15/09/2021
ဘယ်သူတွေ ဘာပြောပြော ကိုယ်ကတော့ "တစ်"ပဲ
နာမည်နဲ့လိုက်အောင် Branded ရေမွှေးတွေထဲက CK One ပါ။ သိသလောက် Ck One လောက်ရောင်းအားကောင်းတဲ့ တခြားရေမွှေးမရှိသေးပါဘူး။
မွှေးရနံ့ဆိုတာ အနုပညာလက်ရာ တစ်ခုပါ။ ရေမွှေးကို နှလုံးသားနဲ့ ခံစားတတ်မှ ကိုယ့်အတွက် အလိုက်ဖက်ဆုံး ရေမွှေးကို ရွှေးချယ်နိုင်မှာပါ။ မှန်ပါတယ် CK One က ရနံ့အရမ်းစွဲတဲ့ထဲ မပါ ပါဘူး။ ရေမွှေးဖော်စပ်သူကရနံ့ကို အဓိကထားဖော်စပ်ထားတာပါ။ Ck One ရနံ့စွဲတယ်မစွဲဘူးကို တစ်ယောက်တစ်မျိုးငြင်းချင် ငြင်ူကြလိမ့်မယ်။ ဒါပေမယ့် Ck One ရနံ့ကောင်းတာကို ငြင်းမယ်သူမရှိပါဘူး။
CK Oneက စိမ်းစိုနေတဲ့ တောအုပ်ထဲက လတ်ဆတ်တဲ့လေကို ရှူလိုက်ရသလို ခံစားရတယ်။ fresh ဖြစ်တဲ့ ခံစားမှုနဲ့ အေးချမ်းတဲ့ခံစားမှုကို တပြိုင်နက်ထဲ ခံစားမိ။ဒါပေမဲ့ အီသွားတာ၊ အနံ့စူးသွားတာမျိုး မခံစားရဘူး။လူတိုင်းနှစ်သက်တဲ့၊ နှာခေါင်းမရှုံ့စေတဲ့ အနံ့မျိုး။Drydownမှာ စန္ဒကူး၊ပယင်း စတဲ့ woody ရနံ့တွေနဲ့ငြိမ်သွားလို့ ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ဘုံလေး တစ်ခုလိုပဲ။ ပြီးတော့ လွတ်လပ်ပေါ့ပါးမှုကို ခံစားမိတယ်။ပေါ့ပေါ့ပါးပါး ထသွားထလာ ဆွတ်ရင် သင့်တော်မယ့် ပုံပဲ။
Top note က တော်တော် Fresh ဖြစ်ပါတယ်။ နံနတ်၊ လိမ္မော်၊ သံပုရာ၊ သင်္ဘောသီးနဲ့ lemon စတဲ့ noteတွေကြောင့် အဖွင့်မှာ အေးမြလန်းစမ်းသွားပါတယ်။ မောပန်းနေတဲ့အချိန် သံပုရာရည် အေးအေးလေးတစ်ခွက်သောက်ရသလို ရင်ထဲ အေးချမ်းသွားပါလိမ့်မယ်။
Mid noteဆိုရင်လည်း စံပယ်၊ နှင်းဆီ၊လီလီ၊ violet နဲ့ orris အမြစ် စတဲ့ ရနံ့ငြိမ်ပန်းလေးတွေပဲ ပေါင်းစပ်ထားလို့ အီသွားတာ၊အနံ့စူးလာတာ မရှိပဲ ပန်းရနံ့သင်းသင်းလေးပဲ ခံစားမိတယ်။ မိန်းမမဆန်ဘူး။
Base noteကိုတော့ စန္ဒကူး၊ပယင်း greentea, musk, oakmoss, cedarတွေကို Green noteတွေနဲ့ ပေါင်းစပ်ပေးထားတာပါ။ စန္ဒကူး၊ပယင်း လိုမျိုး woody အနံ့က ကိုယ်သင်းရနံ့ပဲ ရောပြီး ငြိမ်သွားတာကြောင့် အနံ့မစွဲဘူးလို့ထင်ရပေမဲ့ သင်းသင်းလေးကျန်နေတုန်းပါ။
Longevity - +4 hr
Projection - soft ရာသီမရွေး အချိန်မရွေး လူကြီး၊လူငယ် ကျား၊မ မရွေး အရွယ်မျိုးစုံကြိုက်ပြီး ခုချိန်ထိ အောင်မြင်နေသေးတဲ့ရေမွှေးတစ်ခုပါ။
Ck oneကို ကျား၊မ မရွေး အသုံးပြုနိုင်တဲ့ citrus aromatic typeအနေနဲ့ 1994ခုနှစ်က ထုတ်လုပ်ခဲ့တာပါ။ တချို့က Gio အဖြူရောင်ရဲ့ Dupe လို့လည်း ပြောကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် ပေးရတဲ့ဈေးနဲ့ တန်တဲ့ ရသတွေရပါတယ်။
Crd.