Win Business - Myittha

Win Business - Myittha မြစ်သားမြို့နယ်အတွက် "ဝင်း မြစ်သား" ?

စပါးရွက်ညိုပြောက်ရောဂါBROWN LEAF SPOT(က) ရောဂါဖြစ်စေသက်ရှိ - (Drechslera oryzae)(ခ) ရောဂါလက္ခဏာရောဂါလက္ခဏာကို အရွက်နှင့်...
03/12/2021

စပါးရွက်ညိုပြောက်ရောဂါ
BROWN LEAF SPOT
(က) ရောဂါဖြစ်စေသက်ရှိ - (Drechslera oryzae)

(ခ) ရောဂါလက္ခဏာ
ရောဂါလက္ခဏာကို အရွက်နှင့်စပါးစေ့အပေါ်တွင် အဓိကတွေ့ရှိရသော်လည်း စေ့ရွက်အောက်ထွက်စ၊ ရွက်ဖုံး၊ အနှံခက်များအပေါ်တွင်လည်း တွေ့နိုင်သည်။ အရွက်ပေါ်တွင် အစက်ငယ်မှ နှမ်းစေ့အရွယ်၊ တစ်ခါတစ်ရံ (၁)စင်တီမီတာ အရွယ်အထိရှိသော ဘဲဥပုံအညိုရောင်ပြောက်များ ညီညာစွာ ပျံ့ကြဲနေသည်။ အစက်အပြောက်များမှာ အစပိုင်းတွင် ခရမ်းရောင်၊ အညိုရောင်ရှိပြီး ကြီးလာသည်နှင့်အမျှ အညိုရောင်အနားရစ်နှင့် မီးခိုးရောင် ဗဟိုရှိသော ကွက်ပြောက်များ ဖြစ်လာသည်။ ထိုမှတစ်ဆင့် အရွက်ခြောက်သေသွားသည်။ အစေ့ခွံပေါ်တွင် အနက်ရောင် (သို့မဟုတ်) အညိုရင့်အစက်အပြောက်များတွေ့နိုင်သည်။ ၎င်းမှတဆင့် ဆန်စေ့ပေါ်အထိပင် အမဲပြောက်များ တွေ့နိုင်သည်။ အနှံခက်၏ အဆစ်များကြားတွင်လည်း အညိုရောင်ရောဂါကွက်ဖြစ်ပြီး စပါးစေ့အဆန်တည်ရှိမှု နည်းစေသည်။ အဆန်မအောင်ပဲ စပါးစေ့ရှုံလိမ်၍ အရောင်ပျက်စေသည်။ ရောဂါရ စပါးစေ့များကို ပြန်လည်စိုက်ပျိုးခြင်းဖြင့် ပျိုးပင်နာရောဂါ (Seeding Blight) ဖြစ်စေပြီး ပျက်စီးဆုံးရှုံးမှုများနိုင်သည်။

(ဂ) ဒေသအလိုက် ပျံနှံ့တည်ရှိမှု
စပါးစိုက်ဒေသတိုင်းတွင် တွေ့နိုင်သည်။ အထူးသဖြင့် အာဟာရချို့တဲ့သော မြေများတွင် တွေ့ရှိနိုင်သည်။

(ဃ) ရောဂါတိုးတက် ဖြစ်ပေါ်မှုကို အားပေးသော အခြေအနေ
မြေတွင် အာဟာရချို့တဲ့ခြင်းနှင့် နိုက်တြိုဂျင်ဓါတ် လွန်ကဲခြင်းတို့သည် ရွက်ညိုပြောက်ရောဂါကို တိုးတက်စေသည်။ ၎င်းပြင် ရေသွင်းရေထုတ်ညံ့ဖျင်းသော၊ ဓါတ်လျော့သည့်အခြေအနေလွန်ကဲသော မြေများတွင်လည်း ၎င်းရောဂါကို တွေ့နိုင်သည်။ စပါးပင်သည် မင်ဂနိ၊ ဆီလီကာ၊ ဖော့စဖရပ် ပိုတက်ဆီယမ်၊ နိုက်တြိုဂျင်စသောဓါတ်များ ချို့တဲ့ပါက ဤရောဂါပြင်းထန်စွာ ကျရောက်လေ့ရှိသည်။ အပုပ်လွန်သော လယ်များတွင် ဟိုက်ဒရိုဂျင်ဆာလဖိုက် ဓါတ်ငွေများ ထွက်လာခြင်းကြောင့် အပင်များသည် ဆီလီကာနှင့် ပိုတက်ဆီယမ်တို့ကို ပုံမှန်အတိုင်း မစုပ်ယူနိုင်သဖြင့် ရောဂါပို၍ ဖြစ်နိုင်သည်။ ရွက်ညိုပြောက်ရောဂါ လက္ခဏာသည် အပင်တွင် ပိုတက်ဆီယမ်ဓါတ် ချို့တဲ့၍ ဖြစ်ပေါ်လာသော ရွက်ပြောက်လက္ခဏာများနှင့် ဆင်တူသည်။ စွတ်စိုသောမြေထက် ခြောက်သွေ့သောမြေတွင် ရွက်ပြောက်အရေအတွက် ပိုမိုများပြားစွာ ဖြစ်ပေါ်သည်။ ရောဂါကူးစက်ရန် အကောင်းဆုံးအပူချိန်မှာ (၂၀ံ-၂၅ံ) စင်တီဂရိတ် ဖြစ်သည်။ တိမ်ထူပြီး မိုးအဆက်မပြတ်ရွာနေပါက မှိုကြီးထွားမှုအတွက် ကောင်းမွန်သောကြောင့် ရောဂါပြန့်ပွားမှုမြန်စေသည်။
(င) ရောဂါသံသရာ
ရောဂါဖြစ်သောမှိုသည် ရောဂါရအပင် အစိတ်အပိုင်းများတွင် (၂-၃) နှစ်အထိ ခိုအောင်းရှင်သန်နိုင်သည်။ မြေထဲတွင်လည်း (၂၈-၂၉)လအထိ ရှင်သန်နိုင်သည်။ ရောဂါရမျိုးစေ့များသည် ရောဂါအဓိကကူးစက်ပျံ့နှံ့စေသော အကြောင်းအရင်းဖြစ်သည်။ မြေကြီးအတွင်းရှိ မှိုမှတစ်ဆင့်လည်း ရောဂါကူးစက်စေနိုင်သည်။ ထပ်ဆင့်ရောဂါကူးစက်ခြင်းမှာမူ လေဖြင့်လွင့်ပါလာသော မှိုစပိုးများကြောင့်ဖြစ်သည်။

(စ) လက္ခံပင်များ
မြက်မျိုးစိတ်များ ၊ စပါးရိုင်းများ။

(ဆ) ကာကွယ်နှိမ်နှင်းနည်းများ
စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နှင်းခြင်း
၁။ ရောဂါကင်းသော စိုက်ခင်းမှ မျိုးစေ့ကို ရွေးချယ်စိုက်ပါ။
၂။ ရောဂါကျ ပင်ကြွင်းပင်ကျန်များနှင့် အခြားပေါင်းပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။
၃။ ကျန်းမာသန်စွမ်းသော စပါးခင်းဖြစ်အောင် သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာ၊ အနည်းလို အာဟာရဓါတ်များကို အချိုးညီညီ သုံးစွဲပါ။ နိုင်တြိုဂျင် မြေသြဇာထည့်သော အကြိမ်တိုင်းတွင် ပိုတက်ရ်ှနှင့်တီစူပါကို တွဲထည့်ပါ။
၄။ ခံနိုင်ရှည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပါ။
၅။ ရောဂါကျစိုက်ခင်းကိုဖြတ်၍ ရေသွင်းရေထုတ် ပြုလုပ်ခြင်းကို ရှောင်ကြည်ပါ။
၆။ စပါးစိုက်မြေကို မြေဆီသြဇာ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရေသွင်းရေထုတ်မှန်မှန်ပြုလုပ်ပေးခြင်း၊ စိုက်ခင်းသန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ခြင်း၊ သင့်တော်သော စိုက်ချိန်ကို ချိန်ဆ၍ စိုက်ပျိုးခြင်းစသော စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပါ။

၇။ အောက်ပါဆေးများ ပက်ဖျန်းအသုံးပြုပါ။
(က) Propiconazole (ပီရိုပီကိုနာဇိုး)
(ခ) Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)
(ဂ) Thiophanate methyl + Thiram (သိုင်အိုဖာနိတ်မီသိုင်း + သိုင်ရမ်)
(ဃ) Chlorothalonil (ကလိုရိုသာလိုနေး)
(င) Carbendazim (ကာဗန်ဒါဇင်)

credit to origin

 #အချိုမှုန့်သမိုင်း၁၉၀၈-ခုနှစ်မှ စ၍ ဂျပန်ပါမောက္ခ ကီရာနအဲ အီကဲဒါဆိုသူက ဂျုံ၊ကြံ၊ ပီလောပီနံဥ၊ ရေညှိစသည့် သဘာဝပစ္စည်းများ...
26/11/2021

#အချိုမှုန့်သမိုင်း

၁၉၀၈-ခုနှစ်မှ စ၍ ဂျပန်ပါမောက္ခ ကီရာနအဲ အီကဲဒါဆိုသူက ဂျုံ၊ကြံ၊ ပီလောပီနံဥ၊ ရေညှိစသည့် သဘာဝပစ္စည်းများနှင့် ပေါင်းစပ်ကာ ဂလူတာမိတ်(GLUTAMAIE)ဓာတ်ကို ထုတ်လုပ်၍ ဆိုဒီယမ်ဆားတို့ ပေါင်းခံလိုက်သောအခါ ဟင်းခပ်လျှင် အရသာရှိသော (MONOSODIUMGLUTAMATE) MSGခေါ်အချိုမှုန့်ကို ရသည်။

အဆိုပါအချိုမှုန့်ကို အာဂျီနိုမိုတိုဟု အမည်ပေး၍(AJINOMOTO)
ကမ္ဘာသို့ ဖြန့်ချီလိုက်ရာ လူသားတို့နှစ်သက်စွဲလန်းသွားကြသည်။ နောက်ပိုင်း၌ ပီလောပီနံဥစသော သဘာဝပစ္စည်းတို့ကို အသုံးမပြုတော့ဘဲ ဓာတုဗေဒနည်းဖြင့် အစားထိုးခဲ့သည်။

ဓာတုနည်းဖြင့်ထုတ်လုပ်ထားခြင်းကြောင့် ရောဂါအမျိုးမျိုးဖြစ်ခဲ့ကြရသည်။ အချိုမှုန့်အန္တရာယ်ကို ကမ္ဘာက သိလာကြသဖြင့် စီးပွားရေးသမားများက နောက်ပုံစံတစ်မျိုးနှင့် ဟင်းခပ်မှုန့်ပြောင်းလဲထုတ်လုပ်ခဲ့သည်။ တံဆိပ်အမျိုးမျိုးတပ်ထားကြသောကြက်သားမှုန့်တို့မှာ မူလအချိုမှုန့်များပါဝင်နေသဖြင့် အချိုမှုန့် ကြက်သားမှုန့်ကို ဓာတ်ခွဲလျှင် မိုနိုဆိုဒီယမ်ဂလူတာမိတ်ကို တွေ့ရ၏။ (MONOSODIUM GLUTAMATE)ကြက်သားအနံ့ဓာတုအရောင်တင်ထားသဖြင့် ပိုမို
အန္တရာယ်ဘေးဆိုးဖြစ်စေနိုင်သည်။ (ငါး၊ပုဇွန်၊ ပြည်ကြီးငါးတို့ဖြင့် ပြုလုပ်ထားသော ငံပြာရည်တို့၌လည်း အချိုမှုန့်ပါနေသည်။) အဆိုပါကြက်သားမှုန့်ကို တာရှည်စွာသုံးစွဲခြင်းကြောင့် #အသားပွစိစိ၊ #ဗိုက်ပူ၊ #ခါးတုတ်၊ #ဂုတ်သားတက်၊ #မေးစိနှစ်ထပ်၊ #မျက်လုံးအစ်၊ #လက်မောင်းတုတ်၊ #ပေါင်မှာအထစ်ထစ်နှင့် #ခြေသလုံးကြီး ဖြစ်နေကြ၏။

အချိုမှုန့်လွန်စွာစားသူများမှာ အဝလွန်ပြီး ကင်ဆာအမျိုးမျိုး၊ နှလုံးခုန်မြန်၊ သွေးတိုး၊ အရေပြားကြမ်း၊ အပိန့်ထွက်၊ မျက်စိမှုန်၊ ရင်ကျပ်၊ ပန်းနာ၊ ကျောက်ကပ်ပျက်စီး၊ ကိုယ်ဖောကိုယ်ရောင်၊ စိတ်ဂယောင်ခြောက်ခြား၊ ဆီးချို၊ ကျောက်တည်၊ လေပြေသွေးတွင်းအဆီမြင့်တက်အစရှိသော ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။
(ပင်လယ်စာ၊ ငါး၊ စပျက်၊ မုန့်ညင်းတို့ဖြင့် ထုတ်လုပ်ထားသော သဘာဝဟင်းခပ်မှုန့်များကို သုံးစွဲသင့်သည်။)
စားသောက်ဖွယ်များအရသာရှိပြီး စားကောင်းစေလိုလျှင် အရောင်မချွတ်ထန်းလျက်ကို ပါးပါးလှီး၍ ဆားသင့်ရုံထည့်သုံးလျှင် အန္တရာယ်ကင်းသော ဟင်းခပ်မှုန့်ဖြစ်သည်။

အချိုမှုန့်ဆိုတာ ဘာလဲ
~~~~~~~~~
ဘယ်လောက်များအန္တရာယ် ပေးနိုင်လဲ သိစေချင်
~~~~~~~~~~~~~~~~~~~~
ရေရှည် မှန်မှန်စားသွားရင် ဒီလောက်အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG)လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုးပါ၀င်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခပ်ပစ္စည်းတစ်ခု ဟုတ်ပါသလား? ပုံမှန်သုံးသင့်တဲ့ ဟင်းခပ်အမွှေးအကြိုင်တစ်ခု လုံး၀ မဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်)ရဲ့အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံး၀ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။

(၁) ဆီးချိုမဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက် တစ်ရပ်ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာအလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့ အဖော်အပေါင်းတွေပါ'ပါ လာပါလိမ့်မယ်။

(၃) ဦးဏှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်းစေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီးစားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်းယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝြဖတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေးပညာရှင်တွေ ဘာတွေ့ရလို့လဲဆိုတာ စာဖတ်သူတို့ သိပါသလား။
အချိုမှုန့်စားတဲ့ ကိုယ်၀န်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာတွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်၀န်ဆောင်မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးဏှောက်အစိတ်အပိုင်းတွေမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးဏှောက် ဧရိယာတွေဖြစ်လို့ ဒီလိုကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေထူစေတတ်တာ ကမ္ဘာတစ်၀န်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်၀န်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါအပါအ၀င် ကိုယ်တွင်းကလီစာတစ်ခုခု ရောင်ယမ်းတဲ့ရောဂါရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချအမြစ်ဖြတ်ကြမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာဖြစ်လို့ အသီးအနှံတွေမှာ လုံး၀ မသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline)အရပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်)ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ်နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ
အချိုမှုန့်ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ၀ယ်ရင် လေဘယ်လ်ပေါ်မှာပါတဲ့ အချိုမှုန့်ပါ၀င်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါ၀င်ဖက်ပစ္စည်းစာရင်း (Ingredient List)ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျပါ'ပါတယ်။

(၅) ရိုးရာဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ)ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါ'ပါတယ်ခင်ဗျား။

များပြားလှတဲ့အစားအသောက်တွေကြောင့် ထူပြောလှတဲ့ရောဂါများ မဖြစ်အောင် စားလိုစိတ်ကို ချုပ်တည်းနိုင်ကြ၍ အနာရောဂါ ဘေးဘယာများ ကင်းဝေးကြပါစေသား။

တက္ကသိုလ် လုလင်

မူရင်းရေးသူကို credit ပေးပါသည်။

Creative and Nature 😍😍Photo Crd
05/09/2021

Creative and Nature 😍😍

Photo Crd

မင်္ဂလာပါ 💐Win Business မှာ Oxygen Flowmeter Instockရပါပြီရှင့်ပစ္စည်းဒီနေ့ရောက်တာပါရှင့်😍Flowmeterတစ်စုံ 30000ကျပ်❗ပစ္စ...
17/08/2021

မင်္ဂလာပါ 💐
Win Business မှာ
Oxygen Flowmeter Instockရပါပြီရှင့်
ပစ္စည်းဒီနေ့ရောက်တာပါရှင့်😍

Flowmeterတစ်စုံ 30000ကျပ်❗
ပစ္စည်းအသင့်ရှိ

မြစ်သားမြို့ပေါ်ကဆိုရင် ဆိုင်မှာလာယူလို့ရပါတယ်

ဦးသူယူပါ
ပစ္စည်းယူမယ်ဆိုCBမှာဆက်သွယ်ပေးပါရှင်😍

မြစ်သားမြို့တွင်း အောက်ဆီဂျင်အိုးများ မှာယူချင်ရင် ရပါပြီ -Myittha Only ( Edited အမှာစာရင်း ပိတ်ပါပြီ။ ) 15L - 280 000 (...
01/08/2021

မြစ်သားမြို့တွင်း အောက်ဆီဂျင်အိုးများ မှာယူချင်ရင် ရပါပြီ -
Myittha Only ( Edited အမှာစာရင်း ပိတ်ပါပြီ။ )

15L - 280 000 ( Flowmeter ပါပြီးဈေး )
40L - 340 000 ( Flowmeter ပါပြီးဈေး )

မြစ်သားမြို့ပေါ် အရောက်ဈေး ဖြစ်ပါတယ် ၊

မှာယူဖို့ စိတ်ဝင်စားရင်တော့ အောက်ကအချက်လေးတွေ သေချာ ဖတ်ပြီးမှ မှာပေးပါ

- ပစ္စည်းက ၈ လပိုင်း ၂၀ ရက်နေ့ ရောက်ပါမယ် ၊
- ငွေကြိုပေးစရာ မလိုပါ ၊ ပစ္စည်ရမှ ငွေချေပါ ၊

- မှာထားပြီးရင် အမှာဖျက်ခြင်း❌ မရပါ၊ အဆင်မပြေပါ ၊
- တကယ်လိုမှ တကယ်ယူဖို့ အဆင်ပြေမှ မှာပေးပါ ၊
- ငွေကြိုမယူဘဲ ရှင်းပြီးယူထားပေးတာမလို့ မှာထားပြီးတာ မယူတာမျိုးက အဆင်မပြေလို့ပါ ၊

မှာချင်ပြီ ဆိုရင်တော့ -
အမည်
ဖုန်းနံပါတ်
လိပ်စာ
အပြည့်အစုံကို Page Messenger မှာ ဆက်သွယ်ပြီး မှာယူနိုင်ပါတယ် ၊

မှတ်ချက် - မြစ်သားမြို့‌ပေါ်အရောက်ဖြစ်ပြီး ၊ ရွာဘက်ဆိုရင်တော့ မြို့ပေါ် လာယူမှ အဆင်ပြေပါမယ် ။

Edited အမှာစာရင်း ပိတ်ပါပြီ။🏙️Myittha Onlyမြစ်သားမြို့တွင်း အောက်ဆီဂျင်အိုးများ မှာယူချင်ရင် ရပါပြီ -⭐ အလုံးရေ ငါးလုံးခန...
29/07/2021

Edited အမှာစာရင်း ပိတ်ပါပြီ။

🏙️Myittha Only
မြစ်သားမြို့တွင်း အောက်ဆီဂျင်အိုးများ မှာယူချင်ရင် ရပါပြီ -
⭐ အလုံးရေ ငါးလုံးခန့်သာ မှာယူဖို့ ကန့်သတ်ထားလို့
အရင်ဆုံး မှာယူမည့်သူသာ ရပါမယ် ၊

15L - 280 000 ( Flowmeter ပါပြီးဈေး )
40L - 340 000 ( Flowmeter ပါပြီးဈေး )

မြစ်သားမြို့ပေါ် အရောက်ဈေး ဖြစ်ပါတယ် ၊
မှာယူဖို့ စိတ်ဝင်စားရင်တော့ အောက်ကအချက်လေးတွေ သေချာ ဖတ်ပြီးမှ မှာပေးပါ

- ပစ္စည်းက ၈ လပိုင်း ၂၀ ရက်နေ့ ရောက်ပါမယ် ၊
- ငွေကြိုပေးစရာ မလိုပါ ၊ ပစ္စည်ရမှ ငွေချေပါ ၊

- မှာထားပြီးရင် အမှာဖျက်ခြင်း❌ မရပါ၊ အဆင်မပြေပါ ၊
- တကယ်လိုမှ တကယ်ယူဖို့ အဆင်ပြေမှ မှာပေးပါ ၊
- ငွေကြိုမယူဘဲ ရှင်းပြီးယူထားပေးတာမလို့ မှာထားပြီးတာ မယူတာမျိုးက အဆင်မပြေလို့ပါ ၊

မှာချင်ပြီ ဆိုရင်တော့ -
📛 အမည်
📞 ဖုန်းနံပါတ်
📃 လိပ်စာ
အပြည့်အစုံကို Messenger သို့ ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ် ၊
Profile အတုများနဲ့ မှာယူခြင်း မပြုဖို့ မေတ္တာရပ်ခံပါတယ် ၊

မှတ်ချက် - မြစ်သားမြို့‌ပေါ်အရောက်သာ ဖြစ်ပါတယ် ၊ ရွာဘက်ဆိုရင်တော့ မြို့ပေါ် လာယူမှ အဆင်ပြေပါမယ် ။




မန္တလေးမြို့တွင်းKpayဖြင့်ဝယ်ယူနိုင်သောဆေးဆိုင်များ➡️ဇီဝကဆေးဆိုင်ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို...
09/07/2021

မန္တလေးမြို့တွင်းKpayဖြင့်ဝယ်ယူနိုင်သောဆေးဆိုင်များ

➡️ဇီဝကဆေးဆိုင်
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေး

➡️𝗪𝗶𝗻 𝗠𝗲𝗱 𝗣𝗵𝗮𝗿𝗺𝗮𝗰𝘆
ဆိုင်ခွဲ(၁) အမှတ် တ-၃/၅၄၊
၆၂လမ်း၊ ၁၀၂(A) လမ်း နှင့် ၁၀၃ လမ်း ကြား
ခုတင် ၃၀၀ သင်ကြားရေးဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်၊ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဆိုင်ခွဲ(၂)အခန်းအမှတ်(A)၊အကွက်အမှတ်(ဇဇ-၅)
၅၆လမ်း၊ ၁၀၇ လမ်း နှင့် ၁၀၈ လမ်း ကြား
အောင်သာယာဈေးတောင်ဘက်၊ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဆိုင်ခွဲ(၃)အမှတ်(၁/၁)၊၆၆လမ်း နှင့် ၂၇လမ်းထောင့်
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့

➡️𝟱𝟮𝟴 𝗣𝗵𝗮𝗿𝗺𝗮𝗰𝘆
ဆိုင်ခွဲ (၁)လမ်း၃၀၊ ၅၆လမ်းနှင့် ၅၇လမ်းကြား၊ မန္တလေးမြို့။
ဆိုင်ခွဲ (၂) ၈၃လမ်း၊ ၂၈လမ်းနှင့် ၂၉လမ်းကြား၊ မန္တလေးမြို့။
ဆိုင်ခွဲ (၃) ၂၉လမ်း၊ ၇၂လမ်းနှင့် ၇၃လမ်းကြား၊ မန္တလေးမြို့။
ဆိုင်ခွဲ (၄) ၆၅လမ်း၊ ၁၀၈လမ်းနှင့် ၁၀၉လမ်းကြား၊ မန္တလေးမြို့

➡️𝗜𝗦𝗢 𝗣𝗵𝗮𝗿𝗺𝗮𝗰𝘆
၄၇/၁၊ ၂၇လမ်း၊ ၇၂လမ်းနှင့် ၇၃လမ်းကြား၊ မန္တလေးမြို့

➡️𝗝𝗮𝗽𝗮𝗻 𝗣𝗵𝗮𝗿𝗺𝗮𝗰𝘆
၂၄၁/၁၊၃၁လမ်း ၊၈၃လမ်းနှင့် ၈၄လမ်းကြား၊မန္တလေးမြို့။
ကိုဟန်တင်+မတင်တင်အောင်ဆေးဆိုင်
ဆိုင်အမှတ် (၁)၂၇လမ်း၊၇၃နှင့်၇၄ကြား၊မန္တလေးမြို့။
ဆိုင်အမှတ် (၂)၇၅လမ်း ၂၈နှင့်၂၉ကြား၊မန္တလေးမြိူ့။
ဆိုင်အမှတ် (၃)၁၀၅လမ်း ၆၃နှင့်၆၄ကြား၊မန္တလေးမြို့။
ဆိုင်အမှတ် (၄)၈၂လမ်း ၃၂နှင့်၃၃ကြား၊မန္တလေးမြို့။

ကြိုတင်ကာကွယ်ခြင်းက ကုသမှုထက် ထိရောက်ပါတယ်၊အသက်ကို ဉာဏ်စောင့်ပါတယ်။ ်ပါ #လက်ဆေးပါ  #လူစုလူဝေးရှောင်ပါ©
30/06/2021

ကြိုတင်ကာကွယ်ခြင်းက ကုသမှုထက် ထိရောက်ပါတယ်၊

အသက်ကို ဉာဏ်စောင့်ပါတယ်။

်ပါ
#လက်ဆေးပါ
#လူစုလူဝေးရှောင်ပါ

©

Address

Myittha
05161

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959400443559

Alerts

Be the first to know and let us send you an email when Win Business - Myittha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Business - Myittha:

Shortcuts

Share