တိမ်ပြာ - Blue Cloud Books

တိမ်ပြာ - Blue Cloud Books Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from တိမ်ပြာ - Blue Cloud Books, Book shop, Monywa.

မျက်နှာဖုံးအသစ်နှင့် အညွှန်း။[ ပြုံး၍လည်း ကန်တော့ခံတော်မူပါရယ်၍လည်း ကန်တော့ခံတော်မူပါ ]"သက်ဆိုင်သူရေ မေ့အသံအား မှတ်မိပါရ...
21/02/2022

မျက်နှာဖုံးအသစ်နှင့် အညွှန်း။

[ ပြုံး၍လည်း ကန်တော့ခံတော်မူပါ
ရယ်၍လည်း ကန်တော့ခံတော်မူပါ ]

"သက်ဆိုင်သူရေ မေ့အသံအား မှတ်မိပါရဲ့လားလေ..."

ဒီသီချင်းကြားတိုင်း ရင်နင့်စရာ တွဲမြင်တဲ့ ဆရာမနုနုရည်အင်းဝရဲ့ ဇာတ်လမ်းတစ်ခုပေါ့။ ကျွန်တော်စဖတ်ဖူးချိန်က LGBTQ community ရဲ့ ခံစားချက်တွေ၊ တကယ့်အပြင်လက်တွေ့ဘဝနဲ့ ရှင်သန်နေပုံတွေ ကွက်ကွက်ကွင်းကွင်းသိချင် ဒါလေးဖ​တ်ကြည့်ဆိုပြီး အမတစ်ယောက်ညွှန်းပေးခဲ့တာ။

ဇာတ်လမ်းက တောင်ပြုန်းပွဲက နတ်ကတော်မိန်းမလျာ ဒေစီဂျိန်း ( ဦးဘစီ ) သူ့ရည်ညွှန်း ဂျိန်းစ်ဘွန်းမကြီးကို ဇာတ်ကောင်ယူထားတယ်။

နတ်ကနားပွဲတစ်ခုမှာ ၁၆ နှစ်အရွယ် မင်းမင်းဆိုတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ပြီး ငွေ ၅၀၀ နဲ့ သူ့အမေဆီကနေလို့ ဒေစီဂျိန်း ငွေပေးဝယ်ခဲ့တယ်။ "သင်းလေးကိုဂျိန်းပိုင်တယ်၊ မင်းမင်းကို ဂျိန်းပိုင်တယ်၊ သင်းလေးနဲ့ ကိုယ်က အသက်အများကြီးကွာတာ၊ ဆုံးမစရာရှိ ဆုံးမမယ်၊ ရိုက်စရာရှိလည်းရိုက်မှာပဲ"

သူပြောခဲ့တဲ့အတိုင်းပဲ နှုတ်စွာပြီး ချစ်သူကို ကာကွယ်တယ်အထင်နဲ့ လူသူရှေ့မရှောင် အရှက်ခွဲတဲ့နေရာမှာတစ်ဖက်ကမ်းခတ်တော်တဲ့ ဒေစီဂျိန်းအပြုအကျင့်တွေက တစ်ဖက်ကမင်းမင်းစိတ်ထဲမှာ နာစရာတွေဖြစ်နေတယ်။

"အပူ့တကာ အပူတွေထဲ ဒီအပူဟာ အဆိုးဆုံးပေါ့"

အသက်နှစ်ဆယ်ကျော်လာတဲ့အခါ ယောကျာ်းလေးတို့ လိင်စိတ်တိမ်းညွှတ်ရာအတိုင်း ဆန့်ကျင်ဘက်လိင် ပန်းညိုဆိုတဲ့ ကောင်မလေးကို မင်းမင်းတစ်ယောက် ချစ်ကြိုက်ခဲ့တယ်။ "အစ်ကိုနဲ့ နတ်ကတော်ကြီးနဲ့ ဘာတော်လဲဟင်" လို့ ပန်းညို မေးတိုင်း ဂျိန်းစ်ဘွန်းမကြီးအပေါ်များ မရိပ်မလုံစိတ်လေးရှိမလား ကျွန်တော်တော့ ဖတ်နေတိုင်း မျှော်လင့်ခဲ့ဖူးတာပဲ။

သုံးပွင့်ဆိုင်ဇာတ်လမ်းတွေက ဆရာမနုနုရည်(အင်းဝ) ရဲ့ ကလောင်စွမ်းနဲ့စပ်လိုက်တဲ့အခါ ဘယ်ဇာတ်ကောင်ကို ပြေးသနားရမှန်းမသိရလောက်အောင် ကရုဏာသက်စရာအပြည့်ပါပဲ။

"ဟဲ့ ငါ့အရင်းက ငွေငါးရာမဟုတ်ဘူး။ ငါ့အရင်းက ငါ့နှလုံးသား။ ဟောဒီ့နှလုံးသားတစ်ခုလုံးနဲ့ ရင်းထားရတာ။ ဒီအရင်းရှုံးမှတော့ ငါ့ဘဝ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ငါသေလိုက်ဖို့ပဲ ရှိတော့တယ်"

လိင်စိတ်တိမ်းညွှတ်မှုတွေ၊ နေရာဒေသအကျင့်စရိုက်တွေနဲ့ လူ့သဘာဝတွေ၊ နတ်ကိုးကွယ်မှုတွေအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ပြစ်ချက်ရှာစရာမရှိတဲ့ ဆရာမရဲ့ ဒီစာအုပ်က Highly recommend ပါ။ ဒါဖတ်ပြီးရင် တောင်ပြုန်းနတ်ပွဲကို တစ်ခေါက်တစ်ခါတော့ သေချာပေါက်အရောက်သွားချင်မိမှာပါ။

"ငါ့ကိုယ်ငါတော့ ငါဟာ မိန်းမပဲ"

"ငါ့မှာဘာအပြစ်ရှိလို့လဲ၊ ငါနင့်ကို ဘာတွေများလုပ်ခဲ့မိလို့လဲ"

-ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို စာအုပ်ထဲမှာ ကိုယ်တိုင်ဖတ်ကြည့်ချင်တယ်ဆိုရင် ငွေကျပ် 5000( ပုံနှိပ်အသစ်) နဲ့ page chat box မှာ order တင်ပြီး ဝယ်ယူဖတ်ရှုလို့ရပါပြီဗျ။ Surprise gift အတွက်လည်း လာရောက်မှာယူပေးနိုင်ပါတယ်။

| 2014 ခုနှစ်မှာ ဒီဝတ္ထုကို "Smile As They Bow" အမည်နဲ့ အင်္ဂလိပ်ဘာသာနဲ့လည်း ထုတ်ဝေခဲ့ပါသေးတယ် ]

ကောင်းသောညလေးဖြစ်ကြပါစေ ။

မှာယူရရှိနိုင်သော ဆရာမနုနုရည်ရဲ့ အခြားစာအုပ်များ 👇❤

https://www.facebook.com/104799812046949/posts/109611228232474/

"ရိပ်ရိပ်ဆိုင်းဆိုင်းမြကျွန်းသာသို့ သတိရတိုင်းကရုဏာလွှမ်းမိုးအကြင်နာဆယ်ဆတိုးစိုးထိတ်မရွှင်မောင်မနှင်ဘဲပြန်သွားခဲ့ရရှာသူရ...
21/02/2022

"ရိပ်ရိပ်ဆိုင်းဆိုင်း
မြကျွန်းသာသို့ သတိရတိုင်း
ကရုဏာလွှမ်းမိုး
အကြင်နာဆယ်ဆတိုး
စိုးထိတ်မရွှင်
မောင်မနှင်ဘဲ
ပြန်သွားခဲ့ရရှာသူရေ...."

"ခေါင်းမော့လိုက်တော့ မင်း၊ ခေါင်းငုံ့လိုက်တော့ သူ"

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် (1920-2020) အမှတ်တရအနေနဲ့ ထုတ်ဝေခဲ့တဲ့စာအုပ်လေးပါ။ တန်ဖိုး၄၀၀၀ကျပ်နဲ့ တိမ်ပြာမှာဝယ်ယူရရှိနိုင်ပါပြီနော်။ ကောင်းသောညလေးဖြစ်ကြပါစေ။

ဒီနေ့တော့ ဆရာမြသန်းတင့်ရဲ့ထွက်သမျှစာအုပ်တွေထဲက အမှာစာတင်နိုင်တာလေးတွေကို စုပေးထားပါတယ်ဗျ။ ဒီထဲမပါတာရှိရင်လည်း Admin တို့...
14/02/2022

ဒီနေ့တော့ ဆရာမြသန်းတင့်ရဲ့ထွက်သမျှစာအုပ်တွေထဲက အမှာစာတင်နိုင်တာလေးတွေကို စုပေးထားပါတယ်ဗျ။ ဒီထဲမပါတာရှိရင်လည်း Admin တို့ဆီ လာမေးလို့ရပါတယ်နော်။

မမ - 5000
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် - 5000
လမင်းကို ထရံပေါက်မှ ကြည့်ခြင်း - 5000
မိန်းမတို့အကြောင်း - 5000
သုခမြို့တော် - 5000
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ - 7000
အချစ်မိုးကောင်းကင် - 7000
မီးလောင်မြေ - 8000
လေရူးသုန်သုန် (ပထမတွဲ) - 12500
လေရူးသုန်သုန် (ဒုတိယတွဲ) - 12500
နိုင်ငံတကာ ခေတ်သစ်ဂန္တဝင်ဝတ္ထုတိုများ - 12500
တိုက်ပိုင်မောင်ဘဂျမ်းနှင့် စုံထောက်မှုခင်းများပေါင်းချုပ် - 10000
နိုင်ငံတကာ ရသစာတမ်းငယ်များ - 4000
ဇာခန်းဆီး လေညှင်းနဲ့လရောင် - 3000
ပြိုကွဲသွားသော သိုက်မြုံကလေး ၊ အမေ့သားနှင့် တဂိုး ဝတ္ထုတိုများ - 4500
မက္ကဇင် (မ) ဂေါ်ကီ မာလ်ဗာနှင့် ဝတ္ထုတိုများ - 3500
ကြာညိုနံ့ သင်းသော ရေဝတီမ - 2500
မရဏအိပ်မက်တစ်ခု၏ မှတ်တမ်း - 2000
သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများ - 3000 MMK

ငွေလွှဲဝင်ပြီး waiting 4/5 ရက်ပါ။ အဲ့ဒါပြီးရင် deli တန်းအပ်ပေးပါတယ်။ ကားဂိတ်ချရင်ဂိတ်ပို့ခ 2000 နဲ့ စာတိုက်တော့မသုံးသေးပါဘူးဗျ။

"ဗိုလ်ကေတထောင်မှာ တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့"-ဆရာမနုနုရည်အင်းဝမြန်မာငွေ ၅၀၀၀ကျပ်ဖြင့် တိမ်ပြာမှာ ဝယ်ယူရရှိနိုင်ပါပ...
13/02/2022

"ဗိုလ်ကေတထောင်မှာ
တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့"

-ဆရာမနုနုရည်အင်းဝ

မြန်မာငွေ ၅၀၀၀ကျပ်ဖြင့် တိမ်ပြာမှာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။

"နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်"5% discount လေးလုပ်ပေးပါ့မယ်Instock တစ်အုပ်ပဲကျန်တာမို့ ပထဆုံးတစ်ယောက်ကိုပ...
30/01/2022

"နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်"
5% discount လေးလုပ်ပေးပါ့မယ်

Instock တစ်အုပ်ပဲကျန်တာမို့ ပထဆုံးတစ်ယောက်ကိုပဲ ပေးပါ့မယ်နော် ✨

ပျော်ရွှင်စရာကောင်းတဲ့ ပိတ်ရက်လေး ဖြစ်​ကြပါစေ။

မြိုင် - 7500 MMK
28/01/2022

မြိုင် - 7500 MMK

မင်္ဂလာ ညနေခင်းပါ ။ ညီမတို့ online books store ကနေပြီး မှာယူခဲ့ဖူးတဲ့ cus တွေရော ၊ တင်တဲ့ post အောက်တိုင်းမှာ ရှိနေပေးတဲ...
25/01/2022

မင်္ဂလာ ညနေခင်းပါ ။ ညီမတို့ online books store ကနေပြီး မှာယူခဲ့ဖူးတဲ့ cus တွေရော ၊ တင်တဲ့ post အောက်တိုင်းမှာ ရှိနေပေးတဲ့ စာဖတ်ချစ်သူတွေကိုရော အများကြီး ကျေးဇူးတင်ပါတယ် ။ page လေးက အများကြီး active မဖြစ်ပေမယ့် ယုံယုံကြည်ကြည်နဲ့ pg chatbox မှာ စာအုပ် အော်ဒါလာတင်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ။ တိမ်ပြာမှာ တင်ထားတဲ့စာအုပ်တွေကလွဲပြီး တခြား မရတော့ဘူးလား မေးလာရင် မဟုတ်ပါဘူးနော် ။ တခြားလိုချင်တဲ့ စာအုပ် ရှိရင်လည်း ညီမတို့ ရှာပေးပါတယ် ။ မရှိရင်လည်း ရှိမယ့် စာအုပ်ဆိုင်တွေကိုပါ လမ်းညွှန်ပေးပါတယ် ။ admin နှစ်ယောက်ရှိတာ ၊ နှစ်ယောက်လုံး စိတ်ရှည်ကြတာမို့ ဘယ်ချိန် လာမေးမေး မကြာခင် အချိန်အတွင်း reply ပြန်ပေးပါတယ် ။ ကျေးဇူးတင်ပါတယ်ရှင့် ။

ဆရာမ နုနုရည်ရဲ့ instock ရှိ စာအုပ်လေးတွေပါဗျ ။
25/01/2022

ဆရာမ နုနုရည်ရဲ့ instock ရှိ စာအုပ်လေးတွေပါဗျ ။

စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်များ collection ။ တစ် + တစ် = သုံး - 4000 MMKဂရုမစိုက်ခြင်းအနုပညာ - 4000 MMKဟန်ချက်ညီသော ဘဝ -...
25/01/2022

စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်များ collection ။

တစ် + တစ် = သုံး - 4000 MMK
ဂရုမစိုက်ခြင်းအနုပညာ - 4000 MMK
ဟန်ချက်ညီသော ဘဝ - 5000 MMK
အဝေးဆုံး .. ကြည့် အမြင့်ဆုံး ပျံ - 2500 MMK
စိတ်ဓာတ်သည်သာ အရာရာ - 2500 MMK

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ မြစိမ်းပြာလမ်းသွယ်၊ အမှတ် ၂၂၂မှာ...ဒီနေ့ မြို့တော်ရန်ကုန်ရဲ့ ခေတ်အစားဆုံးဟောင်ကောင်ပုံစံ.....
25/01/2022

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ မြစိမ်းပြာလမ်းသွယ်၊ အမှတ် ၂၂၂မှာ...
ဒီနေ့ မြို့တော်ရန်ကုန်ရဲ့ ခေတ်အစားဆုံးဟောင်ကောင်ပုံစံ...။ အမြင့်ရှစ်ပေ၊ အကျယ်ဆယ်ပေ၊ အလျားအရှည် လေးဆယ့်ငါးပေရှိတဲ့ အလွှာပေါင်း ဆယ့်နှစ်လွှာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကန်ထရိုက် သုံးထပ်တိုက် တစ်လုံးရှိတယ်။

မြစိမ်းပြာကမာရွတ်
တန်ဖိုး - 4700 ကျပ် ( လက်ကျန်ပုံနှိပ်တွေကုန်ရင်တော့ ပြောင်းစျေးအသစ် ၆၀၀၀ ပါ)

မှာယူလိုတယ်ဆိုရင် chatboxက တဆင့် လာရောက်မှာယူနိုင်ပါပြီဗျ။ ကောင်းသောညနေခင်းလေး ဖြစ်ကြပါစေ။✨🦋

Address

Monywa

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 10:00 - 19:00

Website

Alerts

Be the first to know and let us send you an email when တိမ်ပြာ - Blue Cloud Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category