14/09/2026
မင်မင့်ကို Customer တွေလာမေးဖူးကြတယ်—
“ဘာလို့ တချို့အရုပ်တွေက ချွတ်စွပ်တူပြီး တချို့ကျတော့ သိပ်မတူသလို ဖြစ်ရတာလဲ” တဲ့။ 🥹
အဲ့ဟာလေးကို မင်မင့်အတွေ့အကြုံအရ ရှင်းပြပေးရရင်—
“Chibi uses simplified facial features and exaggerated proportions, usually with a large head and small body, to create a cute appearance.”🦋
Chibi ဆိုတာကိုက သူ့ရဲ့အခြေခံမျက်နှာပုံစံက ရိုးရိုးလေးနဲ့ ချစ်စရာကောင်းအောင် ရိုးရှင်းထားတဲ့ပုံစံမျိုးဆိုတော့ လူတစ်ယောက်ချင်းစီရဲ့ ထင်ရှားတဲ့ Face Shape တွေကို အပြည့်အဝထည့်လို့မရဘူးပေါ့နော်😮💨
၁။ တချို့လူတွေရဲ့ Likeness က မျက်နှာပုံစံ၊ ပါးပြင်၊ မေးရိုးနဲ့ မျက်နှာအချိုးအစားတွေမှာ ပိုပြီးထင်သာမြင်သာ ရှိတတ်ကြတယ်
၂။ တချို့ကျတော့ သူတို့ရဲ့ Likeness က မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း စတဲ့ Feature လေးတွေမှာ ပိုပြီးသိသာတာမျိုးပေါ့နော်
အဲ့ဒါကြောင့် Chibi အဖြစ်ပြောင်းလိုက်တဲ့အခါ ၁ မှာပါတဲ့ မျက်နှာပုံစံနဲ့ အချိုးအစားတွေထက် ၂ မှာပါတဲ့ Face Features လေးတွေက ပိုပြီး ထင်ရှားအောင်ကျန်ပြီး ချွတ်စွပ်တူတဲ့ Result လေးရလာပါရှင့် 🥹🫶🏻
ဆိုတော့ Chibi တစ်ရုပ်နဲ့တစ်ရုပ် Likeness ရလာပုံ မတူတာက
လူတစ်ယောက်ချင်းစီရဲ့ “တူစေတဲ့အချက်” က မတူကြလို့ပါပဲရှင့်
🐣🐣🐣