The Sea

The Sea ကြိုဆိုလျှက်ပါ 👉
စာရေးဆရာ/ဆရာမများလေးစားလျှက်✍️

30/08/2026

သွားစရာရှိတာသွား
လုပ်စရာရှိတာလုပ်
ချစ်စရာရှိတာချစ်
နောက်မှ ဆိုပြီး အချိန်ဆွဲမနေနဲ့။

ချစ်တဲ့သူတွေကို ပိုပိုသာသာလေး ဂရုစိုက်
ပူလောင်စေတဲ့ လူတွေကို စွန့်လွှတ်လိုက်
မနက်ဖြန်တွေကို ငါတို့မပိုင်တာထက်
ငါတို့ကိုယ်တိုင်တောင် ငါတို့မပိုင်တာမို့
ချစ်ရတဲ့လူတွေကို ချစ်ကြောင်းပြောဖို့
နောက်မကျစေနဲ့။

နေ့ရက်တိုင်းကို ပျော်ပျော်နေပါ
တိတ်ဆိတ်ဖို့ လိုအပ်လာတဲ့အခါ
တိတ်ဆိတ်လိုက်ပါ။

🍂🍃

crd 🌄

05/07/2026

ပိုကောင်းတဲ့နေရာတွေက
ပိုပြီး လူနည်းတယ်
ပိုပြီး Respect ရှိကြတယ်
ပိုပြီး အသံတိုးကြတယ်
ပိုပြီး လှကြတယ်
ပိုပြီး Humble ဖြစ်ကြတယ်
ပိုပြီး လေ့လာသင်ယူကြတယ်
ပိုပြီး Focus ကောင်းကြတယ်
ပိုပြီး Attitude ကောင်းကြတယ်
ပိုပြီး ဝင်ငွေကောင်းကြတယ်
ပိုကောင်းတဲ့နေရာတွေကို ရောက်အောင်သွားပါ
အကြွေစေ့လိုအသံဆူလို့ လူသိရုံနဲ့ အလုပ်မဖြစ်တာတွေလောကမှာအများကြီး လူထင်ကြီးအောင်လုပ်ပြရှင်းပြနေမှ အမှန်တရားဖြစ်တာမဟုတ် လောကမှာ ပိုကောင်းတဲ့နေရာမှာရှိဖို့ ပတ်ဝန်းကျင်ကောင်းကိုကိုယ်တိုင်ရွေးရတယ်
လူရွေးပေါင်းတတ်ရတယ် နေရာအရွေးမှားရင် ဘယ်လောက်ဘဲကြိုးစားကြိုးစားဘယ်လောက်စေတနာထားထား ကျေးဇူးတင်မခံရဘူး အသိမှတ်ပြုမခံရဘူး အဲ့စကားကိုမှတ်ထားပီး
ပိုကောင်းတဲ့နေရာကိုရောက်အောင်သွားပါ☘️❤️

28/06/2026

ပေးသမျှထဲမှာ တန်ဖိုးအကြီးမားဆုံးက
မေတ္တာတရားပါပဲ။

လူတစ်ယောက်ကို ပေးနိုင်တဲ့အရာတွေ
အများကြီးရှိပါတယ်။
ငွေကြေး၊ အချိန်၊ လက်ဆောင်ပစ္စည်းတွေ…
အဲဒီအရာတွေဟာ တန်ဖိုးရှိကြပေမယ့်
အားလုံးထက် ပိုပြီး အဖိုးတန်တာက
မေတ္တာတရားပါပဲ။

မေတ္တာဆိုတာ ပြန်လည်ရဖို့
မျှော်လင့်ပြီး ပေးရတဲ့အရာ မဟုတ်ပါဘူး။
တစ်ဖက်လူ ပျော်ရွှင်စေချင်တဲ့စိတ်၊
နွေးထွေးမှုတွေကို မျှဝေပေးချင်တဲ့စိတ်ကနေ
ပေါက်ဖွားလာတဲ့ အလှဆုံးသော ခံစားချက်တစ်ခုပါ။
တချို့အရာတွေဟာ ငွေကြေးနဲ့ တိုင်းတာလို့ရပေမယ့်
မေတ္တာနဲ့ ပေးခဲ့တဲ့ နွေးထွေးမှုတွေကတော့
ဘာနဲ့မှ တိုင်းတာလို့မရတဲ့ တန်ဖိုးတွေပါပဲ။

🌳

17/05/2026

တစ်ချို့ အရပ်တွေကို
ကျွန်တော်တို့ဘယ်တော့မှ ခြေဦးလှည့်ဖြစ်တော့မှာမဟုတ်ပါဘူး ။
အချိန်အကြာကြီး ရပ်ခဲ့သလောက် ကိုယ့်ဖက် ပြန်ငဲ့ကြည့်ဖို့ မေ့နေတဲ့ အရပ်တွေကို ပြန်ငေးကြည့်လို့လဲ ပြန်လွမ်းစရာရယ်လို့ လောက်လောက်လားလားမှ ရှိမနေတော့တာ။
ကိုယ်ဖက်က တက်နိုင်တာထင် ကိုယ်ပေးခဲ့သလောက်ကိုယ်အတွက်ရယ်ဆိုပြီး ဘာတုန့်ပြန်မှုမှ ရှိမနေခဲ့ပါတာ။
အချိန်တွေက လွန်သွားခဲ့ပြီးပါပြီ။
အတိတ်တွေကို ကျွန်တော်တို့ ပြန်ပြင်လို့ရမနေတော့ဘူး
ဒါပင်မယ့်.....
ရှေ့ဆက်မယ် အနာဂတ်တွေမှာတော့
ကျွန်တော်တို့က ဆင်ခြင်လို့ ရတယ် မဟုတ်လား ။
လွမ်းလောက်စရာ မရှိပါဘူးဆိုတဲ့
စကားကို သုံးပြီး
ဘယ်တော့မှခြေဦးလှည့်ဖြစ်တော့မှာမဟုတ်တဲ့အရပ်တွေဟာ
ကျွန်တော်တို့အတွက် ရှ်ိတတ်ပါတယ် ။
အဲဒီအရပ်က
နောင်တရယ်
နာကျင်စရာရယ်
သင်ခန်းစာတွေရယ် လုံလောက်တာထက် ပို ပေးခဲ့ပါတယ် #☘️

ကျွန်မအတွက် အချစ်ဆိုတာလေးစားမူ့၊ တန်ဖိုးထားမူ့၊ ဖေးမမူ့၊နားလည်ပေးမူ့တွေပဲ။ဒါတွေသာ မရှိရင်ဘယ်လောက် ချစ်တဲ့လူ ဖြစ်နေပါစေ.....
01/05/2026

ကျွန်မအတွက် အချစ်ဆိုတာ
လေးစားမူ့၊ တန်ဖိုးထားမူ့၊ ဖေးမမူ့၊
နားလည်ပေးမူ့တွေပဲ။

ဒါတွေသာ မရှိရင်
ဘယ်လောက် ချစ်တဲ့လူ ဖြစ်နေပါစေ...

ကျွန်မ အဲ့ဒီတစ်စုံတစ်ယောက်ကို
စွန့်ပစ်ခဲ့ဖို့ဆိုလည်း ဝန်မလေးဘူး။

အစ်မတစ်ယောက်ပြောဘူးတာလေး သဘောကျလို့။"ရှင်သန်ရတဲ့ ပတ်ဝန်းကျင်တွေ မတူလို့ အကျင့်စရိုက်တွေလည်း မတူကြဘူး" ဆိုတဲ့ စကားလေး လေ။...
29/03/2026

အစ်မတစ်ယောက်ပြောဘူးတာလေး သဘောကျလို့။
"ရှင်သန်ရတဲ့ ပတ်ဝန်းကျင်တွေ မတူလို့ အကျင့်စရိုက်တွေလည်း မတူကြဘူး" ဆိုတဲ့ စကားလေး လေ။
ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားကို ကောင်းမွန်စွာ သင်ကြားခဲ့ရတဲ့သူနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထား မတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးပြင်းခဲ့ရတဲ့သူနဲ့ အကျင့်စရိုက် စိတ်နေစိတ်ထားတွေဟာ ဘယ်လိုမှ မတူ ကြဘူး။
"အစ်မတို့က ကိုယ့်အပေါ်ကောင်းတဲ့သူဆိုရင် အမြဲတမ်း တန်ဖိုးထားပြီး ရှင်သန်သွားကြတာဆိုပေမဲ့ လူတစ်ချို့ ကတော့ ကိုယ့်အပေါ်ကောင်းတဲ့သူဆိုရင် ငါအသုံးချလို့ရ တဲ့သူ၊ ခိုင်းလို့ရတဲ့သူလို့ တွေးကြတာ" တဲ့။ အဲ့စကားက တကယ်မှန်တာနော်။ ဘဝမှာ လူတွေအမျိုးမျိုးနဲ့ကြုံကြရတယ်။
ကိုယ့်အပေါ်တကယ့်ကို ကောင်းပေးကြတဲ့သူတွေ ရှိသလို၊ ကိုယ်ကကောင်းပြီး ကိုယ့်အပေါ်ပြန်ကောင်းပေး ကြတဲ့ အသွားအပြန် ရှိတဲ့ စေတနာ မေတ္တာတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။
ကိုယ့်မှာ ၁၀၀၀ ရှိလို့ ၁၀၀ပေးတာမျိုး မဟုတ်ဘဲ ၁၀၀ပဲ ရှိတာကို ၁၀၀လုံးလုံး ပေးခဲ့ပေမဲ့လည်း စော်ကားခံလိုက် ရတဲ့ စေတနာ မေတ္တာတွေလည်း ရှိခဲ့ဖူးတော့ လူတိုင်း အပေါ် အပြည့်အဝ ကောင်းပေးလို့မရမှန်း သိလာခဲ့ တယ်။
အဲ့ဒါကြောင့် ခုနောက်ပိုင်း ဘယ်သူ့အပေါ်မှာမှ မျှော်လင့် ချက်တွေ မထားဘူး။
အထူးသဖြင့် "သူကတော့ ငါ့ကို ဒီလို မလုပ်လောက်ပါ ဘူး" ဆိုတဲ့ မျှော်လင့်ချက် ပိုမထားဘူး။
ကိုယ်ကတော့ "ငါဒီလောက် ကောင်းပေးရက်နဲ့ လုပ်ရက် လိုက်လေခြင်း" လို့ တွေးပေမဲ့ လုပ်ရပ်လို့ လုပ်သွားတာ က သူ့စရိုက်လေ။ အခုနောက်ပိုင်း ကိုယ်တိုင်အဆင်ပြေဖို့ကို အရင်တွေး တယ်။ ကိုယ့်ကြောင့် တစ်ဖက်သူ မထိခိုက်ဖို့ပဲ ဦးစားပေး တယ်။ ကျန်တာ ကိုယ့်အတွက်ကိုယ်ပဲ တွေးတော့တယ်။
မဖိတ်ခေါ်တဲ့အရပ်၊ မကြိုဆိုတဲ့ အရပ်တွေကို မသွားဘဲ နေတယ်။ အသွားအပြန်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ဖြစ်လာပါတယ်။ အပေါ်ကအစ်မပြောသလိုပဲ "စိတ်ကျန်းမာဖို့" အတွက်လေ….☕

ကိုယ်ချပြတဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲမြင်ပြီး ကိုယ့်အကြောင်းကို အရမ်းသိနေသလို မလုပ်ပါနဲ့ကိုယ်က ငိုနေရင်းလည်း ရယ်တတ်သလို ....
05/03/2026

ကိုယ်ချပြတဲ့
တစ်စိတ်တစ်ပိုင်းလောက်ပဲမြင်ပြီး
ကိုယ့်အကြောင်းကို
အရမ်းသိနေသလို မလုပ်ပါနဲ့

ကိုယ်က
ငိုနေရင်းလည်း ရယ်တတ်သလို ..
ရယ်နေရင်းကနေလည်း ငိုတတ်တယ်

စိတ်ထဲလုံးဝအဆင်မပြေချိန်မှာတောင်
ဘယ်သူ့ကိုမှ ရင်ဖွင့်ဖို့ မကြိုးစားတတ်သူမို့

ကိုယ်ပြတဲ့ဘက်ခြမ်းပဲမြင်ပြီး
ကိုယ့်အကြောင်းအရမ်းသိနေသလိုမလုပ်ပါနဲ့

ဘာလို့ဆို
ကိုယ့်စိတ်က တစ်ခါတလေ
ကိုယ်တိုင်တောင်နားမလည်တဲ့အထိ
အပြောင်းအလဲမြန်တတ်သေးတာမို့ … ။

✍🏻

လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင်အရွယ်တင်ပြီး နုပျိုတယ်။လှနေတယ်။ချောနေတယ်ဆိုရင် အဲဒီလူက စိတ်ထားကောင်းတယ်။ဖြူစင်တယ်။ရိုးသား...
02/03/2026

လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင်
အရွယ်တင်ပြီး နုပျိုတယ်။လှနေတယ်။
ချောနေတယ်ဆိုရင် အဲဒီလူက စိတ်ထား
ကောင်းတယ်။ဖြူစင်တယ်။ရိုးသားတယ်။
ဘဝကို ပျော်ပျော်နေတတ်တယ်။
ပွင့်လင်းတယ်။Skin care တာလဲပါတယ်
ဆိုပေမဲ့ အဓိက စိတ်ထားကောင်းပြီး စိတ်က
ကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က
ရုပ်ရည်ကို ပိုနုပျိုစေတာပါ။
ကိုယ့်အသက်ထက် များစွာအရွယ်တင်ပြီး
နုပျိုတဲ့လူတွေက ကောက်ကျစ်တာတွေ မရှိဘူး။
သဘောကျတဲ့သူဆို သဘောကျမယ်။
သဘောမကျတဲ့ဆို အဝေးကနေ ရှောင်လိုက်မယ်။
ကိုယ့်ကြောင့် နစ်နာမှာ ထိခိုက်မှာ မလိုလားကြဘူး။ရယ်မောရင် အားရပါးရ ရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့ တစ်ခါတလေ ကလေးဆန်တတ်ပါတယ်။
တော်တော်များများ အရွယ်တင်နုပျိုတဲ့လူတွေက
စိတ်သဘောထား အင်မတန်ကောင်းတယ်။
ပျော်ပျော်နေတတ်တာ များပါတယ်။
အဲတော့ အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင် အမြဲနေပါ။
အတွေးလွန်တာလျှော့ပြီး ပျော်ပျော်နေပါ။
ကိုယ့်မျက်နှာလေး ပိုရယ်မောနိုင်အောင် ဖန်တီးယူပါ။♥🍀

07/02/2026

ဘုန်းကံရှိတဲ့ အမျိုးသမီးဆိုတာမဆင်းရဲဘူး
မချမ်းသာရင်တောင် ချို့ချို့တဲ့တဲ့မနေရဘူး

ကိုယ်ဖြစ်ခြင်တာ ကိုယ်လိုခြင်တာမှန်သမျှ ရနိုင်တယ်
အိမ်ထောင်ရေး အချစ်ရေး ကံကောင်းတယ်

လူချစ်လူခင်ပေါတယ်
ဘာလုပ်လုပ် အဆင်ပြေတယ်
တော်ရုံ တို၊က်ခိုက်လို့ မရဘူး

နာမည်ဖျက်လို့ မရဘူး
အကောက်ကြံမဲ့သူတွေ ထို၊းချမဲ့သူတွေရှိလာရင်တောင်
သူတို့အကြံအစည် မအောင်မြင်တက်ဘူး

အလွယ်တကူ ဒုက္ခရောက်အောင် လုပ်လို့မရဘူး
ရောက်ရာနယ်ပယ်တိုင်းမှာ နာမည်ကောင်းတစ်ခုနဲ့
ထင်ရှားတယ်

မျက်နှာရတယ် မျက်နှာပွင့်တယ်
လူတွေရဲ့ မေတ္တာကိုရတယ်

မုန်းသူတစ်ယောက်ရှိရင်
ချစ်ခင်သူ ဆယ်ယောက်ရှိတက်တယ်

အရောင်အဆင်း တောက်ပတယ်
ဘာဝတ်ဝတ် တင့်တယ်ပြီး ကြည့်ကောင်းနေတယ်

မျက်နှာအကြည်ဓာတ်ရှိတယ် တော်ရုံလူမစော်ကားရဲတဲ့
အထင်မသေးရဲတဲ့ အရှိန်အဝါရှိတယ် ပြောတဲ့စကားတိုင်းဖြစ်တယ်။♥🍀


05/02/2026

ရေချိူးတိုင်းအော်ဆိုခဲ့တဲ့သီချင်း😃🤗

🎧

Address

JMk
Myitkyina

Website

Alerts

Be the first to know and let us send you an email when The Sea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share