19/07/2026
အသက် 30-40သမားတွေရဲ့ ကြီးကျယ်ခမ်းနားသောဘဝ
အသက်ကြီးလာလေလေ ကြီးကျယ်ခမ်းနားတယ်ဆိုတဲ့ အဓိပ္ပါယ် ကတဖြည်းဖြည်းနဲ့ပြောင်းလဲလာလေပဲ..
ငွေနဲ့ဝယ်လို့ရတဲ့အရာတစ်ချို့လည်း တဖြည်းဖြည်းနဲ့ ငွေနဲ့ဝယ်လို့မရနိုင်တာ
ဖြစ်လာနိုင်တယ်..
အသက်30-40ကြားလူအများစုက
တကယ်တမ်းတော့ကြီးကျယ်ခမ်းနာတဲ့ဘဝမျိုးကိုလိုချင်တပ်မက်တာမဟုတ်ဘူး..
နေလိုက်ရင်စိတ်အေးချမ်းသာ၊အပူပင်ကင်းစေမဲ့ဘဝမျိုးကိုလိုချင်တပ်မက်ကြတယ်.
Sabal အခုပြောမဲ့အချက်တွေက
တကယ့်30-40သမားတွေရဲ့ဖွဲ့ဆိုထားတဲ့ဘဝကြီးကျယ်နားတယ်ဆိုတာရဲ့ အဓိပ္ပာယ်..
1. နိူးထလာတဲ့နေ့သစ်လေးကိုမမုန်းမိဘူး
2.ကိုယ့်ဘဝကိုယ့်ဝမ်းရေးကိုကျောင်းဖို့အတွက်စိတ်ထိခိုက် စိတ်ဒဏ်ရာရစေမဲ့တဲ့အလုပ်မျိူးမရှိဘူး
3.ဘာမှစိတ်ပူပန်စရာ နောက်စံတင်းစရာမလိုပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာ
4. စုထားဖယ်ထားတဲ့ငွေရှိတယ်
တစ်လတစ်လ လစာကိုပဲရန်တုန်စွာစောင့်မျှော်စရာမလိုဘဲစုထားဖယ်ထားတဲ့ငွေရှိတယ်
5.ကိုယ့်ကိုယ့်ကိုယ်အပစ်တင်စရာမလို ကြောက်ေနစရာမလိုအပြစ်ရှိတယ်လို့
ခံစားစရာမလိုဘဲနားရတဲ့အချိန်ရှိတာ
6. ထမင်းစားတဲ့ခါ ကိုယ့်ကို ပြုံးနေအောင် စိတ်ချမ်းသာအောင်၊ရယ်နေအောင်လုပ်ပေးနိုင်တဲ့သူမျိူးနဲ့ထမင်းတစ်ဝိုင်းထဲစားရတာမျိုး
7. အိမ်ပြန်တဲ့အခါ ဒါက ကိုယ့်အတွက်လုံခြုံစိတ်ချရတဲ့အိမ်ဆိုပြီးခံစားရတဲ့အရာ
8. အပေါင်းအသင်း သူငယ်ချင်း မများဘူး
ဒါပေမယ့် ဒါကသူငယ်ချင်းအစစ်တွေ
9. ကိုယ့်ကိုယ်ကိုယ် ဘာလဲဆိုတာကိုပတ်ဝန်းကျင်ကိုသက်သေပြစရာမလိုနေတာကို
10.ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာမလိုဘဲမကြိုက် တဲ့အရာကိုငြင်းတတ်တဲ့လူ
11. Toxic relationshipကနေအပြစ်ရှိတယ်လို့ခံစားစရာမလိုဘဲ
စိတ်ဖြောင့်ဖြောင့်နဲ့ထွက်လာနိုင်ခဲ့တာမျိုး
12. ဘယ်သူ့ဘဝနဲ့မှယှဥ်ပြိုင်နေစရာမလိုတာမျိုး
13. ငွေတွေကို ကြွားဝါတဲ့နေရာထက် ကိုယ့်ကို ပျော်ရွှင်မှုလုပ်ပေးမဲ့အရာမှာအသုံးချတာမျိုး
14. ကိုယ်သွားချင်တဲ့နေရာက်ုသွားနိုင်အောင် ကျန်းမာရေး ကကိုယ့်ဘက်မှာရှိနေတာမျိုး
15. ကိုယ့်ရဲ့မိဘနဲ့အရင်လိုနေစရာမလိုဘဲအေးအေးဆေးဆေးနဲ့စကားပြောနေနိုင်တာမျိုး
16. တစ်ခါတစ်လေကြရင် ကိုယ့်ကိုယ်ကိုယ် မောတာကိုလက်ခံတတ်နိုင်တာမျိုး
17. တစ်ခါတစ်လေ နားချင်တဲ့အချိန်ကြရင် ငါအပျင်းကြီးလိုက်တာဆိုပြီးခံစားချက်မျိုး
မခံစားစေရဘဲနားနိုင်တာမျိုး
18. ကိုယ် ဖတ်ချင်တဲ့စာအုပ်တစ်အုပ်ကို
လောနေစရာမလိုတစ်ယောက်ယောက်က
တွန်းအားပေးနေစရာမလိုဘဲ
အေးအေးဆေးဆေး တစ်အုပ်ပြီးတဲ့အထိဖတ်နိုင်တာမျိုး
19. ဖုန်းကိုပိတ်လိုက်ပေမဲ့ ကမ္ဘာ ကြီးက
သူ့ဟာသူလည်ပတ်နေနိုင်တာမျိုး
20. ပတ်ဝန်းကျင်စကား Social media ရဲ့စကားကြောင့်
ကိုယ့်ဘဝကဘာလဲဆိုတာမဆုံးဖြတ်တာမျိုး
21. မှန်အရှေ့မှာပြုံးတဲ့အခါကိုယ့်ကိုယ်ကိုယ်မမုန်းတာမျိုး
22. ဘယ်အရာကထားထားသင့်လဲလွှတ်ချသင့်လည်းဆိုတာကိုသိထားတာမျိုး
23. သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေကိုယ့်ကိုစောင့်ကြိုနေတဲ့ ကိုယ်ခိုလှုံချင်တဲ့အိမ် ပြန်ချင်တဲ့အိမ်ရှိနေတာမျိုး
24. ကိုယ်အားငယ်သိမ်ငယ်အရာရာတိုင်းစိတ်ဓာတ်ကျတဲ့အခါဆက်စရာလူရှိနေတာမျိုး
25. ကိုယ်အားငယ်သိမ်ငယ်စိတ်ဓာတ်ကျတဲ့အခါကိုယ့်ဆီဆက်သွယ်တဲ့သူရှိနေတာမျိုး
26. ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တာမျိုး
27.ကိုယ်ကပြီးပြည့်စုံတာမျိုးမဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာမျိုး
28. သဘာဝ နဲ့ပျော်ရွှင်တတ်တာမျိုး
coffee လေးသောက်လိုက်တာနဲ့
ပျော်ရွှင်နေတာမျိုး
မိုးသံလေသံငှက်သံလှိုင်းသံလေးရတာနဲ့.
ပျော်ရွှင်မှုရတာမျိုး
29. ကိုယ့်ဘဝကို ကိုယ်နေချင်သလိုနေပိုင်ခွင့်ရတာမျိုး
30. အကောင်းဆုံးဘဝကလူတွေမနာလိုအားကျစေတဲ့ဘဝမျိုးမဟုတ်ဘဲ
ကိုယ်နိူးထချင်တဲ့အချိန်နိူးထလာပြီးပူပင်သောကမရှိ နောက်စံတင်းစရာမရှိဘဲအေးအေးချမ်းချမ်းနဲ့နေနိုင်တာမျိုးက
ဘဝရဲ့ကြီးကျယ်ခမ်းနားမှုတွေကိုသိနေတာမျိုး