JJ Fashion - Monywa

JJ Fashion - Monywa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JJ Fashion - Monywa, Shopping Service, သလ္လာအမှတ်(၁)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ မုံရွာမြို့။, Monywa.

🧡မင်မင်ဝတ်ထားတဲ့ဂါဝန်လေးကြိုက်ကြလား🧡👉1သောင်းကျော်လေးနဲ့ရောင်းပေးမယ်ရှင့်👉ကြိုက်ရင်တော့Cbကိုကြွပါရှင့်
04/02/2024

🧡မင်မင်ဝတ်ထားတဲ့ဂါဝန်လေးကြိုက်ကြလား🧡
👉1သောင်းကျော်လေးနဲ့ရောင်းပေးမယ်ရှင့်
👉ကြိုက်ရင်တော့Cbကိုကြွပါရှင့်

စိတ်ထားလှအောင်အမြဲနေပါ။လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ်  ချောနေတယ်ဆိုရင် .....အဲ့ဒီလူက စိတ်ထားကောင...
24/12/2023

စိတ်ထားလှအောင်အမြဲနေပါ။

လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒီလူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။
ဘဝကိုပျော်ပျော်နေတတ်တယ်။ ပွင့်လင်တယ်။
အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။

ကိုယ်အသက်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။ သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။ ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။ ရယ်မောရင် အားရပါးရရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေးဆန်တယ်။

တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.
ပျော်ပျော်နေတတ်တာများပါတယ်။
အဲ့ဒိ့တော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ။

Credit
De - စာပေ ဗဟုသုတ

ရင့်ကျက်သွားတဲ့အခါ .. □ □ □■ အရင်တုန်းက တစ်ခုခု ဒေါသထွက်ရင် ချက်ချင်းမစဉ်းစားပဲ ပြန်ပြော၊ ပြန်လုပ်တတ်ပေမယ့် အခုတော့ နှုတ...
09/12/2023

ရင့်ကျက်သွားတဲ့အခါ ..
□ □ □
■ အရင်တုန်းက တစ်ခုခု ဒေါသထွက်ရင် ချက်ချင်း
မစဉ်းစားပဲ ပြန်ပြော၊ ပြန်လုပ်တတ်ပေမယ့် အခု
တော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့
ပေါက်ထွက်တော့မယ့် ဒေါသတွေကိုအချိန်မီ
ပြန်မျိုချတတ်လာတယ်။

■ အရင်တုန်းက သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့
အထိခံစားတတ်ပေမယ့် အခုတော့ တစ်ဖက်နား
ကဝင်ပြီး အခြားတစ်ဖက်က ထွက်သွားတယ်။

■ အရင်တုန်းက ရင်ဘတ်ထဲက ခံစားတာတွေကို
ဦးစားပေးခဲ့ပြီး အရူးကြီးတစ်ယောက်လိုဖြစ်ပေ
မယ့် အခုတော့ နှလုံးသားကို ခဏအနားပေးပြီး
ဦးနှောက်ကိုပဲ ပိုမျက်နှာသာပေးမိတယ်။

■ အရင်တုန်းက လူတစ်ယောက်ကို လွယ်လွယ်
ကူကူ ယုံကြည်တတ်ပေမယ့် အခုတော့အချိန်
အတိုင်းအတာ တစ်ခုအထိစောင့်ကြည့်ပြီးမှ
ယုံတတ်လာတယ်။

■ အရင်တုန်းက ချစ်ရင်ချစ်တယ်၊ မုန်းရင်မုန်းတယ်
နေလို့ရခဲ့ပေမယ့် အခုတော့မုန်းတဲ့လူကိုပြုံးပြပြိး
ချစ်တဲ့လူကို ဥပေက္ခာပြုတဲ့အလေ့အကျင့်တွေလဲ
ပိုင်ဆိုင်လာတယ်။

■ အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိသလို
နေရတဲ့ ဘဝလေးကိုသတိရတယ်။ ဒါပေမယ့်
"ရောမ"ရောက်ရင် "ရောမသား"တွေလိုကျင့်ကြံ
ရတယ်ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ်နဲ့
အတူပြောင်းလဲလာရတယ်။

■ အမှားတစ်ခုစီက သင်ခန်းစာတွေပေးခဲ့တယ်။
အချို့အမှားတွေက ပြင်းထန်လွန်းလို့ အမာရွတ်
တွေကျန်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအမာရွတ်တွေ
ကို ဆုတံဆိပ်တွေလို ဂုဏ်ယူစွာ တပ်ဆင်ထား
တယ်။ ဘယ်လောက်ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့ပြီး
ဒီအခြေအနေထိရောက်လာလဲဆိုတာကိုဖော်ပြ
နေတဲ့အမှတ်အသားတွေမို့ တန်ဖိုးထားတယ်။

☞ အသက်ကြီးလို့လူကြီးဖြစ်တာထက်၊
အသိကြီးလို့ လူကြီးဖြစ်တာက ပိုကောင်းပါတယ်။ ☜

👗မင်မင်ကကိုယ်ရောင်းတဲ့အဝတ်ကို🥰ကိုယ်တိုင်လဲဝတ်တယ်ကြိုက်လို့🥰😍ရောင်းလဲရောင်းတယ်Cusတွေကိုလဲလှစေချင်လို့😍👗မင်မင်ဝတ်ထားတာလေးတ...
03/12/2023

👗မင်မင်ကကိုယ်ရောင်းတဲ့အဝတ်ကို
🥰ကိုယ်တိုင်လဲဝတ်တယ်ကြိုက်လို့🥰
😍ရောင်းလဲရောင်းတယ်Cusတွေကိုလဲလှစေချင်လို့😍
👗မင်မင်ဝတ်ထားတာလေးတွေကInstockပါရှင်
👉မှာယူချင်တယ်ဆိုရင်တော့Cbကိုကြွပါရှင့်🥰🥰🥰
❤️❤️ချစ်cusလေးတွေကိုလှစေချင်တဲ့မင်မင်❤️❤️

ကိုယ်ချစ်လည်း မရှာနဲ့ ... သူချစ်လည်း မရှာနဲ့ ...လူစိတ် ရှိတဲ့ သူကိုပဲရှာ  သူကပဲချစ်ချစ် ... ကိုယ်ကပဲချစ်ချစ်... အဲဒီအချစ...
02/12/2023

ကိုယ်ချစ်လည်း မရှာနဲ့ ...

သူချစ်လည်း မရှာနဲ့ ...

လူစိတ် ရှိတဲ့ သူကိုပဲရှာ

သူကပဲချစ်ချစ် ...

ကိုယ်ကပဲချစ်ချစ်...

အဲဒီအချစ်တွေက
ကုန်ဆုံးသွားတတ်သေးတယ်

အဲဒီလိုကုန်ဆုံးသွားလို့လည်း
ကွဲကြ ပြဲကြဖြစ်နေတာကိုး...

လူစိတ်ရှိတဲ့ လူကတော့
သူ့ရင်ထဲမှာ ကိုယ်ချင်းစာတရား ရှိလို့...

ကိုယ့်ကို ချစ်ချစ် မချစ်ချစ်
ကိုယ် ဘာပဲဖြစ်နေ ဖြစ်နေ
ကိုယ့်ကို ဘယ်တော့မှ
စွန့်ခွာသွားမှာမဟုတ်ဘူး

ဘာလို့လဲဆိုတော့
သူ့ရဲ့အတွေးတွေ စိတ်တွေက
သနားတတ်တယ် ....
ကြင်နာတတ်တယ် ....
ကရုဏာတရားရှိတယ်....

ဘယ်အရာကိုမဆို ...
'သူ့နေရာမှာ ငါဆိုရင်' ဆိုပြီး
ကိုယ်ချင်းစာတဲ့ စိတ်နဲ့ ကြည့်တယ်

အဲဒါကြောင့် ကိုယ်ချစ်တွေ
သူချစ်တွေ ထက်
လူစိတ်ရှိတဲ့ လူကို ရွေးတာက
သင့်အတွက်မမှားနိုင်ဘူး

လူစိတ် ရှိသူများနှင့် တွေ့ကြပါစေ။

Crd..

ကျွန်မက ကျွန်မပါပဲ *******************လူတွေက ကံချင်းမတူကြလို့ ဘယ်သူ့ကိုမှတုပြီး လိုက်အားကျ မနေတတ်ပါဘူး ။ သူ့မှာလည်း သူကံ...
01/12/2023

ကျွန်မက ကျွန်မပါပဲ
*******************

လူတွေက ကံချင်းမတူကြလို့ ဘယ်သူ့ကိုမှတုပြီး လိုက်အားကျ မနေတတ်ပါဘူး ။ သူ့မှာလည်း သူကံတရားနဲ့ သူ အကောင်း အဆိုး ရှိသလို ကျွန်မလည်း ကျွန်မ ကံတရား နဲ့ ကျွန်မပဲလေ ။

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး အချစ်ခံရသည် ဖြစ်စေ
အပစ်ခံရသည်ဖြစ်စေ ဘယ်သူနဲ့မှ ပြိုင်မငြင်းချင်ဘူး ။
ဘယ်လို ဒုက္ခတွေ အခက်အခဲတွေနဲ့ပဲ ကြုံကြုံ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားပြီး ရင်ဆိုင်တယ် ။

ကျွန်မက ဘယ်လို နာကျင်မှုမျိုးကိုမှလည်း
အလေးအနက်ထားပြီး အချိန်ကြာကြာ မခံစားတတ်ဘူး

လောကကြီးက ကိုယ် ဖြစ်ချင်သလို မဖြစ်လာလည်း
နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်တယ် ။

စိတ်ဓာတ်ကျရှုံးရင် အရာအားလုံး ဆုံးရှုံးတတ်တာမို့
စိတ်ဓာတ်ကျစေမယ့် အကြောင်းတွေကို သိပ်မတွေးဘူး

တခြားလူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်
သိမ်ငယ်အောင် တန်ဖိုးကျအောင်လည်း မလုပ်ဘူး ။

အတိတ်အကြောင်းတွေကို ပြန်မတွေးပဲ နေတယ် ။
အနာဂတ်အတွက်လည်း ပူဆွေး သောကတွေ မဖြစ်ဘူး ။

ရှင်သန်နေရတဲ့ ဒီအခိုက်အတန့်လေးကိုပဲ အာရုံစိုက်ပြီး
စိတ်ပေါ့ပေါ့ပါးပါးနဲ့ စိတ်ပျော်အောင် နေလိုက်တယ် ။

ကျွန်မ လဲကျတဲ့ အချိန်တွေ ရှိခဲ့ဖူးသလို
လှဲချခံရတဲ့အခါတွေလည်း ဘဝမှာ အခါခါ ပါပဲ ။

ကျွန်မ စိတ်ရင်းကို ဖျက်စီးသွားတဲ့သူတွေ ရှိတယ် ။
ကျွန်မ အိမ်မက်တွေကို ရိုက်ချိုးပစ်တဲ့သူတွေ ရှိတယ် ။

ကျွန်မကို မျှော်လင့်ချက်မဲ့အောင် လုပ်တဲ့သူတွေထဲမှာ
တရင်းတနှီး ပတ်သက်ခဲ့ဖူးတဲ့ သူတွေလည်း ပါတယ် ။

အဲဒါကြောင့် ထင်ပါရဲ့
အခုနောက်ပိုင်း အချိန်တွေ ကြာလာလေ
လောကဓံတရားတွေကိုလည်း မကြောက်တော့ဘူး ။
လူတချို့ကိုလည်း သိပ်ပြီး ဂရုစိုက်မနေတတ်တော့ဘူး ။

မကျေနပ်စရာတွေနဲ့လည်း ခေါင်းစားမခံချင်တော့ဘူး ။
ကျွန်မအကြောင်း ကောင်းဖို့သာ ကြိုးစားနေလိုက်တယ် ။

ကျွန်မ ဖြစ်တည်မှုလေးကို ကျေနပ်စွာ လက်ခံပြီး
မလိုအပ်တဲ့ အရာတွေရဲ့ ခပ်ဝေးဝေးမှာ နေဖြစ်လာတယ်

ကျွန်မ အမြဲတမ်း ပြုံးရယ်မနေနိုင်ရင်တောင်
ဘဝကိုပျော်အောင်နေတတ်ဖို့ သင်ခန်းစာတွေ
အများကြီး ရခဲ့ပါပြီ ။

#ခိုင် (အညာမြေ)

အဖြေမှန်လေးက94ပါရှင်Daw Aye MyintNyein Hsu WaiLyn Lyn Htooncbမှာkpayလေးပို့ထားပေးပါရှင်
28/11/2023

အဖြေမှန်လေးက94ပါရှင်
Daw Aye Myint
Nyein Hsu Wai
Lyn Lyn Htoon
cbမှာkpayလေးပို့ထားပေးပါရှင်

ပံ့သကူအလှူ😍😍😍pageကိုlike&followလုပ်ထားသူkpay 2000 3ဦးယူပါရှင့်တစ်ဦးကို တစ်ကြိမ်ပဲမန့်ပါရှင့်တစ်ကြိမ်ကို ဂဏန်း2လုံးတွဲ ...
27/11/2023

ပံ့သကူအလှူ😍😍😍
pageကိုlike&followလုပ်ထားသူ
kpay 2000 3ဦးယူပါရှင့်
တစ်ဦးကို တစ်ကြိမ်ပဲမန့်ပါရှင့်
တစ်ကြိမ်ကို ဂဏန်း2လုံးတွဲ 3ခါရေးပြီးမန့်ပေးနော်

🌿သည်းခံတယ်ဆိုတာ🌿~~~~~~~~~~~~~~~~~🥀အတိုင်းအတာ တစ်ခုအထိပဲသည်းခံဆိုတာ🥀အတိုင်းအတာထက်လွန်ကဲလာရင်🥀ဒေါသထွက်ပြီး မခံနိုင်တဲ့စိတ်...
20/11/2023

🌿သည်းခံတယ်ဆိုတာ🌿
~~~~~~~~~~~~~~~~~

🥀အတိုင်းအတာ တစ်ခုအထိပဲသည်းခံဆိုတာ
🥀အတိုင်းအတာထက်လွန်ကဲလာရင်
🥀ဒေါသထွက်ပြီး မခံနိုင်တဲ့စိတ်တွေနဲ့
🥀ပေါက်ကွဲပစ်လိုက်ဖို့ ပြောတာမဟုတ်ဘူး
🥀ဥပေက္ခာပြုလိုက်ဖို့ကိုပြောတာ။

🥀သူများနဲ့ ရန်ပြန်ခံဖြစ်တယ်ဆိုတာ
🥀ကိုယ့်ရဲ့စိတ်ကို သူနဲ့တန်းတူအောင်
🥀အောက်ချလိုက်ချင်းပဲဖြစ်တယ်။

🥀ကိုယ်ရဲ့ စိတ်ကို တစ်စုံတစ်ယောက်က
🥀ဝမ်းနည်းအောင်လည်း လုပ်လို့ရတယ်
🥀ဝမ်းသာအောင်လည်းလုပ်လို့ရတယ်
🥀စိတ်ဒုက္ခရောက်အောင်လည်း
🥀လုပ်လို့ရတယ်ဆိုရင်
🥀ကိုယ်ကသူများစိတ်နဲ့
🥀အသက်ရှင်နေတာဖြစ်သွားပြီ။

🥀ကိုယ့်ကိုတစ်စုံတစ်ယောက်က
🥀လာကဲ့ရဲ့တယ်ဆိုရင်
🥀ကိုယ်က ဘယ်လိုလူမျိုးလည်းဆိုတာ
🥀သူဘယ်လိုထင်ထင်
🥀သူကဘယ်လိုလူမျိုးလည်းဆိုတာက
🥀ပေါ်လွင်နေပြီ။

🥀ကိုယ့်ကို အပြစ်ပြောနေတဲ့သူတွေက
🥀အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်
🥀သူတို့ပြောလိုက်မှ ကိုယ်မှားနေတယ်ထင်တဲ့
🥀အရာတွေကို ပြန်ပြီးပြုပြင်လို့ရတာပေါ့။

🥀သူ့ရဲ့အမှားတွေကို အပြစ်မပြောခင်
🥀ကိုယ့်မှာ အဲ့အမှားမျိုးရှိနေမလားဆိုတာ
🥀အရင်ပြန်ပြီး စဉ်းစားပါ
🥀သူများအမှားတွေကို လိုက်ပြီးမပြောခင်
🥀ကိုယ့်မှာ အမှားမရှိအောင် အရင်လုပ်ပါ။

🥀ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုရှိရှိနဲ့နေတဲ့သူဟာ
🥀ကိုယ့်အလုပ်ကို
🥀အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်တယ်
🥀ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာလည်း
🥀အမြဲတမ်းစိတ်ကျေနပ်မှုရှိတယ်။
🥀ကိုယ့်စိတ်ကိုအမြဲတမ်းပျော်အောင်ထားတယ်
🥀စိတ်ကို ရှင်းရှင်းလင်းလင်းပဲထားတယ်
🥀သူတပါး ကဲ့ရဲ့တာတွေ
🥀ချီးမွမ်းတာတွေအပေါ်မှာ
🥀အချိန်ကုန်မနေဘူး။

🥀ခွင့်လွတ်တတ်တဲ့စိတ်ဆိုတာ
🥀လောကမှာ အရဲရင့်ဆုံး သတ္တိအရှိဆုံးပဲ။

🥀သူတပါးကို အနိုင်လိုချင်တဲ့စိတ်ဆိုတာ
🥀ကလေးလေးတစ်ယောက်ရဲ့ စိတ်ပဲ
🥀သူတပါးရဲ့အပြစ်တွေကို ပြောတတ်တဲ့သူဟာ
🥀ရင့်ကျက်မှု မရှိသေးတဲ့သူပဲ။

🥀ကိုယ့်ကို ဘယ်လိုလူစားလည်းလို့
🥀လာပြီးသတ်မှတ်တတ်တဲ့သူတွေဟာ
🥀သူတို့ကိုယ္သူတို့ အဲ့လိုလူစားဆိုတာကို
🥀ပြောပြလိုက်တာပါပဲ။

🥀ကိုယ့်ကို တိုက်ခိုက်လာတဲ့သူတွေကို
🥀ပြန်ပြီးတော့ မတုန့်ပြန်တာ
🥀ကြောက်တာလည်း မဟုတ်သလို
🥀အရမ်းကြီးရင့်ကျက်သွားတာလည်းမဟုတ်ဘူး
🥀တိတ်ဆိတ်ခြင်းရဲ့ အေးချမ်းမှုကို သိထားလို့။

Credit.....သို့လရိပ်လေး
မေတ္တာဖြင့် မျက်၀န်း ( စကားဝါမြေ )

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ဘယ်သူတွေက ဘယ်လို သတ်မှတ်လဲ သိပ်စိတ်မဝင်စားဘူး။ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေတယ်ကိုယ်လုပ်ချင်တာကို...
15/11/2023

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို
ဘယ်သူတွေက ဘယ်လို
သတ်မှတ်လဲ သိပ်စိတ်မဝင်စားဘူး။

ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေတယ်
ကိုယ်လုပ်ချင်တာကို လုပ်တယ်
ကိုယ့်ကိစ္စကိုပဲ စိတ်ဝင်စားတယ်။

စိတ်ရင်း မမှန်ရင် ကိုယ်လည်း
မပေါင်းဘူး လာလည်း မပေါင်းနဲ့

သူများ အပေါ် မှာ ဗိုလ်မကျ သလို
ကလိမ်ကကျင့်နဲ့ ခုတုံးလည်း မလုပ်ဘူး။

ကိုယ်အထာနဲ့ ပျော်သလိုနေတယ်
စည်းတွေ ဘောင်တွေ ကျော်ပြီး
ဘယ်သူ့အရေးကိုမှ မစပ်စုဘူး။

ကိုယ့်ကို စိတ်အနှောင့်အယှက်
ပေးတတ်တဲ့သူကိုလည်း ရှောင်မယ်

မလိုသူတွေကြားမှာ အလိုတူအောင်
အချိန်ကုန်ခံ မရှင်းပြတတ်ဘူး။

ရင်ဘတ်ခြင်းမတူရင် ဘဝပဲ မြင့်မြင့်
ဘဝင်ပဲ မြင့်မြင့် စကားတောင်
လေကုန်ခံ မပြောချင်ဘူး။

ကိုယ့်သမိုင်း ကိုယ်ရေးပြီး
ကိုယ့်ဘဝနဲ့ ကိုယ်ရောင့်ရဲတယ်

ကပ်ဖား ကပ်စား မပေါင်းတတ်ဘူး
ကိုယ်က မကောင်းဘူးလို့ ထင်ရင်လည်း
လာမပေါင်းပါနဲ့ ဝေးဝေးသာ ရှောင်နေပါ။

သူများအကြောင်း မသိပဲ မဝေဖန်ပါနဲ့
သိရင်လည်း မဝေဖန်ချင် ကြပါနဲ့ ။
ကိုယ့်ရုပ်ကိုယ်ပဲ ပြန်ကြည့်ပြီး ဝေဖန်ကြပါ။

Crd to original writer with respect

Address

သလ္လာအမှတ်(၁)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ မုံရွာမြို့။
Monywa

Telephone

09762051049

Website

Alerts

Be the first to know and let us send you an email when JJ Fashion - Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share