11/07/2026
လူတွေအထင်ကြီးအောင် ပိုက်ဆံသုံးနေသူများအတွက်
တချို့လူတွေ ပိုက်ဆံသုံးတာ
ကိုယ့်ဘဝ ပိုကောင်းဖို့ မဟုတ်ပါဘူး။
လူတွေ ကိုယ့်ကို ပိုကောင်းတယ်လို့ မြင်စေဖို့ပါ။
ဖုန်းအသစ်ဝယ်တယ်။
ကားကောင်းစီးတယ်။
ဈေးကြီးတဲ့ဆိုင်မှာစားတယ်။
ခရီးတွေသွားတယ်။
ပုံတွေတင်တယ်။
ဒါတွေအားလုံး မကောင်းဘူးလို့
ပြောတာမဟုတ်ပါဘူး။
ဒါပေမဲ့ ကိုယ်တကယ်ပျော်လို့ သုံးနေတာလား။
ဒါမှမဟုတ် လူတွေ အထင်ကြီးစေချင်လို့
သုံးနေတာလားဆိုတာ မေးဖို့လိုပါတယ်။
စိတ်ပညာအရ
လူတော်တော်များများက
ပစ္စည်းကို ဝယ်နေတာမဟုတ်ပါဘူး။
အသိအမှတ်ပြုခံရမှုကို ဝယ်နေတာပါ။
“ငါလည်း သူတို့ထက် မနိမ့်ဘူး”
“ငါ့ဘဝလည်း ကောင်းနေတယ်”
ဆိုတာကို တခြားသူတွေဆီက ကြားချင်လို့
ပိုက်ဆံနဲ့ သက်သေပြနေတတ်ကြတယ်။
ပြဿနာက လူတွေ အထင်ကြီးတဲ့အချိန်က ခဏလေးပါ။
ဒါပေမဲ့အဲဒီအတွက် ကိုယ်ပေးရတဲ့ အကြွေး၊
စိတ်ဖိစီးမှု၊ အလုပ်မထွက်ရဲမှု၊
လွတ်လပ်မှုဆုံးရှုံးမှုကတော့ ရေရှည်ပါ။
လူတွေက ကိုယ့်ကားကို ကြည့်ပြီး
မိနစ်အနည်းငယ် အားကျနိုင်တယ်။
ဒါပေမဲ့ ကားအကြွေးကို နှစ်ပေါင်းများစွာ
ပေးရတာက ကိုယ်ပါ။
လူတွေက ကိုယ့်ခရီးပုံကို Like ပေးနိုင်တယ်။
ဒါပေမဲ့အဲဒီခရီးပြီးနောက်
ငွေကြေးဖိအားကို ခံရတာက ကိုယ်ပါ။
ဒါကြောင့် တစ်ခုခုဝယ်တော့မယ်ဆိုရင်
ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ။
“ဒီအရာက ငါ့ဘဝကို တကယ်ပိုကောင်းစေမှာလား။”
“ဒါမှမဟုတ် လူတွေအထင်ကြီးအောင် ပိုက်ဆံသုံးနေတာလား။”
တကယ့်ချမ်းသာမှုဆိုတာ
လူတွေကို အထင်ကြီးစေတာ မဟုတ်ပါဘူး။
မကြိုက်တဲ့အလုပ်ကို မလုပ်ဘဲနေနိုင်တာ။
အရေးပေါ်အခြေအနေမှာ မပြိုလဲတာ။
အကြွေးနည်းတာ။
ကိုယ့်အချိန်ကို ကိုယ်ရွေးချယ်နိုင်တာ။
ညဘက် စိတ်အေးချမ်းစွာ အိပ်နိုင်တာပါ။
ပိုက်ဆံကိုချမ်းသာသယောင် မြင်စေဖို့ မသုံးပါနဲ့။
ကိုယ့်ဘဝကို တကယ်လွတ်လပ်စေဖို့ သုံးပါ။
ဒီအကြောင်းကို ပိုနားလည်ချင်ရင်
ShweNote App ထဲမှာ
“ငွေကြေးသုံးစွဲခြင်းအနုပညာ”
စာအုပ်ကို ဖတ်ကြည့်ပါ။
လူတွေရဲ့အထင်ကြီးမှုက ခဏပါ။
ကိုယ့်လွတ်လပ်မှုက တစ်ဘဝလုံးအတွက်ပါ။
#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း