22/09/2021
မြန်မာဈေးကွက်မှာ ပရိတ်သတ်အခိုင်အမာရှိပြီးသားဖြစ်တဲ့ Ballantine’s က သူ့ရဲ့ အရောင်းရဆုံး ’s Finest ကို ၂၀၂၀ အကုန်မှာ အထူးထုတ်အဖြစ် Joshua Vides Limited Edition (ဂျှော့ရွှာ ဗိုဒ်စ်) အနေနဲ့ ပွဲထုတ်လာခဲ့တဲ့အကြောင်းလေးရေးပါဦးမယ်။ Joshua Vides ကိုမသိသေးတဲ့ ပရိတ်သတ်တွေအတွက်လဲ သူ့အကြောင်းလေး ဦးဆုံး နည်းနည်းမိတ်ဆက်ပေးဦးမှ။ ပုဂ္ဂိုလ်လေးက အမေရိကန် လော့စ်အိန်ဂျယ်လိစ်မှာနေတဲ့ လူငယ် graphic အနုပညာရှင်။ သူ့ရဲ့အမြင်ဆန်း အသွင်ဆန်းလက်ရာတွေက monochromatic လို့ခေါ်တဲ့ အခြားအရောင်တွေကိုလုံးဝမသုံးပဲ အဖြူနဲ့ အမည်းကိုသာ သီးသန့်သုံးပြီး လက်နဲ့ရေးတာမျိုး။ အဲလိုရေးရင်လဲ ပန်းချီကားတွေဆွဲသလို အောက်ခံကားချပ်အလွတ်တွေပေါ်မှာဆွဲတာမျိုးမဟုတ်ပဲ တစ်ကယ့်ရှိရင်းဆွဲ ဝတ္ထုတွေဖြစ်တဲ့ ကား၊ လက်ကိုင်အိပ်၊ ထိုင်ခုံ၊ စားပွဲ၊ အိမ်အတွင်းပိုင်း စတဲ့အရာတွေအပေါ်မှာ အဖြူ အမည်းနဲ့ခြယ်ပြီး ဒီဇိုင်းဆွဲတာမျိုး။ ခုလဲ Ballantine’s Finest ပုလင်းကို သူကိုယ်တိုင် အဖြူအမည်းနဲ့ပဲ (လက်နဲ့)ဆွဲပေးပြီး Joshua Vides Limited Edition လို့ ဖန်တီးပေးထားလေရဲ့..။
Ballantine’s ကိုတော့ အားလုံးသိကြပြီးသား… သမိုင်းကြောင်း နည်းနည်းပြန်ကောက်ရရင် အဲ့တုန်းက အသက် ၁၉နှစ်ပဲရှိခဲ့သေးတဲ့ George Ballantine ဆိုတဲ့ စွန့်ဦးတီထွင်ငတိလေးက စကော့တလန် Edinburg မြို့မှာ ၁၈၂၇ ခုနှစ်မှာ သူ့နာမည်ပါအောင်မှည့်ထားတဲ့ Ballantine’s ဝီစကီကို စရောင်းခဲ့တာ။ ၁၈၉၅ လောက်ရောက်တော့ Ballantine’s ကို ဗြိတိန်ဘုရင်မကြီး Queen Victoria ကခေါ်ပြီး အစားအသောက်နဲ့ပတ်သတ်တဲ့ တော်ဝင်အသိအမှတ်ပြုလက်မှတ်ပေးရတဲ့အထိ အကြီးအကျယ် အောင်မြင်ပါလေရော။ (*IWSR volume 2015) စာရင်းအရတော့ Scotch Whisky တွေထဲမှာ Ballantine’s က ဥရောပမှာ ရောင်းအားအကောင်းဆုံး နံပါတ် ၁ နဲ့ တစ်ကမ္ဘာလုံးမှာဆိုရင်တော့ ဒုတိယအရောင်းရဆုံး နံပါတ် ၂ ချိတ်ပါသတဲ့။
ခုရေးမယ့် Ballantine’s Finest ကို ၁၉၁၀ လောက်မှာ စမိတ်ဆက်ခဲ့ပြီး အမောင်တို့ အားပေးကြမ်းချက်က လက်ရှိမှာ ဒင်း တစ်မျိုးတည်းနဲ့တင် နေ့စဉ် ကမ္ဘာနဲ့အဝှမ်း ပုလင်းပေါင်း ၂ သိန်းကျော် (ခွက်ရေ ၆.၆ သန်း) ရောင်းနေရသတဲ့။ သူ့ကို စကော့တလန်ရဲ့ နာမည်ကျော် ဝီစကီဒေသကြီး ၄ ခုကနေထွက်ရှိတဲ့ Malt နဲ့ Grain အရက်တွေထဲက သေချာစီစစ်ရွေးထားတဲ့ အမျိုးပေါင်း ၄ဝကျော်နဲ့ရောစပ်ထုတ်လုပ်ထားလို့ အနံ့ပိုင်းအထူးကောင်းပြီး နမ်းကြည့်လိုက်တဲ့အခါမှာ ပျားရည် နဲ့ ဟင်းခတ်အမွှေးအကြိုင်ရနံ့တစ်ချို့ သိသိသာသာရနိုင်မှာဖြစ်သလို အရသာကလဲ ညင်သာ၊ ညက်ညောမှု အပြည့်ရှိပြီး သောက်လိုက်ရင် နို့ချောကလက်၊ အခွံနီပန်းသီးမှည့် နဲ့ Vanilla အရသာတို့ကို ခံတွင်းတစ်လျှောက်မှာ ပူနွေးနွေးခံစားချက်နဲ့အတူ တွေ့ရလိမ့်မယ်။ ချိုတိုတို၊ မွှေးတေးတေး၊ ညက်တက်တက်ကလေးဆိုပေမယ့် ခပ်ပျော့ပျော့လို့တော့ မမှတ်လေနဲ့။ Scotch ဝီစကီပီပီ ကျပ်ခိုးနံ့သင်းသင်းလေးနဲ့ ဝီဆရာတို့ အာသာပြေ side kick ကလေးနဲ့ စိတ်ကြိုက်ဖြစ်စေရပါလိမ့်မယ်။ နောက်ထပ်ပြောစရာတစ်ခုက တစ်ခြားအရက်ပုလင်းတွေက လုံးရင်လုံးပြီး မလုံးရင် လေးထောင့် (square) ဖြစ်တတ်ကြပေမယ့် သူ့ပုလင်းကျတော့မှ မြင်ကြတဲ့အတိုင်းပဲ ပြားချပ်ချပ်။ ဘာလို့ဒီလိုဖြစ်ရသလဲ ကြည့်တော့ ၁၉၂၀ တစ်ဝိုက် ဥရောပမှာ ယမကာရောင်းချတာ၊ သောက်သုံးတာတွေကို ကန့်သတ်မိန့်တွေ ဘာတွေထုတ်သေးတော့ ပုလင်းတွေကို ခုနေခါလို ပေါ်တင်ကြီးသယ်မရလို့ အဲ့ခေတ်ကဆရာသမားတို့ ခွကျခဲ့ကြရသေးတယ်။ အဲ့တော့ လူမမြင်အောင် ဘိလပ်မှာ အလုပ်သွားရင်ဆွဲတတ်ကြတဲ့ briefcase တွေထဲ ထည့်ယူသွားလို့ရမယ့် ပုလင်းပုံစံ ထုတ်ရာကနေ ခုလို ပုလင်းပုံစံ ဖြစ်လာတော့တာပဲ။
နှောင်းခေတ်မှာ Ballantine’s ဘယ်လောက် အောင်မြင်နေသလဲ တစ်ချက်ကြည့်ကြဦးစို့။ ၂၀၀၂ ကစလို့ နိုင်ငံတကာ ဆုတံဆိပ်ပေါင်း ၂၅ ခုကို Whisky Bible, IWSC and ISC စတဲ့ ယမကာဥသျှောင်အဖွဲ့တွေက ပေးခဲ့ပါ့။
ဒီလိုကောင်းတဲ့ဝီစကီမျိုးကို ဘယ်လိုသောက်ရမလဲ မေးတတ်သူတစ်ချို့အတွက် Ballantine’s ကို လက်ရှိဦးဆောင်နေတဲ့ SANDY HYSLOP ပြောသွားတာကတော့့ “ဘယ်လိုသောက်ရင် အကောင်းဆုံးဖြစ်မလဲဆိုတော့ ခင်ဗျားတို့အနှစ်သက်ဆုံးနည်းလမ်း (On the rocks, ရေနဲ့၊ mixer နဲ့ စသည်ဖြင့်) နဲ့သာ သောက်ကြပါ၊ ကိုယ်အကြိုက်ဆုံးနည်းက ကိုယ့်အတွက် အကောင်းဆုံး အရသာကိုပေးပါလိမ့်မယ်”။
ခု မြန်မာပြည်ဈေးကွက်ကို Ballantine’s စက်ရုံကနေတိုက်ရိုက်သွင်းလာတဲ့ Official အလုံးတွေကို Million Mart က ဖြန့်ချီရေးကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ခံဖြန့်ပေးနေလေတော့ ရန်ကုန်နဲ့ မန္တလေးက ဆိုင်တွေတော်တော်များများမှာ Ballantine’s Finest Joshua Vides ကိုမေးဝယ်လို့ ရနေပါပြီ။ ဈေးက ၃ သောင်း ၃ ထောင် ပတ်ချာလည်လောက်ဆိုတော့ Limited Edition ဖြစ်တဲ့အပြင် Official အလုံးလဲဖြစ်လေတော့ ပေးရတာတန်ပါ့။ စာရှူသူအပေါင်းလဲ နီးစပ်ရာဆိုင်တွေကနေ Ballantine’s Finest ကုမ္ပဏီတိုက်ရိုက်အလုံးလို့ပြောဝယ်ပြီး မြည်းကြည့်ကြပါဦး။ သောက်ပြီးရင်လဲ Joshua Vides ရဲ့ graphic လက်ရာကိုအမှတ်တရ သိမ်းထားကြဦး…။
References
Ballantine's Website
Whisky Bible
Forbes
crd:org