02/09/2026
Smile Baby ရဲ့ CEO
MEET OUR CITY DIRECTOR | GREAT MIN AHKAR
GREAT MIN AHKAR သည် GREAT MIN AHKAR TRADING CO., LTD နှင့် GREAT BRILLIANCE SKY EXPORT & IMPORT CO., LTD တို့၏ MANAGING DIRECTOR (MD) တစ်ဦးဖြစ်သည့်အပြင် KST CAR SHOWROOM ၏ တာဝန်ရှိသူတစ်ဦး အဖြစ် စီးပွားရေးနယ်ပယ်တွင် အောင်မြင်စွာ ရပ်တည်လျက်ရှိသော စွမ်းဆောင်ရည်မြင့် လူငယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းများအပြင်အလှမောင်ပြိုင်ပွဲလောကသို့ စတင်ခြေလှမ်းလှမ်းခဲ့ရာတွင် MISTER MYANMAR2026 ပြိုင်ပွဲကြီး၌ MANDALAY CITY DIRECTOR အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ပြီး ၎င်း၏ မန္တလေးကိုယ်စားပြုအလှမောင်ကို TOP 12 စာရင်းဝင်အထိထူးချွန်စွာ အောင်မြင်မှုရရှိအောင် ဦးဆောင်ကြိုးပမ်းပေးနိုင်ခဲ့ပါသည်။
လာမည့် MISTER MYANMAR 2027 ပြိုင်ပွဲကြီးအတွက် MANDALAY နှင့် MEIKTILA မြို့နယ် ၂ မြို့နယ်အပြင် MINGALARPAR MISTER MYANMAR 2027 ပြိုင်ပွဲကြီးအတွက် MANDALAY နှင့် MUSE မြို့နယ် ၂ မြို့နယ်၊စုစုပေါင်း မြို့နယ် ၄ ခုအတွက် CITY DIRECTOR အဖြစ် တာဝန်ယူကာ အရည်အချင်းပြည့်ဝသည့် မြန်မာ့ဂုဏ်ဆောင် အလှမောင် ၄ ဦးကို စနစ်တကျ ရွေးချယ်ပျိုးထောင်၍ စင်တင်ပေးသွားမည် ဖြစ်ပါသည်။