27/06/2023
🧕တင်းတိမ်ကဘယ်လိုစဖြစ်လာပါသလဲ?
👉မြန်မာလူမျိုးတွေကငယ်စဉ်ကတည်းကသနပ်ခါးလိမ်းတတ်ကြတယ်၊မျက်နှာသစ်ဆပ်ပြာရယ်မဟုတ်၊ရိုးရိုးဆပ်ပြာနှင့်ဘဲ့မျက်နှာသစ်တယ်၊အဲဒီတော့နှစ်ပေါင်း ကြာလာတော့အရေပြားအောက်မှာအညစ်အကြေးတွေကမစင်တော့အကြေးတွေလို ဖြစ်လာမယ်၊မျက်နှာအဆီပြန်လာမယ်၊အဆီတွေစုလာပြီးတော့မှတင်းတိမ်ကတရိပ်ရိပ်ကလေးပေါ်လာတော့တယ်၊နေရောင်ထဲသွားရင်လဲအကာအကွယ်မယူ၊သွားလာလဲအကာအကွယ်မလုပ်ဘဲသွားလာနေတော့ပိုပိုဆိုးဝါးလာပါတော့တယ်။
ဆယ်ကျော်သက်အရွယ်က အသားအရေကို ဂရုတစိုက် ထိန်းသိမ်းခြင်းမလုပ်ဘဲ (၃၀) ကျော်အရွယ်မှာ ပြန်လိုချင်လို့ မရနိုင်ပါဘူး။ အသက်အရွယ်ရလာတာနဲ့အမျှ အိပ်ရေး၀၀အိပ်ဖို့၊ စိတ်ဖိစီးမှုတွေ လျော့ချဖို့၊ ရေများများသောက်ဖို့၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် Skin Care ကို ရွေးချယ်သုံးစွဲတတ်ဖို့ လည်း အရေးကြီးလာပါတယ်။
👯အသက် (၂၅) နောက်ပိုင်းရောက်တဲ့ ထိတိုင်အောင် ကိုယ့်အသားအရေကို ဂရုမစိုက်ဖြစ်ဘူး။ ဖြစ်သလို ဆက်ပြီး နေနေမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အသားအရေ တင်းရင်းစိုပြေလှပမှုတွေ၊ အရွယ်တင် နုပျိုမှုတွေ ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အသက် (၂၅)နှစ်မတိုင်ခင် ကိုယ့်အသားအရေကို အခုကတည်းက ဂရုစိုက်ထားချင်တဲ့ ပျိုမေလေးတွေ၊ အသက် (၂၅) နှစ်ကျော်လာသည့်တိုင် မြင်သူ တကာ ငေးရတဲ့ အသားအရေပိုင်ရှင်လေးတွေ နုပျိုမှုတွေ ပိုင်ဆိုင်ချင်တဲ့ အမျိုးသမီးလေးတွေအနေနဲ့ အသားအရေကို အခုအချိန်ကစပြီး ဂရုစိုက်သင့်ပါတယ်။ အသက် (၂၅) နောက်ပိုင်းမှာ အသားအရေမှာ အရေးအကြောင်းတွေ သိသိသာသာ ပေါ်လာပါတယ်။ ပြီးတော့ နေဒဏ် လေဒဏ် ရာသီဥတု ဒဏ်တွေကြောင့်ရယ် နေရောင်ကာ Suncream- မလိမ်းတဲ့အတွက်ကြောင်ရယ် မျက်နှာပေါ်မှာ တင်းတိတ်တွေ စွဲလာမယ်။ မှဲ့ခြောက်တွေ အမည်းစက်တွေ ဖြစ်လာမယ်။
😔 အသားအရေတွေ ညိုညစ်လာမယ်။ ရာသီဥတု ပူပြင်း တဲ့နေ့ တွေဆို အသားအရေဟာ ပုံမှန် နေ့တွေထက် ပိုမိုပြီး ပျက်စီးလွယ်ပါတယ်။ ဒီအခြေအနေတွေအားလုံးဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို အတားအဆီးမရှိ လက်ယက်ခေါ်နေသလိုပါပဲ။
အဲ့ဒီတော့ အရင်လို နုပျိုမှုတွေ ပြန်ရအောင် လက်ရှိနုပျိုမှုတွေကို ထိန်းသိမ်းထားနိုင်အောင် ဘယ်လိုမျိုး အသားအရေကို ဂရုစိုက်သင့်သလဲ။ မြန်မာအမျိုးသမီးတွေရဲ့ အသားအရေ ပြသနာတွေထဲမှာဆိုရင်လည်း ခုနက ပြောခဲ့တဲ့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ များလာတာ အမည်းစက်တွေ တင်းတိမ်တွေ စွဲတာ။ အသားအရေ မညီညာတာ။ ချွေးပေါက်ကျယ်တောတွေဟာလည်း အဓိက ပါရှိနေတတ်ပါတယ်။
အသက်(၂၅) ကျော်လာတဲ့ အမျိုးသမီးလေးတွေအနေနဲ့ Skin Care သုံးတဲ့ နေရာမှာလည်း ကိုယ့်အသက်အရွယ် အသားအရေနဲ့ လိုက်ဖက်မှုရှိပြီး အရေပြားကို အားဖြည့်ပေးတဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ အရေးအကြောင်းတွေ လျော့ကျပေးတဲ့ skin care မျိုးတွေကို ရွေးချယ်သုံးစွဲပေးသင့်ပါတယ်။ skincareအဆင်မပြေရင်လဲတင်းတိမ်ဖြစ်တတ်ပါတယ်။
နေပူထဲသွားလာနေတဲ့လူတယောက်ကနေ့စဉ်နှင့်အမျှဆဲလ်တွေကအိုမင်းမှု ဖြစ်စေပါတယ်။
အသက် (၂၅) နှစ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကြိုတင်ကာကွယ်ချင်သူလေးတွေရော အသက် (၂၅) နှစ်ကျော်လာပြီး အရင်လို နုပျိုမှုတွေ ဆုံးရှုံးသွားမှာ စိုးရိမ်နေကြသူတွေအတွက် အရမ်း အဆင်ပြေစေတဲ့အသားအရေပေါ်မှာCollagenလေးတော့ ဖြည့်ပေးဖို့လိုပါတယ်။
Collageဆိုတဲ့အတိုင်း အသားအရေကို ထူးခြားကောင်းမွန်လာစေတဲ့ အဓိက အချက် (3)ချက်ပါ၀င်ပါတယ်။ အဲ့ဒါတွေကတော့ အရေးအကြောင်းကို လျော့ပါးစေတယ်။ နောက်ထပ် အရေးအကြောင်းတွေ ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်။ အသားအရောင် မညီညာတာတွေကိုလည်း ညီညာလာစေတယ်။ အမည်းစက်တွေကို သက်သာပျောက်ကင်းစေတယ်။. အရေပြားကိုချောမွေ့လာစေတယ်။ အသားအရေ ခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးပြီး အသားအရေကို စိုပြေလာစေတယ်။ နောက်ပြီး အသားအရေ ညစ်နွမ်းနွမ်းဖြစ်နေရာကနေ မျက်နှာလေး လင်းလာစေတယ်။ ချွေးပေါက်တွေကိုလည်း ကျဥ်းလာစေပါတယ်။
နေရောင်ခြည်ထဲသွားလာနေတဲ့အတွက်လဲကာကွယ်ထားဖို့လိုအပ်ပါတယ်။
အသက် ၂၅ ကျော်လာလို့ ကိုယ့်သားအရေကို ဆယ်ကျော်သက်လေးလို အမြဲတမ်း နုပျို တင်းရင်းချင်တယ်ဆိုရင်တော့ နေ့စဥ်ရေဓါတ်ဖြည့်ေပးမှသာတင်းတိမ်ကေပျာက်ကင်းမှာပါ။ညတိုင်းကိုလာဂျင်သုံးေပးပါလို့ အကြံပေးချင်ပါတယ်။ ပျိုမေတို့ရဲ့ အသားအရေမှာ ပြဿနာတစ်ခုခု ရှိနေတတ်ကြပါတယ်။ ဘယ်လောက်ပဲ အသားအရေ ကောင်းတဲ့သူပဲ ဖြစ်ဖြစ် အသက်အရွယ်ရလာလို့ အရေအကြောင်းနဲ့ အသားအရေ တင်းရင်းမှု လျော့နည်းလာမှုကိုတော့ မဖြစ်မနေ ခံစားရမှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ အသက်အရွယ်ရလာလို့ အိုမင်းရင့်ရော်လာမယ့် အသားအရေကို လက်ပြနှုတ်ဆက်လို့ နုပျိုတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင််ကြပါစေလို့👯👯