25/05/2024
ပါချုပ်ဆရာတော် ဘုရားကြီးကို သဘောကျတာ အဲ့တာတွေကြောင့်ပဲ လူတွေကို ဆုံးမဩဝါဒ ပေးတဲ့နေရာမှာ ဆရာတဆူပဲ
ယနေ့အချိန်ထိ သက်တော် ဝါတော်မနည်းဘူး
ခုချိန်ထိ လူတွေကိုတရားပြတုန်းပဲဗျ
ပါမောက္ခချုပ်ဆရာတော်ကြီး၏အဖိုးတန်သော အဖြေများ
ကျွန်တော်ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပေမယ့် ပါမောက္ခချုပ်ဆရာတော်ကြီးဟာ ကျွန်တော်လေးစားရတဲ့ပုဂ္ဂိုလ်တပါးပါ သူ့ရဲ့ဖြေကြားမှုတွေဖတ်ကြည့်ပါ တချို့အယူလွဲနေတဲ့ရှေးထုံးတွေကိုနားလည်ဖို့ပါ
#ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ #
''အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို ဝင်ရင်
ဘုန်းနိမ့်ပါသလား ဘုရား""
''နိမ့်တယ်ထင်ရင် နိမ့်ပါတယ် ၊
မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး''
ဘာကြောင့်လဲဆိုတော့ ထဘီကြောင့်
နိမ့်တာမဟုတ်ပဲ ''ထင်''ဆိုတဲ့ ဥပါဒါန်ကြောင့်သာ
နိမ့်သွားတယ်လို့ထင်တာပါ...
ပိတ်စတခုပဲဖြစ်တဲ့ ထဘီ လိုနူးညံ့တဲ့ပိတ်စ
တခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။
ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး
''ဘုန်းနိမ့်ပြီဟဲ့''ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feelingဘက်ကိုရောက်သွားတယ်။
စိတ်အလိုမကျဖြစ်စေတယ်... စိတ္ကို
နောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ''
''ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား''
''အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို့တော့
စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့ ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့ မယူဆပါဘူး။ရဟန်းတပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး''
''သင်္ကန်းဟာ မြင့်မြတ်ပါသလား၊ဘုရား.''
''သင်္ကန်းကမြင့်မြတ်တာမဟုတ်ပဲ
သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က
မြင့်မြတ်နေတာပါ'ဒကာ။
''ဘာရည်ရွယ်ချက်မို့လို့လဲဘုရား''
''ရောင့်ရဲ ခြိုးခြံလိုခြင်း''
''တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမ အောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင်
ဘုန်းနိမ့်တယ်လို့
ကြားဘူးထားပါတယ်ဘုရား''
''ဘုန်းဆိုတာကို ရှင်းမှ ရေတာ့မယ်ဒကာ ၊
ဘုန်းဆိုတာအကျိုး သဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။
အားသာချက်လည်းဖြစ်တယ်ဒကာ။
အကျိုး သဘောတရားပေါ့။
ဒါဟာအကြောင်းတရားလုပ်ဆောင်ချက်ကို
မူတည်ပြီး အကျိုးတရား ဘုန်းကံရယ်လို့
ဖြစ်လာတယ်။
အလေးမခြင်း အကြောင်းဟာ
သန်မာခြင်းအကျိုးကိုရမယ်။
သန်မာခြင်းဟာ ဘုန်းပဲ။
ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ
လူချစ်လူခင်များခြင်း အကျိုးကိုရမယ်။
ဒီလူချစ်လူခင်များခြင်းဟာ ဘုန်းပဲ။
ထဘီတန်းအောက်ဝင်ခြင်းအကြောင်းကြောင့်
ဘယ်အကျိုးများ ထိခိုက်စေသလဲ။
ဒကာတွေးကြည့်ပါ။ရက်ကြာကြာဝတ်ပြီး မလျော်မလှန်းထဘီဆိုရင်တော့ အနံ့
အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့''
''ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင်
နိမ့်တယ်ဆို''
''ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။
စိတ်မသက်မသာခံစားရတယ်မဟုတ်လား...
ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့...
စိတ်သက်တောင့်သက်သာဖြစ်တာ မကောင်းဘူးလား''
''ကောင်းပါတယ်ဘုရား''
''မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ''
''ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာဘုရား... အရှင်ဘုရားလည်း သိမြာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ''
''ဗုဒ္ဓက ကာလာမသုတ်ကိုဟောတယ် ရှေးကပြောတဲ့စကားမို့လို့လည်း
အမှန်မယူလေနဲ့တဲ့'
''ရှေးထုံးကပယ်သင့်သလားဘုရား''
''ပယ်သင့်ခြင်းမပယ်သင့်ခြင်းဟာ ရှေးထုံးတွေ
ဒီနေ့ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး
အမှန်အမှားပေါ်သာမူတည်ပါတယ်
မှန်ရင်ယူမယ် မှားရင်ပယ်မယ်
အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဉာဏ်ရည်ရှိတယ် ၊
ဆင်ခြင်နိုင်စွမ်းလည်းရှိတယ်
သင်တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိုး ကျဆင်းနိုင်ပါသလဲ''
''မရှင်းတာတွေမေးဦးမယ်ဘုရား''
''မေးပါ ဒကာ''
''တပည့်တော် တနေ့ကားစီးတော့ ဘုန်းကြီးတပါးဘေးမှာ ထိုင်ဖြစ်တယ် ၊ အဖွားအို တယောက်တက်လာတော့ ကျနော်ကနေရာပေးတယ် အဖွားအိုက ငြင်းတယ် ၊
ဘုန်းကြီးဘေးမို့မထိုင်ရဲဘူးတဲ့ဘုရား''
ကားပေါ်မှာ သံဃာတော်ကို ဦးစားပေးတဲ့အယူအဆကို မှန်တယ်လို့ အရှင်ဘုရားမြင်မိလား''
''ထိုင်ခြင်း ထခြင်းနှစ်မျိုးမှာ ထိုင်ခြင်းက ပိုသက်သာတယ်ဒကာ
ထခြင်းဟာ ပို အားစိုက်ရတယ်
ဒီလိုဆိုတော့ အင်အားနည်းပါးသူဟာ ထိုင်ဖို့ ပိုလိုအပ်တယ်....
ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်...
အကယ်၍အင်အားရှိသူချင်း ယှဉ်လာရင် အိ န်ေဒွပိုထိနျးရသူကို ဦးစားပေးမယ်... ကားအလှုပ်မှာ ယိုင်ထိုးနေမယ် ဆိုရင်အိနြေ္ဒထိပါတယ်
သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ်
ဒါကြောင့် ကျန်းမာရေးကြောင့် အင်အားနည်းသူ အသက်အရွယ်ကြောင့်အင်အားနည်းသူကို ဦးစားပေးပြီးရင် အိနြေ္ဒဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေးသင့်ပါတယ်''
''ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့သဘောပေါ့''
''အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ်... အားလုံးဟာ ဆင်ခြင်တုံတရားနဲ့ တွေးရင် အဖြေထွက်ပါတယ်ဒကာ''
''ဘုန်းကြီးပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာနဲ့ မူကွဲနေသလိုပဲ''
''ကွဲဖို့လည်း ကြိုးစားခြင်းမဟုတ်သလို တူဖို့လည်း ကြိုးစားနေခြင်းမဟုတ်ပါဒကာ
ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာ
ရယ်လို့မခေါ်ပါဘူး...
ဘာကိုမှ စွဲနေလို့မရဘူးဒကာ
ဘုန်းဘုန်းတို့က ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည်တပ်ခံထားရတယ်...
ဒကာက ဘုန်းဘုန်းလို့ခေါ်တယ်
ဒီပညတ်တွေကို အသည်းအသန်
ငြင်းဆန်ဖို့မလိုလို့ ဒီအတိုင်း လက်ခံထားတယ်... ဇာတကဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ့ တွေသင်ကြားရတယ်...
''ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို့
လာပြောလို့မရဘူး
အကြောင်းအရာကိုတော့ တူညီစွာသင်ခဲ့ရတယ်
သဘောတရားကိုတော့ တဦးတယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ့ ယူပါတယ်...
မဟာဇနက တကယ်ကူးခဲ့မကူးခဲ့ဆိုတာကို ဘုန်းကြီးမတွေးဘူး
ဘာ messageပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်...
''မသေမချင်း အလျှော့မပေးနဲ့ ''ဆိုတဲ့ message....
ဝမ်းဝအောင်စားတယ်... ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ် ခါးဝတ်ကို သက်ကယ်ဘောလို လုပ်ပြီး ရှင်သန်ခွင့်ရှိသမျှ ရှင်သန်ဖို့ ကြိုးစားတယ် မေခလာနဲ့ တွေ့တာ မတွေ့တာနောက်ထား... သင်္ဘောပေါ်မှာ ဇနက အသက်အရှည်ဆုံးပဲမဟုတ်လား
survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ်...
သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ
အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ်မဟုတ်သည့်တိုင် ယူစရာ messageတွေရှိရဲ့မဟုတ်လားဒကာ''
''ဗုဒ္ဓဘာသာဘုန်းကြီးတပါးက မဟာဇနကဇာတ်ထုတ်တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့မတွေးဘူးဆိုတော့ ဒီစကားတာဝန်မကြီးဘူးလားဘုရား''
''ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုံရမယ်ဆိုတဲ့ တာဝန်ရှိမနေဘူးဒကာ
ယုံခြင်းမယုံခြင်းဟာ မိမိအခွင့်အရေး
ယုံခြင်း၏ကောင်းကျိုး လည်းမိမိစံ
ယုံခြင်း၏ဆိုးကျိုးလည်း မိမိခံ
ဒါမျှတပါတယ်...
လေ့လာကြည့်ပါ
ကိုယ်ယုံတာကို သူများလည်းယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ်
ကိုယ်ကြည်ညိုရာကို သူများလည်း
ကြည်ညိုစေလိုတဲ့ အရေးအသားတွေမြင်ရမယ်
ဒါဟာ အနုမာနသဘောလည်းဖြစ်မယ်။
ကိုယ့်ဘာသာဝင်ကို များစေချင်တဲ့ လောဘလည်း
ဖြစ်မယ်။ဒါမှမဟုတ် ကောင်းရာသို့ အကြံပြု လိုတဲ့ မေတ္တာလည်းဖြစ်မယ်...။
အတ္တာဟိအတ္တနောနာထော
သင်ဘယ်လိုယူမလဲ ဘယ်လိုဆင်ခြင်မလဲ။
ဒါသင့်အပေါ်ပဲမူတည်တယ်''
''တင်ပါ့ဘုရား''
နားလည်ပါပြီ ဘုရား... ။
သာဓု သာဓု သာဓု.......... ။
ပီပီသသ သန့်သန့်ပြန့်ပြန့် ဗုဒ္ဓဘာသာ
ဗေဒင်လဲ မမေးဘူး။
ကိန်းဂဏန်းတွေ အစွဲမရွိဘူး။
ရတနာမြတ် ၃ ပါးကိုသာ အလေးထားတယ်။
ဘုရားရောက်တဲ့ အခါ ဘယ်နေ့နံဒေါင့်မှာမှရှိခိုးမယ်လို့လဲ အစွဲမရှိဘူး။
ကြီး ၄ ကြီး၊ကြီး ၉ ကြီးလဲ ပုတီးသွားစိပ်တာမျိုး မရှိဘူး။
ဆုတောင်းပြည့်ဘုရားတို့၊ ပုဂံက စွယ်တော် ၄ ဆူ နေ့ချင်းဖူးရင် ဆုတောင်းပြည့်တယ်တို့၊
ချမ်းသာတယ်တို့၊
ကျိုက်ထီးရိုးဘုရားတနှစ်ထဲမှာ ၃ ခေါက် တက်ရင် ချမ်းသာတယ်တို့
လဲ အယူမရှိဘူး။
ဘုရား ဆိုရင် ဘယ်နေရာက ဘုရား၊ စေတီ၊ ဆင်းတုတော်ကိုမဆို တန်းတူ သဘောထားနိုင်တယ်။
သရဏဂုံတည်မယ်။
၅ ပါး သီလ ကိုထိန်းမယ်။
၈ ပါး သီလကို အခါအားလျော်စွာ စောင့်ထိန်းမယ်။
နေ့စဉ် တရားထိုင်၊တရားအားထုတ်
မယ်။
အဲ့လို လူတွေ ဘယ်လောက်ရှိလဲ ။
စစ်တမ်း လိုက်ကောက်ကြည့်ရင် လူဦးရေ သိပ်များမယ်မထင်ဘူးနော်။
ကံ၊ကံ ၏အကျိုး (ကံ=စေတနာ=အလုပ်)ကို
မယုံဘဲ မင်္ဂလိက ဒိဌိ၊
အယူအလွဲတွေကိုသာ ယုံကြည်နေကြရင် ဗုဒ္ဓဘာသာ မစစ်ဘူးပေါ့။
အညံ့စား ဗုဒ္ဓဘာသာဝင်တွေပေါ့။
ဒါကြောင့်
"ထေရဝါဒဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့်ဖြစ်နိုင်ကြပါစေ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
#လွတ်လပ်စွာကူးယူမျှဝေနိုင်ပါသည်🙏🙏🙏
.