဘူး

PK အတွက်တော့ လူသားတွေလို ပြုမူနေထိုင်နိုင်ဖို့တော်တော်လေ့လာသင်ယူခဲ့ရတယ်
အဝတ်အစားကိုမှန်ကန်အောင်ဝတ်နိုင်ဖို့ ငွေကြေးတွေသုံးစွဲဝယ်ယူတတ်ဖို့နဲ့ ဘာသာစကားတွေကို ပြောဆိုတတ်ဖို့ သူ့အတွက် ခြောက်ပတ်တိတိလေ့လာခဲ့ရတယ်

PK ရဲ့ ထူးခြားတဲ့အမူအကျင့်တွေကို သတိထားမိခဲ့သူ သတင်းထောက်မလေး Jaggu ဟာ PK အကြောင်းကို သိရဖို့ကြိုးစားပါတော့တယ်

PK အတွက်မ္ဘာပေါ်မှာ ဘယ်လိုအတွေ့အကြုံတွေကိုဆက်လက်တွေ့ရမှာလဲ
သူ့ remote control လေးကို ပြန်ရှာတွေ့နိုင်မှာလား
......

PK ဇာတ်ကားဟာ 2014 ခုနှစ်ထွက် Bollywood ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Ghajini (2008), 3 Idiots (2009) နဲ့ Dhoom 3 (2013) စတဲ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား Aamir Khan ကခေါင်းဆောင်ပါဝင်ထားပြီး မင်းသမီး Anush Sharma နဲ့အတူ ဒါရိုက်တာ Rajkumar Hirani ကရိုက်ကူးပေးထားတာပါ

Vinod Chopra Films မှထုတ်လုပ်ပြီး UTV Motion Pictures မှ 2014 ခုနှစ် December 19 ရက်တွင် ဖြန့်ချိပေးခဲ့ရာ ဖြန့်ချိပြီး ၂ ပတ်အတွင်းမှာပင် India နိုင်ငံရဲ့ ရုပ်ရှင်သမိုင်းတစ်လျောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း 2014 ခုနှစ်ထွက်ရှိသမျှဇာတ်ကားတွေထဲမှာတော့ ဝင်ငွေအကောင်းဆုံး နံပါတ် ၆၅ အဖြစ်ရပ်တည်နေပါတယ်

ရိုက်ကူးထုတ်လုပ်မှုစရိတ် ဒေါ်လာ ၁၃ သန်းကုန်ကျခဲ့တဲ့ PK ရုပ်ရှင်ဇာတ်ကားဟာ အခုချိန်ထိဝင်ငွေ ၉၂ သန်းကျော် ပြန်လည်ရှိထားပါတယ်

ဘာသာရေးနဲ့ ပတ်သက်ပြီး သရော်ထားတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ဝေဖန်ခံရမှုတွေရှိခဲ့ပေမယ့် PK ဇာတ်ကားဟာ ကျွန်တော်တို့တွေ နေ့စဉ်ဘဝမှာ အမြဲတမ်းကြုံတွေ့နေရတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ ဘာသာရေးကိုခုတုံးလုပ်မှုတွေ လွဲမှားစွာကိုးကွယ်ယုံကြည်မှုနေတဲ့ အစွန်းရောက်လွန်းလှတဲ့ အယူအဆအချို့ကိုပါ လှပစွာမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်

ကျွန်တော်တို့တွေရောရိုးသားစွာယုံကြည်သက်ဝင်နေကြတာလား သေသေချာချာတွေးတောကြည့်ဖြစ်ကြရဲ့လား
လွဲမှားနေတဲ့ အယူအဆအဟောင်းတွေနောက်လိုက်မိနေကြပြီလား

PK နဲ့အတူအတွေးနယ်ချဲ့ကြည့်ရအောင်လားဗျာ....

ဇာတ်ကားကြည့်ရန် 👇👇👇
https://t.me/bagyihmone14/16


#ဇာတ်ကားသစ်ကြီး

Uunchai (2023)   #ဇာတ်ကားသစ်ကြီး=============IMDb 7.7/10  ရပါပြီအခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ...
06/01/2023

Uunchai (2023) #ဇာတ်ကားသစ်ကြီး
=============
IMDb 7.7/10
ရပါပြီ

အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့ ရုံတင်၀ငျငှခေန့ျမှနျးခွေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့
3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်...

ဇာတ်လမ်းအကျဉ်းကတော့
အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှ
ဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။
ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့...။
ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့
ဘယ်လိုပြင်ဆင်ကြမလဲ...။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ...။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့....ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော်

ဇာတ်ကားကြည့်ရန်https://www.facebook.com/groups/1280838109425332/permalink/1330007017841774/?mibextid=Nif5oz




#မြန်မာစာတန်းထိုးဇာတ်ကားများ

Double XL (2022)  #ဇာတ်ကားသစ်===========================ဒီတစ်ခေါက်မှာတော့ "Double XL" ဆိုတဲ့အိန္ဒိယကားလေးကို ရွေးချယ်ထားပ...
30/12/2022

Double XL (2022) #ဇာတ်ကားသစ်
===========================

ဒီတစ်ခေါက်မှာတော့ "Double XL" ဆိုတဲ့အိန္ဒိယကားလေးကို ရွေးချယ်ထားပါတယ် ဒီကားထဲမှာတော့အိုဗာဆိုဒ်ဖြစ်နေတဲ့ကောင်မလေးနှစ်ယောက်ရဲ့
လူတှရေဲ့ဝဖေနျမှု ပြစ်တင်မှုကြောင့်ကြုံတွေ့ရတဲ့စိတ်ဒဏ်ရာတွေ၊ အခက်အခဲတွေကိုဖော်ပြပြီးတော့ သူတို့ဘယ်လိုမျိုးသတ္တိရှိရှိနဲ့ကျော်လွှားသွားတယ်
ဆိုတာကို ပြထားတာပါ

ဆိုင်ရာဟာ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီးတော့ သူ့ကိုယ်ပိုင်ဘရန်းလေးထုတ်ချင်နေတဲ့သူဖြစ်ပါတယ် ဒါပေမယ့်သူ့ရဲ့ခန္တာကိုယ်ဝဝကြီးကြောင့်ချစ်သူက
နောက်ကွယ်မှာဖောက်ပြန်ပြီး သူ့ချစ်သူရဲ့သူငယ်ချင်းတွေကလည်းနောက်ကွယ်မှာ အပုပ်ချပြောဆိုနေတာပေါ့
ရာ့ဂ်ျရှရီကတော့ခရစ်ကတ်ကြေငြာသူဖြစ်ချင်ပေမယ့်သူကလည်းပိန်ပိန်ပါးပါးကောင်မလေးတွေကိုပဲဦးတည်ရွေးချယ်တဲ့လုပ်ငန်းခွင်ထဲမှာ
တိုးမပေါက်နိုင်ဘဲဖြစ်နေပါတယ်

ကဲ...အိုဗာဆိုဒ်ဖြစ်နေတဲ့ကောင်မလေးနှစ်ယောက် ပြဿနာကိုယ်စီနဲ့ ဘယ်လိုများတွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားကြမလဲ
အချင်းချင်းရဲ့ပြဿနာတွေကိုဘယ်လိုကူညီဖြေရှင်းသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
FB Link

https://www.facebook.com/groups/1565461390579711/permalink/1600332743759242/?mibextid=Nif5oz

Vikram (2022)============ဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိ...
30/12/2022

Vikram (2022)
============

ဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်း
ကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိ အောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်

တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်း ဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....

တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်း ဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....

ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်း လိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်
ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိနေတယျ....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါ လူသတ်ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...

ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..

ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေ
ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်း အများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....

ဇာတ်ကားကြည့်ရန်https://www.facebook.com/groups/1280838109425332/permalink/1324376038404872/?mibextid=Nif5oz


#ဇာတ်ကားသစ်ကြီး



#မြန်မာစာတန်းထိုးဇာတ်ကားများ

Pattathu Arasan (2022)   #ဇာတ်ကားသစ်ကြီး ====================  ရပါပြီPattathu Arasan ဇာတ်ကားမှာတော့Chinnaduriရဲ့အဖိုးPot...
30/12/2022

Pattathu Arasan (2022) #ဇာတ်ကားသစ်ကြီး
====================
ရပါပြီ

Pattathu Arasan ဇာတ်ကားမှာတော့Chinnaduriရဲ့အဖိုးPottariဟာ နာမည်ကြီး Kabaddiကစားသမားတစ်ယောက်ဖြစ်ပေမဲ့
Chinnaduriကတော့ Kabaddiကစားရင်း ဖခင်ဖြစ်သူသေဆုံးခဲ့မှုကြောင့် မိခင်ဖြစ်သူက Kabaddiကစားဖို့ကို ကန့်ကွက်ခဲ့သည့်အပြင် အဖိုးဖြစ်သူမိသားစုနဲ့ပါ
အဆက်အသွယ်ဖြတ်နေရသူဖြစ်ပါတယ်။ညီဝမ်းကွဲလေးChinnalahက အဖိုးPottariလို နာမည်ကြီးလူငယ်Kabaddiကစားသမားဖြစ်လာခဲ့ပြီး
မျိုးရိုးသုံးဆက်တိုင် သူတို့ကိုရှုံးနိမ့်နေခဲ့တဲ့ Sagadapponမိသားစုက Chinnalahကိုအကွက်ချလုပ်ကြံခဲ့တာကြောင့် Chinnalahဟာ သူ့ရဲ့အိမ်မက်ဖြစ်တဲ့
Kabaddiကစားသမားအဖြစ်ကို စွန့်လွှတ်လိုက်ရတဲ့အပြင် ရွာမှာပါ နာမည်ပျက်သွားခဲ့တာကြောင့် ကိုယ်ကိုကိုယ်သတ်သေသွားခဲ့တယ်။

ညီဖြစ်သူသေဆုံးမှုကြောင့် Pottariမိသားစုနဲ့ Chinnaduriဟာငြိမ်းချမ်းရေးယူပြီးတော့ ရွာကိုယ်စားပြုအသင်းနဲ့ Pottariမိသားစုအသင်းဆိုပြီး Kabaddiပြိုင်ကစားဖို့
ဆုံးဖြတ်ခဲ့ကြတယ်။အသက်၇၀အရွယ်ရှိPottariတစ်ယောက် သားဖြစ်သူတွေနဲ့ Kabaddiမကစားတတ်တဲ့မြေးဖြစ်သူChinnaduriတို့အဖွဲ့က ရွာကိုယ်စားပြုအသင်းကို
အနိုင်ယူပြီးတော့ Sagadapponမိသားစုကို လက်စားပြန်ချေနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။

ဇာတ်ကားကြည့်ရန် https://www.facebook.com/groups/535631688148432/permalink/556901462688121/?mibextid=Nif5oz




#မြန်မာစာတန်းထိုးဇာတ်ကားများ

I've just reached 300 followers! Thank you for continuing support. I could never have made it without each and every one...
30/12/2022

I've just reached 300 followers! Thank you for continuing support. I could never have made it without each and every one of you. 🙏🤗🎉

Sardar [2022] အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စပို...
29/12/2022

Sardar [2022]

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....

လတ်တလော မြန်မာပြည်က ရုံမချသေးပေမယ့် အကြည်ဗားရှင်းတက်လာလို့ ဦးဦးဖျားဖျား CM ကနေ စာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်နော်

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ်တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ...

ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့

ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့
လာရိုက်ခတ်နေပါတယ်...

ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ...။

တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်...

ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကိုရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်...

အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို
ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ...

ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာရှုစားလိုက်ပါတော့နော်...။

ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာကပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။

https://www.facebook.com/groups/1124061811637769/permalink/1124063984970885/?mibextid=Nif5oz




24 [2016]Action, Comedy, DramaIMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့Time Travel...
29/12/2022

24 [2016]

Action, Comedy, Drama
IMDb 7.9/10 (23K)

အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။

ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။

ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့
ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

ကဲ အခု ဇာတ်လမ်းကိုသွားမယ်။

စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကိုခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။

အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။

စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။

အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကိုတပည့် တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ရောက်လာခဲ့ပါပြီ။

ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကိုမျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ညွှန်းဆိုပေးလိုက်ပါတယ်နော်။

ဇာတ်ကားကြည့်ရန်
https://m.facebook.com/events/8514809645256094?view=permalink&id=8566292110107847


Address

Magway
Minbu
04023

Telephone

+959941722330

Website

Alerts

Be the first to know and let us send you an email when Movie World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Movie World:

Share